Match Report Premier League

ငှက်ကျားတွေကို အိမ်ကွင်းမှာ နှိပ်ကွပ်လိုက်ပြီးရလဒ်ဆိုးရွားနေမှုကို အဆုံးသတ်လိုက်တဲ့ မန်ယူနိုက်ကတ်

ဗုဒ္ဓဟူးနေ့ညမှာ အာမက် ဒီရယ်လို ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုး သွင်းယူပြီး ဂိုးဖန်တီးမှုပါ ပြုလုပ်ပြီး နယူးကာဆယ်ကို မန်ချက်စတာယူနိုက်တက်တို့ အိုးထရက်ဖို့ဒ်မှာ ၃-၂ နဲ့ နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

အဲရစ် တန်ဟက်ရဲ့အသင်းဟာ အမှတ်ပေးဇယားအဆင့် ၈ နေရာမှာပဲ ဆက်လက်ရပ်တည်နိုင်ခဲ့ပေမယ့်လည်း အဆင့် ၇ နေရာက နယူးကာဆယ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်သာ ကွာဟနေတာဖြစ်ပါတယ်။

ချဲလ်ဆီးကလည်း ဘရိုက်တန်ကို ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ ၂-၁ နဲ့ အနိုင်ရခဲ့ပြီးနောက် ရမှတ် ၆၀ နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ဥရောပဝင်ခွင့်အတွက် ကြီးမားတဲ့ ခြေလှမ်းကို လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း ၃၁ မိနစ်မှာ ကော်ဘီ မိန်းနူးက နယူးကာဆယ်ရဲ့ ခံစစ်အမှားကို အခွင့်ကောင်းယူပြီး မန်ချက်စတာယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ ဒီရယ်လိုက အသက် ၁၉ နှစ်အရွယ်ကစားသမားက ပင်နယ်တီဧရိယာထဲမှာ လူကပ်ခံမထားရတာကို မြင်တွေ့ခဲ့ပြီးနောက် ပေးပို့ခဲ့ရာမှာ မိန်းနူးက ထရစ်ပီယာကို တချက်လှည့်ပြီး ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အန်သိုနီ ဂေါ်ဒွန်က နယူးကာဆယ်အတွက် ၄၉ မိနစ်မှာ ဂျေကော့ဘ် မာဖီရဲ့ ဖြတ်တင်ပေးပို့မှုကနေတဆင့် ချေပဂိုး ပြန်သွင်းယူပေးသွားခဲ့ပေမယ့်လည်း အာမက် ဒီရယ်လိုက ၈ မိနစ်အကြာမှာ ဖာနန်ဒက်စ်ရဲ့ ထောင့်ကန်ဘောကနေ ကန်တင်ပေးပို့မှုကနေတဆင့် ပင်နယ်တီဧရိယာထဲမှာ ဒူဗရက်ကာ ဘယ်လိုမှ မကာကွယ်နိုင်အောင် ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၈၂ မိနစ်မှာ လူစားဝင်ကစားပေးခဲ့တဲ့ ဟွိုင်လန်းက လူစားဝင်လာပြီး ၂ မိနစ်အကြာမှာပဲ နယူးကာဆယ်နောက်ခံလူ ၂ ဦး ပိတ်ဆို့ထားတဲ့ကြားက အတွင်းကို ချိုးဝင်ပြီး ၁၆ ကိုက်အကွာကနေ ဂိုးပေါက်ထဲကို ကန်သွင်းယူသွားခဲ့တာကြောင့် အိုးထရက်ဖို့ဒ်တစ်ကွင်းလုံး အုန်းအုန်းကျက်ကျက်အောင်ပွဲခံခဲ့ကြပါတယ်။

နယူးကာဆယ်ကြယ်ပွင့် လူးဝစ္စ ဟောလ်က ၉၀+၂ မိနစ်မှာ ချေပဂိုးတစ်ဂိုး ပြန်သွင်းယူပေးခဲ့ပေမယ့်လည်း တန်ဟက်ရဲ့အသင်းက နှစ်ပေါင်းများစွာအတွင်း ဆိုးရွားတဲ့အိမ်ကွင်းမှတ်တမ်းဆိုးပိုင်ဆိုင်ခဲ့တဲ့ရာသီတွေထဲက တစ်ခုဖြစ်ခဲ့တာကို အဆုံးသတ်နိုင်ဖို့အတွက် နိုင်ပွဲကို ထိန်းသိမ်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဗုဒၶဟူးေန႔ညမွာ အာမက္ ဒီရယ္လို ပထမဆုံး ပရီးမီးယားလိဂ္သြင္းဂိုး သြင္းယူၿပီး ဂိုးဖန္တီးမႈပါ ျပဳလုပ္ၿပီး နယူးကာဆယ္ကို မန္ခ်က္စတာယူႏိုက္တက္တို႔ အိုးထရက္ဖို႔ဒ္မွာ ၃-၂ နဲ႔ ႏိုင္ပြဲရယူႏိုင္ခဲ့ပါတယ္။

အဲရစ္ တန္ဟက္ရဲ႕အသင္းဟာ အမွတ္ေပးဇယားအဆင့္ ၈ ေနရာမွာပဲ ဆက္လက္ရပ္တည္ႏိုင္ခဲ့ေပမယ့္လည္း အဆင့္ ၇ ေနရာက နယူးကာဆယ္နဲ႔ ရမွတ္တူ ဂိုးကြာျခားခ်က္သာ ကြာဟေနတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးကလည္း ဘ႐ိုက္တန္ကို ဗုဒၶဟူးေန႔အေစာပိုင္းမွာ ၂-၁ နဲ႔ အႏိုင္ရခဲ့ၿပီးေနာက္ ရမွတ္ ၆၀ နဲ႔ အဆင့္ ၆ ေနရာမွာ ရပ္တည္ႏိုင္ခဲ့ၿပီး ဥေရာပဝင္ခြင့္အတြက္ ႀကီးမားတဲ့ ေျခလွမ္းကို လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္း ၃၁ မိနစ္မွာ ေကာ္ဘီ မိန္းႏူးက နယူးကာဆယ္ရဲ႕ ခံစစ္အမွားကို အခြင့္ေကာင္းယူၿပီး မန္ခ်က္စတာယူႏိုက္တက္အတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။ ဒီရယ္လိုက အသက္ ၁၉ ႏွစ္အ႐ြယ္ကစားသမားက ပင္နယ္တီဧရိယာထဲမွာ လူကပ္ခံမထားရတာကို ျမင္ေတြ႕ခဲ့ၿပီးေနာက္ ေပးပို႔ခဲ့ရာမွာ မိန္းႏူးက ထရစ္ပီယာကို တခ်က္လွည့္ၿပီး ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အန္သိုနီ ေဂၚဒြန္က နယူးကာဆယ္အတြက္ ၄၉ မိနစ္မွာ ေဂ်ေကာ့ဘ္ မာဖီရဲ႕ ျဖတ္တင္ေပးပို႔မႈကေနတဆင့္ ေခ်ပဂိုး ျပန္သြင္းယူေပးသြားခဲ့ေပမယ့္လည္း အာမက္ ဒီရယ္လိုက ၈ မိနစ္အၾကာမွာ ဖာနန္ဒက္စ္ရဲ႕ ေထာင့္ကန္ေဘာကေန ကန္တင္ေပးပို႔မႈကေနတဆင့္ ပင္နယ္တီဧရိယာထဲမွာ ဒူဗရက္ကာ ဘယ္လိုမွ မကာကြယ္ႏိုင္ေအာင္ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

၈၂ မိနစ္မွာ လူစားဝင္ကစားေပးခဲ့တဲ့ ဟြိဳင္လန္းက လူစားဝင္လာၿပီး ၂ မိနစ္အၾကာမွာပဲ နယူးကာဆယ္ေနာက္ခံလူ ၂ ဦး ပိတ္ဆို႔ထားတဲ့ၾကားက အတြင္းကို ခ်ိဳးဝင္ၿပီး ၁၆ ကိုက္အကြာကေန ဂိုးေပါက္ထဲကို ကန္သြင္းယူသြားခဲ့တာေၾကာင့္ အိုးထရက္ဖို႔ဒ္တစ္ကြင္းလုံး အုန္းအုန္းက်က္က်က္ေအာင္ပြဲခံခဲ့ၾကပါတယ္။

နယူးကာဆယ္ၾကယ္ပြင့္ လူးဝစၥ ေဟာလ္က ၉၀+၂ မိနစ္မွာ ေခ်ပဂိုးတစ္ဂိုး ျပန္သြင္းယူေပးခဲ့ေပမယ့္လည္း တန္ဟက္ရဲ႕အသင္းက ႏွစ္ေပါင္းမ်ားစြာအတြင္း ဆိုး႐ြားတဲ့အိမ္ကြင္းမွတ္တမ္းဆိုးပိုင္ဆိုင္ခဲ့တဲ့ရာသီေတြထဲက တစ္ခုျဖစ္ခဲ့တာကို အဆုံးသတ္ႏိုင္ဖို႔အတြက္ ႏိုင္ပြဲကို ထိန္းသိမ္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.