Other Leagues

အမေရိကားပြန်တော့ လခွမ်းပဲလို့ ပရိသတ်တွေ ပြောတာခံခဲ့ရတဲ့ ဝိန်း ရူနီ

ဝိန်း ရူနီဟာ ဗုဒ္ဓဟူးနေ့ည စိန့် အန်ဒရူးစ်မှာ ဟားလ်စီးတီးကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ကွင်းအပြင်မှာ ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပြီးနောက် ဘာမင်ဟမ်ရဲ့ တိုက်ပွဲဝင်စိတ်ကင်းမဲ့နေမှုကို စိုးရိမ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

အင်္ဂလန်နဲ့ မန်ချက်စတာယူနိုက်တက်ဂန္တဝင်ဟာ ယခုလအစောပိုင်းမှာ ဘာမင်ဟမ်နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညမှာ ပထမဆုံး အိမ်ကွင်းပွဲစဉ်ကို တာဝန်ယူကိုင်တွယ်ခဲ့ပေမယ့်လည်း လီယမ် ဒီလက်ရဲ့ အစောပိုင်း ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရပြီးနောက် အရာအားလုံးက ထင်ထားသလို ဖြစ်မလာခဲ့တာဖြစ်ပါတယ်။

ဂျေဒန် ဖီလိုဂျင်းက ၇၄ မိနစ်မှာ ဘာမင်ဟမ် ပြန်မလာနိုင်စေမယ့် နောက်ထပ် ဦးဆောင်ဂိုးကို ဟားလ်စီးတီးအတွက် သွင်းယူသွားခဲ့ပြီး ကွင်းအပြင်မှာ ဘာမင်ဟမ်အသင်းဟာ လှောင်ပြောင်ခံခဲ့ရသလို ပရိသတ်တစ်ဦးကဆိုရင် ဝိန်း ရူနီကို အမေရိကားကို ပြန်တော့ လခွမ်းပဲလို့တောင် အော်ဟစ်ခဲ့တာဖြစ်ပါတယ်။

ဒီစီယူနိုက်တက်နည်းပြဟောင်းအတွက်တော့ နောက်ထပ်စိတ်ပျက်စရာညတစ်ညဖြစ်ခဲ့တာဖြစ်ပြီး ပထမဆုံး တာဝန်ယူကိုင်တွယ်ခဲ့တဲ့ မစ်ဒယ်ဘရော့နဲ့ပွဲစဉ်မှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နောက်ထပ် ရှုံးပွဲနဲ့ ထပ်မံရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ခက်ခဲတဲ့ပွဲစဉ်အဖြစ် ဆောက်သမ်တန်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲစဉ်က စောင့်ဆိုင်းနေပြီး ဂျွန် ယူးစတက်ရဲ့နေရာမှာ အစားထိုး ခန့်အပ်ခံခဲ့ရပြီးနောက်ပိုင်း ဝိန်း ရူနီရဲ့ ဘာမင်ဟမ်ဟာ ၂ ပတ်အတွင်း အဆင့် ၆ နေရာကနေ ၁၂ နေရာအထိ ကျဆင်းသွားခဲ့သလို အိမ်ကွင်းရှုံးပွဲမရှိစံချိန်လည်း ကျိုးပျက်ခဲ့တာဖြစ်ပါတယ်။

ဝိန်း ရူနီဟာ အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်ခဲ့ပြီး အထူးသဖြင့် ဒုတိယဂိုးပေးလိုက်ရတာကို တုံ့ပြန်ခဲ့တဲ့ပုံစံကို သဘောမကျဖြစ်ခဲ့တာကြောင့် အပြောင်းအလဲတွေ ပြုလုပ်သွားမယ်လို့ အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။

“ကောင်းမွန်တဲ့အခိုက်အတန့်အချို့ရှိခဲ့ပြီး ပြီးတော့ ပထမဂိုးပေးလိုက်ရတယ်။ ဘယ်လိုဖြစ်ပြီး အဲဒီလိုဖြစ်သွားခဲ့တာလဲ။ တကယ်ကို စိတ်ပျက်စရာကောင်းခဲ့တယ်။ ကျွန်တော်တို့ဘာသာ ပြဿနာတွေ အများကြီးဖန်တီးခဲ့တယ်လို့ တွေးမိခဲ့ပါတယ်။ ဘောလုံးကို လွယ်လွယ်နဲ့ ပေးပစ်ခဲ့တယ်။ အထူးသဖြင့် ကျွန်တော်တို့ ကစားဖို့ ကြိုးစားနေတဲ့အချိန်မှာပေါ့။ အဲဒီတော့ တကယ်ကို စိတ်ပျက်စရာကောင်းခဲ့ပါတယ်။ ဒုတိယဂိုးက ကျွန်တော်တို့အတွက် ခက်ခဲစေခဲ့ပါတယ်။ ကျွန်တော် အသင်းသားတွေကို ပြောခဲ့တယ်။ ကျွန်တော်သူတို့နဲ့ အမြဲတမ်း ပွင့်ပွင့်လင်းလင်းပဲ ပြောတယ်။ သူတို့တွေ ဒုတိယဂိုးရပြီးတဲ့နောက်မှာ ဘာတုံ့ပြန်မှုမှ ကျွန်တော် မမြင်ခဲ့ရတာက စိတ်ပျက်စရာအကောင်းဆုံးအရာဖြစ်ခဲ့ပါတယ်။ ဒါမျိုး ထပ်ဖြစ်လို့မရဘူး။ သူတို့တွေ အဲဒါကို သတိပြုမိကြပါတယ်။ အဲဒီတော့ စိတ်ပျက်စရာညနေပါ။ ဒါပေမယ့် ကျွန်တော်တို့ နည်းနည်းပိုပြီး လုပ်နိုင်ခဲ့သင့်တဲ့ ကောင်းမွန်တဲ့အခိုက်အတန့်လေးတွေရှိခဲ့တယ်လို့ ကျွန်တော် ခံစားမိခဲ့ပါတယ်။ ကျွန်တော် စနေနေ့က လူစာရင်းကို ဒီည အပြောင်းအလဲလုပ်ခဲ့တယ်။ ခင်ဗျားက ခုမှ ကစားသမားတွေရဲ့ စရိုက်ကို သိဖို့ ကြိုးစားနေရတုန်းပဲဆိုတာ သိသာပါတယ်။ ကျွန်တော် သူတို့ကို ပြောခဲ့တယ်။ ဒီပွဲ နောက်ဆုံး ၁၀ မိနစ်က ကျွန်တော့်ကို အများကြီး ပြသခဲ့တယ်လို့ ပြောခဲ့တယ်။ ပထမဆုံး မိနစ် ၈၀ မှာ ကျွန်တော်တို့ ပိုကောင်းအောင်လုပ်နိုင်ခဲ့တဲ့ အရာတွေရှိခဲ့ပါတယ်။ ကျွန်တော်တို့ အဆင်ပြေပြေလုပ်နိုင်ခဲ့တဲ့အရာတွေ ရှိပါတယ်။ ဒါပေမယ့် နောက်ဆုံး ၁၀ မိနစ်က ကျွန်တော့်ကို အများကြီး ပြသခဲ့တယ်။ ဒါက ကျွန်တော် လက်မခံနိုင်တဲ့တစ်စုံတရာပါ။ ကစားသမားတွေအားလုံးနီးပါး တိုက်ပွဲမဝင်တာကို မြင်နေရတယ်။ ပွဲကစားချိန် ၁၀ မိနစ်၊ ၁၅ မိနစ်လောက် ကျန်နေသေးတာကို မပြေးလွှားကြဘူး။ ခင်ဗျားသာ ဂိုးရခဲ့မယ်ဆိုရင် ပွဲထဲ ပြန်ဝင်လာနိုင်မှာပါ။ အဲဒီတော့ ဒါက ကျွန်တော့်အတွက် စိုးရိမ်စရာဖြစ်ခဲ့ပြီး နောက်ထပ် ထပ်ဖြစ်လို့မရတဲ့အရာလည်း ဖြစ်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဝိန္း ႐ူနီဟာ ဗုဒၶဟူးေန႔ည စိန႔္ အန္ဒ႐ူးစ္မွာ ဟားလ္စီးတီးကို ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ကြင္းအျပင္မွာ ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္ျခင္းကို ခံခဲ့ရၿပီးေနာက္ ဘာမင္ဟမ္ရဲ႕ တိုက္ပြဲဝင္စိတ္ကင္းမဲ့ေနမႈကို စိုးရိမ္မိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အဂၤလန္နဲ႔ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ဟာ ယခုလအေစာပိုင္းမွာ ဘာမင္ဟမ္နည္းျပသစ္အျဖစ္ ခန႔္အပ္ျခင္းခံခဲ့ရသူျဖစ္ၿပီး ဗုဒၶဟူးေန႔ညမွာ ပထမဆုံး အိမ္ကြင္းပြဲစဥ္ကို တာဝန္ယူကိုင္တြယ္ခဲ့ေပမယ့္လည္း လီယမ္ ဒီလက္ရဲ႕ အေစာပိုင္း ဦးေဆာင္ဂိုးကို ခြင့္ျပဳခဲ့ရၿပီးေနာက္ အရာအားလုံးက ထင္ထားသလို ျဖစ္မလာခဲ့တာျဖစ္ပါတယ္။

ေဂ်ဒန္ ဖီလိုဂ်င္းက ၇၄ မိနစ္မွာ ဘာမင္ဟမ္ ျပန္မလာႏိုင္ေစမယ့္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို ဟားလ္စီးတီးအတြက္ သြင္းယူသြားခဲ့ၿပီး ကြင္းအျပင္မွာ ဘာမင္ဟမ္အသင္းဟာ ေလွာင္ေျပာင္ခံခဲ့ရသလို ပရိသတ္တစ္ဦးကဆိုရင္ ဝိန္း ႐ူနီကို အေမရိကားကို ျပန္ေတာ့ လခြမ္းပဲလို႔ေတာင္ ေအာ္ဟစ္ခဲ့တာျဖစ္ပါတယ္။

ဒီစီယူႏိုက္တက္နည္းျပေဟာင္းအတြက္ေတာ့ ေနာက္ထပ္စိတ္ပ်က္စရာညတစ္ညျဖစ္ခဲ့တာျဖစ္ၿပီး ပထမဆုံး တာဝန္ယူကိုင္တြယ္ခဲ့တဲ့ မစ္ဒယ္ဘေရာ့နဲ႔ပြဲစဥ္မွာ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ေနာက္ထပ္ ရႈံးပြဲနဲ႔ ထပ္မံရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ခက္ခဲတဲ့ပြဲစဥ္အျဖစ္ ေဆာက္သမ္တန္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမယ့္ပြဲစဥ္က ေစာင့္ဆိုင္းေနၿပီး ဂြၽန္ ယူးစတက္ရဲ႕ေနရာမွာ အစားထိုး ခန႔္အပ္ခံခဲ့ရၿပီးေနာက္ပိုင္း ဝိန္း ႐ူနီရဲ႕ ဘာမင္ဟမ္ဟာ ၂ ပတ္အတြင္း အဆင့္ ၆ ေနရာကေန ၁၂ ေနရာအထိ က်ဆင္းသြားခဲ့သလို အိမ္ကြင္းရႈံးပြဲမရွိစံခ်ိန္လည္း က်ိဳးပ်က္ခဲ့တာျဖစ္ပါတယ္။

ဝိန္း ႐ူနီဟာ အသင္းရဲ႕ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး မေပ်ာ္မ႐ႊင္ျဖစ္ခဲ့ၿပီး အထူးသျဖင့္ ဒုတိယဂိုးေပးလိုက္ရတာကို တုံ႔ျပန္ခဲ့တဲ့ပုံစံကို သေဘာမက်ျဖစ္ခဲ့တာေၾကာင့္ အေျပာင္းအလဲေတြ ျပဳလုပ္သြားမယ္လို႔ အရိပ္အႁမြက္ေျပာဆိုခဲ့ပါတယ္။

“ေကာင္းမြန္တဲ့အခိုက္အတန႔္အခ်ိဳ႕ရွိခဲ့ၿပီး ၿပီးေတာ့ ပထမဂိုးေပးလိုက္ရတယ္။ ဘယ္လိုျဖစ္ၿပီး အဲဒီလိုျဖစ္သြားခဲ့တာလဲ။ တကယ္ကို စိတ္ပ်က္စရာေကာင္းခဲ့တယ္။ ကြၽန္ေတာ္တို႔ဘာသာ ျပႆနာေတြ အမ်ားႀကီးဖန္တီးခဲ့တယ္လို႔ ေတြးမိခဲ့ပါတယ္။ ေဘာလုံးကို လြယ္လြယ္နဲ႔ ေပးပစ္ခဲ့တယ္။ အထူးသျဖင့္ ကြၽန္ေတာ္တို႔ ကစားဖို႔ ႀကိဳးစားေနတဲ့အခ်ိန္မွာေပါ့။ အဲဒီေတာ့ တကယ္ကို စိတ္ပ်က္စရာေကာင္းခဲ့ပါတယ္။ ဒုတိယဂိုးက ကြၽန္ေတာ္တို႔အတြက္ ခက္ခဲေစခဲ့ပါတယ္။ ကြၽန္ေတာ္ အသင္းသားေတြကို ေျပာခဲ့တယ္။ ကြၽန္ေတာ္သူတို႔နဲ႔ အၿမဲတမ္း ပြင့္ပြင့္လင္းလင္းပဲ ေျပာတယ္။ သူတို႔ေတြ ဒုတိယဂိုးရၿပီးတဲ့ေနာက္မွာ ဘာတုံ႔ျပန္မႈမွ ကြၽန္ေတာ္ မျမင္ခဲ့ရတာက စိတ္ပ်က္စရာအေကာင္းဆုံးအရာျဖစ္ခဲ့ပါတယ္။ ဒါမ်ိဳး ထပ္ျဖစ္လို႔မရဘူး။ သူတို႔ေတြ အဲဒါကို သတိျပဳမိၾကပါတယ္။ အဲဒီေတာ့ စိတ္ပ်က္စရာညေနပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ နည္းနည္းပိုၿပီး လုပ္ႏိုင္ခဲ့သင့္တဲ့ ေကာင္းမြန္တဲ့အခိုက္အတန႔္ေလးေတြရွိခဲ့တယ္လို႔ ကြၽန္ေတာ္ ခံစားမိခဲ့ပါတယ္။ ကြၽန္ေတာ္ စေနေန႔က လူစာရင္းကို ဒီည အေျပာင္းအလဲလုပ္ခဲ့တယ္။ ခင္ဗ်ားက ခုမွ ကစားသမားေတြရဲ႕ စ႐ိုက္ကို သိဖို႔ ႀကိဳးစားေနရတုန္းပဲဆိုတာ သိသာပါတယ္။ ကြၽန္ေတာ္ သူတို႔ကို ေျပာခဲ့တယ္။ ဒီပြဲ ေနာက္ဆုံး ၁၀ မိနစ္က ကြၽန္ေတာ့္ကို အမ်ားႀကီး ျပသခဲ့တယ္လို႔ ေျပာခဲ့တယ္။ ပထမဆုံး မိနစ္ ၈၀ မွာ ကြၽန္ေတာ္တို႔ ပိုေကာင္းေအာင္လုပ္ႏိုင္ခဲ့တဲ့ အရာေတြရွိခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ အဆင္ေျပေျပလုပ္ႏိုင္ခဲ့တဲ့အရာေတြ ရွိပါတယ္။ ဒါေပမယ့္ ေနာက္ဆုံး ၁၀ မိနစ္က ကြၽန္ေတာ့္ကို အမ်ားႀကီး ျပသခဲ့တယ္။ ဒါက ကြၽန္ေတာ္ လက္မခံႏိုင္တဲ့တစ္စုံတရာပါ။ ကစားသမားေတြအားလုံးနီးပါး တိုက္ပြဲမဝင္တာကို ျမင္ေနရတယ္။ ပြဲကစားခ်ိန္ ၁၀ မိနစ္၊ ၁၅ မိနစ္ေလာက္ က်န္ေနေသးတာကို မေျပးလႊားၾကဘူး။ ခင္ဗ်ားသာ ဂိုးရခဲ့မယ္ဆိုရင္ ပြဲထဲ ျပန္ဝင္လာႏိုင္မွာပါ။ အဲဒီေတာ့ ဒါက ကြၽန္ေတာ့္အတြက္ စိုးရိမ္စရာျဖစ္ခဲ့ၿပီး ေနာက္ထပ္ ထပ္ျဖစ္လို႔မရတဲ့အရာလည္း ျဖစ္ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.