International Ligue1 Match Report Other Leagues

ပီအက်စ်ဂျီတို့ အကြိတ်အနယ် အနိုင်ကစားခဲ့ရတဲ့ ရော်နယ်လ်ဒို-မက်ဆီ GOAT ခြေစမ်းပွဲ

ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကီလော် နာဗက်စ်၊ ခံစစ်မှာ ဆာဂျီယို ရာမို့စ်၊ မားကင်ညို့စ်၊ ဟာကီမီနဲ့ ဘားနတ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဖာဘီယန် ရူးဝီးဇ်၊ ရီနာတို ဆန်ချက်စ်နဲ့ ကားလို့စ် ဆိုလာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဆော်ဒီ အောလ်စတား ရီယာ့ဒ်အသင်းကတော့ ဂိုးသမား အယ်လ်အူဝေးစ်၊ ခံစစ်မှာ ဂျန်းယွန်ဆူး၊ အယ်လ်ဘူလိုင်ဟီ၊ အယ်လ်ဂါနမ်နဲ့ အက်ဘ်ဒူလ်ဟာမစ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ လူးဝစ်ဇ် ဂူစတာဗို၊ အယ်လ်ခိုင်ဘာရီ၊ ဂွန်ဇာလို မာတီနက်ဇ်နဲ့ အယ်လ်ဒေါ်ဆာရီတို့ကို ခင်းကျင်းခဲ့သလို တိုက်စစ်မှာတော့ မာရီဂါနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကို တွဲဖက်ပေးလာခဲ့တာပါ။

ပွဲချိန် ၃ မိနစ်မှာကတည်းက ပီအက်စ်ဂျီတို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ နေမာရဲ့ ဘယ်ခြမ်းကနေ အကွက်မြင်တဲ့ ပေးပို့မှုကို ရီယာ့ဒ်နောက်ခံလူတွေကြားက ပြေးထွက်သွားတဲ့ မက်ဆီက အပေါ်ကို ကန်မယ်မှတ်လို့ ခုန်နေတဲ့ ဆော်ဒီဂိုးသမား အယ်လ်အူဝေးစ်ရဲ့ အောက်ကို Volley ချိုးကန်သွင်းပြီး ရယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆ မိနစ်မှာ ရော်နယ်လ်ဒိုရဲ့ ဘယ်ခြေကန်ချက်ကို ဂိုးသမား နာဗက်စ် အမိဖမ်းသွားနိုင်ခဲ့ပြီး နေမာရဲ့ ပွဲချိန် ၁၆ မိနစ်မှာ ထောင့်ကျဉ်းကန်ချက်ကတော့ ဂိုးသမားတည့်တည့် ရောက်သွားခဲ့သလို ပီအက်စ်ဂျီတို့က တိုက်စစ်ပိုဆင်ကစားနိုင်ခဲ့ပြီး ပွဲချိန် ၂၅ မိနစ်မှာ မက်ဆီ ပေးတာကနေ အမ်ဘာပေ ဂိုးသွင်းပေမယ့် လူကျွံနေခဲ့လို့ ရီယာ့ဒ်အဖွဲ့ သက်သာသွားခဲ့တာပါ။

ပွဲချိန် ၃၄ မိနစ်မှာတော့ ဆော်ဒီအော်လ်စတားတို့က ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ဖရီးကစ်ကနေ ခေါင်းတိုက်ဖို့ ကြိုးစားတဲ့ ရော်နယ်လ်ဒိုရဲ့ မျက်နှာကို လက်နဲ့ ရိုက်မိတဲ့ ပီအက်စ်ဂျီဂိုးသမား နာဗက်စ်ကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ပေါ်တူဂီသားကြီးက ကိုယ်တိုင်ပဲ ကန်သွင်းပြီး ရယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၉ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ ၁၀ ယောက်တည်းနဲ့ ကစားဖို့ အကြောင်းဖန်လာခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ဘယ်ခြမ်းတောက်လျှောက် ဆွဲထွက်လာခဲ့တဲ့ အယ်လ်ဒေါ်ဆာရီရဲ့ ထိုးဖောက်မှုကို Last Defender အဖြစ် ဝင်ဖျက်တဲ့ နောက်ခံလူ ဘားနတ်ရဲ့ မပိုင်နိုင်မှုကနေ ပြစ်ဒဏ်ဖြစ်ခဲ့လို့ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး အိမ်ရှင်တွေ တစ်ယောက်အသာနဲ့ ကစားနိုင်ခဲ့တာပါ။

ပွဲချိန် ၄၃ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ နေမာနဲ့ အပေးအယူလုပ်လာတဲ့ အမ်ဘာပေက ဧရိယာထဲကို အနိမ့်ဘော ဖြတ်ချိုးပေးရာမှာ မားကင်ညို့စ်က ပညာသားပါတဲ့ ကန်ချက်နဲ့ အနီးကပ် ပိတ်သွင်းပြီး ဂိုးသမား အယ်လ်အူဝေးစ်ကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၃ မိနစ်မှာတော့ နေမာက သူ့ကြောင့်ရတဲ့ ပင်နယ်တီကို သူကိုယ်တိုင်ပဲ အသက် ၉၀ အဘွားအိုကြီး လမ်းလျှောက်သလိုမျိုး တုန်ချည့်ချည့်နဲ့ ဘောလုံးဆီသွားပြီး ကန်သွင်းခဲ့ရာမှာ မြင်ဖူးပါ များလွန်းလို့ အထာနပ်နေပြီဖြစ်တဲ့ ဂိုးသမား အယ်လ်အူးဝေးစ်က မလှုပ်ဘဲ စောင့်စားခဲ့ရာမှာ ဘရာဇီးလ် တိုက်စစ်မှူး ဘာမှ ရွေးချယ်ခွင့် မရှိတော့ဘဲ ကန်သွင်းခဲ့ရာမှာတော့ အရှိန်မပါတဲ့ ဘောလုံးကို ဖမ်းယူတာပဲ ခံခဲ့ရတာပါ။

နာကျင်အချိန်ပို ၅ မိနစ်မှာတော့ ဆော်ဒီ အောလ်စတားတို့ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ အက်ဘ်ဒူလ်ဟာမစ်က ဖြတ်တင်ပေးတာကို ရော်နယ်လ်ဒိုက ပီအက်စ်ဂျီခံစစ်ကြားကနေ ခေါင်းတိုက်သွင်းယူခဲ့တာက တိုင်ထိပြီး ပြန်ထွက်လာခဲ့ရာမှာ ဆာဂျီယို ရာမို့စ်က ရှင်းထုတ်ရာမှာ မထိလိုက်ဘဲ ချော်ထွက်လာခဲ့တဲ့ ဘောလုံးကို နောက်တစ်ကြိမ်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ နှစ်ဂိုးစီသရေကျနေခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ ရီယာ့ဒ်တို့ဘက်က အယ်လ်ဂါနမ်နဲ့ မာရီဂါတို့အစား လာဂျာမီနဲ့ တာလစ္စကာတို့ ဝင်ကစားခဲ့ကြသလို တစ်ယောက်လျော့ ပီအက်စ်ဂျီတို့ဘက်ကတော့ ရီနာတို ဆန်ချက်စ်နဲ့ မားကင်ညို့စ်တို့အစား ဗီတင်ညာနဲ့ ဒါနီလို ပါရဲရားတို့ကို ထည့်သွင်းလာခဲ့တာပါ။

ပွဲချိန် ၅၃ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ပဲ ထပ်မံဦးဆောင်သွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ အက်ဘ်ဒူလ်ဟာမစ်ကို ကောင်းကောင်း ပညာပြ လိမ်ခေါက်ပြီးမှ ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်တင်ပေးခဲ့တဲ့ အမ်ဘာပေရဲ့ ဖန်တီးမှုကို ဆာဂျီယို ရာမို့စ်က အနီးကပ် လျှောထိုးပိတ်သွင်းနိုင်ခဲ့လို့ သုံးဂိုး-နှစ်ဂိုးပြန်ဖြစ်နေခဲ့ပါတယ်။

ပီအက်စ်ဂျီတို့ရဲ့ ဦးဆောင်မှုကတော့ ကြာကြာမခံလိုက်ဘဲ ပွဲချိန် ၅၆ မိနစ်မှာ ဆော်ဒီအောလ်စတားတို့ ပြန်လည်ချေပသွားခဲ့ကြသလို ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကနေ ဂွန်ဇာလို မာတီနက်ဇ်ရဲ့ ပေးပို့မှုကို နောက်ခံလူ ဂျန်ယွန်ဆူးက ဆာဂျီယို ရာမို့စ်ရဲ့ မာကင်ကို ခွာထွက်ပြီး အနီးကပ် ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့လို့ သရေပြန်ဖြစ်နေခဲ့တာပါ။

ပွဲချိန်မိနစ် ၆၀ မှာတော့ ပီအက်စ်ဂျီတို့ပဲ နောက်တစ်ကြိမ် ပြန်လည်ဦးဆောင်သွားခဲ့ပြန်ပြီး ဒီဂိုးကိုတော့ မက်ဆီရဲ့ တစ်ကိုယ်တော်ခြေစွမ်းနဲ့ ကန်သွင်းဖို့ လုပ်ခဲ့ရာမှာ လက်နဲ့ တားဆီးမိခဲ့တဲ့ အယ်လ်ဘူလိုင်ဟီကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို အမ်ဘာပေက ဂိုးသမား အယ်လ်အူဝေးစ်ကို လှည့်စားကန်သွင်းပြီး လေးဂိုး-သုံးဂိုးဖြစ်နေခဲ့ပါတယ်။

ဒီဂိုးရအပြီးမှာတော့ အောလ်စတားတွေဘက်က ရော်နယ်လ်ဒို၊ ဂွန်ဇာလို မာတီနက်ဇ်နဲ့ အယ်လ်ခိုင်ဘာရီတို့အစား မက်သီယူးစ် ပါရဲရား၊ ကာရီယိုနဲ့ ကန်နိုတို့ကို လူစားလဲသွားခဲ့ကြပြီး ပီအက်စ်ဂျီတို့ဘက်ကတော့ မက်ဆီ၊ နေမာ၊ အမ်ဘာပေ၊ နာဗက်စ်၊ ဖာဘီယန် ရူးဝီးဇ်၊ ဟာကီမီနဲ့ ကားလို့စ် ဆိုလာတို့အစား ဟူစ်နီ၊ ဇိုင်ယာ-အမ်မရီ၊ အီကီတီကီ၊ ဒွန်နာရမ်မာ၊ နူနို မန်ဒက်စ်၊ ပမ်ဘီလီနဲ့ အစ္စမေးလ် ဂါဘီတို့ကို ထည့်သွင်းသွားခဲ့ကြတာပါ။

ပွဲချိန် ၇၈ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ ပဉ္စမမြောက် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ အစ္စမေးလ် ဂါဘီရဲ့ ပေးပို့မှုကို အီကီတီကီက တောက်လျှောက်ဆွဲပြေးပြီး ဂိုးသမား အယ်လ်အူဝေးစ်နဲ့ အတွေ့မှာ အပြင်းကန်သွင်းယူနိုင်ခဲ့လို့ လက်ဖျားနဲ့ ရှပ်ထိပြီး ဂိုးထဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာတော့ ဆော်ဒီတို့အတွက် စတုတ္ထမြောက် ချေပဂိုးကို ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ရော်နယ်လ်ဒိုနဲ့ အယ်လ်နာဆာမှာ တစ်သင်းတည်း ကစားနေတဲ့ တာလစ္စကာက ပီအက်စ်ဂျီခံစစ်ကြားကနေ ဘယ်ခြေနဲ့ အပြင်းကန်သွင်းယူခဲ့ရာမှာ မြင်ကွင်းပိတ်ဆို့နေခဲ့တဲ့ ဂိုးသမား ဒွန်နာရမ်မာ ကာကွယ်ဖို့ နှောင့်နှေးနေခဲ့တာကြောင့် ဂိုးထပ်ပေးခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ ပီအက်စ်ဂျီတို့က GOAT ချစ်ကြည်ရေး ခြေစမ်းပွဲမှာ ဆော်ဒီ ရီယာ့ဒ် အောလ်စတားအသင်းကို ငါးဂိုး-လေးဂိုးနဲ့ အနိုင်ရရှိသွားခဲ့ကြပြီး မက်ဆီရော ရော်နယ်လ်ဒိုပါ ခြေစွမ်းပြနိုင်ခဲ့ကြချိန်မှာ အမ်ဘာပေရဲ့ တစ်ဂိုးသွင်း နှစ်ဂိုးဖန်တီးခဲ့တဲ့ ရုန်းအားကိုလည်း ပရိသတ်တွေ ကျေနပ်နှစ်သိမ့်နိုင်ခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကီေလာ္ နာဗက္စ္၊ ခံစစ္မွာ ဆာဂ်ီယို ရာမို႔စ္၊ မားကင္ညိဳ႕စ္၊ ဟာကီမီနဲ႔ ဘားနတ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဖာဘီယန္ ႐ူးဝီးဇ္၊ ရီနာတို ဆန္ခ်က္စ္နဲ႔ ကားလို႔စ္ ဆိုလာတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ မက္ဆီ၊ ေနမာနဲ႔ အမ္ဘာေပတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ေဆာ္ဒီ ေအာလ္စတား ရီယာ့ဒ္အသင္းကေတာ့ ဂိုးသမား အယ္လ္အူေဝးစ္၊ ခံစစ္မွာ ဂ်န္းယြန္ဆူး၊ အယ္လ္ဘူလိုင္ဟီ၊ အယ္လ္ဂါနမ္နဲ႔ အက္ဘ္ဒူလ္ဟာမစ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ လူးဝစ္ဇ္ ဂူစတာဗို၊ အယ္လ္ခိုင္ဘာရီ၊ ဂြန္ဇာလို မာတီနက္ဇ္နဲ႔ အယ္လ္ေဒၚဆာရီတို႔ကို ခင္းက်င္းခဲ့သလို တိုက္စစ္မွာေတာ့ မာရီဂါနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ကို တြဲဖက္ေပးလာခဲ့တာပါ။

ပြဲခ်ိန္ ၃ မိနစ္မွာကတည္းက ပီအက္စ္ဂ်ီတို႔ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေနမာရဲ႕ ဘယ္ျခမ္းကေန အကြက္ျမင္တဲ့ ေပးပို႔မႈကို ရီယာ့ဒ္ေနာက္ခံလူေတြၾကားက ေျပးထြက္သြားတဲ့ မက္ဆီက အေပၚကို ကန္မယ္မွတ္လို႔ ခုန္ေနတဲ့ ေဆာ္ဒီဂိုးသမား အယ္လ္အူေဝးစ္ရဲ႕ ေအာက္ကို Volley ခ်ိဳးကန္သြင္းၿပီး ရယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆ မိနစ္မွာ ေရာ္နယ္လ္ဒိုရဲ႕ ဘယ္ေျခကန္ခ်က္ကို ဂိုးသမား နာဗက္စ္ အမိဖမ္းသြားႏိုင္ခဲ့ၿပီး ေနမာရဲ႕ ပြဲခ်ိန္ ၁၆ မိနစ္မွာ ေထာင့္က်ဥ္းကန္ခ်က္ကေတာ့ ဂိုးသမားတည့္တည့္ ေရာက္သြားခဲ့သလို ပီအက္စ္ဂ်ီတို႔က တိုက္စစ္ပိုဆင္ကစားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၂၅ မိနစ္မွာ မက္ဆီ ေပးတာကေန အမ္ဘာေပ ဂိုးသြင္းေပမယ့္ လူကြၽံေနခဲ့လို႔ ရီယာ့ဒ္အဖြဲ႕ သက္သာသြားခဲ့တာပါ။

ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ ေဆာ္ဒီေအာ္လ္စတားတို႔က ေခ်ပဂိုး ျပန္လည္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဖရီးကစ္ကေန ေခါင္းတိုက္ဖို႔ ႀကိဳးစားတဲ့ ေရာ္နယ္လ္ဒိုရဲ႕ မ်က္ႏွာကို လက္နဲ႔ ႐ိုက္မိတဲ့ ပီအက္စ္ဂ်ီဂိုးသမား နာဗက္စ္ေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို ေပၚတူဂီသားႀကီးက ကိုယ္တိုင္ပဲ ကန္သြင္းၿပီး ရယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ ၁၀ ေယာက္တည္းနဲ႔ ကစားဖို႔ အေၾကာင္းဖန္လာခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန ဘယ္ျခမ္းေတာက္ေလွ်ာက္ ဆြဲထြက္လာခဲ့တဲ့ အယ္လ္ေဒၚဆာရီရဲ႕ ထိုးေဖာက္မႈကို Last Defender အျဖစ္ ဝင္ဖ်က္တဲ့ ေနာက္ခံလူ ဘားနတ္ရဲ႕ မပိုင္ႏိုင္မႈကေန ျပစ္ဒဏ္ျဖစ္ခဲ့လို႔ တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရၿပီး အိမ္ရွင္ေတြ တစ္ေယာက္အသာနဲ႔ ကစားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ေနမာနဲ႔ အေပးအယူလုပ္လာတဲ့ အမ္ဘာေပက ဧရိယာထဲကို အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးရာမွာ မားကင္ညိဳ႕စ္က ပညာသားပါတဲ့ ကန္ခ်က္နဲ႔ အနီးကပ္ ပိတ္သြင္းၿပီး ဂိုးသမား အယ္လ္အူေဝးစ္ကို အႏိုင္ယူသြားခဲ့တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၃ မိနစ္မွာေတာ့ ေနမာက သူ႔ေၾကာင့္ရတဲ့ ပင္နယ္တီကို သူကိုယ္တိုင္ပဲ အသက္ ၉၀ အဘြားအိုႀကီး လမ္းေလွ်ာက္သလိုမ်ိဳး တုန္ခ်ည့္ခ်ည့္နဲ႔ ေဘာလုံးဆီသြားၿပီး ကန္သြင္းခဲ့ရာမွာ ျမင္ဖူးပါ မ်ားလြန္းလို႔ အထာနပ္ေနၿပီျဖစ္တဲ့ ဂိုးသမား အယ္လ္အူးေဝးစ္က မလႈပ္ဘဲ ေစာင့္စားခဲ့ရာမွာ ဘရာဇီးလ္ တိုက္စစ္မႉး ဘာမွ ေ႐ြးခ်ယ္ခြင့္ မရွိေတာ့ဘဲ ကန္သြင္းခဲ့ရာမွာေတာ့ အရွိန္မပါတဲ့ ေဘာလုံးကို ဖမ္းယူတာပဲ ခံခဲ့ရတာပါ။

နာက်င္အခ်ိန္ပို ၅ မိနစ္မွာေတာ့ ေဆာ္ဒီ ေအာလ္စတားတို႔ ေခ်ပဂိုး ျပန္လည္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန အက္ဘ္ဒူလ္ဟာမစ္က ျဖတ္တင္ေပးတာကို ေရာ္နယ္လ္ဒိုက ပီအက္စ္ဂ်ီခံစစ္ၾကားကေန ေခါင္းတိုက္သြင္းယူခဲ့တာက တိုင္ထိၿပီး ျပန္ထြက္လာခဲ့ရာမွာ ဆာဂ်ီယို ရာမို႔စ္က ရွင္းထုတ္ရာမွာ မထိလိုက္ဘဲ ေခ်ာ္ထြက္လာခဲ့တဲ့ ေဘာလုံးကို ေနာက္တစ္ႀကိမ္ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ႏွစ္ဂိုးစီသေရက်ေနခဲ့ၾကၿပီး ဒုတိယပိုင္းမွာေတာ့ ရီယာ့ဒ္တို႔ဘက္က အယ္လ္ဂါနမ္နဲ႔ မာရီဂါတို႔အစား လာဂ်ာမီနဲ႔ တာလစၥကာတို႔ ဝင္ကစားခဲ့ၾကသလို တစ္ေယာက္ေလ်ာ့ ပီအက္စ္ဂ်ီတို႔ဘက္ကေတာ့ ရီနာတို ဆန္ခ်က္စ္နဲ႔ မားကင္ညိဳ႕စ္တို႔အစား ဗီတင္ညာနဲ႔ ဒါနီလို ပါရဲရားတို႔ကို ထည့္သြင္းလာခဲ့တာပါ။

ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ပဲ ထပ္မံဦးေဆာင္သြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန အက္ဘ္ဒူလ္ဟာမစ္ကို ေကာင္းေကာင္း ပညာျပ လိမ္ေခါက္ၿပီးမွ ဂိုးေရွ႕ကို အနိမ့္ေဘာ ျဖတ္တင္ေပးခဲ့တဲ့ အမ္ဘာေပရဲ႕ ဖန္တီးမႈကို ဆာဂ်ီယို ရာမို႔စ္က အနီးကပ္ ေလွ်ာထိုးပိတ္သြင္းႏိုင္ခဲ့လို႔ သုံးဂိုး-ႏွစ္ဂိုးျပန္ျဖစ္ေနခဲ့ပါတယ္။

ပီအက္စ္ဂ်ီတို႔ရဲ႕ ဦးေဆာင္မႈကေတာ့ ၾကာၾကာမခံလိုက္ဘဲ ပြဲခ်ိန္ ၅၆ မိနစ္မွာ ေဆာ္ဒီေအာလ္စတားတို႔ ျပန္လည္ေခ်ပသြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ ညာေထာင့္ကန္ေဘာကေန ဂြန္ဇာလို မာတီနက္ဇ္ရဲ႕ ေပးပို႔မႈကို ေနာက္ခံလူ ဂ်န္ယြန္ဆူးက ဆာဂ်ီယို ရာမို႔စ္ရဲ႕ မာကင္ကို ခြာထြက္ၿပီး အနီးကပ္ ေခါင္းတိုက္သြင္းယူသြားႏိုင္ခဲ့လို႔ သေရျပန္ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္မိနစ္ ၆၀ မွာေတာ့ ပီအက္စ္ဂ်ီတို႔ပဲ ေနာက္တစ္ႀကိမ္ ျပန္လည္ဦးေဆာင္သြားခဲ့ျပန္ၿပီး ဒီဂိုးကိုေတာ့ မက္ဆီရဲ႕ တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ ကန္သြင္းဖို႔ လုပ္ခဲ့ရာမွာ လက္နဲ႔ တားဆီးမိခဲ့တဲ့ အယ္လ္ဘူလိုင္ဟီေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို အမ္ဘာေပက ဂိုးသမား အယ္လ္အူေဝးစ္ကို လွည့္စားကန္သြင္းၿပီး ေလးဂိုး-သုံးဂိုးျဖစ္ေနခဲ့ပါတယ္။

ဒီဂိုးရအၿပီးမွာေတာ့ ေအာလ္စတားေတြဘက္က ေရာ္နယ္လ္ဒို၊ ဂြန္ဇာလို မာတီနက္ဇ္နဲ႔ အယ္လ္ခိုင္ဘာရီတို႔အစား မက္သီယူးစ္ ပါရဲရား၊ ကာရီယိုနဲ႔ ကန္ႏိုတို႔ကို လူစားလဲသြားခဲ့ၾကၿပီး ပီအက္စ္ဂ်ီတို႔ဘက္ကေတာ့ မက္ဆီ၊ ေနမာ၊ အမ္ဘာေပ၊ နာဗက္စ္၊ ဖာဘီယန္ ႐ူးဝီးဇ္၊ ဟာကီမီနဲ႔ ကားလို႔စ္ ဆိုလာတို႔အစား ဟူစ္နီ၊ ဇိုင္ယာ-အမ္မရီ၊ အီကီတီကီ၊ ဒြန္နာရမ္မာ၊ ႏူႏို မန္ဒက္စ္၊ ပမ္ဘီလီနဲ႔ အစၥေမးလ္ ဂါဘီတို႔ကို ထည့္သြင္းသြားခဲ့ၾကတာပါ။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ ပၪၥမေျမာက္ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန အစၥေမးလ္ ဂါဘီရဲ႕ ေပးပို႔မႈကို အီကီတီကီက ေတာက္ေလွ်ာက္ဆြဲေျပးၿပီး ဂိုးသမား အယ္လ္အူေဝးစ္နဲ႔ အေတြ႕မွာ အျပင္းကန္သြင္းယူႏိုင္ခဲ့လို႔ လက္ဖ်ားနဲ႔ ရွပ္ထိၿပီး ဂိုးထဲ ဝင္သြားခဲ့တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ေနာက္ဆုံးမိနစ္မွာေတာ့ ေဆာ္ဒီတို႔အတြက္ စတုတၳေျမာက္ ေခ်ပဂိုးကို ျပန္လည္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေရာ္နယ္လ္ဒိုနဲ႔ အယ္လ္နာဆာမွာ တစ္သင္းတည္း ကစားေနတဲ့ တာလစၥကာက ပီအက္စ္ဂ်ီခံစစ္ၾကားကေန ဘယ္ေျခနဲ႔ အျပင္းကန္သြင္းယူခဲ့ရာမွာ ျမင္ကြင္းပိတ္ဆို႔ေနခဲ့တဲ့ ဂိုးသမား ဒြန္နာရမ္မာ ကာကြယ္ဖို႔ ေႏွာင့္ေႏွးေနခဲ့တာေၾကာင့္ ဂိုးထပ္ေပးခဲ့ရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ပီအက္စ္ဂ်ီတို႔က GOAT ခ်စ္ၾကည္ေရး ေျခစမ္းပြဲမွာ ေဆာ္ဒီ ရီယာ့ဒ္ ေအာလ္စတားအသင္းကို ငါးဂိုး-ေလးဂိုးနဲ႔ အႏိုင္ရရွိသြားခဲ့ၾကၿပီး မက္ဆီေရာ ေရာ္နယ္လ္ဒိုပါ ေျခစြမ္းျပႏိုင္ခဲ့ၾကခ်ိန္မွာ အမ္ဘာေပရဲ႕ တစ္ဂိုးသြင္း ႏွစ္ဂိုးဖန္တီးခဲ့တဲ့ ႐ုန္းအားကိုလည္း ပရိသတ္ေတြ ေက်နပ္ႏွစ္သိမ့္ႏိုင္ခဲ့ၾကပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.