Premier League

ရာသီပိတ်ပွဲစဉ်တွေအတွက် ဆပ်တန်ရဲ့ ဟောကိန်းများ

အာဆင်နယ်-အဲဗာတန်

ရှောင်ဒိုက်ချ်ရဲ့အသင်းက ရာသီကို အားကောင်းတဲ့အဆုံးသတ်နဲ့ အဆုံးသတ်နေတယ်။ ဒီပွဲမှာ အပေါင်းလက္ခဏာဆောင်တဲ့ရလဒ်နဲ့ အဆုံးသတ်ဖို့ကလွဲပြီး တခြား သူ ဖြစ်ချင်တာရှိမယ်မထင်ဘူး။ ဒါပေမယ့် အာဆင်နယ်နိုင်ပွဲထက်ပိုပြီး ကျွန်တော် ဘာမှ မမြင်ဘူး။
ခန့်မှန်းပွဲပြီးရလဒ်(၃-၀)

ဘရန့်တ်ဖို့ဒ်-နယူးကာဆယ်

ဘရန့်တ်ဖို့ဒ်က မကြာသေးမီက ပုံစံကောင်းပြန်ရလာပြီး ရာသီကို မြင့်မားတဲ့ပုံစံနဲ့ အဆုံးသတ်ချင်မှာပါ။ အထူးသဖြင့် ရာသီနောက်ဆုံးနေ့ အိမ်ကွင်းမှာပေါ့။ သူတို့နည်းပြ သောမတ်စ် ဖရန့်ခ်က မန်ယူနိုက်တက်နည်းပြရာထူးနဲ့ သတင်းထွက်နေတယ်။ သူက အရမ်းကောင်းတဲ့အလုပ်ကို လုပ်ခဲ့တဲ့အတွက် ဒီလို သတင်းထွက်နေတာ ကျွန်တော် နားလည်တယ်။ နယူးကာဆယ်က အနည်းဆုံးတော့ အဆင့် ၇ နေရာမှာ ရာသီပြီးဆုံးနိုင်အောင် မန်ယူနိုက်တက်ရဲ့ ဘရိုက်တန်နဲ့ပွဲက ရလဒ်အတိုင်း တူညီအောင် ကစားဖို့လိုတယ်။ အက်ဒီဟောင်းအသင်းက အဲဒီလို လုပ်နိုင်မယ်ထင်ပေမယ့် လွယ်မှာမဟုတ်ဘူး။
ခန့်မှန်းပွဲပြီးရလဒ်(၂-၂)

ဘရိုက်တန်-မန်ယူနိုက်တက်

ဘရိုက်တန်က ဗုဒ္ဓဟူးနေ့က ချဲလ်ဆီးနဲ့ပွဲမှာ ဆိုးရွားတဲ့ခြေစွမ်းကို ဆက်ပြခဲ့တယ်။ စင်ရော်တွေက ဒီပွဲမှာနိုင်ရင် ထိပ်ဆုံး ၁၀ နေရာထဲမှာ ရာသီပြီးဆုံးနိုင်သေးတယ်။ ဒါပေမယ့်လည်း စိတ်ပျက်စရာရာသီဖြစ်ခဲ့လို့ သိပ်တော့မထူးပါဘူး။ မန်ချက်စတာယူနိုက်တက်က ဗုဒ္ဓဟူးနေ့က နယူးကာဆယ်ကို အနိုင်ရခဲ့ပေမယ့် အဆင့် ၈ နေရာမှာပဲ ရှိသေးတယ်။ သူတို့တွေ အဲဒီမှာသာ ရာသီပြီးဆုံးရင် သူတို့ရဲ့ရာသီကို အကောင်းဆုံးထင်ဟပ်မှုဖြစ်လာမှာပါ။
ခန့်မှန်းပွဲပြီးရလဒ်(၂-၁)

ဘန်လေ-ဖောရက်စ်

ဒီပွဲက တန်းဆင်းဇုန်အတွက် ကြီးမားတဲ့ အဆုံးအဖြတ်ပေးမယ့်ပွဲပါ။ ဘန်လေက တန်းဆင်းသွားပြီ။ ဖောရက်စ်ရဲ့ ဂိုးကွာခြားချက်သာလွန်မှုက စိတ်ချရတဲ့အနေအထားပါ။ ဘန်လေအတွက် စိတ်မကောင်းဖြစ်မိတယ်။ သူတို့တွေက ကောင်းကောင်း လုပ်ဆောင်နေတဲ့အသင်းလို့ တကယ်ထင်ခဲ့လို့ပါ။ သူတို့မှာ တောက်ပပြီး ငယ်ရွယ်တဲ့နည်းပြ ကွန်ပနီရှိပြီး သူတို့ရဲ့လူစာရင်းကိုသာ စုစုစည်းစည်းဖြစ်အောင် ထိန်းသိမ်းထားနိုင်ရင် သိပ်မကြာခင် ပရီးမီးယားလိဂ် တန်းပြန်တက်လာဦးမှာပါ။ရမှတ်လျှော့တာတွေကို ထည့်မတွက်ဘူးဆိုရင်တောင်မှ ဖောရက်စ်အနေနဲ့ တန်းမဆင်းရပေမယ့် စိတ်ပျက်စရာရာသီဖြစ်မှာပါ။ ဒီဇင်ဘာမှာ စတိဗ် ကူးပါး နေရာကို နူနို ဆန်တို အစားထိုးပြီးကတည်းက သူတို့တွေ အရင်လိုမဟုတ်တော့ဘူး။
ခန့်မှန်းပွဲပြီးရလဒ်(၁-၁)

ချဲလ်ဆီး-ဘုန်းမောက်

ဘုန်းမောက်က မကြာသေးမီက ခြေစွမ်းနည်းနည်း ကျဆင်းသွားပေမယ့် ဒီပွဲမှာ ဘာတွေပဲဖြစ်လာလာ အန်ဒိုနီ အာရီယိုလာလက်အောက်မှာ အရမ်းကောင်းတဲ့ပထမဆုံးနှစ်ကို သူတို့ပိုင်ဆိုင်ခဲ့တာပဲ။ ချဲလ်ဆီးက ၄ ပွဲဆက်နိုင်ပွဲရထားပြီး အဆင့် ၅ နေရာက စပါးနေရာကို ရယူနိုင်ရင် သူတို့အတွက် ထူးခြားတဲ့ရာသီ ဖြစ်လိမ့်မယ်။ ကျွန်တော်ကတော့ ဒီပွဲလည်း သူတို့တွေ နိုင်ပွဲဆက်ယူသွားမယ့်ဘက်ကပဲ ရှိပါတယ်။
ခန့်မှန်းပွဲပြီးရလဒ်(၃-၁)

ပဲလေ့စ်-ဗီလာ

ပဲလေ့စ်ရဲ့ အကြီးမားဆုံးစိန်ခေါ်မှုက အက်ဘရီချီ အီဇီ၊ အိုလစ်ဆေးနဲ့ မာတီတာတို့ကို ထိန်းသိမ်းထားနိုင်ဖို့ပဲ။ သူတို့တွေက ပဲလေ့စ်ကို ဒီလို အရမ်းကောင်းတဲ့ နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲနိုင် ၁ ပွဲသရေရလဒ်ရအောင် အတူတူ လုပ်ပေးခဲ့ကြတာပါ။ တနင်္ဂနွေနေ့မှာ ကျွန်တော်တို့ အဲဒီအတိုင်း ထပ်ပြီးတော့ မြင်ရမယ်ထင်တယ်။ဗီလာက လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်သူတို့ ရမယ်ဆိုတာကို သိနေတယ်။ အဲဒီတော့ အူနိုင်းနဲ့ သူ့ကစားသမားတွေအတွက်ကတော့ လုပ်စရာအလုပ်က ပြီးပြီ။
ခန့်မှန်းပွဲပြီးရလဒ်(၂-၁)

လီဗာပူးလ်-ဝုဗ်

ဒီပွဲမှာ ကျွန်တော် တစ်ဖက်သတ်ရလဒ်ပဲမြင်တယ်။ ဆာလားဂိုးသွင်းမယ်။ လီဗာပူးလ်က ကလော့ပ်ကို အပြုံးတွေနဲ့ ကွင်းထဲကနေ ထွက်သွားခွင့်ပေးလိမ့်မယ်။ ဝုဗ်က ပုံစံကောင်းမှာရှိမနေဘဲ နောက်ဆုံး ၁၀ ပွဲမှာ ၁ ပွဲပဲ နိုင်ပြီး ၇ ပွဲရှုံးခဲ့တယ်။ ခုမှ ထပြီးကောင်းလာစရာမရှိဘူး။
ခန့်မှန်းပွဲပြီးရလဒ်(၄-၀)

လူတန်-ဖူလ်ဟမ်

နောက်ဆုံး ၁၇ ပွဲမှာ ၁ ပွဲပဲ နိုင်ခဲ့တာက လူတန်ရဲ့ တန်းမဆင်းဘဲ ကျန်နေဖို့ အခွင့်အရေးတွေကို ပေးဆပ်ခဲ့ရစေတာပါ။ လူတန်အတွက် မျှော်လင့်ချက်ရှိသေးတယ်လို့ ပြောဆိုနေတာတွေရှိတယ်။ လက်တွေ့ကျကျပဲ ပြောရအောင်။ သူတို့တွေ ဖောရက်စ်ရဲ့ ကြီးမားတဲ့ ဂိုးကွာခြားချက်ကို ကျော်လွန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ရော့ဘ် အက်ဒွပ်ရဲ့အသင်းက နိုင်ပွဲရမယ်ဆိုရင်ရောဆိုရင်လည်း မဖြစ်နိုင်ဘူး။ ဖူလ်ဟမ်က ကမ်းခြေသွားဖို့တောင် ဘွတ်ကင်လုပ်ပြီးပြီလို့ စွပ်စွဲခံထားရပေမယ့်လည်း(ဘာအတွက်နဲ့မှ ကစားစရာမရှိတော့လို့ အေးအေးလူလူဖြစ်နေ)ဒီပွဲမှာ သူတို့ဘက်ကပဲ ကျွန်တော်ရှိနေမယ်။
ခန့်မှန်းပွဲပြီးရလဒ်(၁-၂)

မန်စီးတီး-ဝက်စ်ဟမ်း

မန်စီးတီးရဲ့ ပရီးမီးယားလိဂ်အောင်ပွဲ ၇ ခုထဲက ၄ ခုက ရာသီနောက်ဆုံးနေ့မှာ ရခဲ့တာပါ။ သူတို့တွေ အဲဒီထဲက ၃ ကြိမ်မှာ အနည်းဆုံး ၁-၀ နဲ့ နောက်ကနေ လိုက်ကစားခဲ့ရတာပါ။ ဒီပွဲကတော့ ကွဲပြားလိမ့်မယ်။ ဘာလို့လဲဆိုတော့ စီးတီးက ဂိုးပြတ်အနိုင်ရမှာမို့လို့ပါ။ သူတို့တွေ စောစောစီးစီးပဲ ဂိုးတွေသွင်းပြီး ဘာဒရာမာမှမခင်းဘဲ ပရီးမီးယားလိဂ်ဖလားကို ၄ နှစ်ဆက် သမိုင်းဝင်ဆွတ်ခူးသွားလိမ့်မယ်။
ခန့်မှန်းပွဲပြီးရလဒ်(၅-၀)

ရှက်ဖီး-စပါး

ဒီအပတ် ပိုစတီကိုဂလူဒေါသထွက်နေတာ ကျွန်တော်တို့ မြင်ခဲ့ရပြီး ဘာကြောင့်ဒေါသထွက်လဲဆိုတာ အပြည့်အဝ နားလည်တယ်။ သူ မန်စီးတီးနဲ့ပွဲမတိုင်ခင် အသင်းကို မှန်အောင် လုပ်နေရတာထက်စာရင် တစ်ခုခု အနိုင်ရစေချင်တယ်လို့ ပြောခဲ့တာ တကယ်သဘောကျတယ်။ ကျွန်တော်သာ စပါးဖန်ဆိုရင် အဲဒီစကားပဲ ကြားချင်မှာပါ။ သူက စပါးမှာ အနိုင်ရတဲ့ထုံးတမ်းစဉ်လာမျိုးကို တည်ဆောက်နေပြီး သူတည်ဆောက်နေတဲ့ဟာက အသင်းစိတ်ဓာတ်နဲ့ သဟဇာတဖြစ်မနေတာ ရှင်းပါတယ်။

တစ်ဖက်ကိုကြည့်ရင် စပါးဖန်တွေက အာဆင်နယ်ဖလားမရစေချင်တာကို နားလည်တယ်။ ဒါပေမယ့် ပိုစတီကိုဂလူဒေါသထွက်တာက အင်္ဂါနေ့မှာ မန်စီးတီးကို ကိုယ့်အသင်းကိုယ်ရှုံးစေချင်တဲ့ စပါးပရိသတ်အချို့တင်မဟုတ်ဘဲ အသင်းထဲက လူတွေကိုလည်း ပါပုံရတယ်။ ခင်ဗျားက အသင်းကို နိုင်ပွဲရအောင် တည်ဆောက်နေတဲ့အချိန်မှာ ဒီလို စိတ်ဓာတ်မျိုးရှိတဲ့လူတွေရှိနေရင် ပွဲတိုင်း အနိုင်ရမှာမဟုတ်ဘူး။ ရှက်ဖီးကတော့ တန်းဆင်းပြီးသားဆိုတော့ ဒီပွဲမှာ ဘာမှ တုံ့ပြန်နိုင်မှာမဟုတ်တော့ပါဘူး။ ကျွန်တော် စပါးဘက်ကပဲ ရှိပါတယ်။
ခန့်မှန်းပွဲပြီးရလဒ်(၀-၂)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္-အဲဗာတန္

ေရွာင္ဒိုက္ခ်္ရဲ႕အသင္းက ရာသီကို အားေကာင္းတဲ့အဆုံးသတ္နဲ႔ အဆုံးသတ္ေနတယ္။ ဒီပြဲမွာ အေပါင္းလကၡဏာေဆာင္တဲ့ရလဒ္နဲ႔ အဆုံးသတ္ဖို႔ကလြဲၿပီး တျခား သူ ျဖစ္ခ်င္တာရွိမယ္မထင္ဘူး။ ဒါေပမယ့္ အာဆင္နယ္ႏိုင္ပြဲထက္ပိုၿပီး ကြၽန္ေတာ္ ဘာမွ မျမင္ဘူး။
ခန႔္မွန္းပြဲၿပီးရလဒ္(၃-၀)

ဘရန႔္တ္ဖို႔ဒ္-နယူးကာဆယ္

ဘရန႔္တ္ဖို႔ဒ္က မၾကာေသးမီက ပုံစံေကာင္းျပန္ရလာၿပီး ရာသီကို ျမင့္မားတဲ့ပုံစံနဲ႔ အဆုံးသတ္ခ်င္မွာပါ။ အထူးသျဖင့္ ရာသီေနာက္ဆုံးေန႔ အိမ္ကြင္းမွာေပါ့။ သူတို႔နည္းျပ ေသာမတ္စ္ ဖရန႔္ခ္က မန္ယူႏိုက္တက္နည္းျပရာထူးနဲ႔ သတင္းထြက္ေနတယ္။ သူက အရမ္းေကာင္းတဲ့အလုပ္ကို လုပ္ခဲ့တဲ့အတြက္ ဒီလို သတင္းထြက္ေနတာ ကြၽန္ေတာ္ နားလည္တယ္။ နယူးကာဆယ္က အနည္းဆုံးေတာ့ အဆင့္ ၇ ေနရာမွာ ရာသီၿပီးဆုံးႏိုင္ေအာင္ မန္ယူႏိုက္တက္ရဲ႕ ဘ႐ိုက္တန္နဲ႔ပြဲက ရလဒ္အတိုင္း တူညီေအာင္ ကစားဖို႔လိုတယ္။ အက္ဒီေဟာင္းအသင္းက အဲဒီလို လုပ္ႏိုင္မယ္ထင္ေပမယ့္ လြယ္မွာမဟုတ္ဘူး။
ခန႔္မွန္းပြဲၿပီးရလဒ္(၂-၂)

ဘ႐ိုက္တန္-မန္ယူႏိုက္တက္

ဘ႐ိုက္တန္က ဗုဒၶဟူးေန႔က ခ်ဲလ္ဆီးနဲ႔ပြဲမွာ ဆိုး႐ြားတဲ့ေျခစြမ္းကို ဆက္ျပခဲ့တယ္။ စင္ေရာ္ေတြက ဒီပြဲမွာႏိုင္ရင္ ထိပ္ဆုံး ၁၀ ေနရာထဲမွာ ရာသီၿပီးဆုံးႏိုင္ေသးတယ္။ ဒါေပမယ့္လည္း စိတ္ပ်က္စရာရာသီျဖစ္ခဲ့လို႔ သိပ္ေတာ့မထူးပါဘူး။ မန္ခ်က္စတာယူႏိုက္တက္က ဗုဒၶဟူးေန႔က နယူးကာဆယ္ကို အႏိုင္ရခဲ့ေပမယ့္ အဆင့္ ၈ ေနရာမွာပဲ ရွိေသးတယ္။ သူတို႔ေတြ အဲဒီမွာသာ ရာသီၿပီးဆုံးရင္ သူတို႔ရဲ႕ရာသီကို အေကာင္းဆုံးထင္ဟပ္မႈျဖစ္လာမွာပါ။
ခန႔္မွန္းပြဲၿပီးရလဒ္(၂-၁)

ဘန္ေလ-ေဖာရက္စ္

ဒီပြဲက တန္းဆင္းဇုန္အတြက္ ႀကီးမားတဲ့ အဆုံးအျဖတ္ေပးမယ့္ပြဲပါ။ ဘန္ေလက တန္းဆင္းသြားၿပီ။ ေဖာရက္စ္ရဲ႕ ဂိုးကြာျခားခ်က္သာလြန္မႈက စိတ္ခ်ရတဲ့အေနအထားပါ။ ဘန္ေလအတြက္ စိတ္မေကာင္းျဖစ္မိတယ္။ သူတို႔ေတြက ေကာင္းေကာင္း လုပ္ေဆာင္ေနတဲ့အသင္းလို႔ တကယ္ထင္ခဲ့လို႔ပါ။ သူတို႔မွာ ေတာက္ပၿပီး ငယ္႐ြယ္တဲ့နည္းျပ ကြန္ပနီရွိၿပီး သူတို႔ရဲ႕လူစာရင္းကိုသာ စုစုစည္းစည္းျဖစ္ေအာင္ ထိန္းသိမ္းထားႏိုင္ရင္ သိပ္မၾကာခင္ ပရီးမီးယားလိဂ္ တန္းျပန္တက္လာဦးမွာပါ။ရမွတ္ေလွ်ာ့တာေတြကို ထည့္မတြက္ဘူးဆိုရင္ေတာင္မွ ေဖာရက္စ္အေနနဲ႔ တန္းမဆင္းရေပမယ့္ စိတ္ပ်က္စရာရာသီျဖစ္မွာပါ။ ဒီဇင္ဘာမွာ စတိဗ္ ကူးပါး ေနရာကို ႏူႏို ဆန္တို အစားထိုးၿပီးကတည္းက သူတို႔ေတြ အရင္လိုမဟုတ္ေတာ့ဘူး။
ခန႔္မွန္းပြဲၿပီးရလဒ္(၁-၁)

ခ်ဲလ္ဆီး-ဘုန္းေမာက္

ဘုန္းေမာက္က မၾကာေသးမီက ေျခစြမ္းနည္းနည္း က်ဆင္းသြားေပမယ့္ ဒီပြဲမွာ ဘာေတြပဲျဖစ္လာလာ အန္ဒိုနီ အာရီယိုလာလက္ေအာက္မွာ အရမ္းေကာင္းတဲ့ပထမဆုံးႏွစ္ကို သူတို႔ပိုင္ဆိုင္ခဲ့တာပဲ။ ခ်ဲလ္ဆီးက ၄ ပြဲဆက္ႏိုင္ပြဲရထားၿပီး အဆင့္ ၅ ေနရာက စပါးေနရာကို ရယူႏိုင္ရင္ သူတို႔အတြက္ ထူးျခားတဲ့ရာသီ ျဖစ္လိမ့္မယ္။ ကြၽန္ေတာ္ကေတာ့ ဒီပြဲလည္း သူတို႔ေတြ ႏိုင္ပြဲဆက္ယူသြားမယ့္ဘက္ကပဲ ရွိပါတယ္။
ခန႔္မွန္းပြဲၿပီးရလဒ္(၃-၁)

ပဲေလ့စ္-ဗီလာ

ပဲေလ့စ္ရဲ႕ အႀကီးမားဆုံးစိန္ေခၚမႈက အက္ဘရီခ်ီ အီဇီ၊ အိုလစ္ေဆးနဲ႔ မာတီတာတို႔ကို ထိန္းသိမ္းထားႏိုင္ဖို႔ပဲ။ သူတို႔ေတြက ပဲေလ့စ္ကို ဒီလို အရမ္းေကာင္းတဲ့ ေနာက္ဆုံး ၆ ပြဲမွာ ၅ ပြဲႏိုင္ ၁ ပြဲသေရရလဒ္ရေအာင္ အတူတူ လုပ္ေပးခဲ့ၾကတာပါ။ တနဂၤေႏြေန႔မွာ ကြၽန္ေတာ္တို႔ အဲဒီအတိုင္း ထပ္ၿပီးေတာ့ ျမင္ရမယ္ထင္တယ္။ဗီလာက လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္သူတို႔ ရမယ္ဆိုတာကို သိေနတယ္။ အဲဒီေတာ့ အူႏိုင္းနဲ႔ သူ႔ကစားသမားေတြအတြက္ကေတာ့ လုပ္စရာအလုပ္က ၿပီးၿပီ။
ခန႔္မွန္းပြဲၿပီးရလဒ္(၂-၁)

လီဗာပူးလ္-ဝုဗ္

ဒီပြဲမွာ ကြၽန္ေတာ္ တစ္ဖက္သတ္ရလဒ္ပဲျမင္တယ္။ ဆာလားဂိုးသြင္းမယ္။ လီဗာပူးလ္က ကေလာ့ပ္ကို အၿပဳံးေတြနဲ႔ ကြင္းထဲကေန ထြက္သြားခြင့္ေပးလိမ့္မယ္။ ဝုဗ္က ပုံစံေကာင္းမွာရွိမေနဘဲ ေနာက္ဆုံး ၁၀ ပြဲမွာ ၁ ပြဲပဲ ႏိုင္ၿပီး ၇ ပြဲရႈံးခဲ့တယ္။ ခုမွ ထၿပီးေကာင္းလာစရာမရွိဘူး။
ခန႔္မွန္းပြဲၿပီးရလဒ္(၄-၀)

လူတန္-ဖူလ္ဟမ္

ေနာက္ဆုံး ၁၇ ပြဲမွာ ၁ ပြဲပဲ ႏိုင္ခဲ့တာက လူတန္ရဲ႕ တန္းမဆင္းဘဲ က်န္ေနဖို႔ အခြင့္အေရးေတြကို ေပးဆပ္ခဲ့ရေစတာပါ။ လူတန္အတြက္ ေမွ်ာ္လင့္ခ်က္ရွိေသးတယ္လို႔ ေျပာဆိုေနတာေတြရွိတယ္။ လက္ေတြ႕က်က်ပဲ ေျပာရေအာင္။ သူတို႔ေတြ ေဖာရက္စ္ရဲ႕ ႀကီးမားတဲ့ ဂိုးကြာျခားခ်က္ကို ေက်ာ္လြန္ဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။ ေရာ့ဘ္ အက္ဒြပ္ရဲ႕အသင္းက ႏိုင္ပြဲရမယ္ဆိုရင္ေရာဆိုရင္လည္း မျဖစ္ႏိုင္ဘူး။ ဖူလ္ဟမ္က ကမ္းေျခသြားဖို႔ေတာင္ ဘြတ္ကင္လုပ္ၿပီးၿပီလို႔ စြပ္စြဲခံထားရေပမယ့္လည္း(ဘာအတြက္နဲ႔မွ ကစားစရာမရွိေတာ့လို႔ ေအးေအးလူလူျဖစ္ေန)ဒီပြဲမွာ သူတို႔ဘက္ကပဲ ကြၽန္ေတာ္ရွိေနမယ္။
ခန႔္မွန္းပြဲၿပီးရလဒ္(၁-၂)

မန္စီးတီး-ဝက္စ္ဟမ္း

မန္စီးတီးရဲ႕ ပရီးမီးယားလိဂ္ေအာင္ပြဲ ၇ ခုထဲက ၄ ခုက ရာသီေနာက္ဆုံးေန႔မွာ ရခဲ့တာပါ။ သူတို႔ေတြ အဲဒီထဲက ၃ ႀကိမ္မွာ အနည္းဆုံး ၁-၀ နဲ႔ ေနာက္ကေန လိုက္ကစားခဲ့ရတာပါ။ ဒီပြဲကေတာ့ ကြဲျပားလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ စီးတီးက ဂိုးျပတ္အႏိုင္ရမွာမို႔လို႔ပါ။ သူတို႔ေတြ ေစာေစာစီးစီးပဲ ဂိုးေတြသြင္းၿပီး ဘာဒရာမာမွမခင္းဘဲ ပရီးမီးယားလိဂ္ဖလားကို ၄ ႏွစ္ဆက္ သမိုင္းဝင္ဆြတ္ခူးသြားလိမ့္မယ္။
ခန႔္မွန္းပြဲၿပီးရလဒ္(၅-၀)

ရွက္ဖီး-စပါး

ဒီအပတ္ ပိုစတီကိုဂလူေဒါသထြက္ေနတာ ကြၽန္ေတာ္တို႔ ျမင္ခဲ့ရၿပီး ဘာေၾကာင့္ေဒါသထြက္လဲဆိုတာ အျပည့္အဝ နားလည္တယ္။ သူ မန္စီးတီးနဲ႔ပြဲမတိုင္ခင္ အသင္းကို မွန္ေအာင္ လုပ္ေနရတာထက္စာရင္ တစ္ခုခု အႏိုင္ရေစခ်င္တယ္လို႔ ေျပာခဲ့တာ တကယ္သေဘာက်တယ္။ ကြၽန္ေတာ္သာ စပါးဖန္ဆိုရင္ အဲဒီစကားပဲ ၾကားခ်င္မွာပါ။ သူက စပါးမွာ အႏိုင္ရတဲ့ထုံးတမ္းစဥ္လာမ်ိဳးကို တည္ေဆာက္ေနၿပီး သူတည္ေဆာက္ေနတဲ့ဟာက အသင္းစိတ္ဓာတ္နဲ႔ သဟဇာတျဖစ္မေနတာ ရွင္းပါတယ္။

တစ္ဖက္ကိုၾကည့္ရင္ စပါးဖန္ေတြက အာဆင္နယ္ဖလားမရေစခ်င္တာကို နားလည္တယ္။ ဒါေပမယ့္ ပိုစတီကိုဂလူေဒါသထြက္တာက အဂၤါေန႔မွာ မန္စီးတီးကို ကိုယ့္အသင္းကိုယ္ရႈံးေစခ်င္တဲ့ စပါးပရိသတ္အခ်ိဳ႕တင္မဟုတ္ဘဲ အသင္းထဲက လူေတြကိုလည္း ပါပုံရတယ္။ ခင္ဗ်ားက အသင္းကို ႏိုင္ပြဲရေအာင္ တည္ေဆာက္ေနတဲ့အခ်ိန္မွာ ဒီလို စိတ္ဓာတ္မ်ိဳးရွိတဲ့လူေတြရွိေနရင္ ပြဲတိုင္း အႏိုင္ရမွာမဟုတ္ဘူး။ ရွက္ဖီးကေတာ့ တန္းဆင္းၿပီးသားဆိုေတာ့ ဒီပြဲမွာ ဘာမွ တုံ႔ျပန္ႏိုင္မွာမဟုတ္ေတာ့ပါဘူး။ ကြၽန္ေတာ္ စပါးဘက္ကပဲ ရွိပါတယ္။
ခန႔္မွန္းပြဲၿပီးရလဒ္(၀-၂)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.