Premier League

လီယွန်နယ် မက်ဆီနဲ့ပတ်သက်ပြီး စိတ်ဝင်စားဖွယ် ပြောဆိုလိုက်တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဟာ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီနဲ့ပတ်သက်ပြီး စိတ်ဝင်စားဖွယ် ပြောဆိုမှု ပြုလုပ်ခဲ့ပါတယ်။

ဒတ်ချ်လူမျိုးနည်းပြက အာဂျင်တီးနား စူပါစတားဟာ နှစ်ယောက်မရှိနိုင်တဲ့ ဘောလုံးသမားမျိုးဖြစ်ပြီး ဘယ်ကစားသမားနဲ့မှ နှိုင်းယှဉ်လို့ မရနိုင်တဲ့သူလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

တန်ဟက်က လီယွန်နယ် မက်ဆီရဲ့ ပါရမီရင့်သန်မှုကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တကမ္ဘာလုံး မျက်မြင်တွေ့ခဲ့ကြပြီးဖြစ်တယ်လို့ ပြောကြားခဲ့ပြီး Sky Sports နဲ့ တွေ့ဆုံရာမှာ အခုလိုပဲ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

“မက်ဆီဆိုတာ တစ်ယောက်တည်းပဲ ရှိတယ်။ ကျွန်တော်တို့ အဲဒါကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မြင်တွေ့ခဲ့ရတယ်။ ကျန်တဲ့သူတွေကတော့ အလုပ်လုပ်ပြီး အသင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်အောင် လုပ်ရမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ယနေ့ညမှာ အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဆုဖလားပြိုင်ပွဲအတွက် အရေးကြီးတဲ့ အဆုံးအဖြတ်ပွဲစဉ်လည်း ဖြစ်လာမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းသာ အမ်းမရိတ်စ်မှာ အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် အာဆင်နယ်နဲ့ ရမှတ်ကွာဟမှုကို ၅ မှတ်အထိ လျှော့ချနိုင်မှာဖြစ်ပေမယ့်လည်း ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ ဂန်းနားတွေနဲ့ ၁၁ မှတ်အထိ ကွာဟသွားတော့မှာဖြစ်ပါတယ်။ အဲရစ် တန်ဟက်က အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်နဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ်တို့ကိုလည်း ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

“သူတို့တွေ အရမ်းကောင်းတဲ့ကစားသမား ၂ ဦးပါ။ အရမ်း စွမ်းရည်ပြည့်ဝပြီး သူတို့တွေက ဂိုးတွေ သွင်းယူနိုင်တယ်။ သူတို့တွေရဲ့ အရည်အချင်းတွေနဲ့ ခေတ်သစ်ဘောလုံးသမားတွေကို ကိုယ်စားပြုနေတယ်။ သူတို့တွေက ကောင်းမွန်တဲ့ ဘောလုံးကစားပုံကို ကစားနေပြီး အသင်းအတွက် အလုပ်လုပ်ရမယ်ဆိုတာကို သိကြတယ်။ သူတို့တွေက အသင်းကစားသမားဖြစ်ပြီး သူတို့ရဲ့အရည်အချင်းတွေကို အသင်းကို ပိုကောင်းမွန်လာအောင် အသုံးပြုကြတယ်။ တစ်ဦးချင်းစွမ်းရည်တွေက အသင်းရဲ့ အကျိုးစီးပွားအတွက်ပဲလေ”လို့ ပြောကြားခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္ဟာ ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီနဲ႔ပတ္သက္ၿပီး စိတ္ဝင္စားဖြယ္ ေျပာဆိုမႈ ျပဳလုပ္ခဲ့ပါတယ္။

ဒတ္ခ်္လူမ်ိဳးနည္းျပက အာဂ်င္တီးနား စူပါစတားဟာ ႏွစ္ေယာက္မရွိႏိုင္တဲ့ ေဘာလုံးသမားမ်ိဳးျဖစ္ၿပီး ဘယ္ကစားသမားနဲ႔မွ ႏႈိင္းယွဥ္လို႔ မရႏိုင္တဲ့သူလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

တန္ဟက္က လီယြန္နယ္ မက္ဆီရဲ႕ ပါရမီရင့္သန္မႈကို ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ တကမာၻလုံး မ်က္ျမင္ေတြ႕ခဲ့ၾကၿပီးျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး Sky Sports နဲ႔ ေတြ႕ဆုံရာမွာ အခုလိုပဲ ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

“မက္ဆီဆိုတာ တစ္ေယာက္တည္းပဲ ရွိတယ္။ ကြၽန္ေတာ္တို႔ အဲဒါကို ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ျမင္ေတြ႕ခဲ့ရတယ္။ က်န္တဲ့သူေတြကေတာ့ အလုပ္လုပ္ၿပီး အသင္းရဲ႕ အစိတ္အပိုင္းတစ္ခု ျဖစ္ေအာင္ လုပ္ရမွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ယေန႔ညမွာ အမွတ္ေပးဇယားဦးေဆာင္သူ အာဆင္နယ္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ဆုဖလားၿပိဳင္ပြဲအတြက္ အေရးႀကီးတဲ့ အဆုံးအျဖတ္ပြဲစဥ္လည္း ျဖစ္လာမွာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းသာ အမ္းမရိတ္စ္မွာ အႏိုင္ကစားႏိုင္ခဲ့မယ္ဆိုရင္ အာဆင္နယ္နဲ႔ ရမွတ္ကြာဟမႈကို ၅ မွတ္အထိ ေလွ်ာ့ခ်ႏိုင္မွာျဖစ္ေပမယ့္လည္း ရႈံးနိမ့္ခဲ့မယ္ဆိုရင္ေတာ့ ဂန္းနားေတြနဲ႔ ၁၁ မွတ္အထိ ကြာဟသြားေတာ့မွာျဖစ္ပါတယ္။ အဲရစ္ တန္ဟက္က အာဆင္နယ္အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကိုလည္း ခ်ီးက်ဴး ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

“သူတို႔ေတြ အရမ္းေကာင္းတဲ့ကစားသမား ၂ ဦးပါ။ အရမ္း စြမ္းရည္ျပည့္ဝၿပီး သူတို႔ေတြက ဂိုးေတြ သြင္းယူႏိုင္တယ္။ သူတို႔ေတြရဲ႕ အရည္အခ်င္းေတြနဲ႔ ေခတ္သစ္ေဘာလုံးသမားေတြကို ကိုယ္စားျပဳေနတယ္။ သူတို႔ေတြက ေကာင္းမြန္တဲ့ ေဘာလုံးကစားပုံကို ကစားေနၿပီး အသင္းအတြက္ အလုပ္လုပ္ရမယ္ဆိုတာကို သိၾကတယ္။ သူတို႔ေတြက အသင္းကစားသမားျဖစ္ၿပီး သူတို႔ရဲ႕အရည္အခ်င္းေတြကို အသင္းကို ပိုေကာင္းမြန္လာေအာင္ အသုံးျပဳၾကတယ္။ တစ္ဦးခ်င္းစြမ္းရည္ေတြက အသင္းရဲ႕ အက်ိဳးစီးပြားအတြက္ပဲေလ”လို႔ ေျပာၾကားခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.