Other Leagues

ကစားသမားဘဝကနေ အနားယူမယ့်အချိန်အတွက် ကြိုတင်ပြင်ဆင်နေတဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ တောက်ပတဲ့ ကစားသမားဘဝကို နောက်ဆုံးမှာ အဆုံးသတ်ဖို့ ဆုံးဖြတ်မယ့်အချိန်အတွက် အစီအစဉ်တွေ စတင်လုပ်ဆောင်နေပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ ယခုလအစမှာ အယ်လ် နက်ဆာကို ကြီးမားတဲ့ ငွေကြေးပမာဏနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ်အထိ တစ်နှစ်ကို ပေါင် ၁၇၃ သန်းအထိ ရရှိသွားမှာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ လက်ရှိအချိန်အထိ ကစားသမားဘဝကနေ အနားယူဖို့ စိတ်ကူးမရှိသေးပေမယ့်လည်း ကစားသမားဘဝ နောက်ဆုံးမှာ အဆုံးသတ်တဲ့အချိန်ကျရင် လုပ်ရမယ့်အရာတွေအတွက် ကြိုတင်စီစဉ်ထားပြီးသားဖြစ်တယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ ပေါ်တူဂီနိုင်ငံ ကွင်တာ ဒါ မာရင်ဟာမှာ ပေါင် ၁၇ သန်းအထိ ကုန်ကျမယ့် စံအိမ်ကြီးတစ်ခုကို တည်ဆောက်နေပြီဖြစ်တယ်လို့ သိရပြီး အဲဒီစံအိမ်သစ်ကြီးဟာ အယ်လ် နက်ဆာနဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်ကျရင် ရော်နယ်လ်ဒို တသက်လုံးနေထိုင်သွားမယ့်အိမ်ဖြစ်လာမယ်လို့ ယုံကြည်ရပါတယ်။

အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ အိမ်သစ်တည်ဆောက်ဖို့အတွက် မြေကို ဝယ်ယူခဲ့တာဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ ယခုနှစ် ဇွန်လထဲမှာ ပြီးစီးမယ်လို့ သိရပါတယ်။

အိမ်သစ်ကြီးထဲမှာ ဂျပန်ဟင်းလျာတွေကို ပြင်ဆင်ဖို့အတွက် စိတ်ကြိုက်တည်ဆောက်ထားတဲ့ ဧရိယာကို ထည့်သွင်းတည်ဆောက်ခဲ့ပေမယ့်လည်း ရော်နယ်လ်ဒိုဟာ ၎င်းအတွက် စားသောက်ဖွယ်ရာတွေကို ချက်ပြုတ်ပေးနိုင်မယ် စားဖိုမှူး ရှာတွေ့ဖို့ ရုန်းကန်နေရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ အိမ်သစ်ကြီးအတွက် တစ်လကို ပေါင် ၄၈၀၀ နဲ့ အိမ်တော်ထိန်းတစ်ဦး ခန့်အပ်ခဲ့ပြီး အခြားရာထူးအတွက် ဝန်ထမ်းတွေကိုလည်း ခန့်အပ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ရီယက်ဒ်မြို့လယ်က Four Seasons ဟိုတယ်မှာ နေထိုင်နေပြီး တစ်လ နေထိုင်စရိတ်ဟာ ပေါင် ၂၅၀၀၀၀ ဝန်းကျင်ရှိတယ်လို့ ယုံကြည်ရပါတယ်။ ရော်နယ်လ်ဒိုဟာ အရှေ့အလယ်ပိုင်းက ဘဝမှာ အသားကျဖို့ ကြိုးပမ်းနေတာကြောင့ ဆော်ဒီ အာရေဗျမှာ အမြဲတမ်း နေထိုင်ဖို့အတွက် အိမ်ကို ဆက်လက် ရှာဖွေနေတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၎ရဲ႕ ေတာက္ပတဲ့ ကစားသမားဘဝကို ေနာက္ဆုံးမွာ အဆုံးသတ္ဖို႔ ဆုံးျဖတ္မယ့္အခ်ိန္အတြက္ အစီအစဥ္ေတြ စတင္လုပ္ေဆာင္ေနၿပီလို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉးဟာ ယခုလအစမွာ အယ္လ္ နက္ဆာကို ႀကီးမားတဲ့ ေငြေၾကးပမာဏနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး ၂၀၂၅ ခုႏွစ္အထိ တစ္ႏွစ္ကို ေပါင္ ၁၇၃ သန္းအထိ ရရွိသြားမွာ ျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ လက္ရွိအခ်ိန္အထိ ကစားသမားဘဝကေန အနားယူဖို႔ စိတ္ကူးမရွိေသးေပမယ့္လည္း ကစားသမားဘဝ ေနာက္ဆုံးမွာ အဆုံးသတ္တဲ့အခ်ိန္က်ရင္ လုပ္ရမယ့္အရာေတြအတြက္ ႀကိဳတင္စီစဥ္ထားၿပီးသားျဖစ္တယ္လို႔ သတင္းေတြကေဖာ္ျပခဲ့ပါတယ္။

Daily Mail ရဲ႕ ေဖာ္ျပခ်က္အရ ေပၚတူဂီႏိုင္ငံ ကြင္တာ ဒါ မာရင္ဟာမွာ ေပါင္ ၁၇ သန္းအထိ ကုန္က်မယ့္ စံအိမ္ႀကီးတစ္ခုကို တည္ေဆာက္ေနၿပီျဖစ္တယ္လို႔ သိရၿပီး အဲဒီစံအိမ္သစ္ႀကီးဟာ အယ္လ္ နက္ဆာနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးခ်ိန္က်ရင္ ေရာ္နယ္လ္ဒို တသက္လုံးေနထိုင္သြားမယ့္အိမ္ျဖစ္လာမယ္လို႔ ယုံၾကည္ရပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၂၀၂၁ ခုႏွစ္ စက္တင္ဘာလမွာ အိမ္သစ္တည္ေဆာက္ဖို႔အတြက္ ေျမကို ဝယ္ယူခဲ့တာျဖစ္ၿပီး ေဆာက္လုပ္ေရးလုပ္ငန္းေတြဟာ ယခုႏွစ္ ဇြန္လထဲမွာ ၿပီးစီးမယ္လို႔ သိရပါတယ္။

အိမ္သစ္ႀကီးထဲမွာ ဂ်ပန္ဟင္းလ်ာေတြကို ျပင္ဆင္ဖို႔အတြက္ စိတ္ႀကိဳက္တည္ေဆာက္ထားတဲ့ ဧရိယာကို ထည့္သြင္းတည္ေဆာက္ခဲ့ေပမယ့္လည္း ေရာ္နယ္လ္ဒိုဟာ ၎အတြက္ စားေသာက္ဖြယ္ရာေတြကို ခ်က္ျပဳတ္ေပးႏိုင္မယ္ စားဖိုမႉး ရွာေတြ႕ဖို႔ ႐ုန္းကန္ေနရတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၎ရဲ႕ အိမ္သစ္ႀကီးအတြက္ တစ္လကို ေပါင္ ၄၈၀၀ နဲ႔ အိမ္ေတာ္ထိန္းတစ္ဦး ခန႔္အပ္ခဲ့ၿပီး အျခားရာထူးအတြက္ ဝန္ထမ္းေတြကိုလည္း ခန႔္အပ္ခဲ့ၿပီး ျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိမွာေတာ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ရီယက္ဒ္ၿမိဳ႕လယ္က Four Seasons ဟိုတယ္မွာ ေနထိုင္ေနၿပီး တစ္လ ေနထိုင္စရိတ္ဟာ ေပါင္ ၂၅၀၀၀၀ ဝန္းက်င္ရွိတယ္လို႔ ယုံၾကည္ရပါတယ္။ ေရာ္နယ္လ္ဒိုဟာ အေရွ႕အလယ္ပိုင္းက ဘဝမွာ အသားက်ဖို႔ ႀကိဳးပမ္းေနတာေၾကာင့ ေဆာ္ဒီ အာေရဗ်မွာ အၿမဲတမ္း ေနထိုင္ဖို႔အတြက္ အိမ္ကို ဆက္လက္ ရွာေဖြေနတယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.