Premier League Transfer News

အဲလက္စ္ ႐ူနာဆန္ကို ညပုိင္းမွာ တရားဝင္ေၾကျငာသြားတဲ့ အာဆင္နယ္

အာဆင္နယ္အသင္းအေနနဲ႔ ျပင္သစ္ လီဂူးဝမ္းကလပ္ ဒီယြန္အသင္းရဲ႕ ဂိုးသမား အဲလက္စ္ ႐ူနာဆန္ကို ဒီေန႔မွာ တရားဝင္ ပြဲထုတ္ေၾကျငာသြားခဲ့ၿပီး အသင္းနဲ႔အတူ ေလးႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

အသင္းရဲ႕ ပရိသတ္တစ္ဦးျဖစ္ၿပီး ဂိုးသမားႀကီးေတြျဖစ္ၾကတဲ့ ေဒးဗစ္ ဆီးမန္းနဲ႔ ယန္း ေလမန္းတုိ႔ကို အားက်အတုယူၿပီး ႀကီးျပင္းလာခဲ့တဲ့ ႐ူနာဆန္က ဒီအသင္းဟာ ကမာၻ႕အႀကီးဆုံးကလပ္အသင္းေတြထဲက တစ္ဦးျဖစ္လို႔ ေရာက္လာၿပီး ကစားရမွာဟာ ႏွစ္ဦးႏွစ္ဖက္ အက်ဳိးရွိမယ့္ ကိစၥလို႔လည္း ဆုိပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ အုိက္စ္လန္လက္ေရြးစင္ဂိုးသမားဟာ အာဆင္နယ္အသင္းမွာေတာ့ နံပါတ္ ၂ ေနရာက စတင္ပြဲထြက္ရမွာျဖစ္ၿပီး လာမယ့္ လက္စတာစီးတီးနဲ႔ ကာရာေဘာင္းဖလားမွာ ပါဝင္လာႏုိင္မလား ေစာင့္ၾကည့္ရမွာျဖစ္သလို အသင္းအတြက္ေတာ့ နံပါတ္ ၁၃ ဂ်ာစီကို ဝတ္ဆင္သြားမွာလည္းျဖစ္ပါတယ္။

႐ူနာဆန္က အာဆင္နယ္အသင္းရဲ႕ ပရီးမီးယားလိဂ္ ၁၃ ႀကိမ္နဲ႔ အက္ဖ္ေအဖလားကို ၁၄ ႀကိမ္ရရွိထားတဲ့ သမုိင္းေၾကာင္းကို ေကာင္းေကာင္း သိရွိထားၿပီး ဒီအသင္းအတြက္ တတ္ႏုိင္သမွ် မိနစ္မ်ားမ်ား ကစားရဖို႔ လုပ္သင့္တာမွန္သမွ် အားလုံးကို လုပ္ေဆာင္ႀကဳိးစားသြားမယ္လို႔လည္း ဆုိပါတယ္။

နည္းစနစ္ဒါ႐ိုက္တာ အီဒူးကေတာ့ ႐ူနာဆန္ဟာ သူတုိ႔ရဲ႕ ဂိုးသမားသစ္တစ္ဦး ရွာေဖြမွဳမွာ လိုအပ္တဲ့ အခ်က္အလက္ေတြနဲ႔ ေကာင္းေကာင္း ျပည့္စုံတယ္လုိ႔ ေျပာၾကားသြားခဲ့ၿပီး အသင္းမန္ေနဂ်ာ မီခယ္လ္ အာတီတာကေတာ့ သူနဲ႔ လီႏိုကို ၿပဳိင္ဆုိင္ခိုင္းသြားမွာျဖစ္ေၾကာင္းနဲ႔ ဂိုးသမားေနရာ အတြက္ အားကိုးႏုိင္တဲ့ အရည္အေသြးေကာင္းတစ္ခုျဖစ္လာဖို႔ ေမွ်ာ္လင့္ထားတယ္လုိ႔ ေျပာၾကားသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: ARSENAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ ပြင်သစ် လီဂူးဝမ်းကလပ် ဒီယွန်အသင်းရဲ့ ဂိုးသမား အဲလက်စ် ရူနာဆန်ကို ဒီနေ့မှာ တရားဝင် ပွဲထုတ်ကြေငြာသွားခဲ့ပြီး အသင်းနဲ့အတူ လေးနှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အသင်းရဲ့ ပရိသတ်တစ်ဦးဖြစ်ပြီး ဂိုးသမားကြီးတွေဖြစ်ကြတဲ့ ဒေးဗစ် ဆီးမန်းနဲ့ ယန်း လေမန်းတို့ကို အားကျအတုယူပြီး ကြီးပြင်းလာခဲ့တဲ့ ရူနာဆန်က ဒီအသင်းဟာ ကမ္ဘာ့အကြီးဆုံးကလပ်အသင်းတွေထဲက တစ်ဦးဖြစ်လို့ ရောက်လာပြီး ကစားရမှာဟာ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် ကိစ္စလို့လည်း ဆိုပါတယ်။

အသက် ၂၅ နှစ်အရွယ် အိုက်စ်လန်လက်ရွေးစင်ဂိုးသမားဟာ အာဆင်နယ်အသင်းမှာတော့ နံပါတ် ၂ နေရာက စတင်ပွဲထွက်ရမှာဖြစ်ပြီး လာမယ့် လက်စတာစီးတီးနဲ့ ကာရာဘောင်းဖလားမှာ ပါဝင်လာနိုင်မလား စောင့်ကြည့်ရမှာဖြစ်သလို အသင်းအတွက်တော့ နံပါတ် ၁၃ ဂျာစီကို ဝတ်ဆင်သွားမှာလည်းဖြစ်ပါတယ်။

ရူနာဆန်က အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ် ၁၃ ကြိမ်နဲ့ အက်ဖ်အေဖလားကို ၁၄ ကြိမ်ရရှိထားတဲ့ သမိုင်းကြောင်းကို ကောင်းကောင်း သိရှိထားပြီး ဒီအသင်းအတွက် တတ်နိုင်သမျှ မိနစ်များများ ကစားရဖို့ လုပ်သင့်တာမှန်သမျှ အားလုံးကို လုပ်ဆောင်ကြိုးစားသွားမယ်လို့လည်း ဆိုပါတယ်။

နည်းစနစ်ဒါရိုက်တာ အီဒူးကတော့ ရူနာဆန်ဟာ သူတို့ရဲ့ ဂိုးသမားသစ်တစ်ဦး ရှာဖွေမှုမှာ လိုအပ်တဲ့ အချက်အလက်တွေနဲ့ ကောင်းကောင်း ပြည့်စုံတယ်လို့ ပြောကြားသွားခဲ့ပြီး အသင်းမန်နေဂျာ မီခယ်လ် အာတီတာကတော့ သူနဲ့ လီနိုကို ပြိုင်ဆိုင်ခိုင်းသွားမှာဖြစ်ကြောင်းနဲ့ ဂိုးသမားနေရာ အတွက် အားကိုးနိုင်တဲ့ အရည်အသွေးကောင်းတစ်ခုဖြစ်လာဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: ARSENAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.