Premier League

ယူရိုပါလိဂ်ဗိုလ်လုပွဲကစားမယ့်အတ္တလန္တာကိုအနိုင်ယူပြီး ၁၅ ကြိမ်မြောက် ကိုပါအီတာလီယာချန်ပီယံဖြစ်ခဲ့တဲ့ ဂျူဗီ

ဒူဆန် ဗလာဟိုဗစ်ချ်ရဲ့ အစောပိုင်းသွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် ဂျူဗင်တပ်ဟာ ဗုဒ္ဓဟူးနေ့ညမှာ ၁-၀ နဲ့ အနိုင်ရပြီး ၁၅ ကြိမ်​မြောက် ကိုပါအီတာလီယာဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။

အတ္တလန္တာအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအပိုင်းမှာ အသာစီး ရယူနိုင်ခဲ့ပေမယ့်လည်း ဂိုးပေါက်ကန်သွင်းမှုတစ်ကြိမ်တောင် မလုပ်နိုင်ခဲ့ဘဲ ဒီနှစ်သင်းဟာ ၂၀၂၁ ခုနှစ်တုန်းကလည်း ဗိုလ်လုပွဲမှာ တွေ့ခဲ့ဖူးပြီး အဲဒီအချိန်တုန်းကလည်း ဂျူဗင်တပ်ကပဲ ၂-၁ နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

အတ္တလန္တာအသင်းဟာ အသင်းသမိုင်းတစ်လျှောက်မှာ ၁၉၆၃ ကိုပါအီတာလီယာဗိုလ်လုပွဲမှာ အနိုင်ရခဲ့ပြီး တစ်ကြိမ်သာ ရရှိခဲ့ဖူးတာဖြစ်ပြီး စက္ကမက္ကာနဲ့ လိုကာတယ်လီတို့ ပွဲပယ်ခံထားရသလို အီမီ ဟုမ်းနဲ့ ကိုလာစီနက်တို့ ဒဏ်ရာကြောင့်လွဲချော်ခဲ့ပါတယ်။

အယ်လီဂရီက လူငယ်ကစားသမားတွေဖြစ်တဲ့ ကာဗီဂလီယာနဲ့ ဆမ်မြူရယ် အိုင်လင်း-ဂျူနီယာတို့ကို ပွဲထုတ်ခဲ့ပြီး ဂျူဗင်တပ်က အဖွင့်ဂိုး သွင်းယူဖို့အတွက် ၄ မိနစ်တောင် အချိန်မယူခဲ့ရတာဖြစ်ပါတယ်။

ဂျင်စီးတီးက ခံစစ်မှာ အရမ်းနောက်ရောက်နေတာကြောင့် ဒူဆန် ဗလာဟိုဗစ်ချ် လူကျွံထောင်ချောက်ကနေ လွတ်မြောက်ခဲ့ပြီး အီဆက် ဟီယန်နဲ့ အပြိုင်ပြေးလွှားပြီး ရှေ့ပြေးတက်လာတဲ့ အတ္တလန္တာဂိုးသမားနဲ့ တစ်ဦးချင်း ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဖက်ဒရီကို ဂတ်တီက ကာဗီဂလီယာရဲ့ ထောင့်ကန်ဘောကနေ ကန်တင်ပေးပို့မှုကို ခေါင်းတိုက်ချက်က ဂိုးဘားတန်းပေါ်ကျော်သွားခဲ့ပြီးနောက် လွတ်ခ်မန်းနဲ့ ပါဆာလစ်တို့ရဲ့ ဂိုးသွင်းယူမှုကလည်း ခက်ခက်ခဲခဲ ပိတ်ဆို့ခြင်းခံခဲ့ရပါတယ်။ ဒီကတ်တလီယာရဲ့ ပင်နယ်တီဧရိယာအစွန်က ကန်ချက်က ဂိုးပေါက်မတည့်ခဲ့ဘဲ အပိုင်အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီး တန်ပြန်တိုက်စစ်က ကမ်ဘီယာဆိုရဲ့ ဂိုးသွင်းယူမှုကလည်း လွဲချော်ခဲ့ပြန်တာဖြစ်ပါတယ်။

ဂတ်တီက မာရီယို ပါဆာလစ်ရဲ့ ပင်နယ်တီဧရိယာထဲမှာ ဂိုးကန်သွင်းချက်ကို ပိတ်ဆို့ခဲ့ပြီး အတ္တလန္တာဆီကနေ တိုက်စစ်ဆင်မှုအနည်းငယ်လောက်သာ ပြုလုပ်နိုင်ခဲ့ပြီး ပထမပိုင်းအပြီးမှာ အယ်လ်ဘိုင်လယ်တိုရေး ဝင်ကစားခဲ့ပါတယ်။ အဒီမိုလာ လွတ်ခ်မန်းရဲ့ ကန်ချက်က လူထိလမ်းကြောင်းပြောင်းပြီး ဂိုးတိုင်ဘေး ဝိုက်ထွက်သွားခဲ့ပြီး ဗလာဟိုဗစ်ချ်ကို အီဆက် ဟီယန် ပင်နယ်တီဧရိယာထဲမှာ လှဲချခဲ့မှုကို ပင်နယ်တီတောင်းဆိုခဲ့မှုက မအောင်မြင်ခဲ့တာဖြစ်ပါတယ်။

ကုမိန်နာစ်က ဂျင်စီးတီးရဲ့ ဖြတ်တင်ပေးပို့မှုကနေ ခေါင်းတိုက်သွင်းယူမှုကလည်း ဂိုးတိုင်ဘေး ဝိုက်ထွက်သွားခဲ့ပြီး အိုင်လင်း-ဂျူနီယာဟာ ဖြတ်တင်ပေးပို့မှုကို ပိတ်ဆို့ဖို့ ကြိုးစားရာမှာ ဘောလုံးနဲ့ မျက်နှာ ထိမှန်ခဲ့ပြီး လဲကျသွားခဲ့တာကြောင့် ဂျူဗင်တပ်တို့ ဒေါသထွက်ခဲ့ကြပါတယ်။

ဂလီဆင် ဘရီမာက အယ်လ်ဘိုင်လယ် တိုရေးကို အရေးကြီးတဲ့ ပိတ်ဆို့မှု ပြုလုပ်ခဲ့ပေမယ့်လည်း ဂျူဗင်တပ်က အဲဒီထောင့်ကန်ဘောကနေတဆင့် တန်ပြန်တိုက်စစ်ဆင်ခဲ့ပြီး ဒီရွန်းက အမြန်နောက်တန်းပြန်ပြေးပြီး ဗလာဟိုဗစ်ချ် ဂိုးသမား ဂာာနီဆက်ချီနဲ့ ရင်ဆိုင်ရာမှာ အကူအညီပေးဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒတ်ချ်ကစားသမားဟာ ဒူးရွတ်စုတ်ပြဲသွားပုံပေါ်တဲ့ ဒဏ်ရာကြောင့် ကွင်းအတွင်း လဲကျသွားခဲ့ပြီး ဒီဒဏ်ရာကြောင့် လေဗာကူဆင်နဲ့ ကစားရမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲကို လွဲချော်ဖွယ်ရှိပါတယ်။ ဝက်စ်တန် မက်ကန်နီက ကုမိန်နာစ်ရဲ့ ကန်ချက်ကို အမီလိုက်ပိတ်ခဲ့ပြီး မီရန်ချွတ်ရဲ့ ၁၂ ကိုက်အကွာက တဝက်မြေမကျဘောကန်ချက်ကလည်း ဂိုးဘားတန်းပေါ် ကျော်သွားလို့ အတ္တလန္တာတို့ နစ်နာခဲ့ပါတယ်။

အတ္တလန္တာဟာ ဂျူဗင်တပ်ကို ချေပဂိုး သွင်းယူဖို့ တရစပ်ကြိုးပမ်းခဲ့ပြီး အိုးလေဒီတွေကတော့ တန်ပြန်တိုက်စစ်ကနေပဲ ပြန်လည် ခြိမ်းခြောက်ခဲ့ပါတယ်။ ကမ်ဘီယာဆိုရဲ့ ညာတောင်ပံကနေ ဖြတ်တင်ပေးပို့မှုကို တိုလိုဝီ ခေါင်းတိုက်ပေမယ့်လည်း မထိခဲ့ပေမယ့် ဗလာဟိုဗစ်ချ်က ဂိုးအောက်ထောင့်ထဲကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပေမယ့် VAR က ဆားဘီးယားတိုက်စစ်မှူးက လူကျွံနေခဲ့တယ်ဆိုပြီး ဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။

အတ္တလန္တာအသင်းဟာ ပွဲကစားချိန် မိနစ် ၈၀ လောက်မှာ ချေပဂိုး ပြန်သွင်းယူနိုင်လုနီးပါးဖြစ်ခဲ့ပြီး လွတ်ခ်မန်းရဲ့ အတွင်းကို ချိုးဝင်ပြီး ပင်နယ်တီဧရိယာအစွန်ကနေ ကန်သွင်းမှုက ဂိုးတိုင်အောက်ခြေနားကပ်ထွက်သွားခဲ့ပါတယ်။

ဂျူဗင်တပ်ကလည်း ဂိုးတိုင်ထိမှန်ခဲ့ပြီး နောက်ထပ် ၄ မိနစ်အကြာမှာ မီရက်တီရဲ့ ကန်ချက်က ဂိုးဘားတန်းကို ထိမှန်သွားခဲ့တာကြောင့် နောက်ထပ် ဦးဆောင်ဂိုး မရခဲ့တာဖြစ်ပါတယ်။ နာကျင်အချိန်ပိုအရောက်မှာ မက်တီယာ ပီရင်က အီဒါဆန်ရဲ့ ကန်ချက်ကို ကာကွယ်ခဲ့ပေမယ့်လည်း ဒါနီလိုကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် အဲဒီကန်ချက် ဂိုးသွားရင်တောင် ထည့်တွက်ခံရမှာမဟုတ်ပါဘူး။

ဒါပေမယ့်လည်း အဲဒီပြစ်ဒဏ်ကျူးလွန်မှုက အယ်လီဂရီကို ဒေါသထွက်စေခဲ့ပြီ ဂျာကင်ကို ဆွဲဖြဲတဲ့အထိ သောင်းကျန်းခဲ့တာကြောင့် မလျော်ကန်တဲ့ အပြုအမူနဲ့ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒူဆန္ ဗလာဟိုဗစ္ခ်္ရဲ႕ အေစာပိုင္းသြင္းယူခဲ့တဲ့ သြင္းဂိုးေၾကာင့္ ဂ်ဴဗင္တပ္ဟာ ဗုဒၶဟူးေန႔ညမွာ ၁-၀ နဲ႔ အႏိုင္ရၿပီး ၁၅ ႀကိမ္​ေျမာက္ ကိုပါအီတာလီယာဖလားခ်န္ပီယံျဖစ္ခဲ့ပါတယ္။

အတၱလႏၲာအသင္းဟာ ေဘာလုံးပိုင္ဆိုင္မႈအပိုင္းမွာ အသာစီး ရယူႏိုင္ခဲ့ေပမယ့္လည္း ဂိုးေပါက္ကန္သြင္းမႈတစ္ႀကိမ္ေတာင္ မလုပ္ႏိုင္ခဲ့ဘဲ ဒီႏွစ္သင္းဟာ ၂၀၂၁ ခုႏွစ္တုန္းကလည္း ဗိုလ္လုပြဲမွာ ေတြ႕ခဲ့ဖူးၿပီး အဲဒီအခ်ိန္တုန္းကလည္း ဂ်ဴဗင္တပ္ကပဲ ၂-၁ နဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။

အတၱလႏၲာအသင္းဟာ အသင္းသမိုင္းတစ္ေလွ်ာက္မွာ ၁၉၆၃ ကိုပါအီတာလီယာဗိုလ္လုပြဲမွာ အႏိုင္ရခဲ့ၿပီး တစ္ႀကိမ္သာ ရရွိခဲ့ဖူးတာျဖစ္ၿပီး စကၠမကၠာနဲ႔ လိုကာတယ္လီတို႔ ပြဲပယ္ခံထားရသလို အီမီ ဟုမ္းနဲ႔ ကိုလာစီနက္တို႔ ဒဏ္ရာေၾကာင့္လြဲေခ်ာ္ခဲ့ပါတယ္။

အယ္လီဂရီက လူငယ္ကစားသမားေတြျဖစ္တဲ့ ကာဗီဂလီယာနဲ႔ ဆမ္ျမဴရယ္ အိုင္လင္း-ဂ်ဴနီယာတို႔ကို ပြဲထုတ္ခဲ့ၿပီး ဂ်ဴဗင္တပ္က အဖြင့္ဂိုး သြင္းယူဖို႔အတြက္ ၄ မိနစ္ေတာင္ အခ်ိန္မယူခဲ့ရတာျဖစ္ပါတယ္။

ဂ်င္စီးတီးက ခံစစ္မွာ အရမ္းေနာက္ေရာက္ေနတာေၾကာင့္ ဒူဆန္ ဗလာဟိုဗစ္ခ်္ လူကြၽံေထာင္ေခ်ာက္ကေန လြတ္ေျမာက္ခဲ့ၿပီး အီဆက္ ဟီယန္နဲ႔ အၿပိဳင္ေျပးလႊားၿပီး ေရွ႕ေျပးတက္လာတဲ့ အတၱလႏၲာဂိုးသမားနဲ႔ တစ္ဦးခ်င္း ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဖက္ဒရီကို ဂတ္တီက ကာဗီဂလီယာရဲ႕ ေထာင့္ကန္ေဘာကေန ကန္တင္ေပးပို႔မႈကို ေခါင္းတိုက္ခ်က္က ဂိုးဘားတန္းေပၚေက်ာ္သြားခဲ့ၿပီးေနာက္ လြတ္ခ္မန္းနဲ႔ ပါဆာလစ္တို႔ရဲ႕ ဂိုးသြင္းယူမႈကလည္း ခက္ခက္ခဲခဲ ပိတ္ဆို႔ျခင္းခံခဲ့ရပါတယ္။ ဒီကတ္တလီယာရဲ႕ ပင္နယ္တီဧရိယာအစြန္က ကန္ခ်က္က ဂိုးေပါက္မတည့္ခဲ့ဘဲ အပိုင္အခြင့္အေရးကို လက္လႊတ္ခဲ့ရၿပီး တန္ျပန္တိုက္စစ္က ကမ္ဘီယာဆိုရဲ႕ ဂိုးသြင္းယူမႈကလည္း လြဲေခ်ာ္ခဲ့ျပန္တာျဖစ္ပါတယ္။

ဂတ္တီက မာရီယို ပါဆာလစ္ရဲ႕ ပင္နယ္တီဧရိယာထဲမွာ ဂိုးကန္သြင္းခ်က္ကို ပိတ္ဆို႔ခဲ့ၿပီး အတၱလႏၲာဆီကေန တိုက္စစ္ဆင္မႈအနည္းငယ္ေလာက္သာ ျပဳလုပ္ႏိုင္ခဲ့ၿပီး ပထမပိုင္းအၿပီးမွာ အယ္လ္ဘိုင္လယ္တိုေရး ဝင္ကစားခဲ့ပါတယ္။ အဒီမိုလာ လြတ္ခ္မန္းရဲ႕ ကန္ခ်က္က လူထိလမ္းေၾကာင္းေျပာင္းၿပီး ဂိုးတိုင္ေဘး ဝိုက္ထြက္သြားခဲ့ၿပီး ဗလာဟိုဗစ္ခ်္ကို အီဆက္ ဟီယန္ ပင္နယ္တီဧရိယာထဲမွာ လွဲခ်ခဲ့မႈကို ပင္နယ္တီေတာင္းဆိုခဲ့မႈက မေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။

ကုမိန္နာစ္က ဂ်င္စီးတီးရဲ႕ ျဖတ္တင္ေပးပို႔မႈကေန ေခါင္းတိုက္သြင္းယူမႈကလည္း ဂိုးတိုင္ေဘး ဝိုက္ထြက္သြားခဲ့ၿပီး အိုင္လင္း-ဂ်ဴနီယာဟာ ျဖတ္တင္ေပးပို႔မႈကို ပိတ္ဆို႔ဖို႔ ႀကိဳးစားရာမွာ ေဘာလုံးနဲ႔ မ်က္ႏွာ ထိမွန္ခဲ့ၿပီး လဲက်သြားခဲ့တာေၾကာင့္ ဂ်ဴဗင္တပ္တို႔ ေဒါသထြက္ခဲ့ၾကပါတယ္။

ဂလီဆင္ ဘရီမာက အယ္လ္ဘိုင္လယ္ တိုေရးကို အေရးႀကီးတဲ့ ပိတ္ဆို႔မႈ ျပဳလုပ္ခဲ့ေပမယ့္လည္း ဂ်ဴဗင္တပ္က အဲဒီေထာင့္ကန္ေဘာကေနတဆင့္ တန္ျပန္တိုက္စစ္ဆင္ခဲ့ၿပီး ဒီ႐ြန္းက အျမန္ေနာက္တန္းျပန္ေျပးၿပီး ဗလာဟိုဗစ္ခ်္ ဂိုးသမား ဂာာနီဆက္ခ်ီနဲ႔ ရင္ဆိုင္ရာမွာ အကူအညီေပးဖို႔ ႀကိဳးစားခဲ့ပါတယ္။

ဒါေပမယ့္လည္း ဒတ္ခ်္ကစားသမားဟာ ဒူး႐ြတ္စုတ္ၿပဲသြားပုံေပၚတဲ့ ဒဏ္ရာေၾကာင့္ ကြင္းအတြင္း လဲက်သြားခဲ့ၿပီး ဒီဒဏ္ရာေၾကာင့္ ေလဗာကူဆင္နဲ႔ ကစားရမယ့္ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲကို လြဲေခ်ာ္ဖြယ္ရွိပါတယ္။ ဝက္စ္တန္ မက္ကန္နီက ကုမိန္နာစ္ရဲ႕ ကန္ခ်က္ကို အမီလိုက္ပိတ္ခဲ့ၿပီး မီရန္ခြၽတ္ရဲ႕ ၁၂ ကိုက္အကြာက တဝက္ေျမမက်ေဘာကန္ခ်က္ကလည္း ဂိုးဘားတန္းေပၚ ေက်ာ္သြားလို႔ အတၱလႏၲာတို႔ နစ္နာခဲ့ပါတယ္။

အတၱလႏၲာဟာ ဂ်ဴဗင္တပ္ကို ေခ်ပဂိုး သြင္းယူဖို႔ တရစပ္ႀကိဳးပမ္းခဲ့ၿပီး အိုးေလဒီေတြကေတာ့ တန္ျပန္တိုက္စစ္ကေနပဲ ျပန္လည္ ၿခိမ္းေျခာက္ခဲ့ပါတယ္။ ကမ္ဘီယာဆိုရဲ႕ ညာေတာင္ပံကေန ျဖတ္တင္ေပးပို႔မႈကို တိုလိုဝီ ေခါင္းတိုက္ေပမယ့္လည္း မထိခဲ့ေပမယ့္ ဗလာဟိုဗစ္ခ်္က ဂိုးေအာက္ေထာင့္ထဲကို ေခါင္းတိုက္သြင္းယူႏိုင္ခဲ့ေပမယ့္ VAR က ဆားဘီးယားတိုက္စစ္မႉးက လူကြၽံေနခဲ့တယ္ဆိုၿပီး ဂိုးကို ပယ္ဖ်က္ခဲ့ပါတယ္။

အတၱလႏၲာအသင္းဟာ ပြဲကစားခ်ိန္ မိနစ္ ၈၀ ေလာက္မွာ ေခ်ပဂိုး ျပန္သြင္းယူႏိုင္လုနီးပါးျဖစ္ခဲ့ၿပီး လြတ္ခ္မန္းရဲ႕ အတြင္းကို ခ်ိဳးဝင္ၿပီး ပင္နယ္တီဧရိယာအစြန္ကေန ကန္သြင္းမႈက ဂိုးတိုင္ေအာက္ေျခနားကပ္ထြက္သြားခဲ့ပါတယ္။

ဂ်ဴဗင္တပ္ကလည္း ဂိုးတိုင္ထိမွန္ခဲ့ၿပီး ေနာက္ထပ္ ၄ မိနစ္အၾကာမွာ မီရက္တီရဲ႕ ကန္ခ်က္က ဂိုးဘားတန္းကို ထိမွန္သြားခဲ့တာေၾကာင့္ ေနာက္ထပ္ ဦးေဆာင္ဂိုး မရခဲ့တာျဖစ္ပါတယ္။ နာက်င္အခ်ိန္ပိုအေရာက္မွာ မက္တီယာ ပီရင္က အီဒါဆန္ရဲ႕ ကန္ခ်က္ကို ကာကြယ္ခဲ့ေပမယ့္လည္း ဒါနီလိုကို ျပစ္ဒဏ္က်ဴးလြန္ခဲ့တာေၾကာင့္ အဲဒီကန္ခ်က္ ဂိုးသြားရင္ေတာင္ ထည့္တြက္ခံရမွာမဟုတ္ပါဘူး။

ဒါေပမယ့္လည္း အဲဒီျပစ္ဒဏ္က်ဴးလြန္မႈက အယ္လီဂရီကို ေဒါသထြက္ေစခဲ့ၿပီ ဂ်ာကင္ကို ဆြဲၿဖဲတဲ့အထိ ေသာင္းက်န္းခဲ့တာေၾကာင့္ မေလ်ာ္ကန္တဲ့ အျပဳအမူနဲ႔ အနီကတ္ျပ ထုတ္ပယ္ခံခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.