Premier League

၁၉.၂.၂၀၂၀ အတြက္ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းႏွင့္ ဆက္စပ္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– လက္ေမာင္းရိုးက်ိဳးသြားတာေၾကာင့္ အဓိကကစားသမား ဆြန္ေဟာင္မင္ဟာ ရာသီကုန္နီးပါးအထိ နားရႏိုင္တယ္လို႔ အတည္ျပဳခဲ့ၿပီးေနာက္ စပါးစ္နည္းျပ ေမာ္ရင္ညိဳက ဒီထက္ပိုဆိုးရြားတဲ့ အေျခအေနမရွိေတာ့ဘူးလို႔လည္း ညည္းတြားသြားခဲ့ပါတယ္။

– တိုက္စစ္မွဴးေတြ ဒဏ္ရာျပႆနာနဲ႔ ရင္ဆိုင္ေနရခ်ိန္မွာ စပါးတိုက္စစ္မွဴးေဟာင္း ပီတာခေရာ့ခ်္ကို တစ္ေက်ာ့ျပန္ေခၚရမလားလို႔ေတာင္ စဥ္းစားရမယ့္ အေျခအေနလို႔ နည္းျပ ဟိုေဆး ေမာ္ရင္ညိဳက အရႊန္းေဖာက္ေျပာခဲ့သလို ပီတာခေရာ့ခ်္ကလည္း တစ္ေက်ာ့ျပန္ကစားေပးဖို႔ အဆင္သင့္ပဲလို႔ ျပန္လည္တံု႔ျပန္ စေနာက္သြားခဲ့ပါတယ္။

– ေတာင္ကိုရီးယားတုိက္စစ္မွဴး ဆြန္ေဟာင္မင္ ဒဏ္ရာရသြားတာက သူတို႔အသင္းအတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္တစ္ရပ္ျဖစ္ေပမယ့္ ဆြန္မပါတဲ့ ကြက္လပ္ကို ဝင္ေရာက္ျဖည့္ဆည္းေပးႏိုင္တဲ့ ကစားသမားေကာင္းေတြ လံုလံုေလာက္ေလာက္ရွိိတယ္လို႔ ကြင္းလယ္လူ ဟယ္ရီ၀င့္ခ္က ေျပာသြားပါတယ္။

– ျပင္သစ္ကလပ္ ေအမီယန္မွာ ေျခစြမ္းျပေနတဲ့ တိုက္စစ္မွဴး ဆာဟူး ဂီရက္ဆီကို ေခၚခ်င္ေနတဲ့ ပရီးမီးယားလိဂ္အသင္းေတြထဲ စပါလည္း ပါ၀င္လာခဲ့ပါၿပီ။ အသက္(၂၃)ႏွစ္အရြယ္ ဒီတိုက္စစ္မွဴးဟာ ၿပီးခဲ့တဲ့ စေနေန႔က ပီအက္စ္ဂ်ီနဲ႔ (၄)ဂိုးစီ သေရက်ခဲ့တဲ့ပြဲမွာ ေအမီယန္အတြက္ (၂)ဂိုးသြင္းခဲ့ပါတယ္။

– ၂၀၂၀-၂၁ ရာသီမွာ စပါးအသင္း ၀တ္ဆင္မယ့္ စတုတၳဂ်ာစီ ဒီဇိုင္းသစ္ကို တရား၀င္မထုတ္ျပန္ခင္ Leak ေတြ ထြက္ေပၚလာရာမွာ ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္တဲ့ ပံုစံမဟုတ္တာေၾကာင့္ ေ၀ဖန္မႈတခ်ိဳ႕နဲ႔ ရင္ဆိုင္ေနရပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– လက်မောင်းရိုးကျိုးသွားတာကြောင့် အဓိကကစားသမား ဆွန်ဟောင်မင်ဟာ ရာသီကုန်နီးပါးအထိ နားရနိုင်တယ်လို့ အတည်ပြုခဲ့ပြီးနောက် စပါးစ်နည်းပြ မော်ရင်ညိုက ဒီထက်ပိုဆိုးရွားတဲ့ အခြေအနေမရှိတော့ဘူးလို့လည်း ညည်းတွားသွားခဲ့ပါတယ်။

– တိုက်စစ်မှူးတွေ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရချိန်မှာ စပါးတိုက်စစ်မှူးဟောင်း ပီတာခရော့ချ်ကို တစ်ကျော့ပြန်ခေါ်ရမလားလို့တောင် စဉ်းစားရမယ့် အခြေအနေလို့ နည်းပြ ဟိုဆေး မော်ရင်ညိုက အရွှန်းဖောက်ပြောခဲ့သလို ပီတာခရော့ချ်ကလည်း တစ်ကျော့ပြန်ကစားပေးဖို့ အဆင်သင့်ပဲလို့ ပြန်လည်တုံ့ပြန် စနောက်သွားခဲ့ပါတယ်။

– တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်ဟောင်မင် ဒဏ်ရာရသွားတာက သူတို့အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ရပ်ဖြစ်ပေမယ့် ဆွန်မပါတဲ့ ကွက်လပ်ကို ဝင်ရောက်ဖြည့်ဆည်းပေးနိုင်တဲ့ ကစားသမားကောင်းတွေ လုံလုံလောက်လောက်ရှိတယ်လို့ ကွင်းလယ်လူ ဟယ်ရီဝင့်ခ်က ပြောသွားပါတယ်။

– ပြင်သစ်ကလပ် အေမီယန်မှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဆာဟူး ဂီရက်ဆီကို ခေါ်ချင်နေတဲ့ ပရီးမီးယားလိဂ်အသင်းတွေထဲ စပါလည်း ပါဝင်လာခဲ့ပါပြီ။ အသက်(၂၃)နှစ်အရွယ် ဒီတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ စနေနေ့က ပီအက်စ်ဂျီနဲ့ (၄)ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ အေမီယန်အတွက် (၂)ဂိုးသွင်းခဲ့ပါတယ်။

– ၂၀၂၀-၂၁ ရာသီမှာ စပါးအသင်း ဝတ်ဆင်မယ့် စတုတ္ထဂျာစီ ဒီဇိုင်းသစ်ကို တရားဝင်မထုတ်ပြန်ခင် Leak တွေ ထွက်ပေါ်လာရာမှာ ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ ပုံစံမဟုတ်တာကြောင့် ဝေဖန်မှုတချို့နဲ့ ရင်ဆိုင်နေရပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.