Other Leagues

ဟက်ထရစ်သွင်းပြီး အယ်လ်နာဆာကို ပထဆုံးနိုင်ပွဲရယူပေးခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ်ဖာတာကို ၅-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူပြီး အယ်လ်နာဆာကို ယခုရာသီ ပထမဆုံးနိုင်ပွဲကို ရယူပေးခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟောင်း ဆာဒီယို မာနေးက ၂၈ မိနစ်မှာ အယ်လ်နာဆာအတွက် အဖွင့်ဂိုးကို ရော်နယ်လ်ဒိုရဲ့ ဖန်တီးပေးပို့မှုကနေ သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ၃၈ မိနစ်နဲ့ ၅၅ မိနစ်တို့မှာ ပေါ်တူဂီတိုက်စစ်မှူးက ၂ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

အယ်လ်နာဆာအတွက် စတုတ္ထမြောက်ဦးဆောင်ဂိုးကို ဆာဒီယို မာနေးက ၈၁ မိနစ်မှာ သွင်းယူပေးခဲ့ပြီး နာကျင်အချိန်ပို ၉၆ မိနစ်မှာ နာဝပ်ဖ် ဘူရှယ်ရဲ့ ပေးပို့မှုကနေ ရော်နယ်လ်ဒိုက ဟက်ထရစ်သွင်းဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးအတွက်တော့ အယ်လ်နာဆာမှာ တတိယအကြိမ်မြောက် ဟက်ထရစ်ရရှိခဲ့တာဖြစ်ပြီး အယ်လ်နာဆာဟာ ၃ ပွဲ ကစားပြီးနောက် ၁၈ သင်းရှိတဲ့လိဂ်မှာ အဆင့် ၁၀ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အယ္လ္ဖာတာကို ၅-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ဟက္ထရစ္သြင္းယူၿပီး အယ္လ္နာဆာကို ယခုရာသီ ပထမဆုံးႏိုင္ပြဲကို ရယူေပးခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉးေဟာင္း ဆာဒီယို မာေနးက ၂၈ မိနစ္မွာ အယ္လ္နာဆာအတြက္ အဖြင့္ဂိုးကို ေရာ္နယ္လ္ဒိုရဲ႕ ဖန္တီးေပးပို႔မႈကေန သြင္းယူေပးသြားခဲ့တာျဖစ္ၿပီး ၃၈ မိနစ္နဲ႔ ၅၅ မိနစ္တို႔မွာ ေပၚတူဂီတိုက္စစ္မႉးက ၂ ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။

အယ္လ္နာဆာအတြက္ စတုတၳေျမာက္ဦးေဆာင္ဂိုးကို ဆာဒီယို မာေနးက ၈၁ မိနစ္မွာ သြင္းယူေပးခဲ့ၿပီး နာက်င္အခ်ိန္ပို ၉၆ မိနစ္မွာ နာဝပ္ဖ္ ဘူရွယ္ရဲ႕ ေပးပို႔မႈကေန ေရာ္နယ္လ္ဒိုက ဟက္ထရစ္သြင္းဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးအတြက္ေတာ့ အယ္လ္နာဆာမွာ တတိယအႀကိမ္ေျမာက္ ဟက္ထရစ္ရရွိခဲ့တာျဖစ္ၿပီး အယ္လ္နာဆာဟာ ၃ ပြဲ ကစားၿပီးေနာက္ ၁၈ သင္းရွိတဲ့လိဂ္မွာ အဆင့္ ၁၀ ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.