Other Leagues

ပွဲဦးထွက်မှာ ပြိုင်ဘက်နောက်ခံလူကို ဖင်ထိုင်ကျအောင် စကေးပြခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ် အက်တီဖတ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ တနင်္ဂနွေနေ့ညနေပွဲစဉ်မှာ အယ်လ် နက်ဆာအတွက် ပွဲဦးထွက်ပါဝင်ကစားပေးခဲ့ချိန်မှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း ပရိသတ်တွေ ပျော်ရွှင်စေမယ့် အခိုက်အတန့်အချို့ကို ပေးနိုင်ခဲ့ပါတယ်။

အဲဒီအခိုက်အတန့်တွေထဲက တစ်ခုဟာ ရော်နယ်လ်ဒိုက ပင်နယ်တီဧရိယာထဲမှာ ၎င်းရဲ့ အလွန်ကောင်းမွန်တဲ့ ဘောလုံးစွမ်းရည်နဲ့ ပြိုင်ဘက် နောက်ခံလူကို ဖင်ထိုင်လျက် လဲကျစေခဲ့တဲ့အချိန်ဖြစ်ဖြစ်ပြီး အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ညာခြေနဲ့ ဘောလုံးကို ကန်မယ့်ပုံ လုပ်ခဲ့ပြီးနောက် ရုတ်တရက် ရပ်တန့်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ဆော်ဒီ ပရိုလိဂ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဘလွန်ဒေါ ၅ ဆုရှင်ဟာ အက်ဖ်အေက ချမှတ်ထားတဲ့ ၂ ပွဲပယ်ပြစ်ဒဏ်ကြောင့် အယ်လ် နက်ဆာအတွက် ပွဲဦးထွက်ဖို့ စောင့်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပီအက်စ်ဂျီနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချစ်ကြည်ရေးခြေစမ်းပွဲအတွင်း အရှေ့အလယ်ပိုင်းမှာ ပွဲဦးထွက်ပါဝင်ကစားခဲ့ပြီး ရီယက်ဒ် ကြယ်စင်စုအသင်းအတွက် ၂ ဂိုး သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အက်တီဖတ်နဲ့ ကစားခဲ့တဲ့ တနင်္ဂနွေနေ့ညပွဲစဉ်ဟာ ရော်နယ်လ်ဒိုအနေနဲ့ အယ်လ် နက်ဆာအတွက် တရားဝင် ပွဲဦးထွက် ပါဝင်ကစားပေးခဲ့တဲ့ပွဲစဉ်ဖြစ်ခဲ့ပြီး ပေါ်တူဂီတိုက်စစ်မျူးဟာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း အန်ဒါဆန် တာလစ်စ်ကာရဲ့ ပထမပိုင်းက သွင်းဂိုးကြောင့် ရူဒီ ဂါစီယာရဲ့အသင်းက အနိုင် ၃ မှတ်အပြည့် ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အယ်လ် နက်ဆာအသင်းဟာ ဆော်ဒီ ပရိုလိဂ် ၁၄ ပွဲကနေ ၃၃ မှတ်အထိ ရယူထားနိုင်ခဲ့ပြီဖြစ်ပြီး ဒုတိယနေရာက အယ်လ် ဟီလာလ်အသင်းကို ၁ ပွဲလျော့ ၁ မှတ်အသာနဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အယ်လ် နက်ဆာဟာ ရော်နယ်လ်ဒိုရဲ့ ပွဲဦးထွက်ပွဲစဉ်မှာ နိုင်ပွဲ ရယူနိုင်ခဲ့တာဖြစ်ပြီး ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးအတွက် လုံလောက်တဲ့ ယှဉ်ပြိုင်မှုမျိုးမရှိတဲ့လိဂ်ဆိုတဲ့ အယူအဆတွေကို အက်တီဖတ်နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရတဲ့ပွဲစဉ်က အလိုအလျောက် ဖယ်ရှားပေးခဲ့တာဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အယ္လ္ အက္တီဖတ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ တနဂၤေႏြေန႔ညေနပြဲစဥ္မွာ အယ္လ္ နက္ဆာအတြက္ ပြဲဦးထြက္ပါဝင္ကစားေပးခဲ့ခ်ိန္မွာ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္လည္း ပရိသတ္ေတြ ေပ်ာ္႐ႊင္ေစမယ့္ အခိုက္အတန႔္အခ်ိဳ႕ကို ေပးႏိုင္ခဲ့ပါတယ္။

အဲဒီအခိုက္အတန႔္ေတြထဲက တစ္ခုဟာ ေရာ္နယ္လ္ဒိုက ပင္နယ္တီဧရိယာထဲမွာ ၎ရဲ႕ အလြန္ေကာင္းမြန္တဲ့ ေဘာလုံးစြမ္းရည္နဲ႔ ၿပိဳင္ဘက္ ေနာက္ခံလူကို ဖင္ထိုင္လ်က္ လဲက်ေစခဲ့တဲ့အခ်ိန္ျဖစ္ျဖစ္ၿပီး အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ညာေျခနဲ႔ ေဘာလုံးကို ကန္မယ့္ပုံ လုပ္ခဲ့ၿပီးေနာက္ ႐ုတ္တရက္ ရပ္တန႔္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ေဆာ္ဒီ ပ႐ိုလိဂ္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး ဘလြန္ေဒါ ၅ ဆုရွင္ဟာ အက္ဖ္ေအက ခ်မွတ္ထားတဲ့ ၂ ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ အယ္လ္ နက္ဆာအတြက္ ပြဲဦးထြက္ဖို႔ ေစာင့္ဆိုင္းခဲ့ရတာ ျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ပီအက္စ္ဂ်ီနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်စ္ၾကည္ေရးေျခစမ္းပြဲအတြင္း အေရွ႕အလယ္ပိုင္းမွာ ပြဲဦးထြက္ပါဝင္ကစားခဲ့ၿပီး ရီယက္ဒ္ ၾကယ္စင္စုအသင္းအတြက္ ၂ ဂိုး သြင္းယူေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အက္တီဖတ္နဲ႔ ကစားခဲ့တဲ့ တနဂၤေႏြေန႔ညပြဲစဥ္ဟာ ေရာ္နယ္လ္ဒိုအေနနဲ႔ အယ္လ္ နက္ဆာအတြက္ တရားဝင္ ပြဲဦးထြက္ ပါဝင္ကစားေပးခဲ့တဲ့ပြဲစဥ္ျဖစ္ခဲ့ၿပီး ေပၚတူဂီတိုက္စစ္မ်ဴးဟာ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္လည္း အန္ဒါဆန္ တာလစ္စ္ကာရဲ႕ ပထမပိုင္းက သြင္းဂိုးေၾကာင့္ ႐ူဒီ ဂါစီယာရဲ႕အသင္းက အႏိုင္ ၃ မွတ္အျပည့္ ရယူသြားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အယ္လ္ နက္ဆာအသင္းဟာ ေဆာ္ဒီ ပ႐ိုလိဂ္ ၁၄ ပြဲကေန ၃၃ မွတ္အထိ ရယူထားႏိုင္ခဲ့ၿပီျဖစ္ၿပီး ဒုတိယေနရာက အယ္လ္ ဟီလာလ္အသင္းကို ၁ ပြဲေလ်ာ့ ၁ မွတ္အသာနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

အယ္လ္ နက္ဆာဟာ ေရာ္နယ္လ္ဒိုရဲ႕ ပြဲဦးထြက္ပြဲစဥ္မွာ ႏိုင္ပြဲ ရယူႏိုင္ခဲ့တာျဖစ္ၿပီး ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးအတြက္ လုံေလာက္တဲ့ ယွဥ္ၿပိဳင္မႈမ်ိဳးမရွိတဲ့လိဂ္ဆိုတဲ့ အယူအဆေတြကို အက္တီဖတ္နဲ႔ အႀကိတ္အနယ္ယွဥ္ၿပိဳင္ခဲ့ရတဲ့ပြဲစဥ္က အလိုအေလ်ာက္ ဖယ္ရွားေပးခဲ့တာျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.