Match Report Serie A

စပက်ဇီယာကို နိုင်ပွဲယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို ပြန်ရောက်လာတဲ့ ရိုးမား

ရိုးမားအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရူအီ ပက်ထရီစီယို၊ ခံစစ်မှာ မန်ချီနီ၊ စမောလင်း၊ အီဘာညက်ဇ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ချယ်လိခ်၊ ခရစ္စတန်တေ၊ မာတစ်ချ်နဲ့ ဇာလက်ဗ်စကီးတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အယ်လ်ရှာရာဝီ၊ ဒီဘားလားနဲ့ အေဘရာဟမ်တို့ကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် စပက်ဇီယာအသင်းကတော့ ဂိုးသမား ဒရွန်ဂေါ့ဗ်စကီး၊ ခံစစ်မှာ ကယ်လ်ဒါရာ၊ အာမီယွန်၊ ဟရစ္စတော့ဗ်တို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ အမ်ပါဒူး၊ ဘူရာဘီယာ၊ ရီကာနဲ့ ဟုမ်းလ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဂျာစီ၊ ဗယ်ရ်ဒီနဲ့ အဂူဒယ်လိုတို့ကို ပွဲထုတ်လာခဲ့တာပါ။

ရိုးမားတို့အနေနဲ့ အိမ်ရှင်အသင်းရဲ့ ပွဲစကတည်းက ရဲရဲရင့်ရင့် ဖွင့်ကစားလာခဲ့တဲ့အပေါ်မှာ အကြိတ်အနယ် ပြိုင်ဆိုင်ခဲ့ရပြီး ဘောလုံးပိုင်ဆိုင်မှုအပိုင်းမှာ အသာ မရခဲ့သလို ကွင်းလယ်က ကြံ့ခိုင်မှုချင်း ပြိုင်ဆိုင်မှုမှာတော့ ဝါရင့်ကစားသမားတွေကြောင့်သာ စပက်ဇီယာတို့ကို ထိန်းချုပ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၄၄ မိနစ်မှာတော့ ရိုးမားတို့ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ အေဘရာဟမ် ခေါင်းတိုက်ချပေးလိုက်တာကို ဒီဘားလားက ညာခြမ်းတောက်လျှောက် ဆွဲပြေးပြီး ဧရိယာထဲအရောက်မှာ ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးရာမှာ ဘယ်ဘက်က ပြေးဝင်လာတဲ့ အယ်လ်ရှာရာဝီက ဂိုးသမားအောက်ကို ကန်သွင်းယူနိုင်ခဲ့တာပါ။

ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ရိုးမားတို့က စပက်ဇီယာတို့ကို ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်းအစမှာတော့ အိမ်ရှင်တွေဘက်က ဟရစ္စတော့ဗ်နဲ့ ဗယ်ရ်ဒီတို့အစား အက်စ်ပိုစီတိုနဲ့ ဂန္ထဝင် မာလ်ဒီနီတွေရဲ့ သားမြေးဖြစ်သူ ဒန်နီယယ်လ် မာလ်ဒီနီတို့ကို ထည့်သွင်းလာခဲ့သလို ချေပဂိုးပြန်ရဖို့အတွက် ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပွဲချိန် ၄၉ မိနစ်မှာ ရိုးမားတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရယူသွားခဲ့ကြပြန်ပြီး ဒီဂိုးကိုတော့ စပက်ဇီယာခံစစ်က လူပေးမှားတာကို ဒီဘားလားက ဖြတ်ယူပြီး ပေးခဲ့ရာမှာ တိုက်စစ်မှူး အေဘရာဟမ်က တစ်ဖက်နောက်ခံလူ ကယ်လ်ဒါရာကို ပေါင်ကြားထည့်ပြီး ဖောက်ထွက်သွားခဲ့သလို ဂိုးသမား ဒရွန်ဂေါ့ဗ်စကီးနဲ့ အတွေ့မှာလည်း ပေါင်ကြားကပဲ ကန်သွင်းယူသွားခဲ့လို့ Double Nutmeg ဂိုးနဲ့ ဝင့်ကြွားနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဖီအိုရင်တီးနားနဲ့ စီးရီးအေပွဲစဉ်မှာ အေဘရာဟမ်က နှစ်ဂိုးဖန်တီးပေးနိုင်ခဲ့သလိုပဲ ဒီနေ့ပွဲမှာလည်း အဲ့ဒီနေ့က နှစ်ဂိုးသွင်းခဲ့တဲ့ ဒီဘားလားက ခြေစွမ်းပြပြီး နှစ်ဂိုး ဖန်တီးပေးခဲ့တာနဲ့ ကစားသမားဘဝမှာ ရွေးချယ်မှုတွေ မှားယွင်းပြီး ဒုက္ခရောက်ခဲ့တဲ့ တစ်ကျော့ပြန်တိုက်စစ်မှူး စတီဖန် အယ်လ်ရှာရာဝီ ဂိုးသွင်းနိုင်ခဲ့တာတွေကတော့ ရိုးမားတို့အတွက် ထူးခြားတဲ့ အင်အားတွေလည်း ဖြစ်ခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ရိုးမားတို့ဘက်က အယ်လ်ရှာရာဝီအစား ဘိုဗီ၊ ဒီဘားလားအစား ဘယ်လော့တီ၊ အေဘရာဟမ်အစား ဆောလ်ဘက်ကန်၊ ခရစ္စတန်တေအစား ကာမာရာတို့ကို လူစားပြောင်းလဲသွားခဲ့သလို အနိုင်နှစ်ဂိုးကို ထိန်းသိမ်းကစားသွားခဲ့ပြီး နောက်ဆုံးသုံးပွဲဆက်တိုက် Clean Sheet ရယူနိုင်ခဲ့သလို နည်းပြ မော်ရင်ညိုကို ကျေနပ်စေခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ရိုးမားတို့က စပက်ဇီယာတို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး နောက်ဆုံးနှစ်ပွဲဆက် အနိုင်ရမှုနဲ့အတူ ခြောက်မှတ် စုဆောင်းသွားနိုင်ခဲ့သလို ဂျူဗင်တပ်စ်အသင်းရဲ့ အမှတ်လျှော့ခံရမှုကြောင့် Auto တစ်ဆင့်တိုးထားချိန်မှာ သရေကျသွားတဲ့ အတ္တလန်တာကိုပါ ကျော်တက်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ နေရာကို ရောက်ရှိလာနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

႐ိုးမားအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ႐ူအီ ပက္ထရီစီယို၊ ခံစစ္မွာ မန္ခ်ီနီ၊ စေမာလင္း၊ အီဘာညက္ဇ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ခ်ယ္လိခ္၊ ခရစၥတန္ေတ၊ မာတစ္ခ်္နဲ႔ ဇာလက္ဗ္စကီးတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အယ္လ္ရွာရာဝီ၊ ဒီဘားလားနဲ႔ ေအဘရာဟမ္တို႔ကို တင္ကစားလာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ စပက္ဇီယာအသင္းကေတာ့ ဂိုးသမား ဒ႐ြန္ေဂါ့ဗ္စကီး၊ ခံစစ္မွာ ကယ္လ္ဒါရာ၊ အာမီယြန္၊ ဟရစၥေတာ့ဗ္တို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ အမ္ပါဒူး၊ ဘူရာဘီယာ၊ ရီကာနဲ႔ ဟုမ္းလ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဂ်ာစီ၊ ဗယ္ရ္ဒီနဲ႔ အဂူဒယ္လိုတို႔ကို ပြဲထုတ္လာခဲ့တာပါ။

႐ိုးမားတို႔အေနနဲ႔ အိမ္ရွင္အသင္းရဲ႕ ပြဲစကတည္းက ရဲရဲရင့္ရင့္ ဖြင့္ကစားလာခဲ့တဲ့အေပၚမွာ အႀကိတ္အနယ္ ၿပိဳင္ဆိုင္ခဲ့ရၿပီး ေဘာလုံးပိုင္ဆိုင္မႈအပိုင္းမွာ အသာ မရခဲ့သလို ကြင္းလယ္က ႀကံ့ခိုင္မႈခ်င္း ၿပိဳင္ဆိုင္မႈမွာေတာ့ ဝါရင့္ကစားသမားေတြေၾကာင့္သာ စပက္ဇီယာတို႔ကို ထိန္းခ်ဳပ္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ ႐ိုးမားတို႔ အဖြင့္ဂိုး စတင္သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ေအဘရာဟမ္ ေခါင္းတိုက္ခ်ေပးလိုက္တာကို ဒီဘားလားက ညာျခမ္းေတာက္ေလွ်ာက္ ဆြဲေျပးၿပီး ဧရိယာထဲအေရာက္မွာ ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးရာမွာ ဘယ္ဘက္က ေျပးဝင္လာတဲ့ အယ္လ္ရွာရာဝီက ဂိုးသမားေအာက္ကို ကန္သြင္းယူႏိုင္ခဲ့တာပါ။

ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ ႐ိုးမားတို႔က စပက္ဇီယာတို႔ကို ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္းအစမွာေတာ့ အိမ္ရွင္ေတြဘက္က ဟရစၥေတာ့ဗ္နဲ႔ ဗယ္ရ္ဒီတို႔အစား အက္စ္ပိုစီတိုနဲ႔ ဂႏၴဝင္ မာလ္ဒီနီေတြရဲ႕ သားေျမးျဖစ္သူ ဒန္နီယယ္လ္ မာလ္ဒီနီတို႔ကို ထည့္သြင္းလာခဲ့သလို ေခ်ပဂိုးျပန္ရဖို႔အတြက္ ျပင္ဆင္လာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္ ၄၉ မိနစ္မွာ ႐ိုးမားတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရယူသြားခဲ့ၾကျပန္ၿပီး ဒီဂိုးကိုေတာ့ စပက္ဇီယာခံစစ္က လူေပးမွားတာကို ဒီဘားလားက ျဖတ္ယူၿပီး ေပးခဲ့ရာမွာ တိုက္စစ္မႉး ေအဘရာဟမ္က တစ္ဖက္ေနာက္ခံလူ ကယ္လ္ဒါရာကို ေပါင္ၾကားထည့္ၿပီး ေဖာက္ထြက္သြားခဲ့သလို ဂိုးသမား ဒ႐ြန္ေဂါ့ဗ္စကီးနဲ႔ အေတြ႕မွာလည္း ေပါင္ၾကားကပဲ ကန္သြင္းယူသြားခဲ့လို႔ Double Nutmeg ဂိုးနဲ႔ ဝင့္ႂကြားႏိုင္ခဲ့တာပါ။

ၿပီးခဲ့တဲ့ ဖီအိုရင္တီးနားနဲ႔ စီးရီးေအပြဲစဥ္မွာ ေအဘရာဟမ္က ႏွစ္ဂိုးဖန္တီးေပးႏိုင္ခဲ့သလိုပဲ ဒီေန႔ပြဲမွာလည္း အဲ့ဒီေန႔က ႏွစ္ဂိုးသြင္းခဲ့တဲ့ ဒီဘားလားက ေျခစြမ္းျပၿပီး ႏွစ္ဂိုး ဖန္တီးေပးခဲ့တာနဲ႔ ကစားသမားဘဝမွာ ေ႐ြးခ်ယ္မႈေတြ မွားယြင္းၿပီး ဒုကၡေရာက္ခဲ့တဲ့ တစ္ေက်ာ့ျပန္တိုက္စစ္မႉး စတီဖန္ အယ္လ္ရွာရာဝီ ဂိုးသြင္းႏိုင္ခဲ့တာေတြကေတာ့ ႐ိုးမားတို႔အတြက္ ထူးျခားတဲ့ အင္အားေတြလည္း ျဖစ္ခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ႐ိုးမားတို႔ဘက္က အယ္လ္ရွာရာဝီအစား ဘိုဗီ၊ ဒီဘားလားအစား ဘယ္ေလာ့တီ၊ ေအဘရာဟမ္အစား ေဆာလ္ဘက္ကန္၊ ခရစၥတန္ေတအစား ကာမာရာတို႔ကို လူစားေျပာင္းလဲသြားခဲ့သလို အႏိုင္ႏွစ္ဂိုးကို ထိန္းသိမ္းကစားသြားခဲ့ၿပီး ေနာက္ဆုံးသုံးပြဲဆက္တိုက္ Clean Sheet ရယူႏိုင္ခဲ့သလို နည္းျပ ေမာ္ရင္ညိဳကို ေက်နပ္ေစခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ႐ိုးမားတို႔က စပက္ဇီယာတို႔ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး ေနာက္ဆုံးႏွစ္ပြဲဆက္ အႏိုင္ရမႈနဲ႔အတူ ေျခာက္မွတ္ စုေဆာင္းသြားႏိုင္ခဲ့သလို ဂ်ဴဗင္တပ္စ္အသင္းရဲ႕ အမွတ္ေလွ်ာ့ခံရမႈေၾကာင့္ Auto တစ္ဆင့္တိုးထားခ်ိန္မွာ သေရက်သြားတဲ့ အတၱလန္တာကိုပါ ေက်ာ္တက္ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ အဆင့္ ၄ ေနရာကို ေရာက္ရွိလာႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.