Ligue1

ကစားသမားဘဝ အထင်ကရသွင်းဂိုးတွေကို ပြန်လည်ကြည့်ရှုခဲ့တဲ့ လီယွန်နယ် မက်ဆီ

လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနား တီဗွီရှိုးအစီအစဉ်တစ်ခုမှာ ၎င်းရဲ့ အကောင်းဆုံးသွင်းဂိုးတွေထဲက အချို့ကို ပြန်လည်ကြည့်ရှုပြီး တုံ့ပြန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဘလွန်ဒေါ ၇ ဆုရှင်ဟာ နှစ်ပေါင်း ၂၀ ကြာ ကစားသမားဘဝအတွင်း ဘာစီလိုနာ၊ ပီအက်စ်ဂျီနဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းတို့အတွက် ထူးထူးခြားခြား ၇၉၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ FOX Sports က လူတွေက လီယွန်နယ် မက်ဆီအနေနဲ့ ၎င်းရဲ့ အထင်ကရ အဖြစ်ဆုံး အဆုံးသတ်တွေထဲက အချို့ကို ချက်ချင်း ဘယ်လိုတုံ့ပြန်မလဲဆိုတာကို သိချင်ခဲ့ကြပြီး အာဂျင်တီးနားတိုက်စစ်မှူးကို အမှန်တကယ်လည်း ဖိတ်ခေါ်ပြီး တုံ့ပြန်မှုတွေ ပြုလုပ်စေခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီရဲ့ သွင်းဂိုးအများအပြားကို နှိမ့်ချတဲ့ တုံ့ပြန်မှုအတွက် ကြည့်ရှုသူအများအပြားက နှစ်သက်သဘောကျခဲ့ကြပြီး အဲဒီသွင်းဂိုးတွေထဲမှာ ၂၀၀၆-၂၀၀၇ ရာသီ ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ပထမအကျော့က ဂီတာဖေးနဲ့ပွဲစဉ်က တစ်ကိုယ်တော်သွင်းဂိုးလည်း အပါအဝင်ဖြစ်ခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ၂၀၁၀ ဧပြီလတုန်းက နူးကမ့်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ဒုတိယအကျော့အတွင်း ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ပွဲမှာ အာဆင်နယ်ဂိုးသမား အယ်လ်မူးနီးယားကို ကျော်သွင်းခဲ့တဲ့ ဂိုးကိုလည်း တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မက်ဆီက ၎င်းရဲ့ အဆုံးသတ်ထက် အသင်းဖော် အင်နီယေစတာက အဲဒီဂိုးအတွက် ဖန်တီးပေးပို့မှုကိုသာ ချက်ချင်း ညွှန်ပြခဲ့တာဖြစ်ပြီး ၂၀၁၁ ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ်ကို သွင်းယူခဲ့တဲ့ တစ်ကိုယ်တော်သွင်းဂိုးကိုလည်း မှတ်ချက်ပေးခဲ့သလို ဘရာဇီးလ်နဲ့ပွဲစဉ်က အမှတ်ရဖွယ် ဂိုးကန်သွင်းမှုကိုလည်း တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ အရင်တုန်းက ကစားသမားဘဝမှာ ပိုင်ဆိုင်ခဲ့တဲ့ အမှတ်ရဖွယ် အခိုက်အတန့်အများအပြားကို တုံ့ပြန်ခဲ့ရာမှာ လက်ရွေးစင်အသင်းအတွက် ကိုပါအမေရိကဖလား ရရှိအောင် ဦးဆောင်နိုင်ခဲ့တဲ့ အခိုက်အတန့်လည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်တုန်းက ကိုပါအမေရိကဗိုလ်လုပွဲမှာ ဘရာဇီးလ်ကို အနိုင်ရရှိခဲ့မှုက လီယွန်နယ် မက်ဆီအတွက် ပထမဆုံးသော နိုင်ငံတကာဆုဖလား ဖြစ်ခဲ့တာဖြစ်ပြီး အဲဒါက အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးအတွက် အလွန်အဓိပ္ပာယ်ရှိခဲ့တာ ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ပထမဆုံးအကြိမ် အာဂျင်တီးနားအတွက် ဆုဖလားရယူပေးနိုင်ခဲ့ပြီးနောက် မျက်ရည်မဆည်နိုင်ခဲ့ဘဲ မာရာကာနာကွင်းကြီးထဲမှာ အားပါးတရ အောင်ပွဲခံခဲ့တာဖြစ်ပြီး ကိုပါအမေရိကအောင်ပွဲဟာ Netflix မှတ်တမ်းရုပ်ရှင်ထဲမှာ ပါဝင်ခဲ့တာကြောင့် အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ အဲဒီအခိုက်အတန့်ကို တီဗွီရှိုးမှာ ပြန်လည်ခံစားခွင့်ရခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေက ၎င်းရဲ့ နာမည်ကို ကြွေးကြော်နေကြတဲ့ဗီဒီယိုဖိုင်ကို မြင်တွေ့ခဲ့ပြီးနောက် အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟာ မျက်လုံးတွေကို ပွတ်ပြိးနောက် အပြုံးနဲ့ “ဝိုး၊ ဒါက ကျွန်တော့် ကစားသမားဘဝမှာဖြစ်ပျက်ခဲ့ဖူးသမျှထဲက အလှပဆုံးအရာဖြစ်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီအတွက် ပြီးခဲ့တဲ့လက ကမ္ဘာ့ဖလားအောင်ပွဲဟာ အဲဒီအခိုက်အတန့်ထက် ပိုမိုသာလွန်တဲ့ အလှပဆုံး အခိုက်အတန့်တစ်ခု ဖြစ်ခဲ့မယ်လို့ ယုံကြည်မိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီဟာ အာဂ်င္တီးနား တီဗြီရႈိးအစီအစဥ္တစ္ခုမွာ ၎ရဲ႕ အေကာင္းဆုံးသြင္းဂိုးေတြထဲက အခ်ိဳ႕ကို ျပန္လည္ၾကည့္ရႈၿပီး တုံ႔ျပန္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ဘလြန္ေဒါ ၇ ဆုရွင္ဟာ ႏွစ္ေပါင္း ၂၀ ၾကာ ကစားသမားဘဝအတြင္း ဘာစီလိုနာ၊ ပီအက္စ္ဂ်ီနဲ႔ အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းတို႔အတြက္ ထူးထူးျခားျခား ၇၉၄ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့တဲ့ ကစားသမား ျဖစ္ပါတယ္။ FOX Sports က လူေတြက လီယြန္နယ္ မက္ဆီအေနနဲ႔ ၎ရဲ႕ အထင္ကရ အျဖစ္ဆုံး အဆုံးသတ္ေတြထဲက အခ်ိဳ႕ကို ခ်က္ခ်င္း ဘယ္လိုတုံ႔ျပန္မလဲဆိုတာကို သိခ်င္ခဲ့ၾကၿပီး အာဂ်င္တီးနားတိုက္စစ္မႉးကို အမွန္တကယ္လည္း ဖိတ္ေခၚၿပီး တုံ႔ျပန္မႈေတြ ျပဳလုပ္ေစခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီရဲ႕ သြင္းဂိုးအမ်ားအျပားကို ႏွိမ့္ခ်တဲ့ တုံ႔ျပန္မႈအတြက္ ၾကည့္ရႈသူအမ်ားအျပားက ႏွစ္သက္သေဘာက်ခဲ့ၾကၿပီး အဲဒီသြင္းဂိုးေတြထဲမွာ ၂၀၀၆-၂၀၀၇ ရာသီ ကိုပါဒယ္ေရး ဆီမီးဖိုင္နယ္ ပထမအေက်ာ့က ဂီတာေဖးနဲ႔ပြဲစဥ္က တစ္ကိုယ္ေတာ္သြင္းဂိုးလည္း အပါအဝင္ျဖစ္ခဲ့တာျဖစ္ပါတယ္။ မက္ဆီဟာ ၂၀၁၀ ဧၿပီလတုန္းက ႏူးကမ့္မွာ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ဒုတိယအေက်ာ့အတြင္း ဟက္ထရစ္သြင္းယူႏိုင္ခဲ့တဲ့ပြဲမွာ အာဆင္နယ္ဂိုးသမား အယ္လ္မူးနီးယားကို ေက်ာ္သြင္းခဲ့တဲ့ ဂိုးကိုလည္း တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မက္ဆီက ၎ရဲ႕ အဆုံးသတ္ထက္ အသင္းေဖာ္ အင္နီေယစတာက အဲဒီဂိုးအတြက္ ဖန္တီးေပးပို႔မႈကိုသာ ခ်က္ခ်င္း ၫႊန္ျပခဲ့တာျဖစ္ၿပီး ၂၀၁၁ ခုႏွစ္တုန္းက ရီးရဲလ္မက္ဒရစ္ကို သြင္းယူခဲ့တဲ့ တစ္ကိုယ္ေတာ္သြင္းဂိုးကိုလည္း မွတ္ခ်က္ေပးခဲ့သလို ဘရာဇီးလ္နဲ႔ပြဲစဥ္က အမွတ္ရဖြယ္ ဂိုးကန္သြင္းမႈကိုလည္း တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။ မက္ဆီဟာ အရင္တုန္းက ကစားသမားဘဝမွာ ပိုင္ဆိုင္ခဲ့တဲ့ အမွတ္ရဖြယ္ အခိုက္အတန႔္အမ်ားအျပားကို တုံ႔ျပန္ခဲ့ရာမွာ လက္ေ႐ြးစင္အသင္းအတြက္ ကိုပါအေမရိကဖလား ရရွိေအာင္ ဦးေဆာင္ႏိုင္ခဲ့တဲ့ အခိုက္အတန႔္လည္း အပါအဝင္ျဖစ္ခဲ့ပါတယ္။

၂၀၂၁ ခုႏွစ္တုန္းက ကိုပါအေမရိကဗိုလ္လုပြဲမွာ ဘရာဇီးလ္ကို အႏိုင္ရရွိခဲ့မႈက လီယြန္နယ္ မက္ဆီအတြက္ ပထမဆုံးေသာ ႏိုင္ငံတကာဆုဖလား ျဖစ္ခဲ့တာျဖစ္ၿပီး အဲဒါက အာဂ်င္တီးနားလက္ေ႐ြးစင္တိုက္စစ္မႉးအတြက္ အလြန္အဓိပၸာယ္ရွိခဲ့တာ ျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ပထမဆုံးအႀကိမ္ အာဂ်င္တီးနားအတြက္ ဆုဖလားရယူေပးႏိုင္ခဲ့ၿပီးေနာက္ မ်က္ရည္မဆည္ႏိုင္ခဲ့ဘဲ မာရာကာနာကြင္းႀကီးထဲမွာ အားပါးတရ ေအာင္ပြဲခံခဲ့တာျဖစ္ၿပီး ကိုပါအေမရိကေအာင္ပြဲဟာ Netflix မွတ္တမ္း႐ုပ္ရွင္ထဲမွာ ပါဝင္ခဲ့တာေၾကာင့္ အာဂ်င္တီးနားအသင္းေခါင္းေဆာင္ဟာ အဲဒီအခိုက္အတန႔္ကို တီဗြီရႈိးမွာ ျပန္လည္ခံစားခြင့္ရခဲ့တာျဖစ္ပါတယ္။

ပရိသတ္ေတြက ၎ရဲ႕ နာမည္ကို ေႂကြးေၾကာ္ေနၾကတဲ့ဗီဒီယိုဖိုင္ကို ျမင္ေတြ႕ခဲ့ၿပီးေနာက္ အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးဟာ မ်က္လုံးေတြကို ပြတ္ၿပိးေနာက္ အၿပဳံးနဲ႔ “ဝိုး၊ ဒါက ကြၽန္ေတာ့္ ကစားသမားဘဝမွာျဖစ္ပ်က္ခဲ့ဖူးသမွ်ထဲက အလွပဆုံးအရာျဖစ္ခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္တယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ လီယြန္နယ္ မက္ဆီအတြက္ ၿပီးခဲ့တဲ့လက ကမာၻ႔ဖလားေအာင္ပြဲဟာ အဲဒီအခိုက္အတန႔္ထက္ ပိုမိုသာလြန္တဲ့ အလွပဆုံး အခိုက္အတန႔္တစ္ခု ျဖစ္ခဲ့မယ္လို႔ ယုံၾကည္မိပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.