Match Report Premier League

ဂိုးမသွင်းတတ်တဲ့ ဖူလ်ဟမ်ကို ဟာရီကိန်းက ပညာပေးခဲ့ပြီး အနိုင်ရတဲ့ စပါးစ်

တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား လိုရစ်၊ ခံစစ်မှာ ဒိုင်ယာ၊ ရိုမဲရိုးနဲ့ ဒေးဗီးစ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အီမာဆန် ရိုယဲလ်၊ ပါရီရှစ်ချ်၊ ဘင်တန်ကာနဲ့ ဟွိုင်ဘယာ့ဂ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆွန်ဟောင်မင်၊ ကူလူရှက်ဗ်စကီးနဲ့ ဟာရီကိန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဖူလ်ဟမ်အသင်းကတော့ ဂိုးသမား လီနို၊ ခံစစ်မှာ တင်မ် ရင်းမ်၊ အစ်ဆာ ဒီယော့ပ်၊ တီတီနဲ့ ရော်ဘင်ဆန်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ပယ်လင်ညာ၊ ဟာရစ်ဆန် ရိဒ်၊ ဝီလီယန်၊ ပါရဲရားနဲ့ ဒီကော်ဒိုဗာ-ရိဒ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ မီထရိုဗစ်ချ်တစ်ဦးတည်း တင်ကစားလာခဲ့တာပါ။

အဝေးကွင်းမှာ စပါးစ်တို့က ကန်တင်ပြေးပုံစံနဲ့ပဲ ကစားဖို့ လုပ်ခဲ့သလို ဖူလ်ဟမ်တို့ကလည်း ဖြတ်တင်ဘောတွေကိုပဲ အားကိုးသွားခဲ့တာက ဘာမှ မထူးခဲ့တာကြောင့် ၁၉၉၀ ကျော်ကို နှစ် ၃၀ လောက် နောက်ပြန်သွားပြီး ပွဲကြည့်ရသလိုဖြစ်နေခဲ့ပြီး နှစ်ဖက်အသင်းသားတွေအားလုံးက ဘောလုံးနောက်ကို စုပြုံပြေးလိုက်မနေတာကိုဘဲ ကျေးဇူးတင်စရာဖြစ်ခဲ့ရပါတယ်။

ဒီကော်ဒိုဗာ-ရိဒ်နဲ့ ဟာရစ်ဆန် ရိဒ်တို့ရဲ့ ကန်ချက်တွေကို ဂိုးသမား လိုရစ် ကာကွယ်နိုင်ခဲ့ပြီး ဖူလ်ဟမ်တို့ကတော့ ကွင်းလယ်မှာ ဘောလုံး ထိုင်ဖြန့်ပေးမယ့်သူ မရှိသလို ဘရာဇီးလ်သားနှစ်ဦးဖြစ်တဲ့ ဝီလီယန်နဲ့ ပါရဲရားတို့ကလည်း အရင်နေ့တွေလို ခြေစွမ်းမပြနိုင်ဘဲ တည်တည်ငြိမ်ငြိမ် မရှိတာကြောင့် စပါးစ်တို့ဘက်ကို မျက်လုံးပြူးအောင်တော့ လုပ်မပြနိုင်ခဲ့တာပါ။

ပွဲချိန် ၃၆ မိနစ်မှာ စပါးစ်ဘက်က အီမာဆန် ရိုယဲလ်ရဲ့ ထောင့်ကျဉ်းကန်ချက်ကို လီနို ပုတ်ထုတ်ခဲ့ရပြီး ဖူလ်ဟမ်ဘက်ကတော့ ဝီလီယန်ရဲ့ ကန်ချက်က ဂိုးသမား လိုရစ်တည့်တည့်ပဲ ရောက်သွားခဲ့သလို သူတို့အားကိုးတဲ့ အမြင့်ဘောတွေကလည်း အဆင်မပြေခဲ့ဘဲ ခေါင်းတိုက်ခွင့်တွေကိုလည်း ဖြုန်းတီးပစ်နေခဲ့ပါတယ်။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ စပါးစ်တို့ အဖွင့်ဂိုး ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဟွိုင်ဘယာ့ဂ် ချပေးတာကို ဆွန်ဟောင်မင်က ဧရိယာအစပ်မှာ ဂိုးကို ကျောပေးထားတဲ့ ဟာရီကိန်းကို ပေးခဲ့ရာမှာ အင်္ဂလန်တိုက်စစ်မှူးက သူ့ကို ကပ်ထားတဲ့ တင်မ် ရင်းမ်ကို တစ်ပတ်လှည့်ထွက်ပြီး ညာဘက်ထောင့်ကို ကန်သွင်းခဲ့ရာမှာ အိပ်ငိုက်နေပုံရတဲ့ ဂိုးသမား လီနို မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာပါ။

ပထမပိုင်းမှာတော့ စပါးစ်တို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာလည်း ဖူလ်ဟမ်တို့ကပဲ ဘောလုံးကိုင်ပြီး ဖိကစားခဲ့ပေမယ့် စပါးစ်တို့က တန်ပြန်တိုက်စစ်တွေကနေ ခြိမ်းခြောက်နိုင်ခဲ့လို့ ဟာရီကိန်းရဲ့ ခေါင်းတိုက်ချက်က နောက်တစ်ဂိုးရဖို့တောင် နီးစပ်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ အိပ်ရာနိုးလာပုံရတဲ့ လီနိုက ပုတ်ထုတ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဖူလ်ဟမ်တို့ဘက်က ဟာရစ်ဆန် ရိဒ်၊ တီတီ၊ ဒီကော်ဒိုဗာ-ရိဒ်နဲ့ ဝီလီယန်တို့အစား ကဲရ်နီ၊ ဆော်လမွန်၊ ဟာရီ ဝီလ်ဆန်နဲ့ ကားလို့စ် ဗီနီးရှပ်စ်တို့ ဝင်ကစားခဲ့ကြပြီး စပါးစ်တို့ဘက်ကတော့ ဆွန်ဟောင်မင်နဲ့ ကူလူရှက်ဗ်စကီးတို့အစား ရစ်ချာလစ်ဆန်နဲ့ ဘီဆူးမားတို့ ဝင်ကစားခဲ့ပြီး နှစ်သင်းစလုံးရဲ့ အပြောင်းအလဲတွေကတော့ ပွဲအပေါ် ဘာမှ မသက်ရောက်စေနိုင်ခဲ့တာပါ။

လီဗာပူးလ်ကနေ ဂျင်းထည့်ထားခဲ့တဲ့ ချန်ပီယံရှစ်အဆင့် ကစားသမား ဟာရီ ဝီလ်ဆန်ကတော့ သူ့ဆီက တိုက်စစ်ကို ပံ့ပိုးမှုတွေ လုပ်ပေးရမယ့်အစား ကွင်းလယ်မှာတောင် ဘောလုံးမှန်အောင် မပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေ စိတ်ပျက်ခဲ့ရပြီး ငိုအားထက် ရယ်အားသန်ခဲ့ရတာကြောင့် ဖူလ်ဟမ်တို့ ချေပဂိုးပြန်ရဖို့ မစွမ်းသာတော့ဘဲ ပွဲချိန်အပြည့်မှာတော့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့အပြီးမှာ အနိုင်ပြန်ရှာတွေ့ခဲ့တဲ့ စပါးစ်တို့အနေနဲ့ နည်းပြ ကွန်တီအပေါ် ကျရောက်နေတဲ့ ဖိအားတွေကို လျှော့ချပေးနိုင်ခဲ့ပြီး အဆင့် ၅ နေရာကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သလို ဖူလ်ဟမ်တို့ကတော့ နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့တာကြောင့် အဆင့် ၇ နေရာကို အာမခံချက် နည်းလာခဲ့ရပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား လိုရစ္၊ ခံစစ္မွာ ဒိုင္ယာ၊ ႐ိုမဲ႐ိုးနဲ႔ ေဒးဗီးစ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ အီမာဆန္ ႐ိုယဲလ္၊ ပါရီရွစ္ခ်္၊ ဘင္တန္ကာနဲ႔ ဟြိဳင္ဘယာ့ဂ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆြန္ေဟာင္မင္၊ ကူလူရွက္ဗ္စကီးနဲ႔ ဟာရီကိန္းတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဖူလ္ဟမ္အသင္းကေတာ့ ဂိုးသမား လီႏို၊ ခံစစ္မွာ တင္မ္ ရင္းမ္၊ အစ္ဆာ ဒီေယာ့ပ္၊ တီတီနဲ႔ ေရာ္ဘင္ဆန္တို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ပယ္လင္ညာ၊ ဟာရစ္ဆန္ ရိဒ္၊ ဝီလီယန္၊ ပါရဲရားနဲ႔ ဒီေကာ္ဒိုဗာ-ရိဒ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ မီထ႐ိုဗစ္ခ်္တစ္ဦးတည္း တင္ကစားလာခဲ့တာပါ။

အေဝးကြင္းမွာ စပါးစ္တို႔က ကန္တင္ေျပးပုံစံနဲ႔ပဲ ကစားဖို႔ လုပ္ခဲ့သလို ဖူလ္ဟမ္တို႔ကလည္း ျဖတ္တင္ေဘာေတြကိုပဲ အားကိုးသြားခဲ့တာက ဘာမွ မထူးခဲ့တာေၾကာင့္ ၁၉၉၀ ေက်ာ္ကို ႏွစ္ ၃၀ ေလာက္ ေနာက္ျပန္သြားၿပီး ပြဲၾကည့္ရသလိုျဖစ္ေနခဲ့ၿပီး ႏွစ္ဖက္အသင္းသားေတြအားလုံးက ေဘာလုံးေနာက္ကို စုၿပဳံေျပးလိုက္မေနတာကိုဘဲ ေက်းဇူးတင္စရာျဖစ္ခဲ့ရပါတယ္။

ဒီေကာ္ဒိုဗာ-ရိဒ္နဲ႔ ဟာရစ္ဆန္ ရိဒ္တို႔ရဲ႕ ကန္ခ်က္ေတြကို ဂိုးသမား လိုရစ္ ကာကြယ္ႏိုင္ခဲ့ၿပီး ဖူလ္ဟမ္တို႔ကေတာ့ ကြင္းလယ္မွာ ေဘာလုံး ထိုင္ျဖန႔္ေပးမယ့္သူ မရွိသလို ဘရာဇီးလ္သားႏွစ္ဦးျဖစ္တဲ့ ဝီလီယန္နဲ႔ ပါရဲရားတို႔ကလည္း အရင္ေန႔ေတြလို ေျခစြမ္းမျပႏိုင္ဘဲ တည္တည္ၿငိမ္ၿငိမ္ မရွိတာေၾကာင့္ စပါးစ္တို႔ဘက္ကို မ်က္လုံးျပဴးေအာင္ေတာ့ လုပ္မျပႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၆ မိနစ္မွာ စပါးစ္ဘက္က အီမာဆန္ ႐ိုယဲလ္ရဲ႕ ေထာင့္က်ဥ္းကန္ခ်က္ကို လီႏို ပုတ္ထုတ္ခဲ့ရၿပီး ဖူလ္ဟမ္ဘက္ကေတာ့ ဝီလီယန္ရဲ႕ ကန္ခ်က္က ဂိုးသမား လိုရစ္တည့္တည့္ပဲ ေရာက္သြားခဲ့သလို သူတို႔အားကိုးတဲ့ အျမင့္ေဘာေတြကလည္း အဆင္မေျပခဲ့ဘဲ ေခါင္းတိုက္ခြင့္ေတြကိုလည္း ျဖဳန္းတီးပစ္ေနခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ စပါးစ္တို႔ အဖြင့္ဂိုး ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဟြိဳင္ဘယာ့ဂ္ ခ်ေပးတာကို ဆြန္ေဟာင္မင္က ဧရိယာအစပ္မွာ ဂိုးကို ေက်ာေပးထားတဲ့ ဟာရီကိန္းကို ေပးခဲ့ရာမွာ အဂၤလန္တိုက္စစ္မႉးက သူ႔ကို ကပ္ထားတဲ့ တင္မ္ ရင္းမ္ကို တစ္ပတ္လွည့္ထြက္ၿပီး ညာဘက္ေထာင့္ကို ကန္သြင္းခဲ့ရာမွာ အိပ္ငိုက္ေနပုံရတဲ့ ဂိုးသမား လီႏို မကာကြယ္ႏိုင္ခဲ့ဘဲ ဂိုးေပးခဲ့ရတာပါ။

ပထမပိုင္းမွာေတာ့ စပါးစ္တို႔က တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္းမွာလည္း ဖူလ္ဟမ္တို႔ကပဲ ေဘာလုံးကိုင္ၿပီး ဖိကစားခဲ့ေပမယ့္ စပါးစ္တို႔က တန္ျပန္တိုက္စစ္ေတြကေန ၿခိမ္းေျခာက္ႏိုင္ခဲ့လို႔ ဟာရီကိန္းရဲ႕ ေခါင္းတိုက္ခ်က္က ေနာက္တစ္ဂိုးရဖို႔ေတာင္ နီးစပ္ခဲ့ေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ အိပ္ရာႏိုးလာပုံရတဲ့ လီႏိုက ပုတ္ထုတ္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဖူလ္ဟမ္တို႔ဘက္က ဟာရစ္ဆန္ ရိဒ္၊ တီတီ၊ ဒီေကာ္ဒိုဗာ-ရိဒ္နဲ႔ ဝီလီယန္တို႔အစား ကဲရ္နီ၊ ေဆာ္လမြန္၊ ဟာရီ ဝီလ္ဆန္နဲ႔ ကားလို႔စ္ ဗီနီးရွပ္စ္တို႔ ဝင္ကစားခဲ့ၾကၿပီး စပါးစ္တို႔ဘက္ကေတာ့ ဆြန္ေဟာင္မင္နဲ႔ ကူလူရွက္ဗ္စကီးတို႔အစား ရစ္ခ်ာလစ္ဆန္နဲ႔ ဘီဆူးမားတို႔ ဝင္ကစားခဲ့ၿပီး ႏွစ္သင္းစလုံးရဲ႕ အေျပာင္းအလဲေတြကေတာ့ ပြဲအေပၚ ဘာမွ မသက္ေရာက္ေစႏိုင္ခဲ့တာပါ။

လီဗာပူးလ္ကေန ဂ်င္းထည့္ထားခဲ့တဲ့ ခ်န္ပီယံရွစ္အဆင့္ ကစားသမား ဟာရီ ဝီလ္ဆန္ကေတာ့ သူ႔ဆီက တိုက္စစ္ကို ပံ့ပိုးမႈေတြ လုပ္ေပးရမယ့္အစား ကြင္းလယ္မွာေတာင္ ေဘာလုံးမွန္ေအာင္ မေပးႏိုင္ခဲ့တာေၾကာင့္ ပရိသတ္ေတြ စိတ္ပ်က္ခဲ့ရၿပီး ငိုအားထက္ ရယ္အားသန္ခဲ့ရတာေၾကာင့္ ဖူလ္ဟမ္တို႔ ေခ်ပဂိုးျပန္ရဖို႔ မစြမ္းသာေတာ့ဘဲ ပြဲခ်ိန္အျပည့္မွာေတာ့ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ အရႈံးေပးခဲ့ရတာျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ႏွစ္ပြဲဆက္တိုက္ ရႈံးနိမ့္ခဲ့အၿပီးမွာ အႏိုင္ျပန္ရွာေတြ႕ခဲ့တဲ့ စပါးစ္တို႔အေနနဲ႔ နည္းျပ ကြန္တီအေပၚ က်ေရာက္ေနတဲ့ ဖိအားေတြကို ေလွ်ာ့ခ်ေပးႏိုင္ခဲ့ၿပီး အဆင့္ ၅ ေနရာကို ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့သလို ဖူလ္ဟမ္တို႔ကေတာ့ ႏွစ္ပြဲဆက္ ရႈံးနိမ့္ခဲ့တာေၾကာင့္ အဆင့္ ၇ ေနရာကို အာမခံခ်က္ နည္းလာခဲ့ရၿပီျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.