Ligue1 Match Report

မက်ဆီကို အနားပေးပြီး အမ်ဘာပေရဲ့ ၅ ဂိုးနဲ့ ပေါက်ကွဲပြခဲ့တဲ့ ပီအက်စ်ဂျီရဲ့ နိုင်ပွဲ

ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကီလော် နာဗက်စ်၊ ခံစစ်မှာ ဆာဂျီယို ရာမို့စ်၊ ဒါနီလို ပါရဲရား၊ နူနို မန်ဒက်စ်နဲ့ ပမ်ဘီလီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရီနာတို ဆန်ချက်စ်၊ ဗီတင်ညာနဲ့ ကားလို့စ် ဆိုလာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မက်ဆီကို အနားပေးပြီး နေမာ၊ အမ်ဘာပေနဲ့ အီကီတီကီတို့ တွဲဖက်ကစားလာခဲ့ကြပါတယ်။

အိမ်ရှင် ဆဋ္ဌမတန်းကလပ် ပေးစ်ဒီကက်ဆဲလ်အသင်းကတော့ ဂိုးသမား ဆွမ်ဆန်၊ ခံစစ်မှာ သောရ်၊ ဇမီဂျက်၊ ဆွန်စထရန်နဲ့ ရာပဲလ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနယ်လ်၊ လူကလဲ၊ ဘူဂျီးမားတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဘော့ဂ်ဒန်စကီး၊ ဆာနေးနဲ့ လီဂါနာဆီတို့ကို ပွဲထုတ်လာခဲ့တာပါ။

ပြင်သစ်ဖလား Coupe de France ပွဲစဉ်ဖြစ်တဲ့ ဒီနေ့ပွဲမှာတော့ ပီအက်စ်ဂျီအသင်းရဲ့ ပွဲထွက်ကစားသမားတွေအနေနဲ့ ကိုယ်ပိုင်နံပါတ်တွေထက် တစ်ကနေ ဆယ့်တစ်အထိ နံပါတ်တွေကိုပဲ ဝတ်ဆင်ခဲ့ကြပြီး နာမည်တွေလည်း မတပ်ဘဲ ကစားသွားခဲ့သလို ကီလော် နာဗက်စ်၊ နေမာ၊ အမ်ဘာပေနဲ့ ဆာဂျီယို ရာမို့စ်တို့ကတော့ သူတို့ရဲ့ နံပါတ်အစစ်တွေကို ထိန်းသိမ်းသွားနိုင်ခဲ့ကြပါတယ်။

ပွဲချိန် ၂၉ မိနစ်မှာ ဧည့်သည် ပီအက်စ်ဂျီတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဆာဂျီယို ရာမို့စ်က ဘယ်ခြမ်းကို ခင်းပေးတဲ့ ဘောလုံးကို နူနို မန်ဒက်စ်က တောင်ပံကနေ ဧရိယာထဲအထိ ဆွဲပြေးပြီး ချိုးပေးတာကို အမ်ဘာပေရဲ့ ပိတ်သွင်းချက်က တစ်ဖက်နောက်ခံလူနဲ့ ထိပြီး လမ်းကြောင်းပြောင်းပြီး ဂိုးဝင်သွားခဲ့တာပါ။

ပွဲချိန် ၃၃ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကားလို့စ် ဆိုလာ ပေးတဲ့ ဘောလုံးကို နေမာက အမ်ဘာပေနဲ့ ဝမ်းတူးရိုက်ထွက်ပြီးမှ ဧရိယာထဲမှာ လိမ်ခေါက်ကန်သွင်းခဲ့တာမှာ ဒီတစ်ခါမှာလည်း တစ်ဖက်ခံစစ်သမားနဲ့ထိပြီး ဂိုးထဲ ဝင်သွားလို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

အသင်းအဆင့်အတန်းချင်း ကွာခြားလွန်းတာကြောင့် တစ်မိနစ်အကြာမှာပဲ ပီအက်စ်ဂျီတို့ တတိယဂိုး ရရှိခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ ဒါနီလို ပါရဲရားရဲ့ အကွက်မြင်တဲ့ ပေးပို့မှုအဖြစ် ပေးစ်ဒီကက်ဆဲလ်ခံစစ်တန်းပေါ်က ကျော်ကန်တင်ပေးလိုက်တာကို အမ်ဘာပေက အလိုက်သင့်ပြေးထွက်ပြီး ထွက်ဖမ်းဖို့ ချီတုံချတုံဖြစ်နေတဲ့ ဂိုးသမား ဆွမ်ဆန်ပေါ်က ကျော်သွင်းယူသွားခဲ့တာပါ။

ပွဲချိန် မိနစ် ၄၀ မှာတော့ အမ်ဘာပေက သူ့အတွက် ဟက်ထရစ် ရစေမယ့် အသင်းရဲ့ စတုတ္ထမြောက်ဂိုးကို သွင်းယူသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဘောလုံးရသွားခဲ့တဲ့ ကားလို့စ် ဆိုလာက အတွင်းကို ပြန်ထည့်ပေးရာမှာ ဗီတင်ညာက ဧရိယာထဲ လှမ်းခင်းပေးခဲ့တာကို အမ်ဘာပေက ပိတ်ဆို့ဖို့ ကြိုးစားတဲ့ ဂိုးသမားပေါ်ကနေ ဘယ်ခြေနဲ့ ကန်သွင်းပြီး အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ပီအက်စ်ဂျီတို့က အိမ်ရှင် ပေးစ်ဒီကက်ဆဲလ်တို့ကို လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ရနေခဲ့ကြပြီး ဒုတိယပိုင်းအစမှာတော့ ကြံ့ခိုင်မှု သိပ်ပြီး မပြည့်ဝသေးတဲ့ နူနို မန်ဒက်စ်အစား ရာသီဝက်မှာ နေရာပြန်ပေးလာတဲ့ နောက်ခံလူ ဟွမ် ဘားနတ် ဝင်ကစားလာခဲ့သလို ဧည့်သည် ပါရီသားတွေအနေနဲ့ ပွဲကို အေးအေးဆေးပဲ ထိန်းချုပ်ကစားနိုင်ခဲ့ကြတာပါ။

ပွဲချိန် ၅၆ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ ပဉ္စမြောက်ဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ နေမာက ခံစစ်ပေါ် ကျော်တင်ပေးတဲ့ ဘောလုံးက သိပ်မကောင်းခဲ့ပေမယ့် ဂိုးသမား ဆွမ်ဆန်ရဲ့ နေရာယူပုံနဲ့ ဘောလုံးလမ်းကြောင်း တွက်ချက်ပုံမှားပြီး လွတ်ထွက်သွားခဲ့လို့ နောက်က လိုက်လာတဲ့ အမ်ဘာပေက အေးအေးဆေးဆေးပဲ ဂိုးထဲ ကန်ထည့်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာတော့ ပမ်ဘီလီနဲ့ ရီနာတို ဆန်ချက်စ်တို့အစား ဟာကီမီနဲ့ ဖာဘီယန် ရူးဝီးဇ်တို့ ဝင်ကစားခဲ့ပြီး ပွဲချိန် ၆၄ မိနစ်မှာတော့ ပီအက်စ်ဂျီတို့အတွက် ဂိုးဒါဇင်ဝက် ပြည့်သွားခဲ့သလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ နေမာ တစ်ကိုယ်တော် ထိုးဖောက်လာပြီး ဂိုးသမားကို ကျော်ဖြတ်ပြီးမှ ကန်ခွင့်မသာလို့ ဂိုးရှေ့ကို ပြန်လှိမ့်ပေးတဲ့ ဘောလုံးကို ကားလို့စ် ဆိုလာက နောက်ပေါက်နဲ့ သွင်းယူသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၆၇ မိနစ်မှာတော့ ဆာဂျီယို ရာမို့စ်နဲ့ အီကီတီကီတို့အစား ဘစ်ရှီယာဘူးနဲ့ အစ္စမေးလ် ဂါဘီတို့ ဝင်ကစားခဲ့ကြသလို ပွဲချိန် ၇၉ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ သတ္တမ အနိုင်ဂိုးကို ရရှိသွားခဲ့ပြီး ဒီဂိုးကိုတော့ ညာတောင်ပံကနေ ဟာကီမီက ဂိုးရှေ့ဖြတ်ပို့တဲ့ ဘောလုံးကို သူ့ဘော်ဒါကြီး အမ်ဘာပေကပဲ Volley ကန်သွင်းပြီး ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ပီအက်စ်ဂျီတို့က ပေးစ်ဒီကက်ဆဲလ်အသင်းကို ခုနစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းသွားခဲ့သလို လာမယ့်အဆင့်မှာတော့ လိဂန်ကလပ် မာဆေးလ်အသင်းကို အဝေးကွင်းမှာ သွားရောက်ကစားရတော့မှာဖြစ်လို့ အသင်းကြီးချင်း တွေ့ဆုံမှုနဲ့ ကြည့်ကောင်းလာတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကီေလာ္ နာဗက္စ္၊ ခံစစ္မွာ ဆာဂ်ီယို ရာမို႔စ္၊ ဒါနီလို ပါရဲရား၊ ႏူႏို မန္ဒက္စ္နဲ႔ ပမ္ဘီလီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ရီနာတို ဆန္ခ်က္စ္၊ ဗီတင္ညာနဲ႔ ကားလို႔စ္ ဆိုလာတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ မက္ဆီကို အနားေပးၿပီး ေနမာ၊ အမ္ဘာေပနဲ႔ အီကီတီကီတို႔ တြဲဖက္ကစားလာခဲ့ၾကပါတယ္။

အိမ္ရွင္ ဆ႒မတန္းကလပ္ ေပးစ္ဒီကက္ဆဲလ္အသင္းကေတာ့ ဂိုးသမား ဆြမ္ဆန္၊ ခံစစ္မွာ ေသာရ္၊ ဇမီဂ်က္၊ ဆြန္စထရန္နဲ႔ ရာပဲလ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘ႐ူနယ္လ္၊ လူကလဲ၊ ဘူဂ်ီးမားတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ေဘာ့ဂ္ဒန္စကီး၊ ဆာေနးနဲ႔ လီဂါနာဆီတို႔ကို ပြဲထုတ္လာခဲ့တာပါ။

ျပင္သစ္ဖလား Coupe de France ပြဲစဥ္ျဖစ္တဲ့ ဒီေန႔ပြဲမွာေတာ့ ပီအက္စ္ဂ်ီအသင္းရဲ႕ ပြဲထြက္ကစားသမားေတြအေနနဲ႔ ကိုယ္ပိုင္နံပါတ္ေတြထက္ တစ္ကေန ဆယ့္တစ္အထိ နံပါတ္ေတြကိုပဲ ဝတ္ဆင္ခဲ့ၾကၿပီး နာမည္ေတြလည္း မတပ္ဘဲ ကစားသြားခဲ့သလို ကီေလာ္ နာဗက္စ္၊ ေနမာ၊ အမ္ဘာေပနဲ႔ ဆာဂ်ီယို ရာမို႔စ္တို႔ကေတာ့ သူတို႔ရဲ႕ နံပါတ္အစစ္ေတြကို ထိန္းသိမ္းသြားႏိုင္ခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၂၉ မိနစ္မွာ ဧည့္သည္ ပီအက္စ္ဂ်ီတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဆာဂ်ီယို ရာမို႔စ္က ဘယ္ျခမ္းကို ခင္းေပးတဲ့ ေဘာလုံးကို ႏူႏို မန္ဒက္စ္က ေတာင္ပံကေန ဧရိယာထဲအထိ ဆြဲေျပးၿပီး ခ်ိဳးေပးတာကို အမ္ဘာေပရဲ႕ ပိတ္သြင္းခ်က္က တစ္ဖက္ေနာက္ခံလူနဲ႔ ထိၿပီး လမ္းေၾကာင္းေျပာင္းၿပီး ဂိုးဝင္သြားခဲ့တာပါ။

ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကားလို႔စ္ ဆိုလာ ေပးတဲ့ ေဘာလုံးကို ေနမာက အမ္ဘာေပနဲ႔ ဝမ္းတူး႐ိုက္ထြက္ၿပီးမွ ဧရိယာထဲမွာ လိမ္ေခါက္ကန္သြင္းခဲ့တာမွာ ဒီတစ္ခါမွာလည္း တစ္ဖက္ခံစစ္သမားနဲ႔ထိၿပီး ဂိုးထဲ ဝင္သြားလို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

အသင္းအဆင့္အတန္းခ်င္း ကြာျခားလြန္းတာေၾကာင့္ တစ္မိနစ္အၾကာမွာပဲ ပီအက္စ္ဂ်ီတို႔ တတိယဂိုး ရရွိခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန ဒါနီလို ပါရဲရားရဲ႕ အကြက္ျမင္တဲ့ ေပးပို႔မႈအျဖစ္ ေပးစ္ဒီကက္ဆဲလ္ခံစစ္တန္းေပၚက ေက်ာ္ကန္တင္ေပးလိုက္တာကို အမ္ဘာေပက အလိုက္သင့္ေျပးထြက္ၿပီး ထြက္ဖမ္းဖို႔ ခ်ီတုံခ်တုံျဖစ္ေနတဲ့ ဂိုးသမား ဆြမ္ဆန္ေပၚက ေက်ာ္သြင္းယူသြားခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၄၀ မွာေတာ့ အမ္ဘာေပက သူ႔အတြက္ ဟက္ထရစ္ ရေစမယ့္ အသင္းရဲ႕ စတုတၳေျမာက္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ေဘာလုံးရသြားခဲ့တဲ့ ကားလို႔စ္ ဆိုလာက အတြင္းကို ျပန္ထည့္ေပးရာမွာ ဗီတင္ညာက ဧရိယာထဲ လွမ္းခင္းေပးခဲ့တာကို အမ္ဘာေပက ပိတ္ဆို႔ဖို႔ ႀကိဳးစားတဲ့ ဂိုးသမားေပၚကေန ဘယ္ေျခနဲ႔ ကန္သြင္းၿပီး အႏိုင္ယူသြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ပီအက္စ္ဂ်ီတို႔က အိမ္ရွင္ ေပးစ္ဒီကက္ဆဲလ္တို႔ကို ေလးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရေနခဲ့ၾကၿပီး ဒုတိယပိုင္းအစမွာေတာ့ ႀကံ့ခိုင္မႈ သိပ္ၿပီး မျပည့္ဝေသးတဲ့ ႏူႏို မန္ဒက္စ္အစား ရာသီဝက္မွာ ေနရာျပန္ေပးလာတဲ့ ေနာက္ခံလူ ဟြမ္ ဘားနတ္ ဝင္ကစားလာခဲ့သလို ဧည့္သည္ ပါရီသားေတြအေနနဲ႔ ပြဲကို ေအးေအးေဆးပဲ ထိန္းခ်ဳပ္ကစားႏိုင္ခဲ့ၾကတာပါ။

ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ ပၪၥေျမာက္ဂိုးကို ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ေနမာက ခံစစ္ေပၚ ေက်ာ္တင္ေပးတဲ့ ေဘာလုံးက သိပ္မေကာင္းခဲ့ေပမယ့္ ဂိုးသမား ဆြမ္ဆန္ရဲ႕ ေနရာယူပုံနဲ႔ ေဘာလုံးလမ္းေၾကာင္း တြက္ခ်က္ပုံမွားၿပီး လြတ္ထြက္သြားခဲ့လို႔ ေနာက္က လိုက္လာတဲ့ အမ္ဘာေပက ေအးေအးေဆးေဆးပဲ ဂိုးထဲ ကန္ထည့္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ ပမ္ဘီလီနဲ႔ ရီနာတို ဆန္ခ်က္စ္တို႔အစား ဟာကီမီနဲ႔ ဖာဘီယန္ ႐ူးဝီးဇ္တို႔ ဝင္ကစားခဲ့ၿပီး ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔အတြက္ ဂိုးဒါဇင္ဝက္ ျပည့္သြားခဲ့သလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ေနမာ တစ္ကိုယ္ေတာ္ ထိုးေဖာက္လာၿပီး ဂိုးသမားကို ေက်ာ္ျဖတ္ၿပီးမွ ကန္ခြင့္မသာလို႔ ဂိုးေရွ႕ကို ျပန္လွိမ့္ေပးတဲ့ ေဘာလုံးကို ကားလို႔စ္ ဆိုလာက ေနာက္ေပါက္နဲ႔ သြင္းယူသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ ဆာဂ်ီယို ရာမို႔စ္နဲ႔ အီကီတီကီတို႔အစား ဘစ္ရွီယာဘူးနဲ႔ အစၥေမးလ္ ဂါဘီတို႔ ဝင္ကစားခဲ့ၾကသလို ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ သတၱမ အႏိုင္ဂိုးကို ရရွိသြားခဲ့ၿပီး ဒီဂိုးကိုေတာ့ ညာေတာင္ပံကေန ဟာကီမီက ဂိုးေရွ႕ျဖတ္ပို႔တဲ့ ေဘာလုံးကို သူ႔ေဘာ္ဒါႀကီး အမ္ဘာေပကပဲ Volley ကန္သြင္းၿပီး ရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ပီအက္စ္ဂ်ီတို႔က ေပးစ္ဒီကက္ဆဲလ္အသင္းကို ခုနစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့ၿပီး ၁၆ သင္း ရႈံးထြက္အဆင့္ကို တက္လွမ္းသြားခဲ့သလို လာမယ့္အဆင့္မွာေတာ့ လိဂန္ကလပ္ မာေဆးလ္အသင္းကို အေဝးကြင္းမွာ သြားေရာက္ကစားရေတာ့မွာျဖစ္လို႔ အသင္းႀကီးခ်င္း ေတြ႕ဆုံမႈနဲ႔ ၾကည့္ေကာင္းလာေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.