Premier League

၁၉.၂.၂၀၂၀ အတြက္ လီဗာပူးလ္အသင္းႏွင့္ ဆက္စပ္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ လီဗာပူးလ္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– ဒတ္ခ်္ဂႏၳ၀င္ကြင္းလယ္လူေဟာင္းတစ္ဦးျဖစ္တဲ့ ရုဒ္ ဂူးလစ္က လီဗာပူးေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္အေနနဲ႔ Ballon d’Or ဆုကို ဘယ္ေတာ့မွ မရႏိုင္ဘူးလို႔ ေျပာလိုက္ပါတယ္။ ကမၻာ႔ေဘာလုံုးသမိုင္းမွာ Ballon d’Or ဆုကို ေနာက္ဆံုးအႀကိမ္ရခဲ့တဲ့ ေနာက္ခံကစားသမားဆိုလို႔ ၂၀၀၆ခုႏွစ္က အီတလီအသင္းေခါင္းေဆာင္ ဖာဘီယို ကန္နာဗာရိုပဲ ရွိခဲ့ပါတယ္။

– လီဗာပူးအသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္က ဘရာဇီးကြင္းလယ္လူ ကူတင္ညိဳကို ေပါင္(၁၄၅)သန္းနဲ႔ ထုတ္ေရာင္းခဲ့တာက အသင္းအတြက္ ႀကီးမားတဲ့ ဆံုးရွဳံးမႈတစ္ရပ္လို႔ ဆိုႏိုင္ခဲ့ေပမယ့္ သူထြက္သြားတဲ့ေနာက္ပုိင္းမွာ ပိုေကာင္းေအာင္ ကစားႏုိင္ခဲ့တယ္လို႔ ဆိုလိုက္ပါတယ္။

– ေဒါ့မြန္နဲ႔ ရာသီႀကိဳေျခစမ္းပြဲတုန္းက ဒူးအရြတ္ဒဏ္ရာ အျပင္းအထန္ရခဲ့တဲ့ လီဗာပူးညာေနာက္ခံလူ နသန္နီရယ္ ကလိိုင္းဟာ ေလ့က်င့္ခန္း ျပန္ဆင္းလာႏိုင္တာေၾကာင့္ ရာသီမကုန္ခင္ ျပန္ကစားႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ ပိုအားေကာင္းလာခဲ့ပါတယ္။

– အာဆင္နယ္ဂိုးသမားေဟာင္း ယန္းေလးမန္းက လက္ရွိလီဗာပူးအသင္းရဲ႕ေျခစြမ္းနဲ႔ ရလဒ္ေတြက သူ႔အသင္းေဟာင္းရဲ႕ ရွဳံးပြဲမရွိခ်န္ပီယံစံခ်ိန္ကို ျဖတ္ေက်ာ္ႏိုင္ေျခရွိတယ္လို႔ ဆိုလိုက္ပါတယ္။ ေလးမန္းဟာ ၂၀၀၃-၀၄ ရာသီက အာဆင္နယ္အသင္းနဲ႔အတူ ႐ွဳံးပြဲမရွိစံခ်ိန္နဲ႔ ခ်န္ပီယံျဖစ္ခဲ့တဲ့ ဂိုးသမားလည္း ျဖစ္ပါတယ္။

– လီဗာပူးတိုက္စစ္မွဴးေဟာင္း ေရာ္ဘီ ေဖာင္လာက ပရီးမီးယားလိဂ္အသင္းတစ္သင္းကို နည္းျပခ်င္တယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။ ေဖာင္လာဟာ လတ္တေလာမွာ ၾသစေၾတးလ်လိဂ္ကလပ္ ဘရစၥဘိန္း ႐ိုးအားစ္အသင္းကို နည္းျပေနပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– ဒတ်ချ်ဂန္ထဝင်ကွင်းလယ်လူဟောင်းတစ်ဦးဖြစ်တဲ့ ရုဒ် ဂူးလစ်က လီဗာပူးနောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်အနေနဲ့ Ballon d’Or ဆုကို ဘယ်တော့မှ မရနိုင်ဘူးလို့ ပြောလိုက်ပါတယ်။ ကမ္ဘာ့ဘောလုံးသမိုင်းမှာ Ballon d’Or ဆုကို နောက်ဆုံးအကြိမ်ရခဲ့တဲ့ နောက်ခံကစားသမားဆိုလို့ ၂၀၀၆ခုနှစ်က အီတလီအသင်းခေါင်းဆောင် ဖာဘီယို ကန်နာဗာရိုပဲ ရှိခဲ့ပါတယ်။

– လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်က ဘရာဇီးကွင်းလယ်လူ ကူတင်ညိုကို ပေါင်(၁၄၅)သန်းနဲ့ ထုတ်ရောင်းခဲ့တာက အသင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ်လို့ ဆိုနိုင်ခဲ့ပေမယ့် သူထွက်သွားတဲ့နောက်ပိုင်းမှာ ပိုကောင်းအောင် ကစားနိုင်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။

– ဒေါ့မွန်နဲ့ ရာသီကြိုခြေစမ်းပွဲတုန်းက ဒူးအရွတ်ဒဏ်ရာ အပြင်းအထန်ရခဲ့တဲ့ လီဗာပူးညာနောက်ခံလူ နသန်နီရယ် ကလိုင်းဟာ လေ့ကျင့်ခန်း ပြန်ဆင်းလာနိုင်တာကြောင့် ရာသီမကုန်ခင် ပြန်ကစားနိုင်ဖို့ မျှော်လင့်ချက် ပိုအားကောင်းလာခဲ့ပါတယ်။

– အာဆင်နယ်ဂိုးသမားဟောင်း ယန်းလေးမန်းက လက်ရှိလီဗာပူးအသင်းရဲ့ခြေစွမ်းနဲ့ ရလဒ်တွေက သူ့အသင်းဟောင်းရဲ့ ရှုံးပွဲမရှိချန်ပီယံစံချိန်ကို ဖြတ်ကျော်နိုင်ခြေရှိတယ်လို့ ဆိုလိုက်ပါတယ်။ လေးမန်းဟာ ၂၀၀၃-၀၄ ရာသီက အာဆင်နယ်အသင်းနဲ့အတူ ရှုံးပွဲမရှိစံချိန်နဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ ဂိုးသမားလည်း ဖြစ်ပါတယ်။

– လီဗာပူးတိုက်စစ်မှူးဟောင်း ရော်ဘီ ဖောင်လာက ပရီးမီးယားလိဂ်အသင်းတစ်သင်းကို နည်းပြချင်တယ်လို့ ထုတ်ပြောလိုက်ပါတယ်။ ဖောင်လာဟာ လတ်တလောမှာ သြစတြေးလျလိဂ်ကလပ် ဘရစ္စဘိန်း ရိုးအားစ်အသင်းကို နည်းပြနေပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.