Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၂၁.၉.၂၀၂၀

– ဘာစီလိုနာနဲ႔ ခ်ိတ္ဆက္ၿပီးေနာက္ပုိင္း အသင္းမွာ ဆက္ေနမယ္လို႔ ဆုံးျဖတ္ခဲ့တဲ့ ကြင္းလယ္လူ ဗိုင္နယ္လ္ဒြမ္ရဲ႕ သီယာဂို ေရာက္ရွိလာအၿပီး ပထမဆုံးပြဲမွာပဲ ကစားခဲ့တဲ့ ေျခစြမ္းအေပၚ ပရိသတ္ေတြက စိတ္ပ်က္ေနၾကသလို သူ႕ကို အရန္ခုံထိုင္ခိုင္းဖို႔နဲ႔ ထပ္မသုံးဖို႔ ေတာင္းဆုိေနၾက။

– လီဗာပူးလ္အသင္းအေနနဲ႔ ဝုလ္ဗ္စ္ကေန ဒီယိုဂို ဂ်ဳိတာကို ေခၚယူလုိက္တာဟာ သူ႕ရဲ႕ ေႏြရာသီအေစာပုိင္းက စိတ္ဝင္စားခဲ့တဲ့ ဂ်န္႔တုိက္စစ္မွဴး ဂ်ဳိနသန္ ေဒးဗစ္ကို အခ်ိန္မီ မေခၚယူႏုိင္ခဲ့လို႔ျဖစ္ေၾကာင္း အက္သလက္တစ္ဂ်ာနယ္လစ္တစ္ဦးထုတ္ေဖာ္။

– ေနာက္ခံလူေတြျဖစ္ၾကတဲ့ ဂ်ဳိးဂိုမက္ဇ္နဲ႔ ဂ်ဳိယယ္လ္ မာတစ္ပ္တုိ႔ႏွစ္ဦး ဒဏ္ရာေတြ အသီးသီး ရွိေနတာေၾကာင့္ လူသစ္တစ္ဦး ထပ္မံေခၚယူမယ္လို႔ ေရွာ္လ္ကာရဲ႕ အုိဇန္ ကာဘက္ခ္နဲ႔ သတင္းထြက္ေနခဲ့ေပမယ့္လည္း အက္သလက္တစ္ကေတာ့ လီဗာပူးလ္ရဲ႕ အေျပာင္းအေရႊ႕ကာလ ပိတ္သိမ္းၿပီလို႔ဆုိေန။

– ဘိုင္ယန္ျမဴးနစ္ကေန သီယာဂိုကို ေခၚယူလုိက္ျခင္းနဲ႔ သူ႕ရဲ႕ ဦးစားေပးအျဖစ္ ပြဲထြက္ႏုိင္တဲ့ ေျခစြမ္းကိုပါ တစ္ပါတည္း ပုိင္ဆုိင္ေနျခင္းက လီဗာပူးလ္ကြင္းလယ္မွာ မေပ်ာ္ရႊင္တဲ့သူေတြ မ်ားလာေတာ့မယ္လို႔ ကစားသမားေဟာင္း ဒန္နီ မာဖီက ခန္႔မွန္းလုိက္ၿပီး ဗိုင္နယ္လ္ဒြမ္နဲ႔ ခ်ိမ္ဘာလိန္တို႔ အနာဂတ္က စိုးရိမ္စရာျဖစ္လာ။

– ခ်ဲလ္ဆီးနဲ႔ပြဲမွာ ပထမပုိင္းအၿပီး လူစားဝင္ကစားသမားအျဖစ္ ပြဲထြက္ခဲ့တဲ့ သီယာဂိုဟာ ၄၅ မိနစ္အတြင္းမွာ အႀကိမ္ေရအမ်ားဆုံး ေပးပုိ႔ႏိုင္တဲ့ ကစားသမားလည္းျဖစ္လာခဲ့ၿပီး ဒါေတာင္မွ ဒီပြဲမတုိင္ခင္မွာ ယာဂန္ ကေလာ့ပ္အေနနဲ႔ သူ႕ကို တစ္ခါမွ ထရိန္နင္ မဆင္းခိုင္းခဲ့ရေသးဘူးလို႔ဆုိ။

– လူငယ္တုိက္စစ္မွဴး ႐ိုင္ယန္ ဘ႐ူးစတားဟာ အသင္းအတြက္ ႀကီးမားတဲ့ ျပဳျပင္ေျပာင္းလဲမွဳျဖစ္လိမ့္မယ္လို႔ ခရစၥတယ္လ္ပဲေလ့စ္ဥကၠဌ စတိဗ္ ပဲရစ္ရွ္က ေျပာလုိက္ၿပီး သူ႕အတြက္ ကနဦးေျပာင္းေရႊ႕ေၾကး ေပါင္ ၁၉ + ခံစားခြင့္ ေပါင္ ၆ သန္းနဲ႔ ကမ္းလွမ္းခဲ့ၿပီလို႔ သိရ။

– လီဗာပူးလ္အသင္းရဲ႕ ခ်ဲလ္ဆီးအေပၚ ႏိုင္ပြဲမွာ ႏွစ္ဂိုးသြင္းယူႏုိင္ခဲ့တဲ့ တုိက္စစ္မွဴး ဆာဒီယို မာေနးက ဂိုးသမား ကီပါရဲ႕ အမွားမ်ဳိး က်ဴးလြန္မိေအာင္ ဖိအားေပးႏုိင္ဖို႔ သူတုိ႔ေတြအေနနဲ႔ အသင္းရဲ႕ ထရိန္နင္မွာ ေလ့က်င့္ခဲ့ၾကတယ္လို႔ ထုတ္ေဖာ္သြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဘာစီလိုနာနဲ့ ချိတ်ဆက်ပြီးနောက်ပိုင်း အသင်းမှာ ဆက်နေမယ်လို့ ဆုံးဖြတ်ခဲ့တဲ့ ကွင်းလယ်လူ ဗိုင်နယ်လ်ဒွမ်ရဲ့ သီယာဂို ရောက်ရှိလာအပြီး ပထမဆုံးပွဲမှာပဲ ကစားခဲ့တဲ့ ခြေစွမ်းအပေါ် ပရိသတ်တွေက စိတ်ပျက်နေကြသလို သူ့ကို အရန်ခုံထိုင်ခိုင်းဖို့နဲ့ ထပ်မသုံးဖို့ တောင်းဆိုနေကြ။

– လီဗာပူးလ်အသင်းအနေနဲ့ ဝုလ်ဗ်စ်ကနေ ဒီယိုဂို ဂျိုတာကို ခေါ်ယူလိုက်တာဟာ သူ့ရဲ့ နွေရာသီအစောပိုင်းက စိတ်ဝင်စားခဲ့တဲ့ ဂျန့်တိုက်စစ်မှူး ဂျိုနသန် ဒေးဗစ်ကို အချိန်မီ မခေါ်ယူနိုင်ခဲ့လို့ဖြစ်ကြောင်း အက်သလက်တစ်ဂျာနယ်လစ်တစ်ဦးထုတ်ဖော်။

– နောက်ခံလူတွေဖြစ်ကြတဲ့ ဂျိုးဂိုမက်ဇ်နဲ့ ဂျိုယယ်လ် မာတစ်ပ်တို့နှစ်ဦး ဒဏ်ရာတွေ အသီးသီး ရှိနေတာကြောင့် လူသစ်တစ်ဦး ထပ်မံခေါ်ယူမယ်လို့ ရှော်လ်ကာရဲ့ အိုဇန် ကာဘက်ခ်နဲ့ သတင်းထွက်နေခဲ့ပေမယ့်လည်း အက်သလက်တစ်ကတော့ လီဗာပူးလ်ရဲ့ အပြောင်းအရွှေ့ကာလ ပိတ်သိမ်းပြီလို့ဆိုနေ။

– ဘိုင်ယန်မြူးနစ်ကနေ သီယာဂိုကို ခေါ်ယူလိုက်ခြင်းနဲ့ သူ့ရဲ့ ဦးစားပေးအဖြစ် ပွဲထွက်နိုင်တဲ့ ခြေစွမ်းကိုပါ တစ်ပါတည်း ပိုင်ဆိုင်နေခြင်းက လီဗာပူးလ်ကွင်းလယ်မှာ မပျော်ရွှင်တဲ့သူတွေ များလာတော့မယ်လို့ ကစားသမားဟောင်း ဒန်နီ မာဖီက ခန့်မှန်းလိုက်ပြီး ဗိုင်နယ်လ်ဒွမ်နဲ့ ချိမ်ဘာလိန်တို့ အနာဂတ်က စိုးရိမ်စရာဖြစ်လာ။

– ချဲလ်ဆီးနဲ့ပွဲမှာ ပထမပိုင်းအပြီး လူစားဝင်ကစားသမားအဖြစ် ပွဲထွက်ခဲ့တဲ့ သီယာဂိုဟာ ၄၅ မိနစ်အတွင်းမှာ အကြိမ်ရေအများဆုံး ပေးပို့နိုင်တဲ့ ကစားသမားလည်းဖြစ်လာခဲ့ပြီး ဒါတောင်မှ ဒီပွဲမတိုင်ခင်မှာ ယာဂန် ကလော့ပ်အနေနဲ့ သူ့ကို တစ်ခါမှ ထရိန်နင် မဆင်းခိုင်းခဲ့ရသေးဘူးလို့ဆို။

– လူငယ်တိုက်စစ်မှူး ရိုင်ယန် ဘရူးစတားဟာ အသင်းအတွက် ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်လိမ့်မယ်လို့ ခရစ္စတယ်လ်ပဲလေ့စ်ဥက္ကဌ စတိဗ် ပဲရစ်ရှ်က ပြောလိုက်ပြီး သူ့အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၁၉ + ခံစားခွင့် ပေါင် ၆ သန်းနဲ့ ကမ်းလှမ်းခဲ့ပြီလို့ သိရ။

– လီဗာပူးလ်အသင်းရဲ့ ချဲလ်ဆီးအပေါ် နိုင်ပွဲမှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဆာဒီယို မာနေးက ဂိုးသမား ကီပါရဲ့ အမှားမျိုး ကျူးလွန်မိအောင် ဖိအားပေးနိုင်ဖို့ သူတို့တွေအနေနဲ့ အသင်းရဲ့ ထရိန်နင်မှာ လေ့ကျင့်ခဲ့ကြတယ်လို့ ထုတ်ဖော်သွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.