Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၂၁.၉.၂၀၂၀

– ဆီဗီလာအသင္းရဲ႕ ျပင္သစ္လူငယ္ေနာက္ခံလူ ဂ်ဴးလ္ ကြန္ဒီအတြက္ မန္ခ်က္စတာစီးတီးတုိ႔အေနနဲ႔ ပုဂၢဳိလ္ေရးသေဘာတူညီမွဳ ရယူႏုိင္ခဲ့ၿပီျဖစ္ၿပီး ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိဖို႔ ရွိေနသလို အသင္းႏွစ္သင္းၾကား ေျပာင္းေရႊ႕ေၾကး ေဆြးေႏြးမွဳကေတာ့ ယူ႐ုိ ၁၀ သန္းသာ ကြာဟေတာ့တယ္လုိ႔ သိရ။

– မန္ခ်က္စတာစီးတီးနည္းျပ ပက္ပ္ ဂြါဒီယိုလာကေတာ့ အသင္းတာဝန္ရွိသူေတြအေနနဲ႔ သူ႕ကို လာမယ့္ ရက္သတၱပတ္အတြင္းမွာ ဗဟိုေနာက္ခံလူသစ္တစ္ေယာက္ ေခၚယူေပးႏုိင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနၿပီး ကြန္ပနီရဲ႕ ကြက္လပ္ကို ျဖည့္ဆည္းႏုိင္ဖို႔ ရည္ရြယ္ေန။

– အသင္းအတြက္ လာမယ့္ပြဲမွာ ပြဲထြက္ကစားရဖြယ္ရွိေနတဲ့ ေနာက္ခံလူ နာသန္ ေအကီက မန္စီးတီးအသင္းကို ေျပာင္းေရႊ႕ဖို႔အတြက္ ၿမဳိ႕ခံၿပဳိင္ဘက္ မန္ခ်က္စတာယူႏုိက္တက္ဘက္က ကမ္းလွမ္းမွဳကို ျငင္းပယ္ခဲ့ရေၾကာင္း ထုတ္ေဖာ္။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ေနာက္ခံလူ အဲရစ္ ဂါစီယာအတြက္ ယူ႐ိုသန္း ၂၀ ကနဦး ေတာင္းဆုိထားမွဳဟာ ဒီလိုမ်ဳိး ပြဲအနည္းငယ္သာ ကစားရေသးတဲ့ ကစားသမားအတြက္ မယုံႏုိင္စရာ မ်ားျပားတဲ့ တန္ေၾကးျဖစ္ေၾကာင္း စပိန္နဲ႔ ဘာစီလိုနာဘက္ေတာ္သား မီဒီယာေတြ ေဒါသထြက္ေနၾက။ (ေနာက္ဆုံးသတင္းအရ ယူ႐ို ၁၈ သန္းနဲ႔ ကမ္းလွမ္းထားၿပီး သေဘာတူညီမွဳရဖို႔ နီးစပ္ေန။)

– မန္ခ်က္စတာစီးတီးကို ေနာက္ခံလူသစ္အျဖစ္ ကူလီေဘလီပဲ ေရာက္လာပါေစ၊ အဂၤလန္သား ဂၽြန္စတုန္းစ္ရဲ႕ အနာဂတ္ကေတာ့ အစ္တီဟတ္မွာပဲ ဆက္လက္ရွိသင့္ၿပီး ပြဲကစားခြင့္အတြက္ ယုံၾကည္မွဳေပးသင့္တယ္လုိ႔ ေနာက္ခံလူေဟာင္း လက္စေကာ့ဆုိ။

– မန္စီးတီးကြင္းလယ္လူ အစ္လ္ေက ဂြန္ဒိုးဝမ္ရဲ႕ စစ္ေဆးမွဳ နမူနာေတြမွာ ကိုဗစ္-၁၉ ဗုိင္းရပ္စ္ကူးစက္မွဳကို ေတြ႕ရွိထားရၿပီး အသင္းရဲ႕ တတိယေျမာက္ ကူးစက္ခံရတဲ့ ကစားသမားျဖစ္လာသလို အိမ္ေန ၁၀ ရက္ ခြဲျခားကုသသြားမွာျဖစ္တယ္လုိ႔ သိရ။

– ေဒးဗစ္ ေဆးလ္ဗားထြက္ခြာသြားတဲ့ အသင္းေခါင္းေဆာင္ေနရာကို လက္ေထာက္အျဖစ္ ေဆာင္ရြက္ခဲ့တဲ့ ဖာနန္ဒင္ညဳိက တာဝန္ယူသြားမွာျဖစ္ၿပီး လက္ေထာက္အသင္းေခါင္းေဆာင္အျဖစ္ ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနား ေဆာင္ရြက္မည္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဆီဗီလာအသင်းရဲ့ ပြင်သစ်လူငယ်နောက်ခံလူ ဂျူးလ် ကွန်ဒီအတွက် မန်ချက်စတာစီးတီးတို့အနေနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ပြီး ငါးနှစ်စာချုပ်ချုပ်ဆိုဖို့ ရှိနေသလို အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေး ဆွေးနွေးမှုကတော့ ယူရို ၁၀ သန်းသာ ကွာဟတော့တယ်လို့ သိရ။

– မန်ချက်စတာစီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာကတော့ အသင်းတာဝန်ရှိသူတွေအနေနဲ့ သူ့ကို လာမယ့် ရက်သတ္တပတ်အတွင်းမှာ ဗဟိုနောက်ခံလူသစ်တစ်ယောက် ခေါ်ယူပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေပြီး ကွန်ပနီရဲ့ ကွက်လပ်ကို ဖြည့်ဆည်းနိုင်ဖို့ ရည်ရွယ်နေ။

– အသင်းအတွက် လာမယ့်ပွဲမှာ ပွဲထွက်ကစားရဖွယ်ရှိနေတဲ့ နောက်ခံလူ နာသန် အေကီက မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့အတွက် မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ဘက်က ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ရကြောင်း ထုတ်ဖော်။

– မန်ချက်စတာစီးတီးအသင်းရဲ့ နောက်ခံလူ အဲရစ် ဂါစီယာအတွက် ယူရိုသန်း ၂၀ ကနဦး တောင်းဆိုထားမှုဟာ ဒီလိုမျိုး ပွဲအနည်းငယ်သာ ကစားရသေးတဲ့ ကစားသမားအတွက် မယုံနိုင်စရာ များပြားတဲ့ တန်ကြေးဖြစ်ကြောင်း စပိန်နဲ့ ဘာစီလိုနာဘက်တော်သား မီဒီယာတွေ ဒေါသထွက်နေကြ။ (နောက်ဆုံးသတင်းအရ ယူရို ၁၈ သန်းနဲ့ ကမ်းလှမ်းထားပြီး သဘောတူညီမှုရဖို့ နီးစပ်နေ။)

– မန်ချက်စတာစီးတီးကို နောက်ခံလူသစ်အဖြစ် ကူလီဘေလီပဲ ရောက်လာပါစေ၊ အင်္ဂလန်သား ဂျွန်စတုန်းစ်ရဲ့ အနာဂတ်ကတော့ အစ်တီဟတ်မှာပဲ ဆက်လက်ရှိသင့်ပြီး ပွဲကစားခွင့်အတွက် ယုံကြည်မှုပေးသင့်တယ်လို့ နောက်ခံလူဟောင်း လက်စကော့ဆို။

– မန်စီးတီးကွင်းလယ်လူ အစ်လ်ကေ ဂွန်ဒိုးဝမ်ရဲ့ စစ်ဆေးမှု နမူနာတွေမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်မှုကို တွေ့ရှိထားရပြီး အသင်းရဲ့ တတိယမြောက် ကူးစက်ခံရတဲ့ ကစားသမားဖြစ်လာသလို အိမ်နေ ၁၀ ရက် ခွဲခြားကုသသွားမှာဖြစ်တယ်လို့ သိရ။

– ဒေးဗစ် ဆေးလ်ဗားထွက်ခွာသွားတဲ့ အသင်းခေါင်းဆောင်နေရာကို လက်ထောက်အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဖာနန်ဒင်ညိုက တာဝန်ယူသွားမှာဖြစ်ပြီး လက်ထောက်အသင်းခေါင်းဆောင်အဖြစ် ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနား ဆောင်ရွက်မည်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.