Match Report Premier League

VAR နဲ့ ဒိုင်မွှေပေမယ့် ရပ်တန့်လို့မရနိုင်တဲ့ ခြေစွမ်းနဲ့ နိုင်ပွဲရအောင် ယူနိုင်ခဲ့တဲ့ ချဲလ်ဆီး

ပုံမှန်ခြေစွမ်းပြန်ရနေတဲ့ ချဲလ်ဆီးဟာ ဗုဒ္ဓဟူးနေ့ညက ဘရိုက်တန်အိမ်ကွင်းမှာ ပါမာနဲ့ အန်ကွန်ကူတို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၁ နဲ့ အနိုင်ရပြီး လာမယ့်ရာသီ ဥရောပဝင်ခွင့်အတွက် ပိုမိုနီးစပ်လာခဲ့ပြီဖြစ်ပါတယ်။

အေးမက်စ်ကွင်းမှာ ကစားခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညပွဲမှာ ပါလ်မာနဲ့ အန်ကွန်ကူတို့က ဧည့်သည်ချဲလ်ဆီးတို့အတွက် သွင်းဂိုးတွေကို သွင်းယူပေးခဲ့တာဖြစ်ပေမယ့်လည်း ပွဲပြီးခါနီး ၂ မိနစ်အလိုမှာ အသင်းခေါင်းဆောင် ရီးစ် ဂျိမ်းစ် ဂျာအို ပက်ဒရိုကို ကန်ခဲ့ပြီးနောက် အနီကတ်နဲ့ ထုတ်ခံခဲ့ရလို့ တစ်ယောက်လျော့နဲ့ ကစားခဲ့ရပါတယ်။

ဘရိုက်တန်က တစ်ယောက်လျော့သွားတဲ့ ချဲလ်ဆီးကို လက်ကျန်ပွဲကစားချိန်တွေမှာ ဖိအားပေးကစားနိုင်ခဲ့ပြီး နာကျင်အချိန်ပို ၇ မိနစ်မှာ ဒန်နီ ဝဲလ်ဘက်ခ်ရဲ့ အနီးကပ်ပိတ်သွင်းယူခဲ့တဲ့ဂိုးကြောင့် ချေပဂိုးရရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း နောက်ထပ် ချေပဂိုးတွေကို အိမ်ရှင်တို့ မရှာဖွေနိုင်ခဲ့တာကြောင့် ချဲလ်ဆီးကပဲ ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့ပြီး အဆင့် ၆ နေရာမှာသာ ရာသီပြီးဆုံးနိုင်မယ်ဆိုရင် ပိုချက်တီနိုရဲ့အသင်းဟာ လာမယ့်ရာသီယူရိုပါလိဂ်ဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။

မန်စီးတီးက အက်ဖ်အေဖလားအနိုင်ရရင် ဒါမှမဟုတ် မန်ယူနိုက်တက်က ဂွါဒီယိုလာရဲ့အသင်းကို ဝင်ဘလေမှာ အနိုင်ရခဲ့မယ်ဆိုရင် ယူအီးအက်ဖ်အေကွန်းဖရင့်လိဂ်ဝင်ခွင့် ရရှိမှာဖြစ်ပါတယ်။ အဆင့် ၅ နေရာက တော့တင်ဟမ်ဟော့စပါးက ရာသီပိတ်ပွဲစဉ်မှာ ရှက်ဖီးယူနိုက်တက်နဲ့ ကစားတဲ့ပွဲမှာ ခြေချော်ခဲ့မယ်ဆိုရင်လည်း ချဲလ်ဆီးအနေနဲ့ အဆင့် ၅ နေရာကို ရယူနိုင်ဖို့ မျှော်လင့်ချက်က ရှိနေပါသေးတယ်။

ဒါပေမယ့်လည်း ဘာတွေပဲဖြစ်လာဖြစ်လာ ချဲလ်ဆီးပရိသတ်တွေကတော့ သူတို့အသင်း ၄ ပွဲဆက်နိုင်ပွဲရရှိခဲ့မှုကြောင့် ပျော်ရွှင်နေမှာဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း ပထမဆုံးအကြိမ် အဝေးကွင်း ၂ ပွဲဆက်နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။

တောင်ပိုင်းကမ်းရိုးတန်းမှာ ကစားခဲ့တဲ့ပွဲမှာ တခြားပြောစရာကိစ္စတွေလည်း အများကြီးရှိခဲ့ပြီး VAR ဒိုင် ပီတာ ဘန့်ခ်စ်က ကွင်းလယ်ဒိုင် မိုက်ကယ် ဆာလစ္စဘူရီကို ရီးစ် ဂျိမ်းစ်ကို အနီကတ်ပြ ထုတ်ပယ်ဖို့အတွက် ကွင်းဘေးမော်နီတာ လာကြည့်ဖို့ အကြံပေးခဲ့ပြီး ပထမပိုင်းမှာ စတော့ခ်လေပါ့ခ်က ဒိုင်လူကြီးတွေဆီကနေ တခြား အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေလည်း ရှိခဲ့ပါတယ်။

ဘန့်ခ်စ်ဟာ ကူကူရယ်လာကို ဘူအိုနာနော့တီ ဖျက်ထုတ်ခဲ့မှုအတွက် ချဲလ်ဆီးကို ပင်နယ်တီပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ဖို့ အကြံပေးခဲ့တာမှန်ပေမယ့် မာဒရစ်ခ်ကို လမ့်ပ်တေး ပြစ်ဒဏ်ကျူးလွန်မှုကိုတော့ မသိကျိုးကျွံပြုခဲ့ပါတယ်။

ဘန့်ခ်စ်က လမ့်ပ်တေးဆီကနေ ပြင်းထန်တဲ့ အပြုအမူမျိုး ကျူးလွန်ခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားမရှိခဲ့ဘူးလို့ ပြောဆိုခဲ့ပြီး မာဒရစ်ခ်ကတော့ ပြင်းထန်တဲ့ ဖျက်ထုတ်မှုကြောင့် လူစားလဲခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

နီကိုးလတ်စ် ဂျက်ခ်ဆင်ရဲ့ ပထမပိုင်းက ခေါင်းတိုက်သွင်းဂိုးကလည်း ငြင်းပယ်ခံခဲ့ခရပေမယ့်လည်း အဲဒီဆုံးဖြတ်ချက်တွေဟာ နောက်ဆုံးမှာတော့ ချဲလ်ဆီးရဲ့ နိုင်ပွဲကို မတားဆီးနိုင်ခဲ့တာဖြစ်ပြီး ဘရိုက်တန်ဟာ ပွဲပြီးခါနီးမှာ အပြင်းအထန် ဖိအားပြန်ပေးခဲ့ပါတယ်။

ဒန်နီ ဝဲလ်ဘက်ခ်က ချေပဂိုး တစ်ဂိုး ပြန်မသွင်းခင်မှာ အေဒင်ဂရာရဲ့ ဂိုးသွင်းယူဖို့ ကြိုးပမ်းမှုက တိုင်ထိသွားခဲ့ပြီး အဲဒါက ဒီပွဲစဉ်အတွင်း ဒုတိယအကြိမ် ဂိုးတိုင်ထိမှုဖြစ်ခဲ့ပြီး ပထမပိုင်းပြီးခါနီး ဂျာအို ပက်ဒရိုရဲ့ခေါင်းတိုက်ချက်ကလည်း ဂိုးဘားတန်းထိမှန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘရိုက်တန်ရဲ့ တိုက်စစ်မှာ တိကျသေချာမှု နောက်ထပ်တစ်ကြိမ် ကင်းမဲ့ခဲ့ပြီး အခုဆိုရင် တစ်ပွဲအတွင်းမှာ သွင်းဂိုး ၁ ဂိုးထက် ပိုပြီး မသွင်းယူနိုင်ခဲ့တာ ၁၅ ပွဲအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ချဲလ်ဆီးကို ဒီရာသီ ၃ ကြိမ်မြောက် ရှုံးနိမ့်ခဲ့မှုကလည်း ဘရိုက်တန်အသင်းရဲ့ အမှတ်ပေးဇယားအပေါ်ပိုင်းထဲမှာ ရာသီပြီးဆုံးချင်တဲ့ မျှော်လင့်ချက်အတွက် ထိုးနှက်ချက် ဖြစ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ပုံမွန္ေျခစြမ္းျပန္ရေနတဲ့ ခ်ဲလ္ဆီးဟာ ဗုဒၶဟူးေန႔ညက ဘ႐ိုက္တန္အိမ္ကြင္းမွာ ပါမာနဲ႔ အန္ကြန္ကူတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ၂-၁ နဲ႔ အႏိုင္ရၿပီး လာမယ့္ရာသီ ဥေရာပဝင္ခြင့္အတြက္ ပိုမိုနီးစပ္လာခဲ့ၿပီျဖစ္ပါတယ္။

ေအးမက္စ္ကြင္းမွာ ကစားခဲ့တဲ့ ဗုဒၶဟူးေန႔ညပြဲမွာ ပါလ္မာနဲ႔ အန္ကြန္ကူတို႔က ဧည့္သည္ခ်ဲလ္ဆီးတို႔အတြက္ သြင္းဂိုးေတြကို သြင္းယူေပးခဲ့တာျဖစ္ေပမယ့္လည္း ပြဲၿပီးခါနီး ၂ မိနစ္အလိုမွာ အသင္းေခါင္းေဆာင္ ရီးစ္ ဂ်ိမ္းစ္ ဂ်ာအို ပက္ဒ႐ိုကို ကန္ခဲ့ၿပီးေနာက္ အနီကတ္နဲ႔ ထုတ္ခံခဲ့ရလို႔ တစ္ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရပါတယ္။

ဘ႐ိုက္တန္က တစ္ေယာက္ေလ်ာ့သြားတဲ့ ခ်ဲလ္ဆီးကို လက္က်န္ပြဲကစားခ်ိန္ေတြမွာ ဖိအားေပးကစားႏိုင္ခဲ့ၿပီး နာက်င္အခ်ိန္ပို ၇ မိနစ္မွာ ဒန္နီ ဝဲလ္ဘက္ခ္ရဲ႕ အနီးကပ္ပိတ္သြင္းယူခဲ့တဲ့ဂိုးေၾကာင့္ ေခ်ပဂိုးရရွိခဲ့ပါတယ္။

ဒါေပမယ့္လည္း ေနာက္ထပ္ ေခ်ပဂိုးေတြကို အိမ္ရွင္တို႔ မရွာေဖြႏိုင္ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးကပဲ ၂-၁ နဲ႔ အႏိုင္ရရွိသြားခဲ့ၿပီး အဆင့္ ၆ ေနရာမွာသာ ရာသီၿပီးဆုံးႏိုင္မယ္ဆိုရင္ ပိုခ်က္တီႏိုရဲ႕အသင္းဟာ လာမယ့္ရာသီယူ႐ိုပါလိဂ္ဝင္ခြင့္ရရွိမွာျဖစ္ပါတယ္။

မန္စီးတီးက အက္ဖ္ေအဖလားအႏိုင္ရရင္ ဒါမွမဟုတ္ မန္ယူႏိုက္တက္က ဂြါဒီယိုလာရဲ႕အသင္းကို ဝင္ဘေလမွာ အႏိုင္ရခဲ့မယ္ဆိုရင္ ယူအီးအက္ဖ္ေအကြန္းဖရင့္လိဂ္ဝင္ခြင့္ ရရွိမွာျဖစ္ပါတယ္။ အဆင့္ ၅ ေနရာက ေတာ့တင္ဟမ္ေဟာ့စပါးက ရာသီပိတ္ပြဲစဥ္မွာ ရွက္ဖီးယူႏိုက္တက္နဲ႔ ကစားတဲ့ပြဲမွာ ေျခေခ်ာ္ခဲ့မယ္ဆိုရင္လည္း ခ်ဲလ္ဆီးအေနနဲ႔ အဆင့္ ၅ ေနရာကို ရယူႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္က ရွိေနပါေသးတယ္။

ဒါေပမယ့္လည္း ဘာေတြပဲျဖစ္လာျဖစ္လာ ခ်ဲလ္ဆီးပရိသတ္ေတြကေတာ့ သူတို႔အသင္း ၄ ပြဲဆက္ႏိုင္ပြဲရရွိခဲ့မႈေၾကာင့္ ေပ်ာ္႐ႊင္ေနမွာျဖစ္ၿပီး ၂၀၂၄ ခုႏွစ္အတြင္း ပထမဆုံးအႀကိမ္ အေဝးကြင္း ၂ ပြဲဆက္ႏိုင္ပြဲရရွိခဲ့တာျဖစ္ပါတယ္။

ေတာင္ပိုင္းကမ္း႐ိုးတန္းမွာ ကစားခဲ့တဲ့ပြဲမွာ တျခားေျပာစရာကိစၥေတြလည္း အမ်ားႀကီးရွိခဲ့ၿပီး VAR ဒိုင္ ပီတာ ဘန႔္ခ္စ္က ကြင္းလယ္ဒိုင္ မိုက္ကယ္ ဆာလစၥဘူရီကို ရီးစ္ ဂ်ိမ္းစ္ကို အနီကတ္ျပ ထုတ္ပယ္ဖို႔အတြက္ ကြင္းေဘးေမာ္နီတာ လာၾကည့္ဖို႔ အႀကံေပးခဲ့ၿပီး ပထမပိုင္းမွာ စေတာ့ခ္ေလပါ့ခ္က ဒိုင္လူႀကီးေတြဆီကေန တျခား အျငင္းပြားဖြယ္ ဆုံးျဖတ္ခ်က္ေတြလည္း ရွိခဲ့ပါတယ္။

ဘန႔္ခ္စ္ဟာ ကူကူရယ္လာကို ဘူအိုနာေနာ့တီ ဖ်က္ထုတ္ခဲ့မႈအတြက္ ခ်ဲလ္ဆီးကို ပင္နယ္တီေပးဖို႔ ဆုံးျဖတ္ခဲ့တဲ့ ဒိုင္လူႀကီးရဲ႕ ဆုံးျဖတ္ခ်က္ကို ျပန္လည္ျပင္ဆင္ဖို႔ အႀကံေပးခဲ့တာမွန္ေပမယ့္ မာဒရစ္ခ္ကို လမ့္ပ္ေတး ျပစ္ဒဏ္က်ဴးလြန္မႈကိုေတာ့ မသိက်ိဳးကြၽံျပဳခဲ့ပါတယ္။

ဘန႔္ခ္စ္က လမ့္ပ္ေတးဆီကေန ျပင္းထန္တဲ့ အျပဳအမူမ်ိဳး က်ဴးလြန္ခဲ့တယ္ဆိုတဲ့ သက္ေသအေထာက္အထားမရွိခဲ့ဘူးလို႔ ေျပာဆိုခဲ့ၿပီး မာဒရစ္ခ္ကေတာ့ ျပင္းထန္တဲ့ ဖ်က္ထုတ္မႈေၾကာင့္ လူစားလဲခဲ့ရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

နီကိုးလတ္စ္ ဂ်က္ခ္ဆင္ရဲ႕ ပထမပိုင္းက ေခါင္းတိုက္သြင္းဂိုးကလည္း ျငင္းပယ္ခံခဲ့ခရေပမယ့္လည္း အဲဒီဆုံးျဖတ္ခ်က္ေတြဟာ ေနာက္ဆုံးမွာေတာ့ ခ်ဲလ္ဆီးရဲ႕ ႏိုင္ပြဲကို မတားဆီးႏိုင္ခဲ့တာျဖစ္ၿပီး ဘ႐ိုက္တန္ဟာ ပြဲၿပီးခါနီးမွာ အျပင္းအထန္ ဖိအားျပန္ေပးခဲ့ပါတယ္။

ဒန္နီ ဝဲလ္ဘက္ခ္က ေခ်ပဂိုး တစ္ဂိုး ျပန္မသြင္းခင္မွာ ေအဒင္ဂရာရဲ႕ ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းမႈက တိုင္ထိသြားခဲ့ၿပီး အဲဒါက ဒီပြဲစဥ္အတြင္း ဒုတိယအႀကိမ္ ဂိုးတိုင္ထိမႈျဖစ္ခဲ့ၿပီး ပထမပိုင္းၿပီးခါနီး ဂ်ာအို ပက္ဒ႐ိုရဲ႕ေခါင္းတိုက္ခ်က္ကလည္း ဂိုးဘားတန္းထိမွန္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘ႐ိုက္တန္ရဲ႕ တိုက္စစ္မွာ တိက်ေသခ်ာမႈ ေနာက္ထပ္တစ္ႀကိမ္ ကင္းမဲ့ခဲ့ၿပီး အခုဆိုရင္ တစ္ပြဲအတြင္းမွာ သြင္းဂိုး ၁ ဂိုးထက္ ပိုၿပီး မသြင္းယူႏိုင္ခဲ့တာ ၁၅ ပြဲအထိ ရွိလာခဲ့ၿပီျဖစ္ပါတယ္။ ခ်ဲလ္ဆီးကို ဒီရာသီ ၃ ႀကိမ္ေျမာက္ ရႈံးနိမ့္ခဲ့မႈကလည္း ဘ႐ိုက္တန္အသင္းရဲ႕ အမွတ္ေပးဇယားအေပၚပိုင္းထဲမွာ ရာသီၿပီးဆုံးခ်င္တဲ့ ေမွ်ာ္လင့္ခ်က္အတြက္ ထိုးႏွက္ခ်က္ ျဖစ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.