Other Leagues

အယ်လ်နက်ဆာရဲ့အကြီးမားဆုံးပြိုင်ဘက်ကို စကေးပြပြီး ရူးခါစေခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ် နက်ဆာရဲ့ အကြီးမားဆုံးပြိုင်ဘက် အယ်လ် ဟီလာလ်နဲ့ ရင်ဆိုင်ကစားခဲ့ဖူးပြီး နောက်ဆုံးတစ်ကြိမ် တွေ့ဆုံခဲ့တုန်းက ၎င်းရဲ့ ရယ်ရွှင်ဖွယ်ကောင်းတဲ့ စကေးပြမှုတွေနဲ့ လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုရဲ့ အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့မှုက ၎င်းအနေနဲ့ ကစားသမားဘဝတလျှောက်လုံး အမြဲတစေ ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်တွေထက် အများကြီးပိုဆိုးရွားတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ကစားရတော့မယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်လ်ဒိုအတွက် အရှေ့အလယ်ပိုင်းက ပထမဆုံးပွဲစဉ်ဟာ လီယွန်နယ် မက်ဆီဦးဆောင်လာတဲ့ ပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ထိပ်တန်းအဆင့် ခြေစွမ်းနဲ့သွင်းဂိုး ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ လိဂန်းအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ၎င်းရဲ့ လှည့်ကွက်တွေအားလုံးကို ထုတ်သုံးခဲ့ပြီး အထင်ကြီးဖွယ် ခြေစွမ်းပြသခဲ့ပေမယ့်လည်း ရီယက်ဒ်ကြယ်စင်စုအသင်းက ၅-၄ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ဆော်ဒီ အာရေဗျမှာ အထင်ကြီးဖွယ်ခြေစွမ်းပြသခဲ့တာက ပထမဆုံးအကြိမ်တော့မဟုတ်ခဲ့ဘဲ ၂၀၀၈ ခုနှစ်တုန်းက ရာသီလယ် ခြေစမ်းပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က အယ်လ် ဟီလာလ်နဲ့ ယှဉ်ပြိုင်ကစားခဲ့ချိန်တုန်းက ပါဝင်ကစားပေးခဲ့ဖူးတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ရရှိခဲ့တဲ့ မယုံနိုင်ဖွယ်ရာသီဖြစ်ခဲ့ပြီး ရော်နယ်လ်ဒိုဟာ အဲဒီရာသီမှာ ၄၂ ဂိုးအထိ မယုံနိုင်ဖွယ် သွင်းယူနိုင်ခဲ့သလို အယ်လ် ဟီလာလ်နဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲမှာလည်း ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အိမ်ရှင် အယ်လ် ဟီလာလ်အသင်းက ဦးဆောင်ဂိုးကို သွင်းယူခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒိုက ကားလို့စ် တီဗက်ဇ် ချေပဂိုးသွင်းယူနိုင်အောင် ဂိုးဖန်တီးပေးခဲ့ပြီးနောက် နာနီရဲ့ ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အယ်လ် ဟီလာလ်အသင်းက ပင်နယ်တီကနေ ချေပဂိုးကို ပြန်လည်သွင်းယူသွားခဲ့ပြီးနောက် ဘာဒါ အယ်လ် ခေါ်ရေရှာက ဒုတိယအကြိမ် ဆော်ဒီတွေအတွက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပြီး အသက် ၁၇ နှစ်အရွယ် ဒန်နီ ဝဲလ်ဘက်ခ်က နောက်ကျ ချေပဂိုး သွင်းယူနိုင်မယ့် အခွင့်အရေးကို ပင်နယ်တီကန်သွင်းခွင့်ရခဲ့ပေမယ့် လွဲချော်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ အရှေ့အလယ်ပိုင်းကို နောက်ထပ်တကျော့ပြန် ရောက်ရှိလာချိန်မှာလည်း ပီအက်စ်ဂျီနဲ့ပွဲမှာ သွင်းဂိုး ၂ ဂိုးနဲ့ ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားဆုကို ရယူပြီး အယ်လ် နက်ဆာရဲ့ပြိုင်ဘက်တွေကို ထိတ်လန့်စေခဲ့ပြန်တာဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အယ္လ္ နက္ဆာရဲ႕ အႀကီးမားဆုံးၿပိဳင္ဘက္ အယ္လ္ ဟီလာလ္နဲ႔ ရင္ဆိုင္ကစားခဲ့ဖူးၿပီး ေနာက္ဆုံးတစ္ႀကိမ္ ေတြ႕ဆုံခဲ့တုန္းက ၎ရဲ႕ ရယ္႐ႊင္ဖြယ္ေကာင္းတဲ့ စေကးျပမႈေတြနဲ႔ ေလွာင္ေျပာင္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုရဲ႕ အေရွ႕အလယ္ပိုင္းကို ေျပာင္းေ႐ႊ႕မႈက ၎အေနနဲ႔ ကစားသမားဘဝတေလွ်ာက္လုံး အၿမဲတေစ ရင္ဆိုင္ခဲ့ရတဲ့ ၿပိဳင္ဘက္ေတြထက္ အမ်ားႀကီးပိုဆိုး႐ြားတဲ့ ၿပိဳင္ဘက္ေတြနဲ႔ ရင္ဆိုင္ကစားရေတာ့မယ္ဆိုတဲ့ အဓိပၸာယ္ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေရာ္နယ္လ္ဒိုအတြက္ အေရွ႕အလယ္ပိုင္းက ပထမဆုံးပြဲစဥ္ဟာ လီယြန္နယ္ မက္ဆီဦးေဆာင္လာတဲ့ ပီအက္စ္ဂ်ီအသင္းနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ ထိပ္တန္းအဆင့္ ေျခစြမ္းနဲ႔သြင္းဂိုး ၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ လိဂန္းအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ၎ရဲ႕ လွည့္ကြက္ေတြအားလုံးကို ထုတ္သုံးခဲ့ၿပီး အထင္ႀကီးဖြယ္ ေျခစြမ္းျပသခဲ့ေပမယ့္လည္း ရီယက္ဒ္ၾကယ္စင္စုအသင္းက ၅-၄ နဲ႔ ရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ေဆာ္ဒီ အာေရဗ်မွာ အထင္ႀကီးဖြယ္ေျခစြမ္းျပသခဲ့တာက ပထမဆုံးအႀကိမ္ေတာ့မဟုတ္ခဲ့ဘဲ ၂၀၀၈ ခုႏွစ္တုန္းက ရာသီလယ္ ေျခစမ္းပြဲစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္က အယ္လ္ ဟီလာလ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ခ်ိန္တုန္းက ပါဝင္ကစားေပးခဲ့ဖူးတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ဖလားတို႔ကို ရရွိခဲ့တဲ့ မယုံႏိုင္ဖြယ္ရာသီျဖစ္ခဲ့ၿပီး ေရာ္နယ္လ္ဒိုဟာ အဲဒီရာသီမွာ ၄၂ ဂိုးအထိ မယုံႏိုင္ဖြယ္ သြင္းယူႏိုင္ခဲ့သလို အယ္လ္ ဟီလာလ္နဲ႔ကစားခဲ့တဲ့ ေျခစမ္းပြဲမွာလည္း ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ အိမ္ရွင္ အယ္လ္ ဟီလာလ္အသင္းက ဦးေဆာင္ဂိုးကို သြင္းယူခဲ့တာျဖစ္ၿပီး ေရာ္နယ္လ္ဒိုက ကားလို႔စ္ တီဗက္ဇ္ ေခ်ပဂိုးသြင္းယူႏိုင္ေအာင္ ဂိုးဖန္တီးေပးခဲ့ၿပီးေနာက္ နာနီရဲ႕ ေထာင့္ကန္ေဘာကေန ေခါင္းတိုက္သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အယ္လ္ ဟီလာလ္အသင္းက ပင္နယ္တီကေန ေခ်ပဂိုးကို ျပန္လည္သြင္းယူသြားခဲ့ၿပီးေနာက္ ဘာဒါ အယ္လ္ ေခၚေရရွာက ဒုတိယအႀကိမ္ ေဆာ္ဒီေတြအတြက္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့ၿပီး အသက္ ၁၇ ႏွစ္အ႐ြယ္ ဒန္နီ ဝဲလ္ဘက္ခ္က ေနာက္က် ေခ်ပဂိုး သြင္းယူႏိုင္မယ့္ အခြင့္အေရးကို ပင္နယ္တီကန္သြင္းခြင့္ရခဲ့ေပမယ့္ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ အေရွ႕အလယ္ပိုင္းကို ေနာက္ထပ္တေက်ာ့ျပန္ ေရာက္ရွိလာခ်ိန္မွာလည္း ပီအက္စ္ဂ်ီနဲ႔ပြဲမွာ သြင္းဂိုး ၂ ဂိုးနဲ႔ ပြဲစဥ္တေလွ်ာက္ အေကာင္းဆုံးကစားသမားဆုကို ရယူၿပီး အယ္လ္ နက္ဆာရဲ႕ၿပိဳင္ဘက္ေတြကို ထိတ္လန႔္ေစခဲ့ျပန္တာျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.