Other Leagues

ဟက်ထရစ် ၂ ပွဲဆက်တိုက် ရမယ့်အခွင့်အရေးကို ငြင်းခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အင်္ဂါနေ့ညက အယ်လ်ရှာဘတ်ကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် ၂ ပွဲ ကစားပြီးနောက် ဆော်ဒီပရိုလိဂ်သွင်းဂိုး ၅ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ အယ်လ်ဖာတာကို သောကြာနေ့က ၅-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အယ်လ်ရှာဘတ်ကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်း ပထမပိုင်းအတွင်း ရရှိခဲ့တဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘော ၂ ကြိမ်ကနေ ၂ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ ပင်နယ်တီကနေပဲ ဟက်ထရစ်သွင်းယူနိုင်မယ့် အခွင့်အရေး ပိုင်ဆိုင်ခဲ့ပေမယ့်လည်း အသင်းဖော် ဂါးရိဗ်ကို ပေးကန်ခဲ့ပြီး အယ်လ်နာဆာတိုက်စစ်မှူးရဲ့ ကန်သွင်းချက်က လွဲချော်သွားခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ မိနစ် ၄၀ မှာ ဆာဒီယို မာနေးရဲ့ တတိယမြောက်သွင်းဂိုးကို ဖန်တီးပေးခဲ့တာဖြစ်ပြီး လီဗာပူးလ်ကြယ်ပွင့်က နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲမှာ ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ၂ ပွဲဆက်တိုက် ဟက်ထရစ်ရဖို့ နောက်ထပ်တစ်ကြိမ်နီးစပ်ခဲ့ပေမယ့်လည်း ၎င်းရဲ့ ခေါင်းတိုက်ချက်က ဂိုးတိုင်ထိသွားခဲ့တာကြောင့် နစ်နာခဲ့ရတာဖြစ်ပါတယ်။

ပွဲကစားချိန်မိနစ် ၈၀ မှာ အယ်လ်ဂါနမ်က အယ်လ်နာဆာအတွက် စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ အယ်လ်ရှာဘတ်က အဲဗာ ဘနီဂါ အနီကတ်ပြခံခဲ့ရတာကြောင့် တစ်ယောက်လျော့နေခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အဂၤါေန႔ညက အယ္လ္ရွာဘတ္ကို ၄-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီးေနာက္ ၂ ပြဲ ကစားၿပီးေနာက္ ေဆာ္ဒီပ႐ိုလိဂ္သြင္းဂိုး ၅ ဂိုးအထိ ရွိလာခဲ့ၿပီျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ အယ္လ္ဖာတာကို ေသာၾကာေန႔က ၅-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး အယ္လ္ရွာဘတ္ကို ၄-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာလည္း ပထမပိုင္းအတြင္း ရရွိခဲ့တဲ့ ပင္နယ္တီ ျပစ္ဒဏ္ေဘာ ၂ ႀကိမ္ကေန ၂ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉးဟာ ပင္နယ္တီကေနပဲ ဟက္ထရစ္သြင္းယူႏိုင္မယ့္ အခြင့္အေရး ပိုင္ဆိုင္ခဲ့ေပမယ့္လည္း အသင္းေဖာ္ ဂါးရိဗ္ကို ေပးကန္ခဲ့ၿပီး အယ္လ္နာဆာတိုက္စစ္မႉးရဲ႕ ကန္သြင္းခ်က္က လြဲေခ်ာ္သြားခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ မိနစ္ ၄၀ မွာ ဆာဒီယို မာေနးရဲ႕ တတိယေျမာက္သြင္းဂိုးကို ဖန္တီးေပးခဲ့တာျဖစ္ၿပီး လီဗာပူးလ္ၾကယ္ပြင့္က ေနာက္ဆုံးကစားခဲ့တဲ့ ၂ ပြဲမွာ ၃ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ ၂ ပြဲဆက္တိုက္ ဟက္ထရစ္ရဖို႔ ေနာက္ထပ္တစ္ႀကိမ္နီးစပ္ခဲ့ေပမယ့္လည္း ၎ရဲ႕ ေခါင္းတိုက္ခ်က္က ဂိုးတိုင္ထိသြားခဲ့တာေၾကာင့္ နစ္နာခဲ့ရတာျဖစ္ပါတယ္။

ပြဲကစားခ်ိန္မိနစ္ ၈၀ မွာ အယ္လ္ဂါနမ္က အယ္လ္နာဆာအတြက္ စတုတၳေျမာက္ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္မွာ အယ္လ္ရွာဘတ္က အဲဗာ ဘနီဂါ အနီကတ္ျပခံခဲ့ရတာေၾကာင့္ တစ္ေယာက္ေလ်ာ့ေနခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.