Match Report Premier League

ပထမအကျော့က ရှုံးကြွေးပြန်ဆပ်ပြီး မန်ယူကို အစိတ်စိတ်အမြွှာမြွှာ ရိုက်ခွဲခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ပါတေး၊ ချာကာနဲ့ အော်ဒီဂွါဒ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ နကီးတီးယားတို့ကိုပဲ ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည် မန်ချက်စတာယူနိုက်တက်တို့ကတော့ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ ဝန်ဘစ်ဆာကာ၊ ဗာရွန်း၊ မာတီနက်ဇ်နဲ့ လုခ်ရှောတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ မက်တော်မီနေး၊ အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ရက်ရှ်ဖို့ဒ်၊ အန်တိုနီနဲ့ ဗက်ဂ်ဟော့စ်တို့ကို နေရာချထားခဲ့တာပါ။

ပွဲစတာနဲ့ အာဆင်နယ်တို့ ဘောလုံးကိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မန်ယူတို့ရဲ့ ပိုမိုသာလွန်တဲ့ Pressing ဗျူဟာက သူတို့ကို ခံစစ်မှာ ပုံဖော်ခွင့်နည်းအောင် ဖိအားပေးသွားနိုင်ခဲ့ပြီး ထင်သလောက် အလုပ်မဖြစ်နိုင်ခဲ့သလို ကွင်းလယ်မှာလည်း လေးလံတဲ့ ချာကာနဲ့ အထနှေးတဲ့ ပါတေးတို့ကို သူတို့ထက် ပေါ့ပါးတဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့ အဲရစ်ဆန်တို့က ယှဉ်ကစားသွားခဲ့လို့ အိမ်ရှင်ပရိသတ်တွေ အားမရစရာဖြစ်ခဲ့ရပါတယ်။

အာဆင်နယ်တို့ရဲ့ ခံစစ်ကစားပုံတွေက စိတ်လှုပ်ရှားမှုများနေခဲ့သလို ဘောလုံးအထိန်းအသိမ်းတွေကလည်း ကိုယ့်အတွက် ထိန်းသိမ်းတာလား၊ သူများအတွက် ထိန်းပေးတာလားဆိုတာ မကွဲဘဲဖြစ်နေခဲ့ပြီး တစ်ပွဲလုံးမှာ Second Ball တိုင်းကို မန်ယူဘက်ကချည်း ကောက်စားသွားခဲ့တာကတော့ သူတို့အတွက် ထိုးနှက်စရာ အကွက်ကြီး ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၁၇ မိနစ်မှာတော့ ဧည့်သည် ယူနိုက်တက်တို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ အမြန်ကစားဖို့ လုပ်တဲ့ ပါတေးက ဆာကာရဲ့ ပြေးလမ်းကြောင်းထဲ ထည့်ပေးဖို့ ကြိုးစားရာမှာ မလွတ်ဘဲ ပြန်ကျလာတဲ့ ဘောလုံးကို ဘရူနို ဖာနန်ဒက်စ်က ပြန်ရပြီး ရက်ရှ်ဖို့ဒ်ကို ပေးခဲ့ရာမှာ ပဲလေ့စ်တစ်ပွဲတည်း ဂိုးပေါက်ပျောက်ထားတဲ့ အင်္ဂလန်သားက ဧရိယာထိပ်ကနေ အနိမ့်ဘော အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာတော့ အာဆင်နယ်တို့ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ထောင့်ကန်ဘောကို အတိုပေးပြီး စိတ်ကြိုက် ပုံဖော်နေခဲ့ရာကနေ ချာကာ ပြန်ရသွားပြီး ဘယ်ခြမ်းကနေ ဂိုးရှေ့ကို ဖြတ်တင်ပေးခဲ့တဲ့ ဘောလုံးကို ဝန်ဘစ်ဆာကာနောက်မှာ နေရာယူထားတဲ့ နကီးတီးယားက ရှေ့ကို ပြေးထွက်ပြီး ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ဒဟေးယား ဘာမှ မတတ်နိုင်ဘဲ တစ်ဂိုးစီဖြစ်နေခဲ့တာပါ။

သရေကျအပြီးမှာ အာဆင်နယ်တို့ ဖိကစားဖို့ ကြိုးစားခဲ့ပေမယ့် ယူနိုက်တက်တို့ရဲ့ Pressing အားကို မလွန်ဆန်နိုင်ခဲ့သလို မာတီနယ်လီကလည်း တောင်ပံထွက်မလား အတွင်းဝင်မလား ဝေခွဲမရခဲ့တဲ့ ဘယ်ခြမ်းကလည်း အလုပ်မဖြစ်နိုင်ခဲ့ဘဲ ဆာကာနဲ့ နကီးတီးယားတို့ရဲ့ ညာခြမ်းကပဲ ဖောက်ခဲ့ရသလို တိုက်စစ်ကို ပေးတဲ့ ဘောလုံးတွေ ပြန်ကျလာတိုင်း Second Ball တွေ ကောက်စားဖို့ လူမရှိခဲ့တာကလည်း စိတ်ပျက်စရာပဲဖြစ်နေခဲ့ရပါတယ်။

ပထမပိုင်းမှာ ဆာကာဘက်ခြမ်းက တော်တော်လေးခြိမ်းခြောက်နိုင်ခဲ့ပေမယ့် မာတီနယ်လီဘက်က ညံ့နေခဲ့ပြီး အိမ်ရှင်တွေ ကန်ခွင့် ၁၁ ကြိမ်မှာ ၂ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့လို့ တစ်ဂိုးစီသရေပဲ ဖြစ်နေခဲ့ကြသလို ဒုတိယပိုင်းပြန်လည်စတင်ရာမှာတော့ စောစောပိုင်းက အဝါထိထားပြီး ပျာယာခတ်နေတဲ့ ဘန်ဝှိုက်အစား တိုမီယာစုကို အာဆင်နယ်ဘက်က ပြောင်းလဲထည့်သွင်းလာခဲ့တာပါ။

ပွဲချိန် ၅၃ မိနစ်မှာ အာဆင်နယ်တို့ ဒုတိယဂိုးသွင်းပြီး ဦးဆောင်နိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ထောင့်ကန်ဘောက အတိုပေးပြီး မန်ယူတို့ကို စားခွင်ဖြစ်နေတာကနေ ညာခြမ်းကနေ ဘောလုံးရသွားတဲ့ တိုမီယာစုက အတွင်းကို ပြန်ချိုးပေးတာကို ဆာကာက တစ်ဖက်နောက်ခံလူနှစ်ယောက်ကြားကနေ အတွင်းကို ပြန်ဝင်ပြီး အဝေးတိုင်ဘက်ကို အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာတော့ မန်ယူတို့က အတိုနဲ့ထိုးပြီး ချေပဂိုး ပြန်သွင်းသွားခဲ့ပြန်ပြီး ဒီဂိုးကိုတော့ အဲရစ်ဆန်ရဲ့ ထောင့်ကန်ဘောကနေ ဂိုးသမား ရမ်းစ်ဒေးလ် ထွက်ပုတ်ပြီး ပြန်ကျလာတဲ့ ဘောလုံးကို နောက်ခံလူ မာတီနက်ဇ်က ခေါင်းတိုက်သွင်းသွားခဲ့တာဖြစ်ပြီး ဒီတစ်ခါမှာလည်း Second Ball ဆို အရူးသာသာဖြစ်နေတဲ့ အာဆင်နယ်တို့ ထပ်ပြီးခံလိုက်ရတာပါ။

မန်ယူတို့ဘက်က အန်တိုနီအစား ဖရက်ဒ်ကို ထည့်ပြီး ခံစစ်ပိတ်ကစားလာခဲ့သလို အာဆင်နယ်တို့ကတော့ ဖိကစားနေမှုကနေ Opening ရှာတွေ့မှု နည်းနေချိန်မှာ မာတီနယ်လီအစား ကစားသမားသစ် ထရော့ဆတ်ကို လူစားသွင်းလာခဲ့ပြီး ပွဲချိန် ၈၄ မိနစ်မှာ နကီးတီးယားရဲ့ ဧရိယာထဲက အနီးကပ်ကန်ချက်ကို ဒဟေးယား ကာကွယ်နိုင်ခဲ့လို့ အိမ်ရှင်တွေ စိတ်ပျက်ခဲ့ရပါတယ်။

ဒါပေမယ့် မိနစ် ၉၀ ပြည့်ချိန်မှာတော့ အာဆင်နယ်တို့ အနိုင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ထရော့ဆတ် ချပေးတာကို ဇင်ချန်ကိုက ဧရိယာထဲ ဖြတ်ပို့ပေးရာမှာ အော်ဒီဂွါဒ်က ပိတ်သွင်းဖို့ ကြိုးစားရာမှာ လည်ထွက်လာတဲ့ ဘောလုံးကို နကီးတီးယားကပဲ မာတီနက်ဇ်နဲ့ အပြိုင်ပိတ်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲသွားနိုင်ခဲ့တာပါ။

နာကျင်အချိန်ပို ၄ မိနစ်အထိ ကစားခဲ့ရချိန်မှာ မန်ယူတို့ဘက်က ဗာရွန်းအစား ဂါနာချိုကို ထည့်ခဲ့ပြီး အာဆင်နယ်ဘက်ကတော့ အော်ဒီဂွါဒ်အစား ဟိုးလ်ဒင်းကို ထည့်သွင်းပြီး ပိတ်ဆို့သွားခဲ့လို့ ပွဲချိန်အပြည့်မှာတော့ သုံးဂိုး-နှစ်ဂိုးနဲ့ အိမ်ရှင်တွေ အောင်ပွဲခံခဲ့ပြီး မန်စီးတီးကို ငါးမှတ် ပြန်ဖြတ်လိုက်သလို နိုင်သင့်နိုင်ထိုက်တဲ့ပွဲကို အနိုင်ယူပြီး ပထမအကျော့ ရှုံးကြွေးကို လက်စားချေသွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရမ္းစ္ေဒးလ္၊ ခံစစ္မွာ ဘန္ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယယ္လ္နဲ႔ ဇင္ခ်န္ကိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ပါေတး၊ ခ်ာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆာကာ၊ မာတီနယ္လီနဲ႔ နကီးတီးယားတို႔ကိုပဲ ပြဲထုတ္လာခဲ့တာ ျဖစ္ပါတယ္။

ဧည့္သည္ မန္ခ်က္စတာယူႏိုက္တက္တို႔ကေတာ့ ဂိုးသမား ဒေဟးယား၊ ခံစစ္မွာ ဝန္ဘစ္ဆာကာ၊ ဗာ႐ြန္း၊ မာတီနက္ဇ္နဲ႔ လုခ္ေရွာတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ မက္ေတာ္မီေနး၊ အဲရစ္ဆန္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ရက္ရွ္ဖို႔ဒ္၊ အန္တိုနီနဲ႔ ဗက္ဂ္ေဟာ့စ္တို႔ကို ေနရာခ်ထားခဲ့တာပါ။

ပြဲစတာနဲ႔ အာဆင္နယ္တို႔ ေဘာလုံးကိုင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ မန္ယူတို႔ရဲ႕ ပိုမိုသာလြန္တဲ့ Pressing ဗ်ဴဟာက သူတို႔ကို ခံစစ္မွာ ပုံေဖာ္ခြင့္နည္းေအာင္ ဖိအားေပးသြားႏိုင္ခဲ့ၿပီး ထင္သေလာက္ အလုပ္မျဖစ္ႏိုင္ခဲ့သလို ကြင္းလယ္မွာလည္း ေလးလံတဲ့ ခ်ာကာနဲ႔ အထေႏွးတဲ့ ပါေတးတို႔ကို သူတို႔ထက္ ေပါ့ပါးတဲ့ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ အဲရစ္ဆန္တို႔က ယွဥ္ကစားသြားခဲ့လို႔ အိမ္ရွင္ပရိသတ္ေတြ အားမရစရာျဖစ္ခဲ့ရပါတယ္။

အာဆင္နယ္တို႔ရဲ႕ ခံစစ္ကစားပုံေတြက စိတ္လႈပ္ရွားမႈမ်ားေနခဲ့သလို ေဘာလုံးအထိန္းအသိမ္းေတြကလည္း ကိုယ့္အတြက္ ထိန္းသိမ္းတာလား၊ သူမ်ားအတြက္ ထိန္းေပးတာလားဆိုတာ မကြဲဘဲျဖစ္ေနခဲ့ၿပီး တစ္ပြဲလုံးမွာ Second Ball တိုင္းကို မန္ယူဘက္ကခ်ည္း ေကာက္စားသြားခဲ့တာကေတာ့ သူတို႔အတြက္ ထိုးႏွက္စရာ အကြက္ႀကီး ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၁၇ မိနစ္မွာေတာ့ ဧည့္သည္ ယူႏိုက္တက္တို႔ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန အျမန္ကစားဖို႔ လုပ္တဲ့ ပါေတးက ဆာကာရဲ႕ ေျပးလမ္းေၾကာင္းထဲ ထည့္ေပးဖို႔ ႀကိဳးစားရာမွာ မလြတ္ဘဲ ျပန္က်လာတဲ့ ေဘာလုံးကို ဘ႐ူႏို ဖာနန္ဒက္စ္က ျပန္ရၿပီး ရက္ရွ္ဖို႔ဒ္ကို ေပးခဲ့ရာမွာ ပဲေလ့စ္တစ္ပြဲတည္း ဂိုးေပါက္ေပ်ာက္ထားတဲ့ အဂၤလန္သားက ဧရိယာထိပ္ကေန အနိမ့္ေဘာ အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ေခ်ပဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ေထာင့္ကန္ေဘာကို အတိုေပးၿပီး စိတ္ႀကိဳက္ ပုံေဖာ္ေနခဲ့ရာကေန ခ်ာကာ ျပန္ရသြားၿပီး ဘယ္ျခမ္းကေန ဂိုးေရွ႕ကို ျဖတ္တင္ေပးခဲ့တဲ့ ေဘာလုံးကို ဝန္ဘစ္ဆာကာေနာက္မွာ ေနရာယူထားတဲ့ နကီးတီးယားက ေရွ႕ကို ေျပးထြက္ၿပီး ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ ဒေဟးယား ဘာမွ မတတ္ႏိုင္ဘဲ တစ္ဂိုးစီျဖစ္ေနခဲ့တာပါ။

သေရက်အၿပီးမွာ အာဆင္နယ္တို႔ ဖိကစားဖို႔ ႀကိဳးစားခဲ့ေပမယ့္ ယူႏိုက္တက္တို႔ရဲ႕ Pressing အားကို မလြန္ဆန္ႏိုင္ခဲ့သလို မာတီနယ္လီကလည္း ေတာင္ပံထြက္မလား အတြင္းဝင္မလား ေဝခြဲမရခဲ့တဲ့ ဘယ္ျခမ္းကလည္း အလုပ္မျဖစ္ႏိုင္ခဲ့ဘဲ ဆာကာနဲ႔ နကီးတီးယားတို႔ရဲ႕ ညာျခမ္းကပဲ ေဖာက္ခဲ့ရသလို တိုက္စစ္ကို ေပးတဲ့ ေဘာလုံးေတြ ျပန္က်လာတိုင္း Second Ball ေတြ ေကာက္စားဖို႔ လူမရွိခဲ့တာကလည္း စိတ္ပ်က္စရာပဲျဖစ္ေနခဲ့ရပါတယ္။

ပထမပိုင္းမွာ ဆာကာဘက္ျခမ္းက ေတာ္ေတာ္ေလးၿခိမ္းေျခာက္ႏိုင္ခဲ့ေပမယ့္ မာတီနယ္လီဘက္က ညံ့ေနခဲ့ၿပီး အိမ္ရွင္ေတြ ကန္ခြင့္ ၁၁ ႀကိမ္မွာ ၂ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့လို႔ တစ္ဂိုးစီသေရပဲ ျဖစ္ေနခဲ့ၾကသလို ဒုတိယပိုင္းျပန္လည္စတင္ရာမွာေတာ့ ေစာေစာပိုင္းက အဝါထိထားၿပီး ပ်ာယာခတ္ေနတဲ့ ဘန္ဝႈိက္အစား တိုမီယာစုကို အာဆင္နယ္ဘက္က ေျပာင္းလဲထည့္သြင္းလာခဲ့တာပါ။

ပြဲခ်ိန္ ၅၃ မိနစ္မွာ အာဆင္နယ္တို႔ ဒုတိယဂိုးသြင္းၿပီး ဦးေဆာင္ႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာက အတိုေပးၿပီး မန္ယူတို႔ကို စားခြင္ျဖစ္ေနတာကေန ညာျခမ္းကေန ေဘာလုံးရသြားတဲ့ တိုမီယာစုက အတြင္းကို ျပန္ခ်ိဳးေပးတာကို ဆာကာက တစ္ဖက္ေနာက္ခံလူႏွစ္ေယာက္ၾကားကေန အတြင္းကို ျပန္ဝင္ၿပီး အေဝးတိုင္ဘက္ကို အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ မန္ယူတို႔က အတိုနဲ႔ထိုးၿပီး ေခ်ပဂိုး ျပန္သြင္းသြားခဲ့ျပန္ၿပီး ဒီဂိုးကိုေတာ့ အဲရစ္ဆန္ရဲ႕ ေထာင့္ကန္ေဘာကေန ဂိုးသမား ရမ္းစ္ေဒးလ္ ထြက္ပုတ္ၿပီး ျပန္က်လာတဲ့ ေဘာလုံးကို ေနာက္ခံလူ မာတီနက္ဇ္က ေခါင္းတိုက္သြင္းသြားခဲ့တာျဖစ္ၿပီး ဒီတစ္ခါမွာလည္း Second Ball ဆို အ႐ူးသာသာျဖစ္ေနတဲ့ အာဆင္နယ္တို႔ ထပ္ၿပီးခံလိုက္ရတာပါ။

မန္ယူတို႔ဘက္က အန္တိုနီအစား ဖရက္ဒ္ကို ထည့္ၿပီး ခံစစ္ပိတ္ကစားလာခဲ့သလို အာဆင္နယ္တို႔ကေတာ့ ဖိကစားေနမႈကေန Opening ရွာေတြ႕မႈ နည္းေနခ်ိန္မွာ မာတီနယ္လီအစား ကစားသမားသစ္ ထေရာ့ဆတ္ကို လူစားသြင္းလာခဲ့ၿပီး ပြဲခ်ိန္ ၈၄ မိနစ္မွာ နကီးတီးယားရဲ႕ ဧရိယာထဲက အနီးကပ္ကန္ခ်က္ကို ဒေဟးယား ကာကြယ္ႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ စိတ္ပ်က္ခဲ့ရပါတယ္။

ဒါေပမယ့္ မိနစ္ ၉၀ ျပည့္ခ်ိန္မွာေတာ့ အာဆင္နယ္တို႔ အႏိုင္ဂိုးကို ထပ္မံရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ထေရာ့ဆတ္ ခ်ေပးတာကို ဇင္ခ်န္ကိုက ဧရိယာထဲ ျဖတ္ပို႔ေပးရာမွာ ေအာ္ဒီဂြါဒ္က ပိတ္သြင္းဖို႔ ႀကိဳးစားရာမွာ လည္ထြက္လာတဲ့ ေဘာလုံးကို နကီးတီးယားကပဲ မာတီနက္ဇ္နဲ႔ အၿပိဳင္ပိတ္သြင္းၿပီး ဂိုးအျဖစ္ ေျပာင္းလဲသြားႏိုင္ခဲ့တာပါ။

နာက်င္အခ်ိန္ပို ၄ မိနစ္အထိ ကစားခဲ့ရခ်ိန္မွာ မန္ယူတို႔ဘက္က ဗာ႐ြန္းအစား ဂါနာခ်ိဳကို ထည့္ခဲ့ၿပီး အာဆင္နယ္ဘက္ကေတာ့ ေအာ္ဒီဂြါဒ္အစား ဟိုးလ္ဒင္းကို ထည့္သြင္းၿပီး ပိတ္ဆို႔သြားခဲ့လို႔ ပြဲခ်ိန္အျပည့္မွာေတာ့ သုံးဂိုး-ႏွစ္ဂိုးနဲ႔ အိမ္ရွင္ေတြ ေအာင္ပြဲခံခဲ့ၿပီး မန္စီးတီးကို ငါးမွတ္ ျပန္ျဖတ္လိုက္သလို ႏိုင္သင့္ႏိုင္ထိုက္တဲ့ပြဲကို အႏိုင္ယူၿပီး ပထမအေက်ာ့ ရႈံးေႂကြးကို လက္စားေခ်သြားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.