Premier League

နည္းစနစ္ဒါ႐ိုက္တာတစ္ဦး ခန္႔အပ္သြားဖို႔ မန္ခ်က္စတာယူႏုိက္တက္ စီစဥ္ေန

မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ သူတုိ႔အသင္းရဲ႕ သမိုင္းေၾကာင္းမွာ မရွိေသးတဲ့ နည္းစနစ္ဒါ႐ိုက္တာရာထူးကို ထုတ္ေဖာ္ၿပီး လူသစ္တစ္ဦး ခန္႔အပ္သြားဖို႔ ရွိေနၿပီး နည္းျပ အိုလီဂန္နာ ဆုိးလ္ရွား၊ အမွဳေဆာင္ ဒုဥကၠဌ အက္ဒ္ ဝုဒ္ဝဒ္တို႔နဲ႔ လက္တြဲလုပ္ေဆာင္မယ့္သူတစ္ဦးကို အလိုရွိေနၿပီး ရွာေဖြေနၾကာင္း သိရပါတယ္။

ဒီရာထူးအတြက္ ေရပန္းစားေနသူေတြကေတာ့ ဘြန္ဒက္စ္လီဂါကလပ္ RB လုိက္ပ္ဇစ္အသင္းရဲ႕ အားကစားဒါ႐ိုက္တာ ရာ့လ္ဖ္ ရန္းနစ္ခ္နဲ႔ ပီအက္စ္ဂ်ီအသင္းရဲ႕ အားကစားဒါ႐ိုက္တာေဟာင္း အန္တယ္႐ို ဟင္းနရစ္တုိ႔ျဖစ္ၾကၿပီး သူတုိ႔အေနနဲ႔ အသင္းရဲ႕ ကစားသမားေခၚယူေရးကိစၥေတြကို အဓိက ကိုင္တြယ္သြားရဖို႔ ရွိေနပါတယ္။

ယူႏုိက္တက္အေနနဲ႔ အုိးလ္ထရက္ဖို႔ဒ္ရဲ႕ နည္းစနစ္ဒါ႐ိုက္တာသစ္အျဖစ္ ေနမာနဲ႔ ကိုင္လ်န္ အမ္ဘာေပတုိ႔ကို ေခၚယူေပးခဲ့တဲ့ ဟင္းနရစ္ကို ပိုမုိသေဘာက်ေနတယ္လုိ႔လည္း ဆုိၿပီး လူငယ္ကစားသမားေတြကို ပိုမိုေခၚယူႏုိင္စြမ္းရွိတဲ့ ရန္းနစ္ကိုလည္း ေဆြးေႏြးေနတယ္လုိ႔ ဆုိပါတယ္။

မန္ခ်က္စတာအသင္းရဲ႕ ကစားသမားေခၚယူမွဳနဲ႔ ေဆြးေႏြးမွဳေတြကို အရင္က စီအီးအုိတစ္ျဖစ္လဲ ဒါ႐ိုက္တာအဖြဲ႕ဝင္ ေဒးဗစ္ ဂီးလ္က တာဝန္ယူခဲ့ၿပီး ေနာက္ပုိင္းမွာေတာ့ အက္ဒ္ ဝုဒ္ဝဒ္က ေျပာင္းလဲတာဝန္ယူရာမွာ အဆင္မေျပမွဳမ်ားစြာ ႀကဳံေတြ႕ခဲ့ရလုိ႔ ဒါေတြကို ႏုိင္ႏုိင္နင္းနင္း ကိုင္တြယ္ေျဖရွင္းႏုိင္ၿပီး အဆက္အသြယ္လည္း ေကာင္းမြန္သူမ်ဳိးကို အသုံးျပဳမွ ျဖစ္ေတာ့မယ္လုိ႔ အသင္းတာဝန္ရွိသူေတြက ယူဆေနခဲ့ၾကတာလည္းျဖစ္ပါတယ္။

ေပါ့ဘာအတြက္ ထိန္းသိမ္းေဆာင္ရြက္မွဳ မလုပ္ႏုိင္တာမ်ဳိး၊ ေအးဂ်င့္ေတြနဲ႔ အဆင္မေျပလို႔ လိုခ်င္တဲ့ ကစားသမားေတြ မေခၚယူႏုိင္တာမ်ဳိး ေနာက္ထပ္ မျဖစ္ရေလေအာင္ အသစ္ခန္႔အပ္မယ့္ နည္းစနစ္ဒါ႐ိုက္တာရဲ႕ တာဝန္ဟာ အေရးပါလာမွာျဖစ္ၿပီး ဆိုးလ္ရွားနဲ႔ ဝုဒ္ဝဒ္တုိ႔ရဲ႕ ပခုံးေပၚက တာဝန္ေတြကို ေလွ်ာ့ခ်ေပးႏိုင္ဖို႔ ရည္ရြယ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့အသင်းရဲ့ သမိုင်းကြောင်းမှာ မရှိသေးတဲ့ နည်းစနစ်ဒါရိုက်တာရာထူးကို ထုတ်ဖော်ပြီး လူသစ်တစ်ဦး ခန့်အပ်သွားဖို့ ရှိနေပြီး နည်းပြ အိုလီဂန်နာ ဆိုးလ်ရှား၊ အမှုဆောင် ဒုဥက္ကဌ အက်ဒ် ဝုဒ်ဝဒ်တို့နဲ့ လက်တွဲလုပ်ဆောင်မယ့်သူတစ်ဦးကို အလိုရှိနေပြီး ရှာဖွေနေကြာင်း သိရပါတယ်။

ဒီရာထူးအတွက် ရေပန်းစားနေသူတွေကတော့ ဘွန်ဒက်စ်လီဂါကလပ် RB လိုက်ပ်ဇစ်အသင်းရဲ့ အားကစားဒါရိုက်တာ ရာ့လ်ဖ် ရန်းနစ်ခ်နဲ့ ပီအက်စ်ဂျီအသင်းရဲ့ အားကစားဒါရိုက်တာဟောင်း အန်တယ်ရို ဟင်းနရစ်တို့ဖြစ်ကြပြီး သူတို့အနေနဲ့ အသင်းရဲ့ ကစားသမားခေါ်ယူရေးကိစ္စတွေကို အဓိက ကိုင်တွယ်သွားရဖို့ ရှိနေပါတယ်။

ယူနိုက်တက်အနေနဲ့ အိုးလ်ထရက်ဖို့ဒ်ရဲ့ နည်းစနစ်ဒါရိုက်တာသစ်အဖြစ် နေမာနဲ့ ကိုင်လျန် အမ်ဘာပေတို့ကို ခေါ်ယူပေးခဲ့တဲ့ ဟင်းနရစ်ကို ပိုမိုသဘောကျနေတယ်လို့လည်း ဆိုပြီး လူငယ်ကစားသမားတွေကို ပိုမိုခေါ်ယူနိုင်စွမ်းရှိတဲ့ ရန်းနစ်ကိုလည်း ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

မန်ချက်စတာအသင်းရဲ့ ကစားသမားခေါ်ယူမှုနဲ့ ဆွေးနွေးမှုတွေကို အရင်က စီအီးအိုတစ်ဖြစ်လဲ ဒါရိုက်တာအဖွဲ့ဝင် ဒေးဗစ် ဂီးလ်က တာဝန်ယူခဲ့ပြီး နောက်ပိုင်းမှာတော့ အက်ဒ် ဝုဒ်ဝဒ်က ပြောင်းလဲတာဝန်ယူရာမှာ အဆင်မပြေမှုများစွာ ကြုံတွေ့ခဲ့ရလို့ ဒါတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းနိုင်ပြီး အဆက်အသွယ်လည်း ကောင်းမွန်သူမျိုးကို အသုံးပြုမှ ဖြစ်တော့မယ်လို့ အသင်းတာဝန်ရှိသူတွေက ယူဆနေခဲ့ကြတာလည်းဖြစ်ပါတယ်။

ပေါ့ဘာအတွက် ထိန်းသိမ်းဆောင်ရွက်မှု မလုပ်နိုင်တာမျိုး၊ အေးဂျင့်တွေနဲ့ အဆင်မပြေလို့ လိုချင်တဲ့ ကစားသမားတွေ မခေါ်ယူနိုင်တာမျိုး နောက်ထပ် မဖြစ်ရလေအောင် အသစ်ခန့်အပ်မယ့် နည်းစနစ်ဒါရိုက်တာရဲ့ တာဝန်ဟာ အရေးပါလာမှာဖြစ်ပြီး ဆိုးလ်ရှားနဲ့ ဝုဒ်ဝဒ်တို့ရဲ့ ပခုံးပေါ်က တာဝန်တွေကို လျှော့ချပေးနိုင်ဖို့ ရည်ရွယ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.