Match Report Premier League

ဝုလ်ဗ်စ်ကို ထုပြီး အာဆင်နယ်နောက်ကို ဟားလန်း ဟက်ထရစ်နဲ့ လိုက်လာတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ အာကန်ဂျီ၊ လာပေါ့တ်နဲ့ စတုန်းစ်တို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာ ရိုဒရီ၊ ရီကို လူးဝစ္စ၊ ဂွန်ဒိုးဝမ်နဲ့ ဒီဘရိုင်းနားတို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ ဂရီးလစ်ရှ်၊ မာရက်ဇ်နဲ့ ဟားလန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဝုလ်ဗာဟမ့်ပ်တန်တို့ကတော့ ဂိုးသမား ဂျိုဆေးဆား၊ ခံစစ်မှာ ကေးလ်မန်း၊ ကောလင်းစ်၊ ဆီမီဒိုနဲ့ ဘွေနိုတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ လူသစ် လီမီနာ၊ ရူဘင် နာဗက်စ်နဲ့ မက်သီယူးစ် နူးနက်စ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဟွမ်းဟီးချန်း၊ အဒါမာ ထရာအိုရေးနဲ့ ရာအူးလ် ဟီမီနက်ဇ်တို့ကို တွဲဖက်ပေးလာခဲ့တာပါ။

မန်စီးတီးတို့အနေနဲ့ ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ အဝေးကွင်းပွဲစဉ်မှာ မအောင်မြင်ခဲ့တဲ့ ကစားကွက်ကို ဒီနေ့ အိမ်ကွင်းမှာ လွယ်ကူတဲ့ ပြိုင်ဘက်ဖြစ်တဲ့ ဝုလ်ဗ်စ်တို့နဲ့ စမ်းသပ်ခဲ့တာဖြစ်ပြီး ဒီပွဲမှာတော့ ကစားကွက်အရ အရမ်းကြီး အသားမကျနိုင်သေးပေမယ့် ပွဲကို စိုးမိုးထားနိုင်ခဲ့သလို ကန်ဆယ်လိုအစား ညာဘက်မှာ ကစားခဲ့တဲ့ မာရက်ဇ်က လူးဝစ္စနဲ့တွဲပြီး ထိထိရောက်ရောက် ခြေစွမ်းပြနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၄၀ မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး ရယူနိုင်ခဲ့သလို ဒီဂိုးကိုတော့ ညာခြမ်းကနေ ဆွဲယူလာပြီး ဧရိယာထဲ ဝင်မလို အယောင်ပြခဲ့တဲ့ မာရက်ဇ်က နောက်ကို ပြန်ချိုးပေးတာကို ဒီဘရိုင်းနားက အဝေးတိုင်ဘက်ကို လှမ်းမ,ပေးခဲတဲ့ ဘောလုံးကို ဟားလန်းက ဝုလ်ဗ်စ်နောက်ခံလူတွေရှေ့က ပြေးဝင်ခေါင်းတိုက်ပြီး ရယူသွားနိုင်ခဲ့တာပါ။

ပထမပိုင်းကို မန်စီးတီးတို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ လူငယ်ကစားသမား လူးဝစ္စအစား အာကေ ဝင်ကစားပြီး 4 Back ကစားကွက်ကို ပြန်ပြောင်းသွားခဲ့သလို ဝုလ်ဗ်စ်တို့ကတော့ ရာအူးလ် ဟီမီနက်ဇ်နဲ့ အဒါမာ ထရာအိုရေးအစား မက်သီယူးစ် ကွန်ညာနဲ့ ပီအက်စ်ဂျီက ခေါ်ယူထားတဲ့ ပါဘလို ဆာရားဘီးယားကို ထည့်သွင်းလာခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၅၀ မှာတော့ မန်စီးတီးတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ရယူသွားခဲ့ကြသလို ဒီဂိုးကိုတော့ ဧရိယာထဲ ပြေးဝင်လာတဲ့ ဂွန်ဒိုးဝမ်ကို နောက်ကနေ ခလုတ်တိုက်ခဲ့တဲ့ ဝုလ်ဗ်စ်ကပ္ပတိန် ရူဘင် နာဗက်စ်ကြောင့် ပေးရတဲ့ ပင်နယ်တီကို ဟားလန်းက ဂိုးသမား ဂျိုဆေးဆား ဒိုက်ပစ်တဲ့ဘက်နဲ့ တခြားစီဖြစ်တဲ့ ဘယ်ဘက်တိုင်ခြေကို ကန်သွင်းရယူသွားခဲ့တာပါ။

ပွဲချိန် ၅၄ မိနစ်မှာ မန်စီးတီးတို့အတွက် အနိုင်ပြတ်သားစေမယ့် တတိယဂိုးကို ဟားလန်းကပဲ ဟက်ထရစ်အဖြစ် သွင်းယူပေးခဲ့ပြီး ဒီဂိုးကတော့ ကိုယ့်လူကိုယ် သေချာမကြည့်ဘဲ ဘောလုံးပေးခဲ့တဲ့ ဂိုးသမား ဂျိုဆေးဆားရဲ့ အမှားကနေ မာရက်ဇ်က ဖြတ်ယူပြီး လွတ်နေတဲ့ နော်ဝေသားကို ပေးခဲ့ရာမှာ အသာအယာပိတ်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၁ မိနစ်မှာတော့ စီးတီးတို့ဘက်က ဟက်ထရစ်ရှင် ဟားလန်းကို အနားပေးသွားခဲ့ပြီး အယ်လ်ဗာရက်ဇ် ဝင်ကစားလာခဲ့သလို ဝုလ်ဗ်စ်နည်းပြ လိုပီတီဂီကတော့ ချေပဂိုးရဖို့ လီမီနာအစား ပိုဒင့်စ်ကို ထည့်ကစားခဲ့သလို ဝင်ဝင်ချင်းမှာပဲ သူက အီဒါဆန်ပေါ်က ကျော်ကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဘရာဇီးလ်ဂိုးသမားက ဒီနေ့မှာတော့ အမှားအယွင်းမရှိ ကာကွယ်သွားနိုင်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ စီးတီးတို့ဘက်က ဒီဘရိုင်းနား၊ ရိုဒရီနဲ့ မာရက်ဇ်တို့အစား ဘာနာဒို ဆေးလ်ဗား၊ ကယ်လ်ဗင် ဖိလစ်နဲ့ ပါးလ်မားတို့ကို ထည့်သွင်းပြီး အနားပေးသွားခဲ့သလို ပွဲကို ထိန်းကစားသွားခဲ့ပြီး ဂွါဒီယိုလာနဲ့ ဟားလန်းတို့အတွက် နောက်ထပ် သာယာတဲ့ နေ့တစ်နေ့နဲ့ အောင်ပွဲခံနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဝုလ်ဗ်စ်တို့ကို သုံးဂိုး-ဂိုးမရှိနဲ့ ချေမှုန်းနိုင်ခဲ့တဲ့ ဒီပွဲရလဒ်ကြောင့် မန်စီးတီးတို့အနေနဲ့ နှစ်ပွဲဆက်အနိုင်နဲ့ ခြောက်မှတ်ကို အိတ်ထဲ ထည့်ခဲ့သလို အာဆင်နယ်တို့နောက် နှစ်မှတ်အကွာအထိ ပြန်ကပ်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ဖိအားပေးပြန်ပေးနိုင်ခဲ့သလို ဟားလန်းကတော့ သွင်းဂိုး ၂၅ ဂိုးနဲ့ ရွှေဖိနပ်ဆုကို ကြိုယူဖို့ လုပ်ဆောင်နေခဲ့ပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ အာကန္ဂ်ီ၊ လာေပါ့တ္နဲ႔ စတုန္းစ္တို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာ ႐ိုဒရီ၊ ရီကို လူးဝစၥ၊ ဂြန္ဒိုးဝမ္နဲ႔ ဒီဘ႐ိုင္းနားတို႔ကို စုဖြဲ႕ေပးခဲ့သလို တိုက္စစ္မွာေတာ့ ဂရီးလစ္ရွ္၊ မာရက္ဇ္နဲ႔ ဟားလန္းတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဝုလ္ဗာဟမ့္ပ္တန္တို႔ကေတာ့ ဂိုးသမား ဂ်ိဳေဆးဆား၊ ခံစစ္မွာ ေကးလ္မန္း၊ ေကာလင္းစ္၊ ဆီမီဒိုနဲ႔ ေဘြႏိုတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ လူသစ္ လီမီနာ၊ ႐ူဘင္ နာဗက္စ္နဲ႔ မက္သီယူးစ္ ႏူးနက္စ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဟြမ္းဟီးခ်န္း၊ အဒါမာ ထရာအိုေရးနဲ႔ ရာအူးလ္ ဟီမီနက္ဇ္တို႔ကို တြဲဖက္ေပးလာခဲ့တာပါ။

မန္စီးတီးတို႔အေနနဲ႔ ၿပီးခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ အေဝးကြင္းပြဲစဥ္မွာ မေအာင္ျမင္ခဲ့တဲ့ ကစားကြက္ကို ဒီေန႔ အိမ္ကြင္းမွာ လြယ္ကူတဲ့ ၿပိဳင္ဘက္ျဖစ္တဲ့ ဝုလ္ဗ္စ္တို႔နဲ႔ စမ္းသပ္ခဲ့တာျဖစ္ၿပီး ဒီပြဲမွာေတာ့ ကစားကြက္အရ အရမ္းႀကီး အသားမက်ႏိုင္ေသးေပမယ့္ ပြဲကို စိုးမိုးထားႏိုင္ခဲ့သလို ကန္ဆယ္လိုအစား ညာဘက္မွာ ကစားခဲ့တဲ့ မာရက္ဇ္က လူးဝစၥနဲ႔တြဲၿပီး ထိထိေရာက္ေရာက္ ေျခစြမ္းျပႏိုင္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ မိနစ္ ၄၀ မွာေတာ့ မန္စီးတီးတို႔ အဖြင့္ဂိုး ရယူႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ ညာျခမ္းကေန ဆြဲယူလာၿပီး ဧရိယာထဲ ဝင္မလို အေယာင္ျပခဲ့တဲ့ မာရက္ဇ္က ေနာက္ကို ျပန္ခ်ိဳးေပးတာကို ဒီဘ႐ိုင္းနားက အေဝးတိုင္ဘက္ကို လွမ္းမ,ေပးခဲတဲ့ ေဘာလုံးကို ဟားလန္းက ဝုလ္ဗ္စ္ေနာက္ခံလူေတြေရွ႕က ေျပးဝင္ေခါင္းတိုက္ၿပီး ရယူသြားႏိုင္ခဲ့တာပါ။

ပထမပိုင္းကို မန္စီးတီးတို႔က တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ထားခဲ့ၿပီး ဒုတိယပိုင္းအစမွာေတာ့ လူငယ္ကစားသမား လူးဝစၥအစား အာေက ဝင္ကစားၿပီး 4 Back ကစားကြက္ကို ျပန္ေျပာင္းသြားခဲ့သလို ဝုလ္ဗ္စ္တို႔ကေတာ့ ရာအူးလ္ ဟီမီနက္ဇ္နဲ႔ အဒါမာ ထရာအိုေရးအစား မက္သီယူးစ္ ကြန္ညာနဲ႔ ပီအက္စ္ဂ်ီက ေခၚယူထားတဲ့ ပါဘလို ဆာရားဘီးယားကို ထည့္သြင္းလာခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ မန္စီးတီးတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ရယူသြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဧရိယာထဲ ေျပးဝင္လာတဲ့ ဂြန္ဒိုးဝမ္ကို ေနာက္ကေန ခလုတ္တိုက္ခဲ့တဲ့ ဝုလ္ဗ္စ္ကပၸတိန္ ႐ူဘင္ နာဗက္စ္ေၾကာင့္ ေပးရတဲ့ ပင္နယ္တီကို ဟားလန္းက ဂိုးသမား ဂ်ိဳေဆးဆား ဒိုက္ပစ္တဲ့ဘက္နဲ႔ တျခားစီျဖစ္တဲ့ ဘယ္ဘက္တိုင္ေျခကို ကန္သြင္းရယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၅၄ မိနစ္မွာ မန္စီးတီးတို႔အတြက္ အႏိုင္ျပတ္သားေစမယ့္ တတိယဂိုးကို ဟားလန္းကပဲ ဟက္ထရစ္အျဖစ္ သြင္းယူေပးခဲ့ၿပီး ဒီဂိုးကေတာ့ ကိုယ့္လူကိုယ္ ေသခ်ာမၾကည့္ဘဲ ေဘာလုံးေပးခဲ့တဲ့ ဂိုးသမား ဂ်ိဳေဆးဆားရဲ႕ အမွားကေန မာရက္ဇ္က ျဖတ္ယူၿပီး လြတ္ေနတဲ့ ေနာ္ေဝသားကို ေပးခဲ့ရာမွာ အသာအယာပိတ္သြင္းၿပီး ဂိုးအျဖစ္ ေျပာင္းလဲသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ စီးတီးတို႔ဘက္က ဟက္ထရစ္ရွင္ ဟားလန္းကို အနားေပးသြားခဲ့ၿပီး အယ္လ္ဗာရက္ဇ္ ဝင္ကစားလာခဲ့သလို ဝုလ္ဗ္စ္နည္းျပ လိုပီတီဂီကေတာ့ ေခ်ပဂိုးရဖို႔ လီမီနာအစား ပိုဒင့္စ္ကို ထည့္ကစားခဲ့သလို ဝင္ဝင္ခ်င္းမွာပဲ သူက အီဒါဆန္ေပၚက ေက်ာ္ကန္သြင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဘရာဇီးလ္ဂိုးသမားက ဒီေန႔မွာေတာ့ အမွားအယြင္းမရွိ ကာကြယ္သြားႏိုင္ခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ စီးတီးတို႔ဘက္က ဒီဘ႐ိုင္းနား၊ ႐ိုဒရီနဲ႔ မာရက္ဇ္တို႔အစား ဘာနာဒို ေဆးလ္ဗား၊ ကယ္လ္ဗင္ ဖိလစ္နဲ႔ ပါးလ္မားတို႔ကို ထည့္သြင္းၿပီး အနားေပးသြားခဲ့သလို ပြဲကို ထိန္းကစားသြားခဲ့ၿပီး ဂြါဒီယိုလာနဲ႔ ဟားလန္းတို႔အတြက္ ေနာက္ထပ္ သာယာတဲ့ ေန႔တစ္ေန႔နဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ဝုလ္ဗ္စ္တို႔ကို သုံးဂိုး-ဂိုးမရွိနဲ႔ ေခ်မႈန္းႏိုင္ခဲ့တဲ့ ဒီပြဲရလဒ္ေၾကာင့္ မန္စီးတီးတို႔အေနနဲ႔ ႏွစ္ပြဲဆက္အႏိုင္နဲ႔ ေျခာက္မွတ္ကို အိတ္ထဲ ထည့္ခဲ့သလို အာဆင္နယ္တို႔ေနာက္ ႏွစ္မွတ္အကြာအထိ ျပန္ကပ္ႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္ ခ်န္ပီယံဆုအတြက္ ဖိအားေပးျပန္ေပးႏိုင္ခဲ့သလို ဟားလန္းကေတာ့ သြင္းဂိုး ၂၅ ဂိုးနဲ႔ ေ႐ႊဖိနပ္ဆုကို ႀကိဳယူဖို႔ လုပ္ေဆာင္ေနခဲ့ၿပီျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.