La Liga Match Report

ဂရစ်ဇ်မန်းရဲ့ဟက်ထရစ်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့် သေချာခဲ့တဲ့ အက်သလက်တီကို

အန်တွိုင်နီ ဂရစ်ဇ်မန်းဟာ ဗုဒ္ဓဟူးနေ့ညက ဂီတာဖေးကို ၃-၀ နဲ့ အဝေးကွင်းနိုင်ပွဲရခဲ့တဲ့ပွဲစဉ်မှာ အက်သလက်တီကို မက်ဒရစ်ရဲ့ သူရဲကောင်း နောက်ထပ်တစ်ကြိမ်ဖြစ်ခဲ့ပြီး တစ်ဦးတည်း ၃ ဂိုးသွင်းယူပြီးနောက် ၂၀၂၄-၂၀၂၅ ရာသီအတွက် ဥရောပဝင်ခွင့်ကို သေချာစေခဲ့ပါတယ်။

ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူးဟာ ၂၇ မိနစ်မှာ ရိုဒရီဂို ဒီပေါလ် မျှောထိုးပေးလိုက်တဲ့ ဘောလုံးကို ရယူပြီး ဦးဆောင်ဂိုးကို စတင်သွင်းယူပေးခဲ့တာဖြစ်ပြီး နောက်ထပ် ဒုတိယမြောက် ဦးဆောင်ဂိုးကို ပထမပိုင်း မပြီးဆုံးခင်မှာပဲ လီနိုရဲ့ လှပတဲ့ပေးပို့မှုကနေတဆင့် ဂီတာဖေးဂိုးသမားကို ကျော်ပြီး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဂရစ်ဇ်မန်းဟာ ဒုတိယပိုင်း ပြန်စပြီး ၅ မိနစ်အကြာမှာပဲ ဟက်ထရစ်ပြည့်မြောက်စေမယ့် တတိယမြောက် ဦးဆောင်ဂိုးကို ဆိုရီယာရဲ့ ခြေထောက်ကြားကနေ အလွန်ကောင်းမွန်တဲ့ အဆုံးသတ်ကန်သွင်းမှုနဲ့ သွင်းယူခဲ့တာဖြစ်ပြီး လီနိုကပဲ အဲဒီသွင်းဂိုးကို ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

ဒီဟက်ထရစ်ဟာ ဂရစ်ဇ်မန်းအတွက် ဒီရာသီမှာ ဒုတိယမြောက် ဟက်ထရစ်သွင်းဂိုးဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလမှ ဆယ်တာဗီဂိုကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း တစ်ဦးတည်း ၃ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ လာလီဂါရာသီကုန်ဆုံးဖို့ ၂ ပွဲသာ လိုတော့တဲ့အချိန်မှာ ဆီမြွန်နီရဲ့အသင်းဟာ အဆင့် ၄ နေရာမှာ ရမှတ် ၇၃ မှတ်နဲ့ ရပ်တည်နေပြီး အဆင့် ၅ နေရာက အက်သလက်တစ် ဘီလ်ဘာအိုနဲ့ ၁၁ မှတ်အကွာမှာ ဦးဆောင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ဒီရာသီ လာလီဂါမှာ ဟက်ထရစ် ၂ ကြိမ်သွင်းယူနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ပြီး သွင်းဂိုး ၃ ဂိုးစလုံးကို ဘယ်ခြေနဲ့ သွင်းယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်ပါတယ်။

ဂရစ်ဇ်မန်းအနေနဲ့ ဒီရာသီ ရွှေဖိနပ်ဆုအတွက် ယှဉ်ပြိုင်နိုင်အောင် နောက်ထပ်သွင်းဂိုးတွေ ထပ်မံသွင်းယူဖို့ လိုအပ်ဦးမှာဖြစ်ပြိး ဒီရာသီသွင်းဂိုး ၁၆ ဂိုးသွင်းယူထားတဲ့ ပြင်သစ်တိုက်စစ်မှူးဟာ အာတမ် ဒိုးဗျွတ်(၂၀)၊ ဘယ်လင်ဟမ်(၁၉)၊ ဆောလော့(၁၉)နဲ့ လီဝန်ဒေါစကီး(၁၇)တို့ကို အမီလိုက်ရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အန္တြိဳင္နီ ဂရစ္ဇ္မန္းဟာ ဗုဒၶဟူးေန႔ညက ဂီတာေဖးကို ၃-၀ နဲ႔ အေဝးကြင္းႏိုင္ပြဲရခဲ့တဲ့ပြဲစဥ္မွာ အက္သလက္တီကို မက္ဒရစ္ရဲ႕ သူရဲေကာင္း ေနာက္ထပ္တစ္ႀကိမ္ျဖစ္ခဲ့ၿပီး တစ္ဦးတည္း ၃ ဂိုးသြင္းယူၿပီးေနာက္ ၂၀၂၄-၂၀၂၅ ရာသီအတြက္ ဥေရာပဝင္ခြင့္ကို ေသခ်ာေစခဲ့ပါတယ္။

ျပင္သစ္ၾကယ္ပြင့္တိုက္စစ္မႉးဟာ ၂၇ မိနစ္မွာ ႐ိုဒရီဂို ဒီေပါလ္ ေမွ်ာထိုးေပးလိုက္တဲ့ ေဘာလုံးကို ရယူၿပီး ဦးေဆာင္ဂိုးကို စတင္သြင္းယူေပးခဲ့တာျဖစ္ၿပီး ေနာက္ထပ္ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို ပထမပိုင္း မၿပီးဆုံးခင္မွာပဲ လီႏိုရဲ႕ လွပတဲ့ေပးပို႔မႈကေနတဆင့္ ဂီတာေဖးဂိုးသမားကို ေက်ာ္ၿပီး သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဂရစ္ဇ္မန္းဟာ ဒုတိယပိုင္း ျပန္စၿပီး ၅ မိနစ္အၾကာမွာပဲ ဟက္ထရစ္ျပည့္ေျမာက္ေစမယ့္ တတိယေျမာက္ ဦးေဆာင္ဂိုးကို ဆိုရီယာရဲ႕ ေျခေထာက္ၾကားကေန အလြန္ေကာင္းမြန္တဲ့ အဆုံးသတ္ကန္သြင္းမႈနဲ႔ သြင္းယူခဲ့တာျဖစ္ၿပီး လီႏိုကပဲ အဲဒီသြင္းဂိုးကို ဖန္တီးေပးခဲ့တာျဖစ္ပါတယ္။

ဒီဟက္ထရစ္ဟာ ဂရစ္ဇ္မန္းအတြက္ ဒီရာသီမွာ ဒုတိယေျမာက္ ဟက္ထရစ္သြင္းဂိုးျဖစ္ခဲ့ၿပီး ၿပီးခဲ့တဲ့ ေအာက္တိုဘာလမွ ဆယ္တာဗီဂိုကို ၃-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာလည္း တစ္ဦးတည္း ၃ ဂိုးသြင္းယူေပးခဲ့တာျဖစ္ပါတယ္။ လာလီဂါရာသီကုန္ဆုံးဖို႔ ၂ ပြဲသာ လိုေတာ့တဲ့အခ်ိန္မွာ ဆီႁမြန္နီရဲ႕အသင္းဟာ အဆင့္ ၄ ေနရာမွာ ရမွတ္ ၇၃ မွတ္နဲ႔ ရပ္တည္ေနၿပီး အဆင့္ ၅ ေနရာက အက္သလက္တစ္ ဘီလ္ဘာအိုနဲ႔ ၁၁ မွတ္အကြာမွာ ဦးေဆာင္ထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာ ဒီရာသီ လာလီဂါမွာ ဟက္ထရစ္ ၂ ႀကိမ္သြင္းယူႏိုင္တဲ့ တစ္ဦးတည္းေသာ ကစားသမားျဖစ္ၿပီး သြင္းဂိုး ၃ ဂိုးစလုံးကို ဘယ္ေျခနဲ႔ သြင္းယူႏိုင္ခဲ့တဲ့ တစ္ဦးတည္းေသာ ကစားသမားလည္း ျဖစ္ပါတယ္။

ဂရစ္ဇ္မန္းအေနနဲ႔ ဒီရာသီ ေ႐ႊဖိနပ္ဆုအတြက္ ယွဥ္ၿပိဳင္ႏိုင္ေအာင္ ေနာက္ထပ္သြင္းဂိုးေတြ ထပ္မံသြင္းယူဖို႔ လိုအပ္ဦးမွာျဖစ္ၿပိး ဒီရာသီသြင္းဂိုး ၁၆ ဂိုးသြင္းယူထားတဲ့ ျပင္သစ္တိုက္စစ္မႉးဟာ အာတမ္ ဒိုးဗြၽတ္(၂၀)၊ ဘယ္လင္ဟမ္(၁၉)၊ ေဆာေလာ့(၁၉)နဲ႔ လီဝန္ေဒါစကီး(၁၇)တို႔ကို အမီလိုက္ရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.