Premier League Transfer News

24 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်အပြောင်းအရွှေ့သတင်းများ

– အာဆင်နယ်တို့အနေနဲ့ ပြီးခဲ့တဲ့ ညနေပိုင်းက ခံစစ်ကစားသမားသစ် ယာကုဘ် ကီဗီယာကို အသင်းသားအဖြစ် တရားဝင် ကြေညာခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင် ၁၇.၅ သန်းနဲ့ ငါးနှစ်ခွဲစာချုပ် ချုပ်ဆိုသွားခဲ့သလို အငှားထွက်ကစားနေတဲ့ အိန်းစလီ မိတ်လန်း-နိုင်းလ်စ်ရဲ့ ကျောနံပါတ် ၁၅ ကို ပေးအပ်သွားခဲ့။

– တောင်ပံနဲ့ တိုက်စစ်ပိုင်းကို ခေါ်ယူပြီးချိန်မှာ အာဆင်နယ်တို့ရဲ့ ဆောင်းရာသီ လူသစ်ခေါ်ယူမှုက မပြီးဆုံးသေးဘဲ နောက်ထပ် တောင်ပံ ကစားသမားတစ်ဦးနဲ့ ကွင်းလယ်ကစားသမားတစ်ဦးကို ထပ်မံခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့ပြီး အားကစားဒါရိုက်တာ အီဒူး ဂက်စ်ပါအနေနဲ့ အရှိန်မြှင့်လုပ်ဆောင်နေ။

– အမှတ်လျှော့ခံခဲ့ရလို့ အကြပ်အတည်းတွေနဲ့ ကြုံတွေ့နေရပြီး လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ကစားရတော့ဖွယ် မရှိတာကြောင့် လက်ရှိ ဈေးကွက်မှာပဲ ကစားသမားတွေကို ရောင်းထုတ်သွားဖွယ်ရှိနေတဲ့ ဂျူဗင်တပ်စ်အသင်းဆီက ကွင်းလယ်လူ ဝက်စ်တန် မက်ကင်နီကို ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်း (ပေါင် ၂၂ သန်း)နဲ့ ခေါ်ယူနိုင်ဖို့ ဆွေးနွေးနေ။

– နည်းပြ ဖရန့် လမ်းပတ် အထုတ်ခံလိုက်ရအပြီး ဆောင်းရာသီမှာ ဘဏ္ဏာရေး ထိန်းညှိသွားဖွယ်ရှိနေတဲ့ အဲဗာတန်အသင်းအနေနဲ့ ကွင်းလယ်လူ အာမာဒူ အိုနာနာအတွက် ကမ်းလှမ်းမှုတွေကို လက်ခံသွားဖွယ်ရှိနေပြီး အာဆင်နယ်အသင်းအနေနဲ့ နယူးကာဆယ်လ်၊ ချဲလ်ဆီးအသင်းတွေနဲ့အပြိုင် စိတ်ဝင်စားနေ။

– ဗယ်လာဒိုလစ်အသင်းရဲ့ Inverted Full Back လူငယ်ကစားသမား အီဗန် ဖရက်စ်နီဒါကို ခေါ်ယူဖို့ အာဆင်နယ်တို့အနေနဲ့ ယူရို ၁၅ သန်းနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ပေမယ့် သူတို့လိုပဲ ဈေးပြိုင်ပေးထားပြီး လူငယ်တွေကို စည်းရုံးနိုင်မှု ကြီးမားတဲ့ ဂျာမန်ကလပ် ဒေါ့မွန်နဲ့ ယှဉ်ပြိုင်နေရပြီး ကာယကံရှင်ရဲ့ ဆန္ဒကို စောင့်ကြည့်ရဖို့ရှိလာ။

– နာမည်ကြီး ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုအနေနဲ့ အာဆင်နယ်တို့ရဲ့ တောင်ပံကစားသမားသစ် ခေါ်ယူမှုက လီယန်ဒရို ထရော့ဆတ်နဲ့ မပြီးဆုံးသေးဘူးလို့ ဆိုလိုက်ပြီး ဘိုင်ယာ လေဗာကူဆင်အသင်းရဲ့ ပြင်သစ်သား မူဆာ ဒီယာဘီကို ထပ်မံဆွေးနွေးနေတယ်လို့ သတင်းအနံ့ ချပြသွားခဲ့သလို ဂျာမန်ကလပ်အနေနဲ့ ပေါင် ၇၅ သန်းဝန်းကျင်မှာ လက်ခံဖွယ်ရှိနေတယ်လို့လည်း ဆိုသွားခဲ့။

– အခြေအနေပေးရင် ဘရိုက်တန်အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ကွင်းလယ်လူ မွိုက်ဆက်စ် ကိုင်စီဒိုအနေနဲ့ အေးဂျင့်အသစ်တွေကို ပြောင်းလဲလိုက်တာကြောင့် အနေအထားက ပိုမိုလှုပ်ခတ်လာခဲ့ပြီး ပေါင် ၇၅ သန်းအထိ အော်ထားတဲ့ အီကွေဒေါသားကို အာဆင်နယ်တို့ ချဲလ်ဆီးနဲ့ အပြိုင်လိုက်ဦးမယ်လို့ ဆိုနေကြ။

– အာဆင်နယ်အသင်းဘက်က စာချုပ်ဖျက်တန်ကြေး ပေါင် ၅၂.၅ သန်း(ယူရိုသန်း ၆၀)ကို ပေးအပ်ကမ်းလှမ်းသွားခဲ့ပေမယ့် ရီးရဲလ် ဆိုစီဒက် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီက လာလီဂါ တတိယနေရာမှာ ရှိနေတဲ့ အသင်းမှာ ဆက်နေဖို့ပဲ ဆုံးဖြတ်ခဲ့တာကြောင့် နွေရာသီရောက်မှ ဘာစီလိုနာနဲ့ အပြိုင်ခေါ်ယူရဖို့ဖြစ်လာ။

– အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်တဲ့ ဂျေဒွန် အန်ထော်နီကို ဘုန်းမောက်အသင်းဆီကနေ ခေါ်ယူဖို့အတွက် အာဆင်နယ်တို့အနေနဲ့ အရန်အစီအစဉ်အဖြစ် အခြေအနေ စောင့်ကြည့်နေဆဲဖြစ်ပြီး တောင်ပံပစ်မှတ်တွေကို ဈေးနှုန်းကြီးမြင့်မှုကြောင့် မခေါ်ယူနိုင်ခဲ့ရင် ပေါချောင်ကောင်းဖြစ်မယ့် သူ့ကိုပဲ ကမ်းလှမ်းဖို့ ဖြစ်လာနိုင်။

– အာဆင်နယ်အသင်းရဲ့ အက်ဒီ နကီးတီးယား ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးနေရာအတွက် တစ်လကနေ ငါးပတ်အတွင်း ဂါဘရီယယ်လ် ဂျေဆူးစ် ပြန်လာဖွယ်ရှိတယ်လို့ သတင်းထွက်နေတာကြောင့် ဈေးကွက်ထဲက တိုက်စစ်မှူးသစ်တွေနဲ့ အသံထွက်နေမှု အနည်းငယ် ငြိမ်သက်သွားပြီး အငှားတစ်ဦးဦးကိုပဲ ကာလတို အသုံးပြုဖို့အတွက် ရှာဖွေသွားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္တို႔အေနနဲ႔ ၿပီးခဲ့တဲ့ ညေနပိုင္းက ခံစစ္ကစားသမားသစ္ ယာကုဘ္ ကီဗီယာကို အသင္းသားအျဖစ္ တရားဝင္ ေၾကညာခဲ့ၿပီး ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၇.၅ သန္းနဲ႔ ငါးႏွစ္ခြဲစာခ်ဳပ္ ခ်ဳပ္ဆိုသြားခဲ့သလို အငွားထြက္ကစားေနတဲ့ အိန္းစလီ မိတ္လန္း-ႏိုင္းလ္စ္ရဲ႕ ေက်ာနံပါတ္ ၁၅ ကို ေပးအပ္သြားခဲ့။

– ေတာင္ပံနဲ႔ တိုက္စစ္ပိုင္းကို ေခၚယူၿပီးခ်ိန္မွာ အာဆင္နယ္တို႔ရဲ႕ ေဆာင္းရာသီ လူသစ္ေခၚယူမႈက မၿပီးဆုံးေသးဘဲ ေနာက္ထပ္ ေတာင္ပံ ကစားသမားတစ္ဦးနဲ႔ ကြင္းလယ္ကစားသမားတစ္ဦးကို ထပ္မံေခၚယူဖို႔ ပစ္မွတ္ထားေနခဲ့ၿပီး အားကစားဒါ႐ိုက္တာ အီဒူး ဂက္စ္ပါအေနနဲ႔ အရွိန္ျမႇင့္လုပ္ေဆာင္ေန။

– အမွတ္ေလွ်ာ့ခံခဲ့ရလို႔ အၾကပ္အတည္းေတြနဲ႔ ႀကဳံေတြ႕ေနရၿပီး လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ ကစားရေတာ့ဖြယ္ မရွိတာေၾကာင့္ လက္ရွိ ေဈးကြက္မွာပဲ ကစားသမားေတြကို ေရာင္းထုတ္သြားဖြယ္ရွိေနတဲ့ ဂ်ဴဗင္တပ္စ္အသင္းဆီက ကြင္းလယ္လူ ဝက္စ္တန္ မက္ကင္နီကို ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၂၅ သန္း (ေပါင္ ၂၂ သန္း)နဲ႔ ေခၚယူႏိုင္ဖို႔ ေဆြးေႏြးေန။

– နည္းျပ ဖရန႔္ လမ္းပတ္ အထုတ္ခံလိုက္ရအၿပီး ေဆာင္းရာသီမွာ ဘဏၰာေရး ထိန္းညႇိသြားဖြယ္ရွိေနတဲ့ အဲဗာတန္အသင္းအေနနဲ႔ ကြင္းလယ္လူ အာမာဒူ အိုနာနာအတြက္ ကမ္းလွမ္းမႈေတြကို လက္ခံသြားဖြယ္ရွိေနၿပီး အာဆင္နယ္အသင္းအေနနဲ႔ နယူးကာဆယ္လ္၊ ခ်ဲလ္ဆီးအသင္းေတြနဲ႔အၿပိဳင္ စိတ္ဝင္စားေန။

– ဗယ္လာဒိုလစ္အသင္းရဲ႕ Inverted Full Back လူငယ္ကစားသမား အီဗန္ ဖရက္စ္နီဒါကို ေခၚယူဖို႔ အာဆင္နယ္တို႔အေနနဲ႔ ယူ႐ို ၁၅ သန္းနဲ႔ သေဘာတူညီမႈ ရယူႏိုင္ခဲ့ေပမယ့္ သူတို႔လိုပဲ ေဈးၿပိဳင္ေပးထားၿပီး လူငယ္ေတြကို စည္း႐ုံးႏိုင္မႈ ႀကီးမားတဲ့ ဂ်ာမန္ကလပ္ ေဒါ့မြန္နဲ႔ ယွဥ္ၿပိဳင္ေနရၿပီး ကာယကံရွင္ရဲ႕ ဆႏၵကို ေစာင့္ၾကည့္ရဖို႔ရွိလာ။

– နာမည္ႀကီး ဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏိုအေနနဲ႔ အာဆင္နယ္တို႔ရဲ႕ ေတာင္ပံကစားသမားသစ္ ေခၚယူမႈက လီယန္ဒ႐ို ထေရာ့ဆတ္နဲ႔ မၿပီးဆုံးေသးဘူးလို႔ ဆိုလိုက္ၿပီး ဘိုင္ယာ ေလဗာကူဆင္အသင္းရဲ႕ ျပင္သစ္သား မူဆာ ဒီယာဘီကို ထပ္မံေဆြးေႏြးေနတယ္လို႔ သတင္းအနံ႔ ခ်ျပသြားခဲ့သလို ဂ်ာမန္ကလပ္အေနနဲ႔ ေပါင္ ၇၅ သန္းဝန္းက်င္မွာ လက္ခံဖြယ္ရွိေနတယ္လို႔လည္း ဆိုသြားခဲ့။

– အေျခအေနေပးရင္ ဘ႐ိုက္တန္အသင္းကေန ထြက္ခြာဖြယ္ရွိေနတဲ့ ကြင္းလယ္လူ မြိဳက္ဆက္စ္ ကိုင္စီဒိုအေနနဲ႔ ေအးဂ်င့္အသစ္ေတြကို ေျပာင္းလဲလိုက္တာေၾကာင့္ အေနအထားက ပိုမိုလႈပ္ခတ္လာခဲ့ၿပီး ေပါင္ ၇၅ သန္းအထိ ေအာ္ထားတဲ့ အီေကြေဒါသားကို အာဆင္နယ္တို႔ ခ်ဲလ္ဆီးနဲ႔ အၿပိဳင္လိုက္ဦးမယ္လို႔ ဆိုေနၾက။

– အာဆင္နယ္အသင္းဘက္က စာခ်ဳပ္ဖ်က္တန္ေၾကး ေပါင္ ၅၂.၅ သန္း(ယူ႐ိုသန္း ၆၀)ကို ေပးအပ္ကမ္းလွမ္းသြားခဲ့ေပမယ့္ ရီးရဲလ္ ဆိုစီဒက္ ကြင္းလယ္လူ မာတင္ ဇူဘီမန္ဒီက လာလီဂါ တတိယေနရာမွာ ရွိေနတဲ့ အသင္းမွာ ဆက္ေနဖို႔ပဲ ဆုံးျဖတ္ခဲ့တာေၾကာင့္ ေႏြရာသီေရာက္မွ ဘာစီလိုနာနဲ႔ အၿပိဳင္ေခၚယူရဖို႔ျဖစ္လာ။

– အသင္းရဲ႕ အကယ္ဒမီထြက္ ကစားသမားတစ္ဦးျဖစ္တဲ့ ေဂ်ဒြန္ အန္ေထာ္နီကို ဘုန္းေမာက္အသင္းဆီကေန ေခၚယူဖို႔အတြက္ အာဆင္နယ္တို႔အေနနဲ႔ အရန္အစီအစဥ္အျဖစ္ အေျခအေန ေစာင့္ၾကည့္ေနဆဲျဖစ္ၿပီး ေတာင္ပံပစ္မွတ္ေတြကို ေဈးႏႈန္းႀကီးျမင့္မႈေၾကာင့္ မေခၚယူႏိုင္ခဲ့ရင္ ေပါေခ်ာင္ေကာင္းျဖစ္မယ့္ သူ႔ကိုပဲ ကမ္းလွမ္းဖို႔ ျဖစ္လာႏိုင္။

– အာဆင္နယ္အသင္းရဲ႕ အက္ဒီ နကီးတီးယား ေျခစြမ္းျပေနတဲ့ တိုက္စစ္မႉးေနရာအတြက္ တစ္လကေန ငါးပတ္အတြင္း ဂါဘရီယယ္လ္ ေဂ်ဆူးစ္ ျပန္လာဖြယ္ရွိတယ္လို႔ သတင္းထြက္ေနတာေၾကာင့္ ေဈးကြက္ထဲက တိုက္စစ္မႉးသစ္ေတြနဲ႔ အသံထြက္ေနမႈ အနည္းငယ္ ၿငိမ္သက္သြားၿပီး အငွားတစ္ဦးဦးကိုပဲ ကာလတို အသုံးျပဳဖို႔အတြက္ ရွာေဖြသြားဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.