Match Report Serie A

ရည်းစားကမုန်း ဖဲကရှုံး အတ္တလန်တာကျုံးတာပါ ကံကောင်းလို့ မခံလိုက်ရတဲ့ ဂျူဗီ

စာရင်းလိမ်တွေ ပြပြီး အသုံးစရိတ်ကို ဖုံးကွယ်ဖို့ ကြိုးစားတဲ့ ကိုယ့်ပေါင်ကိုယ်လိမ် မာဖီးယား ဂျူဗင်တပ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရှချက်စ်နီ၊ ခံစစ်မှာ ဘရီးမား၊ ဒါနီလိုနဲ့ အဲလက်စ် ဆန်ဒရိုတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ လိုကာတယ်လီ၊ ဖာဂျိုလီ၊ ဟာဗျို၊ ကော့စ်တစ်ချ်နဲ့ မက်ကင်နီတို့ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာတော့ ဒီမာရီယာနဲ့ မီလစ်ခ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် အတ္တလန်တာအသင်းကတော့ ဂိုးသမား မူဆို၊ ခံစစ်မှာ ပါလိုမီနို၊ စကာလ်ဗီနီနဲ့ ရာဖေးလ် တိုလိုအီတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ မေလာ၊ ဟာတီဘိုးရ်၊ ဒီရွန်းနဲ့ အီဒါဆန်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဘိုဂါ၊ လွတ်ခ်မန်းနဲ့ ဟွိုင်လွန်းဒ်တို့ကို အသုံးပြုခဲ့တာပါ။

ပွဲချိန် ၄ မိနစ်မှာကတည်း အတ္တလန်တာတို့ ဦးဆောင်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘိုဂါက တောက်လျှောက် ဆွဲယူလာပြီး ညာခြမ်းကို ခင်းပေးရာမှာ လွတ်ခ်မန်းက တစ်ချက်ထိန်းပြီး ထောင့်ကျဉ်းထဲကို အပြင်းကန်သွင်းခဲ့တဲ့ ဘောလုံးကို ဂိုးသမား ရှချက်စ်နီက လိုရစ်ကို အားကျလို့ ဂိုးထဲ ပုတ်ထည့်သွားခဲ့တာကြောင့် ဂျူဗီတို့ နောက်က လိုက်ကစားခဲ့ရပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာတော့ ဂျူဗီတို့ ဂိုးပြန်ရခဲ့ပြီး ဒီဂိုးကိုတော့ ဧရိယာထဲမှာ အံ့ဩစရာကောင်းလောက်အောင်ပဲ တစ်ချက်ထဲနဲ့ ဖာဂျိုလီရော ဒီမာရီယာပါ နှစ်ယောက်ကို ရိုက်လှဲနိုင်ခဲ့တဲ့ လူစွမ်းကောင်း အီဒါဆန်ကြောင့် VAR ပြန်ကြည့်ပြီး ပေးခဲ့ရတဲ့ ပင်နယ်တီကို ဒီမာရီယာက တစ်နိုင်ငံတည်းသား ဂိုးသမား မူဆိုကို လှည့်စားပြီး ဒိုက်ပစ်တဲ့ဘက်နဲ့ တခြားစီ ကန်သွင်းသွားနိုင်ခဲ့လို့ တစ်ဂိုးစီ ပြန်ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၃၄ မိနစ်မှာတော့ ဂျူဗင်တပ်စ်တို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယဂိုး ရရှိသွားခဲ့သလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကမှာ ဆရာကြီးလုပ်ပြီး ဆွဲပြေးလာပြီးမှ နောက်ပြန်ပေးရာမှာ လူပေးမှားတဲ့ လွတ်ခ်မန်းကြောင့် ဘောလုံးပြန်ရသွားတဲ့ ဖာဂျိုလီက ဒီမာရီယာနဲ့ ဝမ်းတူးရိုက်ပြီး ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ မီလစ်ခ်က ချိန်သားကိုက် ပြေးဝင်ကန်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-တစ်ဂိုးဖြစ်သွားခဲ့ပါတယ်။

ပထမပိုင်းမှာတော့ ဂျူဗင်တပ်စ်တို့အနေနဲ့ အမှတ်လျှော့တာ ခံခဲ့ရပေမယ့် ကွင်းထဲက ကစားသမားတွေရဲ့ စိတ်ဓာတ်နဲ့ အလုံးအရပ်က မလျော့ဘူးဆိုတာ ပြသတဲ့အနေနဲ့ နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေခဲ့ကြပြီး အိမ်ရှင်ပရိသတ်တွေကို နှစ်သိမ့်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဘရာဇီးလ်သား သုံးယောက်တွဲတဲ့ ခံစစ်က ဗဟိုခံစစ်မှူးစစ်စစ် မဟုတ်တဲ့ ဒါနီလိုနဲ့ အဲလက်စ် ဆန်ဒရိုတို့က အချိုးမပြေတဲ့ ပုံစံကို ပြသခဲ့တာပါ။

ဒုတိယပိုင်း ပြန်စစချင်း ပွဲချိန် ၄၆ မိနစ်မှာတော့ အတ္တလန်တာတို့ ချေပဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ နောက်ခံလူ ဒါနီလိုရဲ့ ဖြစ်သလို ဘောလုံးပေးတဲ့ အမှားကနေ စကာလ်ဗီနီက ဖြတ်ယူပြီး ထိုးပေးတာကို လွတ်ခ်မန်းက ဧရိယာထဲကို ခင်းပေးရာမှာ ဘယ်ခြမ်းက ရောက်လာတဲ့ နောက်ခံလူ မေလာက အဝေးတိုင်ထောင့်ကို အနိမ့်ဘော ကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၃ မိနစ်မှာတော့ အတ္တလန်တာတို့ပဲ တတိယမြောက်ဂိုးကို သွင်းယူပြီး ပြန်လည်ဦးဆောင်သွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဘောလုံးရလာတဲ့ ဘိုဂါက ဂိုးရှေိ့ကို ဖြတ်တင်ပေးခဲ့တာကို ဘရာဇီးလ်သားဖြစ်ပြီး ဘာဖြစ်လို့ ဒီလောက်တုံးနေတာလဲလို့ မေးယူရမယ့် အဲလက်စ် ဆန်ဒရိုနဲ့ ဘရီးမားတို့ကြားကနေ လွတ်ခ်မန်းက ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာပါ။

ဂျူဗီနည်းပြ အယ်လီဂရီအနေနဲ့ အိမ်ကွင်းမှာ အရှက်ကွဲရမယ့် အရေးကြောင့် ကော့စ်တစ်ချ်အစား ခီယေဆာကို ထည့်သွင်းပြီး ၄-၃-၃ ပြောင်းကစားလာခဲ့သလို တိုက်စစ်မြှင့်ကစားလာခဲ့ပြီး ကွင်းလယ်မှာ အဝါထိထားတဲ့ လူမိုက် အီဒါဆန်ကြောင့် ဖျက်အားကျလာတဲ့ အတ္တလန်တာတို့ ခံစစ်ပြန်ပြောင်းပြီး ပိတ်ကစားသွားခဲ့ရပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာတော့ ဂျူဗင်တပ်စ်တို့ သရေကျစေမယ့် တတိယ ချေပဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ လိုကာတယ်လီကြောင့် ရခဲ့တဲ့ ဖရီးကစ်ကို ဒီမာရီယာက ကန်မလိုနဲ့ ကျော်ပြေးပြီး နောက်ပေါက်နဲ့ လှိမ့်ပေးခဲ့တာကို သူ့အမှားကြောင့် ဂိုးပေးထားရတဲ့ ဒါနီလိုက လှဲပိတ်ထားတဲ့ မေလာနဲ့ လွတ်နေတဲ့ ဘေးကနေ ဘယ်ဘက်တိုင်ခြေကို အနိမ့်ဘော အပြင်းကန်သွင်းယူသွားနိုင်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ဂျူဗင်တပ်စ်တို့ဘက်က ဒီမာရီယာ၊ မီလစ်ခ်နဲ့ ဖာဂျိုလီတို့အစား မီရက်တီ၊ မွိုက်စ် ကီးန်နဲ့ ကွာဒရာဒိုတို့ကို ထည့်သွင်းပြီး အပြောင်းအလဲလုပ်သွားခဲ့ကြသလို အတ္တလန်တာတို့ဘက်ကတော့ ဘိုဂါ၊ ဟွိုင်လွန်းဒ်၊ အီဒါဆန်နဲ့ မေလာတို့အစား ပါရှာလစ်ချ်၊ မြူရီယယ်လ်၊ ဂျင်မ်စီတီနဲ့ ရပ်ဂါရီတို့ကို ထည့်သွင်းကစားခဲ့ကြပါတယ်။

ပွဲချိန်အပြည့်မှာတော့ တူရင်ကွင်းမှာ ဂျူဗင်တပ်စ်တို့နဲ့ အတ္တလန်တာတို့ကြား အဖြေမပေါ်ဘဲ သုံးဂိုးစီသရေနဲ့ တစ်မှတ်စီ ခွဲယူခဲ့ကြသလို ဒီပွဲကြောင့် နှစ်သင်းစလုံး နစ်နာခဲ့ရချိန်မှာ ကြားကနေ စားသွားခဲ့သူကတော့ ရိုးမားတို့ဖြစ်ပြီး ရမှတ် ၃၇ မှတ်နဲ့ အဆင့် ၄ ကို ဝင်ယူသွားတာကြောင့် သရေကျခဲ့တဲ့ အတ္တလန်တာတို့ အဆင့် ၅ ကို ရောက်ရှိသွားချိန်မှာ ဂျူဗီတို့ကတော့ အဆင့် ၉ ကို တက်လှမ်းလာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စာရင္းလိမ္ေတြ ျပၿပီး အသုံးစရိတ္ကို ဖုံးကြယ္ဖို႔ ႀကိဳးစားတဲ့ ကိုယ့္ေပါင္ကိုယ္လိမ္ မာဖီးယား ဂ်ဴဗင္တပ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရွခ်က္စ္နီ၊ ခံစစ္မွာ ဘရီးမား၊ ဒါနီလိုနဲ႔ အဲလက္စ္ ဆန္ဒ႐ိုတို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ လိုကာတယ္လီ၊ ဖာဂ်ိဳလီ၊ ဟာဗ်ိဳ၊ ေကာ့စ္တစ္ခ်္နဲ႔ မက္ကင္နီတို႔ကို ခင္းက်င္းခဲ့ၿပီး တိုက္စစ္မွာေတာ့ ဒီမာရီယာနဲ႔ မီလစ္ခ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ အတၱလန္တာအသင္းကေတာ့ ဂိုးသမား မူဆို၊ ခံစစ္မွာ ပါလိုမီႏို၊ စကာလ္ဗီနီနဲ႔ ရာေဖးလ္ တိုလိုအီတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေမလာ၊ ဟာတီဘိုးရ္၊ ဒီ႐ြန္းနဲ႔ အီဒါဆန္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဘိုဂါ၊ လြတ္ခ္မန္းနဲ႔ ဟြိဳင္လြန္းဒ္တို႔ကို အသုံးျပဳခဲ့တာပါ။

ပြဲခ်ိန္ ၄ မိနစ္မွာကတည္း အတၱလန္တာတို႔ ဦးေဆာင္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဘိုဂါက ေတာက္ေလွ်ာက္ ဆြဲယူလာၿပီး ညာျခမ္းကို ခင္းေပးရာမွာ လြတ္ခ္မန္းက တစ္ခ်က္ထိန္းၿပီး ေထာင့္က်ဥ္းထဲကို အျပင္းကန္သြင္းခဲ့တဲ့ ေဘာလုံးကို ဂိုးသမား ရွခ်က္စ္နီက လိုရစ္ကို အားက်လို႔ ဂိုးထဲ ပုတ္ထည့္သြားခဲ့တာေၾကာင့္ ဂ်ဴဗီတို႔ ေနာက္က လိုက္ကစားခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၅ မိနစ္မွာေတာ့ ဂ်ဴဗီတို႔ ဂိုးျပန္ရခဲ့ၿပီး ဒီဂိုးကိုေတာ့ ဧရိယာထဲမွာ အံ့ဩစရာေကာင္းေလာက္ေအာင္ပဲ တစ္ခ်က္ထဲနဲ႔ ဖာဂ်ိဳလီေရာ ဒီမာရီယာပါ ႏွစ္ေယာက္ကို ႐ိုက္လွဲႏိုင္ခဲ့တဲ့ လူစြမ္းေကာင္း အီဒါဆန္ေၾကာင့္ VAR ျပန္ၾကည့္ၿပီး ေပးခဲ့ရတဲ့ ပင္နယ္တီကို ဒီမာရီယာက တစ္ႏိုင္ငံတည္းသား ဂိုးသမား မူဆိုကို လွည့္စားၿပီး ဒိုက္ပစ္တဲ့ဘက္နဲ႔ တျခားစီ ကန္သြင္းသြားႏိုင္ခဲ့လို႔ တစ္ဂိုးစီ ျပန္ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ ဂ်ဴဗင္တပ္စ္တို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၿပီး ဒုတိယဂိုး ရရွိသြားခဲ့သလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကမွာ ဆရာႀကီးလုပ္ၿပီး ဆြဲေျပးလာၿပီးမွ ေနာက္ျပန္ေပးရာမွာ လူေပးမွားတဲ့ လြတ္ခ္မန္းေၾကာင့္ ေဘာလုံးျပန္ရသြားတဲ့ ဖာဂ်ိဳလီက ဒီမာရီယာနဲ႔ ဝမ္းတူး႐ိုက္ၿပီး ဂိုးေရွ႕ကို ျဖတ္တင္ေပးရာမွာ မီလစ္ခ္က ခ်ိန္သားကိုက္ ေျပးဝင္ကန္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးျဖစ္သြားခဲ့ပါတယ္။

ပထမပိုင္းမွာေတာ့ ဂ်ဴဗင္တပ္စ္တို႔အေနနဲ႔ အမွတ္ေလွ်ာ့တာ ခံခဲ့ရေပမယ့္ ကြင္းထဲက ကစားသမားေတြရဲ႕ စိတ္ဓာတ္နဲ႔ အလုံးအရပ္က မေလ်ာ့ဘူးဆိုတာ ျပသတဲ့အေနနဲ႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ေနခဲ့ၾကၿပီး အိမ္ရွင္ပရိသတ္ေတြကို ႏွစ္သိမ့္ႏိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ ဘရာဇီးလ္သား သုံးေယာက္တြဲတဲ့ ခံစစ္က ဗဟိုခံစစ္မႉးစစ္စစ္ မဟုတ္တဲ့ ဒါနီလိုနဲ႔ အဲလက္စ္ ဆန္ဒ႐ိုတို႔က အခ်ိဳးမေျပတဲ့ ပုံစံကို ျပသခဲ့တာပါ။

ဒုတိယပိုင္း ျပန္စစခ်င္း ပြဲခ်ိန္ ၄၆ မိနစ္မွာေတာ့ အတၱလန္တာတို႔ ေခ်ပဂိုး ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေနာက္ခံလူ ဒါနီလိုရဲ႕ ျဖစ္သလို ေဘာလုံးေပးတဲ့ အမွားကေန စကာလ္ဗီနီက ျဖတ္ယူၿပီး ထိုးေပးတာကို လြတ္ခ္မန္းက ဧရိယာထဲကို ခင္းေပးရာမွာ ဘယ္ျခမ္းက ေရာက္လာတဲ့ ေနာက္ခံလူ ေမလာက အေဝးတိုင္ေထာင့္ကို အနိမ့္ေဘာ ကန္သြင္းၿပီး ဂိုးအျဖစ္ ေျပာင္းလဲသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ အတၱလန္တာတို႔ပဲ တတိယေျမာက္ဂိုးကို သြင္းယူၿပီး ျပန္လည္ဦးေဆာင္သြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ေဘာလုံးရလာတဲ့ ဘိုဂါက ဂိုးေရွိ႕ကို ျဖတ္တင္ေပးခဲ့တာကို ဘရာဇီးလ္သားျဖစ္ၿပီး ဘာျဖစ္လို႔ ဒီေလာက္တုံးေနတာလဲလို႔ ေမးယူရမယ့္ အဲလက္စ္ ဆန္ဒ႐ိုနဲ႔ ဘရီးမားတို႔ၾကားကေန လြတ္ခ္မန္းက ေခါင္းတိုက္သြင္းယူသြားႏိုင္ခဲ့တာပါ။

ဂ်ဴဗီနည္းျပ အယ္လီဂရီအေနနဲ႔ အိမ္ကြင္းမွာ အရွက္ကြဲရမယ့္ အေရးေၾကာင့္ ေကာ့စ္တစ္ခ်္အစား ခီေယဆာကို ထည့္သြင္းၿပီး ၄-၃-၃ ေျပာင္းကစားလာခဲ့သလို တိုက္စစ္ျမႇင့္ကစားလာခဲ့ၿပီး ကြင္းလယ္မွာ အဝါထိထားတဲ့ လူမိုက္ အီဒါဆန္ေၾကာင့္ ဖ်က္အားက်လာတဲ့ အတၱလန္တာတို႔ ခံစစ္ျပန္ေျပာင္းၿပီး ပိတ္ကစားသြားခဲ့ရပါတယ္။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ဂ်ဴဗင္တပ္စ္တို႔ သေရက်ေစမယ့္ တတိယ ေခ်ပဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ လိုကာတယ္လီေၾကာင့္ ရခဲ့တဲ့ ဖရီးကစ္ကို ဒီမာရီယာက ကန္မလိုနဲ႔ ေက်ာ္ေျပးၿပီး ေနာက္ေပါက္နဲ႔ လွိမ့္ေပးခဲ့တာကို သူ႔အမွားေၾကာင့္ ဂိုးေပးထားရတဲ့ ဒါနီလိုက လွဲပိတ္ထားတဲ့ ေမလာနဲ႔ လြတ္ေနတဲ့ ေဘးကေန ဘယ္ဘက္တိုင္ေျခကို အနိမ့္ေဘာ အျပင္းကန္သြင္းယူသြားႏိုင္ခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ဂ်ဴဗင္တပ္စ္တို႔ဘက္က ဒီမာရီယာ၊ မီလစ္ခ္နဲ႔ ဖာဂ်ိဳလီတို႔အစား မီရက္တီ၊ မြိဳက္စ္ ကီးန္နဲ႔ ကြာဒရာဒိုတို႔ကို ထည့္သြင္းၿပီး အေျပာင္းအလဲလုပ္သြားခဲ့ၾကသလို အတၱလန္တာတို႔ဘက္ကေတာ့ ဘိုဂါ၊ ဟြိဳင္လြန္းဒ္၊ အီဒါဆန္နဲ႔ ေမလာတို႔အစား ပါရွာလစ္ခ်္၊ ျမဴရီယယ္လ္၊ ဂ်င္မ္စီတီနဲ႔ ရပ္ဂါရီတို႔ကို ထည့္သြင္းကစားခဲ့ၾကပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ တူရင္ကြင္းမွာ ဂ်ဴဗင္တပ္စ္တို႔နဲ႔ အတၱလန္တာတို႔ၾကား အေျဖမေပၚဘဲ သုံးဂိုးစီသေရနဲ႔ တစ္မွတ္စီ ခြဲယူခဲ့ၾကသလို ဒီပြဲေၾကာင့္ ႏွစ္သင္းစလုံး နစ္နာခဲ့ရခ်ိန္မွာ ၾကားကေန စားသြားခဲ့သူကေတာ့ ႐ိုးမားတို႔ျဖစ္ၿပီး ရမွတ္ ၃၇ မွတ္နဲ႔ အဆင့္ ၄ ကို ဝင္ယူသြားတာေၾကာင့္ သေရက်ခဲ့တဲ့ အတၱလန္တာတို႔ အဆင့္ ၅ ကို ေရာက္ရွိသြားခ်ိန္မွာ ဂ်ဴဗီတို႔ကေတာ့ အဆင့္ ၉ ကို တက္လွမ္းလာခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.