ထူးလဲထူးတယ် မြူးလဲမြူးတယ် ကိုကြီးကျော် နကီးတီးယား
အာဆင်နယ်ပရိသတ်တွေရဲ့ ဆဲဖတ်ကလေး မကြာခဏဖြစ်နေကျ အက်ဒီ နကီးတီးယားကတော့ ရင့်ကျက်တည်ငြိမ်မှုတွေနဲ့ ဒီနေ့နိုင်ပွဲကို ဖန်တီးသွားခဲ့ပါတယ်။ ကျောနံပါတ် ၁၄ ကို တောင်းဝတ်လို့ အမနာပ အပြောခံခဲ့ရတဲ့ လူငယ်တိုက်စစ်မှူးဟာ ဦးစားပေးတိုက်စစ်မှူး ဂျေဆူးစ်မရှိချိန်မှာ သူ့နည်းသူ့ဟန်နဲ့ အသုံးတော်ခံနေခဲ့တာဖြစ်ပြီး ဒီနေ့ပွဲက သွင်းဂိုးနှစ်ဂိုးက ခါးသီးတဲ့ ပြိုင်ဘက်ကို အလဲထိုးနိုင်ခဲ့တာပါ။ ပထမဂိုးက သူ့ရဲ့ လာဘ်မြင်မှုနဲ့ ခေါင်းတိုက်ပြီး ရရှိခဲ့သလို ပွဲသိမ်းဂိုးကလည်း သူစွန့်စားပြီး မပိတ်ရင် ဘေးထွက်သွားမှာဖြစ်လို့ ဒီနေ့ပွဲက သူ့ရဲ့ ပေးဆပ်မှုက ပြည့်စုံခဲ့ပြီး ပွဲစပွဲလယ်ပွဲသိမ်း ကိုကြီးကျော်လို့တောင် ခေါ်ဆိုသင့်ခဲ့တာဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်နဲ့ မာတီနက်ဇ်တို့ကို အချိုကျွေးတဲ့ အိမ်ရှင်ခံစစ်
အာဆင်နယ်တို့အနေနဲ့ ဒီနေ့ပွဲမှာ Second Ball ဆိုတဲ့ စကားလုံးကို ကြားဖူးရဲ့လားလို့ မေးရအောင် ဂလယ်ရိုက်နေခဲ့တာပါ။ တိုက်စစ်မှာလည်း တစ်ဖက်နောက်တန်းက ရှင်းထုတ်တဲ့ ဘောလုံးတွေကို ပြန်အကျမှာ ကောက်မစားနိုင်ခဲ့တာက ဂိုးမရတာသာရှိပြီး ပြဿနာ မရှိခဲ့ပေမယ့် ခံစစ်မှာ ဒီလို နှောင့်နှေးပြီး အကွက်မမြင်ခဲ့တာကတော့ ဂိုးတွေ ဖြစ်သွားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ကို ပါတေးက အချိုကျွေးခဲ့သလို ဘန်ဝှိုက်ကပါ ကြောင်နေခဲ့တဲ့အခါ ပထမဂိုး ဖြစ်သွားခဲ့သလို မာတီနက်ဇ်ရဲ့ သွင်းဂိုးမှာလည်း ရမ်းစ်ဒေးလ် ပုတ်ထုတ်တာကို ခံစစ်တစ်ဦးဦးက ရှင်းထုတ်နိုင်သင့်ပေမယ့် Second Ball စောင့်နေတဲ့ အာဂျင်တီးနားနောက်ခံလူနားမှာ ဘယ်သူမှ အချိန်မီ မရောက်ခဲ့လို့ ဒုတိယဂိုး ပေးခဲ့ရတာပါ။
ဆာကာရဲ့ ဆရာကျတဲ့ အထာများ
ဒီနေ့ပွဲမှာ ရက်ရှ်ဖို့ဒ်တစ်ယောက်တည်း ဒုန်းခနဲ ဒိုင်းခနဲ ကန်သွင်းတတ်တာ မဟုတ်ဘူးဆိုတာကို ဆာကာက ပွဲချိန် ၅၃ မိနစ် ကန်ချက်နဲ့ ဒဟေးယားရဲ့ ညာဘက်ထောင့်ထဲကို ကန်သွင်းပြီး မန်ယူနဲ့တွေ့တဲ့ သုံးပွဲဆက်တိုက် ဂိုးသွင်းခဲ့သလို မိနစ် ၇၀ မှာလည်း ဒီလိုပဲ နောက်တစ်ကြိမ် ကန်ပြခဲ့ရာမှာ အဲရစ်ဆန်ရဲ့ ခြေနဲ့ ရှပ်ပြီး ထိခဲ့လို့သာ တိုင်ထိပြီး ဂိုးမဖြစ်ခဲ့တာပါ။ အင်္ဂလန်စီနီယာ လုခ်ရှောတစ်ယောက် ဒီနေ့မှာ ဆာကာကို မနိုင်ခဲ့ဘဲ ကျောပေးမိရင် တွန်းချည်းချနေခဲ့ရသလို မျက်နှာချင်းဆိုင်တွေ့တိုင်း ကူကယ်ရာမဲ့ဖြစ်ခဲ့ပြီး အာဆင်နယ်တို့ ဒီနေ့ပွဲမှာ နိုင်သင့်နိုင်ထိုက်ကြောင်းကို ပြသသွားတဲ့ သက်သေတစ်ခုလည်းဖြစ်ခဲ့ပါတယ်။
မိနစ် ၉၀ မှာ အနိုင်ဂိုးသွင်းတာက ၁၄ ပဲလား
အာဆင်နယ်တို့အတွက် ဒီနေ့ပွဲရဲ့ ပွဲချိန် မိနစ် ၉၀ မှာ အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပြီး သမိုင်းတစ်ပတ် လည်ခဲ့တာကတော့ ဂိုးသွင်းဘုရင် သီယာရီ အွန်နရီကို သတိရစေခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၆ နှစ်၊ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က အာဆင်နယ်တို့အနေနဲ့ ရွန်နီရဲ့ ဦးဆောင်ဂိုးကို အိမ်ကွင်းမှာ ခွင့်ပြုခဲ့ရပြီး နောက်ကနေ နှစ်ဂိုးလိုက်သွင်းပြီး နိုင်ခဲ့တုန်းကလည်း ရော်ဘင် ဗန်ပါစီရဲ့ ချေပဂိုးအပြီးမှာ အွန်နရီက ပွဲပြီးခါနီး အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။ ဒီရာသီမှာ ကျောနံပါတ် ၁၄ ကို တောင်းယူဝတ်ဆင်ခဲ့တဲ့ နကီးတီးယားအတွက် အဲ့ဒီတုန်းက ဓာတ်သတ္တိတွေက ကူးစက်လာခဲ့သလားလို့ ထင်ရပြီး ချေပဂိုးတစ်ဂိုးနဲ့ အနိုင်ဂိုးတစ်ဂိုးကို ဒီကျောနံပါတ်ပိုင်ရှင်ကပဲ ရယူပေးခဲ့တာဖြစ်ပါတယ်။
မန်ယူရဲ့ စံချိန်ကို စမုံတုံးပေးလိုက်တဲ့ အာဆင်နယ်
မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ဒီနေ့ပွဲမတိုင်ခင်အထိ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ၂၆ ပွဲမှာ တစ်ခါမှ မရှုံးခဲ့ဖူးဘဲ ၂၁ ပွဲနိုင်ပြီး ၅ ပွဲ သရေကျခဲ့တာဖြစ်ပါတယ်။ ပွဲချိန် ၁၇ မိနစ်မှာ အာဆင်နယ်ခံစစ်အမှားကနေ ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးကို ရရှိခဲ့တော့ အဝေးကွင်းပရိသတ်တွေအနေနဲ့ ဒီပွဲလည်း ရလဒ်ကောင်းပြန်ပြီဟေ့လို့ ထင်ခဲ့ကြပေမယ့် ဒုတိယပိုင်းမှာ ဆုတ်ခံပြီး ပိတ်ကစားသွားခဲ့ကြတဲ့ အသင်းရဲ့ အောက်က ပုံစံက ဒီစံချိန်ကို ဆက်ထိန်းဖို့တော့ မထိုက်တန်ခဲ့တာပါ။ အာဆင်နယ်တို့ရဲ့ မဆုတ်မနစ် အားထုတ်မှုက မန်ယူတို့ရဲ့ ၂၆ ပွဲ မှတ်တမ်းကို ပြိုပျက်သွားစေခဲ့ပြီး အက်ဒီ နကီးတီးယားရဲ့ နောက်ဆုံး အနေအထားက စွန့်စားခဲ့မှုက အိမ်ရှင်တွေရဲ့ နိုင်ပွဲဖြစ်လာခဲ့ပါတယ်။
📸 – THE GOAL STANDS! ITS ONSIDE! pic.twitter.com/6rZEAHscWS
— 𝐀𝐅𝐂 𝐀𝐉𝐀𝐗 💎 (@TheEuropeanLad) January 22, 2023
ကျေပြီဟေ့ VAR ရေ
ဒီနေ့ပွဲမှာ ဒိုင်လူကြီး အန်ထော်နီ တေလာရဲ့ ဆုံးဖြတ်ချက်တွေက မန်ယူဘက်ကို ၅၅ ရာခိုင်နှုန်းလောက် ပါခဲ့ပြီး အာဆင်နယ်ဘက်ကိုတော့ ၄၅ ရာခိုင်နှုန်းလောက် ရှိခဲ့ပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာတုန်းက အဲရစ်ဆန် သရုပ်ဆောင်ကောင်းလွန်းပြီး ဖာနန်ဒက်စ် ဇာတ်ပို့ကောင်းလွန်းလို့ ပယ်ဖျက်ခံခဲ့ရတဲ့ အာဆင်နယ်တို့ရဲ့ သန့်သန့်ရှင်းရှင်း အဖွင့်ဂိုးကို VAR နဲ့ ပယ်ချခံခဲ့ရတုန်းက ပျော်နေခဲ့တဲ့ မန်ယူပရိသတ်တွေအတွက် ဒီနေ့ VAR ကတော့ ခါးသီးခဲ့တာပါ။ နာကျင်အချိန်ပိုမှာ ဂန်းနားတွေ သွင်းယူတဲ့ ဂိုးက လူကျွံဘောဖြစ်နိုင်တဲ့ နှစ်ပွိုင့်ရှိခဲ့ပြီး ဒီနှစ်ပွိုင်စလုံးကို VAR က လူမကျွံကြောင်း Onside လို့ ဆုံးဖြတ်သွားတဲ့တာကြောင့် အာဆင်နယ်ပရိသတ်တွေဘက်ကတော့ ကျေပြီဟေ့လို့ ပြန်ပြောလို့ရခဲ့တာဖြစ်ပါတယ်။
ကြောက်စရာလန့်စရာ ဝေဠုကျော်
ဘယ်လိုပဲ အာဆင်နယ်ဘက်က လိုက်တွေးတွေး၊ ဒီနေ့ပွဲက မန်ယူတိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ အန္တရာယ်ကြီးမားမှုတွေက မငြင်းဆန်နိုင်သော အမှန်တရား ဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမှာ အဖွင့်ဂိုးကို ကန်ချက်ပြင်းပြင်းနဲ့ ရယူပေးခဲ့သလို အင်္ဂလန်အသင်းဖော် ဘန်ဝှိုက်ကိုလည်း မျက်နှာထားစရာ မရှိတော့အောင် ဆုတ်ဖြဲသွားခဲ့လို့ ဒုတိယပိုင်းအစမှာ အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ သူ့ကို ထိန်းသိမ်းဖို့ တာကဲဟီရို တိုမီယာစုကို တကူးတက လဲသွားခဲ့ရအထိဖြစ်ခဲ့တာပါ။ တကယ်လို့သာ ဒီနေ့ပွဲမှာ ဂါနာချိုကို စောစောစီးစီး ထည့်ပြီး ရက်ရှ်ဖို့ဒ်အနေနဲ့ အထောင်နဲ့ ဘယ်ခြမ်းမှာ လွတ်လွတ်လပ်လပ် Free Role ကစားခွင့်ရခဲ့မယ်ဆိုရင် မန်ယူတို့ မရှုံးလောက်ဘူးလို့တောင် ပြောလို့ရခဲ့တာဖြစ်ပါတယ်။
အဖွင့်လှခဲ့တဲ့ ထရော့ဆတ်နဲ့ ကီဗီယာ
ဒီနေ့ပွဲမှာ အာဆင်နယ်အသင်းရဲ့ ပွဲကြည့်စင်မှာ စီးရီးအေကလပ် စပက်ဇီယာအသင်းကနေ ယူရို ၂၅ သန်းနဲ့ ခေါ်ယူထားခဲ့တဲ့ ပိုလန်ခံစစ်မှူး ယာကုဘ် ကီဗီယာကို သူ့ရဲ့ ချစ်သူနဲ့အတူ တွေ့မြင်ခဲ့ရသလို အသင်းကို ရောက်ရှိပြီး ကျောနံပါတ် ၁၉ ကို ရယူထားခဲ့တဲ့ ကစားသမားသစ် လီယန်ဒရို ထရော့ဆတ်ကတော့ အရန်ခုံမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ကီဗီယာနဲ့ ထရော့ဆတ်တို့အနေနဲ့ ဒီနေ့ပွဲကိုသာ အနိုင်မရခဲ့ဘူးဆိုရင် သူတို့ရဲ့ အဖွင့်မလှဘူးလို့ မျက်နှာပျက်ရနိုင်ပေမယ့် ဒုတိယပိုင်း ပွဲပြီးခါနီးမှာ မာတီနယ်လီရဲ့နေရာ ဝင်ကစားခဲ့တဲ့ ထရော့ဆတ်က အာဆင်နယ်တို့ရဲ့ သွင်းဂိုးကို ဇင်ချန်ကို ဖြတ်တင်ပေးနိုင်ဖို့ ဖန်တီးပေးခဲ့သလို လာမယ့် ပွဲတွေအတွက်လည်း လပ်ကီးကောင်းကို ရှာဖွေနိုင်ခဲ့တာပါ။
Arsenal had 63 touches in the Manchester United box in this match.
No side have had as many in a single Premier League game in 2022-23 so far.#AFC #ARSMNU pic.twitter.com/s0rgwT5klr
— Opta Analyst (@OptaAnalyst) January 22, 2023
ဘယ်သူမှ မလုပ်နိုင်တဲ့ စံချိန်နဲ့ မန်ယူကို ထုခွဲတဲ့ အာဆင်နယ်
အာဆင်နယ်တို့အနေနဲ့ ဒီနေ့ပွဲမှာ ပွဲချိန်ပြည့်တဲ့အထိ အနိုင်ရဖို့ ရုန်းကန်ခဲ့ရပေမယ့် ဒီရာသီ ပရီးမီးယားလိဂ်မှာ ဘယ်သူမှ မလုပ်နိုင်သေးတဲ့ စံချိန်အဖြစ် တစ်ဖက်အသင်းရဲ့ ပင်နယ်တီ ဧရိယာထဲမှာ ထိချက်ပေါင်း ၆၃ ချက်အထိ ပြုလုပ်နိုင်ခဲ့တဲ့ စံချိန်ကို တင်ရှိနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲချိန်အတွင်း ဂိုးပေါက်ကန်ခွင့် ၂၅ ကြိမ်အထိ ရယူနိုင်ခဲ့ပြီး ၅ ကြိမ် ဂိုးပေါက်တည့်ခဲ့သလို ဘောလုံးပိုင်ဆိုင်မှု ၅၈ ရာခိုင်နှုန်းနဲ့ ထောင့်ကန်ဘော ၁၂ ကြိမ်အထိ ရယူပြီး ဖိကစားနိုင်ခဲ့တာပါ။ ဒါကိုတောင်မှ မန်ယူပရိသတ်တွေအနေနဲ့ ပွဲသိမ်းဂိုးက ဒိုင်ကူလို့ပါကွာလို့ ပြောမနေသင့်တော့ဘဲ သူတို့ထက် ပိုကောင်းတဲ့ အသင်းကို ဂုဏ်ပြုပေးသင့်ခဲ့တာလည်း ဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT OWNERS
SPORTS A2Z.
ZAWGYI:
ထူးလဲထူးတယ္ ျမဴးလဲျမဴးတယ္ ကိုႀကီးေက်ာ္ နကီးတီးယား
အာဆင္နယ္ပရိသတ္ေတြရဲ႕ ဆဲဖတ္ကေလး မၾကာခဏျဖစ္ေနက် အက္ဒီ နကီးတီးယားကေတာ့ ရင့္က်က္တည္ၿငိမ္မႈေတြနဲ႔ ဒီေန႔ႏိုင္ပြဲကို ဖန္တီးသြားခဲ့ပါတယ္။ ေက်ာနံပါတ္ ၁၄ ကို ေတာင္းဝတ္လို႔ အမနာပ အေျပာခံခဲ့ရတဲ့ လူငယ္တိုက္စစ္မႉးဟာ ဦးစားေပးတိုက္စစ္မႉး ေဂ်ဆူးစ္မရွိခ်ိန္မွာ သူ႔နည္းသူ႔ဟန္နဲ႔ အသုံးေတာ္ခံေနခဲ့တာျဖစ္ၿပီး ဒီေန႔ပြဲက သြင္းဂိုးႏွစ္ဂိုးက ခါးသီးတဲ့ ၿပိဳင္ဘက္ကို အလဲထိုးႏိုင္ခဲ့တာပါ။ ပထမဂိုးက သူ႔ရဲ႕ လာဘ္ျမင္မႈနဲ႔ ေခါင္းတိုက္ၿပီး ရရွိခဲ့သလို ပြဲသိမ္းဂိုးကလည္း သူစြန႔္စားၿပီး မပိတ္ရင္ ေဘးထြက္သြားမွာျဖစ္လို႔ ဒီေန႔ပြဲက သူ႔ရဲ႕ ေပးဆပ္မႈက ျပည့္စုံခဲ့ၿပီး ပြဲစပြဲလယ္ပြဲသိမ္း ကိုႀကီးေက်ာ္လို႔ေတာင္ ေခၚဆိုသင့္ခဲ့တာျဖစ္ပါတယ္။
ရက္ရွ္ဖို႔ဒ္နဲ႔ မာတီနက္ဇ္တို႔ကို အခ်ိဳေကြၽးတဲ့ အိမ္ရွင္ခံစစ္
အာဆင္နယ္တို႔အေနနဲ႔ ဒီေန႔ပြဲမွာ Second Ball ဆိုတဲ့ စကားလုံးကို ၾကားဖူးရဲ႕လားလို႔ ေမးရေအာင္ ဂလယ္႐ိုက္ေနခဲ့တာပါ။ တိုက္စစ္မွာလည္း တစ္ဖက္ေနာက္တန္းက ရွင္းထုတ္တဲ့ ေဘာလုံးေတြကို ျပန္အက်မွာ ေကာက္မစားႏိုင္ခဲ့တာက ဂိုးမရတာသာရွိၿပီး ျပႆနာ မရွိခဲ့ေပမယ့္ ခံစစ္မွာ ဒီလို ေႏွာင့္ေႏွးၿပီး အကြက္မျမင္ခဲ့တာကေတာ့ ဂိုးေတြ ျဖစ္သြားခဲ့ပါတယ္။ ရက္ရွ္ဖို႔ဒ္ကို ပါေတးက အခ်ိဳေကြၽးခဲ့သလို ဘန္ဝႈိက္ကပါ ေၾကာင္ေနခဲ့တဲ့အခါ ပထမဂိုး ျဖစ္သြားခဲ့သလို မာတီနက္ဇ္ရဲ႕ သြင္းဂိုးမွာလည္း ရမ္းစ္ေဒးလ္ ပုတ္ထုတ္တာကို ခံစစ္တစ္ဦးဦးက ရွင္းထုတ္ႏိုင္သင့္ေပမယ့္ Second Ball ေစာင့္ေနတဲ့ အာဂ်င္တီးနားေနာက္ခံလူနားမွာ ဘယ္သူမွ အခ်ိန္မီ မေရာက္ခဲ့လို႔ ဒုတိယဂိုး ေပးခဲ့ရတာပါ။
ဆာကာရဲ႕ ဆရာက်တဲ့ အထာမ်ား
ဒီေန႔ပြဲမွာ ရက္ရွ္ဖို႔ဒ္တစ္ေယာက္တည္း ဒုန္းခနဲ ဒိုင္းခနဲ ကန္သြင္းတတ္တာ မဟုတ္ဘူးဆိုတာကို ဆာကာက ပြဲခ်ိန္ ၅၃ မိနစ္ ကန္ခ်က္နဲ႔ ဒေဟးယားရဲ႕ ညာဘက္ေထာင့္ထဲကို ကန္သြင္းၿပီး မန္ယူနဲ႔ေတြ႕တဲ့ သုံးပြဲဆက္တိုက္ ဂိုးသြင္းခဲ့သလို မိနစ္ ၇၀ မွာလည္း ဒီလိုပဲ ေနာက္တစ္ႀကိမ္ ကန္ျပခဲ့ရာမွာ အဲရစ္ဆန္ရဲ႕ ေျခနဲ႔ ရွပ္ၿပီး ထိခဲ့လို႔သာ တိုင္ထိၿပီး ဂိုးမျဖစ္ခဲ့တာပါ။ အဂၤလန္စီနီယာ လုခ္ေရွာတစ္ေယာက္ ဒီေန႔မွာ ဆာကာကို မႏိုင္ခဲ့ဘဲ ေက်ာေပးမိရင္ တြန္းခ်ည္းခ်ေနခဲ့ရသလို မ်က္ႏွာခ်င္းဆိုင္ေတြ႕တိုင္း ကူကယ္ရာမဲ့ျဖစ္ခဲ့ၿပီး အာဆင္နယ္တို႔ ဒီေန႔ပြဲမွာ ႏိုင္သင့္ႏိုင္ထိုက္ေၾကာင္းကို ျပသသြားတဲ့ သက္ေသတစ္ခုလည္းျဖစ္ခဲ့ပါတယ္။
မိနစ္ ၉၀ မွာ အႏိုင္ဂိုးသြင္းတာက ၁၄ ပဲလား
အာဆင္နယ္တို႔အတြက္ ဒီေန႔ပြဲရဲ႕ ပြဲခ်ိန္ မိနစ္ ၉၀ မွာ အႏိုင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး သမိုင္းတစ္ပတ္ လည္ခဲ့တာကေတာ့ ဂိုးသြင္းဘုရင္ သီယာရီ အြန္နရီကို သတိရေစခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၁၆ ႏွစ္၊ ၂၀၀၇ ခုႏွစ္ ဇန္နဝါရီလ ၂၁ ရက္ေန႔က အာဆင္နယ္တို႔အေနနဲ႔ ႐ြန္နီရဲ႕ ဦးေဆာင္ဂိုးကို အိမ္ကြင္းမွာ ခြင့္ျပဳခဲ့ရၿပီး ေနာက္ကေန ႏွစ္ဂိုးလိုက္သြင္းၿပီး ႏိုင္ခဲ့တုန္းကလည္း ေရာ္ဘင္ ဗန္ပါစီရဲ႕ ေခ်ပဂိုးအၿပီးမွာ အြန္နရီက ပြဲၿပီးခါနီး အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာပါ။ ဒီရာသီမွာ ေက်ာနံပါတ္ ၁၄ ကို ေတာင္းယူဝတ္ဆင္ခဲ့တဲ့ နကီးတီးယားအတြက္ အဲ့ဒီတုန္းက ဓာတ္သတၱိေတြက ကူးစက္လာခဲ့သလားလို႔ ထင္ရၿပီး ေခ်ပဂိုးတစ္ဂိုးနဲ႔ အႏိုင္ဂိုးတစ္ဂိုးကို ဒီေက်ာနံပါတ္ပိုင္ရွင္ကပဲ ရယူေပးခဲ့တာျဖစ္ပါတယ္။
မန္ယူရဲ႕ စံခ်ိန္ကို စမုံတုံးေပးလိုက္တဲ့ အာဆင္နယ္
မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ ဒီေန႔ပြဲမတိုင္ခင္အထိ ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ၂၆ ပြဲမွာ တစ္ခါမွ မရႈံးခဲ့ဖူးဘဲ ၂၁ ပြဲႏိုင္ၿပီး ၅ ပြဲ သေရက်ခဲ့တာျဖစ္ပါတယ္။ ပြဲခ်ိန္ ၁၇ မိနစ္မွာ အာဆင္နယ္ခံစစ္အမွားကေန ရက္ရွ္ဖို႔ဒ္ရဲ႕ သြင္းဂိုးကို ရရွိခဲ့ေတာ့ အေဝးကြင္းပရိသတ္ေတြအေနနဲ႔ ဒီပြဲလည္း ရလဒ္ေကာင္းျပန္ၿပီေဟ့လို႔ ထင္ခဲ့ၾကေပမယ့္ ဒုတိယပိုင္းမွာ ဆုတ္ခံၿပီး ပိတ္ကစားသြားခဲ့ၾကတဲ့ အသင္းရဲ႕ ေအာက္က ပုံစံက ဒီစံခ်ိန္ကို ဆက္ထိန္းဖို႔ေတာ့ မထိုက္တန္ခဲ့တာပါ။ အာဆင္နယ္တို႔ရဲ႕ မဆုတ္မနစ္ အားထုတ္မႈက မန္ယူတို႔ရဲ႕ ၂၆ ပြဲ မွတ္တမ္းကို ၿပိဳပ်က္သြားေစခဲ့ၿပီး အက္ဒီ နကီးတီးယားရဲ႕ ေနာက္ဆုံး အေနအထားက စြန႔္စားခဲ့မႈက အိမ္ရွင္ေတြရဲ႕ ႏိုင္ပြဲျဖစ္လာခဲ့ပါတယ္။
📸 – THE GOAL STANDS! ITS ONSIDE! pic.twitter.com/6rZEAHscWS
— 𝐀𝐅𝐂 𝐀𝐉𝐀𝐗 💎 (@TheEuropeanLad) January 22, 2023
ေက်ၿပီေဟ့ VAR ေရ
ဒီေန႔ပြဲမွာ ဒိုင္လူႀကီး အန္ေထာ္နီ ေတလာရဲ႕ ဆုံးျဖတ္ခ်က္ေတြက မန္ယူဘက္ကို ၅၅ ရာခိုင္ႏႈန္းေလာက္ ပါခဲ့ၿပီး အာဆင္နယ္ဘက္ကိုေတာ့ ၄၅ ရာခိုင္ႏႈန္းေလာက္ ရွိခဲ့ပါတယ္။ အိုးလ္ထရက္ဖို႔ဒ္မွာတုန္းက အဲရစ္ဆန္ သ႐ုပ္ေဆာင္ေကာင္းလြန္းၿပီး ဖာနန္ဒက္စ္ ဇာတ္ပို႔ေကာင္းလြန္းလို႔ ပယ္ဖ်က္ခံခဲ့ရတဲ့ အာဆင္နယ္တို႔ရဲ႕ သန႔္သန႔္ရွင္းရွင္း အဖြင့္ဂိုးကို VAR နဲ႔ ပယ္ခ်ခံခဲ့ရတုန္းက ေပ်ာ္ေနခဲ့တဲ့ မန္ယူပရိသတ္ေတြအတြက္ ဒီေန႔ VAR ကေတာ့ ခါးသီးခဲ့တာပါ။ နာက်င္အခ်ိန္ပိုမွာ ဂန္းနားေတြ သြင္းယူတဲ့ ဂိုးက လူကြၽံေဘာျဖစ္ႏိုင္တဲ့ ႏွစ္ပြိဳင့္ရွိခဲ့ၿပီး ဒီႏွစ္ပြိဳင္စလုံးကို VAR က လူမကြၽံေၾကာင္း Onside လို႔ ဆုံးျဖတ္သြားတဲ့တာေၾကာင့္ အာဆင္နယ္ပရိသတ္ေတြဘက္ကေတာ့ ေက်ၿပီေဟ့လို႔ ျပန္ေျပာလို႔ရခဲ့တာျဖစ္ပါတယ္။
ေၾကာက္စရာလန႔္စရာ ေဝဠဳေက်ာ္
ဘယ္လိုပဲ အာဆင္နယ္ဘက္က လိုက္ေတြးေတြး၊ ဒီေန႔ပြဲက မန္ယူတိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ရဲ႕ အႏၲရာယ္ႀကီးမားမႈေတြက မျငင္းဆန္ႏိုင္ေသာ အမွန္တရား ျဖစ္ခဲ့ပါတယ္။ ပထမပိုင္းမွာ အဖြင့္ဂိုးကို ကန္ခ်က္ျပင္းျပင္းနဲ႔ ရယူေပးခဲ့သလို အဂၤလန္အသင္းေဖာ္ ဘန္ဝႈိက္ကိုလည္း မ်က္ႏွာထားစရာ မရွိေတာ့ေအာင္ ဆုတ္ၿဖဲသြားခဲ့လို႔ ဒုတိယပိုင္းအစမွာ အာဆင္နယ္နည္းျပ အာတီတာအေနနဲ႔ သူ႔ကို ထိန္းသိမ္းဖို႔ တာကဲဟီ႐ို တိုမီယာစုကို တကူးတက လဲသြားခဲ့ရအထိျဖစ္ခဲ့တာပါ။ တကယ္လို႔သာ ဒီေန႔ပြဲမွာ ဂါနာခ်ိဳကို ေစာေစာစီးစီး ထည့္ၿပီး ရက္ရွ္ဖို႔ဒ္အေနနဲ႔ အေထာင္နဲ႔ ဘယ္ျခမ္းမွာ လြတ္လြတ္လပ္လပ္ Free Role ကစားခြင့္ရခဲ့မယ္ဆိုရင္ မန္ယူတို႔ မရႈံးေလာက္ဘူးလို႔ေတာင္ ေျပာလို႔ရခဲ့တာျဖစ္ပါတယ္။
အဖြင့္လွခဲ့တဲ့ ထေရာ့ဆတ္နဲ႔ ကီဗီယာ
ဒီေန႔ပြဲမွာ အာဆင္နယ္အသင္းရဲ႕ ပြဲၾကည့္စင္မွာ စီးရီးေအကလပ္ စပက္ဇီယာအသင္းကေန ယူ႐ို ၂၅ သန္းနဲ႔ ေခၚယူထားခဲ့တဲ့ ပိုလန္ခံစစ္မႉး ယာကုဘ္ ကီဗီယာကို သူ႔ရဲ႕ ခ်စ္သူနဲ႔အတူ ေတြ႕ျမင္ခဲ့ရသလို အသင္းကို ေရာက္ရွိၿပီး ေက်ာနံပါတ္ ၁၉ ကို ရယူထားခဲ့တဲ့ ကစားသမားသစ္ လီယန္ဒ႐ို ထေရာ့ဆတ္ကေတာ့ အရန္ခုံမွာ ပါဝင္လာခဲ့တာျဖစ္ပါတယ္။ ကီဗီယာနဲ႔ ထေရာ့ဆတ္တို႔အေနနဲ႔ ဒီေန႔ပြဲကိုသာ အႏိုင္မရခဲ့ဘူးဆိုရင္ သူတို႔ရဲ႕ အဖြင့္မလွဘူးလို႔ မ်က္ႏွာပ်က္ရႏိုင္ေပမယ့္ ဒုတိယပိုင္း ပြဲၿပီးခါနီးမွာ မာတီနယ္လီရဲ႕ေနရာ ဝင္ကစားခဲ့တဲ့ ထေရာ့ဆတ္က အာဆင္နယ္တို႔ရဲ႕ သြင္းဂိုးကို ဇင္ခ်န္ကို ျဖတ္တင္ေပးႏိုင္ဖို႔ ဖန္တီးေပးခဲ့သလို လာမယ့္ ပြဲေတြအတြက္လည္း လပ္ကီးေကာင္းကို ရွာေဖြႏိုင္ခဲ့တာပါ။
Arsenal had 63 touches in the Manchester United box in this match.
No side have had as many in a single Premier League game in 2022-23 so far.#AFC #ARSMNU pic.twitter.com/s0rgwT5klr
— Opta Analyst (@OptaAnalyst) January 22, 2023
ဘယ္သူမွ မလုပ္ႏိုင္တဲ့ စံခ်ိန္နဲ႔ မန္ယူကို ထုခြဲတဲ့ အာဆင္နယ္
အာဆင္နယ္တို႔အေနနဲ႔ ဒီေန႔ပြဲမွာ ပြဲခ်ိန္ျပည့္တဲ့အထိ အႏိုင္ရဖို႔ ႐ုန္းကန္ခဲ့ရေပမယ့္ ဒီရာသီ ပရီးမီးယားလိဂ္မွာ ဘယ္သူမွ မလုပ္ႏိုင္ေသးတဲ့ စံခ်ိန္အျဖစ္ တစ္ဖက္အသင္းရဲ႕ ပင္နယ္တီ ဧရိယာထဲမွာ ထိခ်က္ေပါင္း ၆၃ ခ်က္အထိ ျပဳလုပ္ႏိုင္ခဲ့တဲ့ စံခ်ိန္ကို တင္ရွိႏိုင္ခဲ့တာျဖစ္ပါတယ္။ ပြဲခ်ိန္အတြင္း ဂိုးေပါက္ကန္ခြင့္ ၂၅ ႀကိမ္အထိ ရယူႏိုင္ခဲ့ၿပီး ၅ ႀကိမ္ ဂိုးေပါက္တည့္ခဲ့သလို ေဘာလုံးပိုင္ဆိုင္မႈ ၅၈ ရာခိုင္ႏႈန္းနဲ႔ ေထာင့္ကန္ေဘာ ၁၂ ႀကိမ္အထိ ရယူၿပီး ဖိကစားႏိုင္ခဲ့တာပါ။ ဒါကိုေတာင္မွ မန္ယူပရိသတ္ေတြအေနနဲ႔ ပြဲသိမ္းဂိုးက ဒိုင္ကူလို႔ပါကြာလို႔ ေျပာမေနသင့္ေတာ့ဘဲ သူတို႔ထက္ ပိုေကာင္းတဲ့ အသင္းကို ဂုဏ္ျပဳေပးသင့္ခဲ့တာလည္း ျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT OWNERS
SPORTS A2Z.