Match Report Premier League

နောက်ဆုံးလေးပွဲမှာ သုံးပွဲနိုင်ပြီး ချဲလ်ဆီးနား တစ်မှတ်အကွာကို ကပ်လာခဲ့တဲ့ ဗီလာ

အက်စ်တန်ဗီလာအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား မာတီနက်ဇ်၊ ခံစစ်မှာ ကွန်ဆာ၊ တိုင်ရုန်းမင်းစ်၊ အက်ရှ်လီယန်းနဲ့ အဲလက်စ် မိုရီနိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာမာရာ၊ ဒေါက်ဂလပ်စ် လူးဝစ်ဇ်၊ ရမ်ဆေးနဲ့ ဘွင်ဒီယာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဘေလီနဲ့ ဝပ်ကင်းစ်တို့ နှစ်ဦးကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဆောက်သမ်တန်အသင်းကတော့ ဂိုးသမား ဘာဇူးနူး၊ ခံစစ်မှာ ချာလက်တာ-ဆာ၊ ဆာလီဆူး၊ လီယန်ကိုနဲ့ ဝေါ်လ်ကာ-ပီတာစ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဒီယယ်လို၊ လာဗီယာနဲ့ ဝါ့ဒ်-ပရောက်စ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ အီဒိုဇီ၊ အက်ဒမ် အမ်းစ်ထရောင်းနဲ့ ရှေအက်ဒမ်စ်တို့ကို စုဖွဲ့ပေးလာခဲ့တာပါ။

ဗီလာတို့အနေနဲ့ လမ်းကြောင်းမှန်ပေါ် ပြန်တက်နိုင်ဖို့ နည်းပြသစ် အူနိုင်း အမ်မရီလက်ထက်မှာ စုဖွဲ့မှုကောင်းကောင်းနဲ့ ကြိုးစားနေခဲ့ချိန်မှာ ဆောက်သမ်တန်တို့ကတော့ ဈေးအိမ်သာလိုဖြစ်နေတဲ့ အဲဗာတန်ကို နောက်ဆုံးပွဲမှာ အနိုင်မရခင်အထိ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၆ ပွဲဆက် ရှုံးနိမ့်ထားခဲ့လို့ တန်းဆင်းဇုန်ရုန်းအားကို မျှော်လင့်ခဲ့ကြပေမယ့် အထင်တွေ လွဲခဲ့ကြတာဖြစ်ပါတယ်။

အထူးသဖြင့် နည်းပြဟောင်း ဟေဆန်ဟွတ်တယ်လ်အနေနဲ့ မန်စီးတီးလူငယ်တွေအပေါ်မှာ အခြေခံခဲ့တာက မလုံလောက်ခဲ့သလို သူ့ကို ဆက်ခံတဲ့ နည်းပြ နာသန် ဂျုံးစ်ကလည်း အသင်းကို မာကျောအောင် တည်ဆောက်တတ်တဲ့ နည်းပြမျိုး မဟုတ်ခဲ့တာကြောင့် ပြိုင်ဘက်တွေအတွက် ဆက်ပြီး အခွင့်အရေးယူစရာ အသင်းတစ်သင်းပဲ ဖြစ်နေခဲ့တာပါ။

ပထမပိုင်းမှာတော့ နှစ်သင်းစလုံးရဲ့ ကစားပုံတွေက ရိုးရှင်းလွန်းခဲ့သလို တိုက်စစ်ပိုင်းမှာ ကောင်းကောင်း ပုံဖော်နိုင်ခဲ့ခြင်းမရှိဘဲ အဆုံးသတ်ပိုင်းမှာလည်း ချူချာနေခဲ့ကြပြီး ကွင်းထဲ ဝင်လာတဲ့ တရားမဝင် ဒရုန်းကင်မရာတစ်ခုကြောင့်လည်း ပွဲကို အချိန်အတော်ကြာ ရပ်နားခဲ့ရသလို ဂိုးမရှိသရေ ရလဒ်ပဲ ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်းပြန်အစမှာတော့ နှစ်သင်းစလုံး အထနှေးခဲ့ကြလို့ ခံစစ်တွေက အသီးသီး ထိန်းချုပ်သွားနိုင်ခဲ့ကြသလို ပွဲချိန် ၆၁ မိနစ်မှာတော့ ဆောက်သမ်တန်တို့ဘက်က ရှေအက်ဒမ်စ်၊ လာဗီယာနဲ့ အီဒိုဇီတို့အစား မာရာ၊ အယ်လ်ယူနူစီနဲ့ ပေရိုတို့ကို လူစားလဲခဲ့ပြီး တစ်မိနစ်အကြာမှာ ကပ္ပတိန် ဝါ့ဒ်-ပရောက်စ်ရဲ့ ဖြတ်တင်ဘောကနေ အက်ဒမ် အမ်းစ်ထရောင်း ကန်ခွင့်ရခဲ့ပေမယ့် မာတီနက်ဇ်က အမှားအယွင်းမရှိ ကာကွယ်သွားခဲ့တာပါ။

ပွဲချိန် ၆၃ မိနစ်မှာတော့ ဆောက်သမ်တန်တို့အတွက် ဝါ့ဒ်-ပရောက်စ်က ဧရိယာထိပ်ကနေ ဘယ်ခြေကန်ချက်နဲ့ ဂိုးသွင်းယူခဲ့ပေမယ့် ဗီလာတို့ရဲ့ ရမ်းဆေးကို အယ်လ်ယူနူစီက နောက်က တွန်းချခဲ့တယ်လို့ VAR က ဆုံးဖြတ်ခဲ့တာကြောင့် ပြစ်ဒဏ်ဘောအဖြစ် ပယ်ဖျက်သွားခဲ့တာကြောင့် အိမ်ရှင်တွေ ကံဆိုးခဲ့ရပါတယ်။

ပွဲချိန် ၇၇ မိနစ်မှာတော့ အက်စ်တန်ဗီလာတို့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကာမာရာကြောင့် ရခဲ့တဲ့ ညာခြမ်းက ဖရီးကစ်ကို ဒေါက်ဂလပ်စ် လူးဝစ်ဇ်က ကန်တင်ပေးရာမှာ ဆောက်သမ်တန်ခံစစ်ကြားကနေ တိုက်စစ်မှူး ဝပ်ကင်းစ်က လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ ဆောက်သမ်တန်တို့ဘက်က အမ်းစ်ထရောင်းနဲ့ ချာလက်တာ-ဆာတို့အစား အော်ရှစ်ချ်နဲ့ ဂျီနီပိုတို့ကို ထည့်ပြီး တိုက်စစ်မြှင့်သွားခဲ့သလို ဗီလာတို့ကတော့ ဘွင်ဒီယာ၊ ဘေလီနဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်တို့အစား ကော်တင်ညို၊ မက်တီ ကတ်ရှ်နဲ့ ဒန်ဒွန့်ကာတို့ကို ထည့်ပြီး ခံစစ်ကစားသွားခဲ့လို့ ပွဲချိန်အပြည့်မှာတော့ တစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့လို့ နောက်ဆုံးလေးပွဲမှာ သုံးပွဲနိုင်တဲ့ အက်စ်တန်ဗီလာတို့အနေနဲ့ ချဲလ်ဆီးအသင်းရဲ့နောက် အဆင့် ၁၁ နေရာကို တစ်မှတ် အကွာနဲ့ ရယူသွားနိုင်ခဲ့ကြချိန်မှာတော့ နောက်ဆုံး ရှစ်ပွဲမှာ တစ်ပွဲသာနိုင်ပြီး ခုနစ်ပွဲရှုံးခဲ့တဲ့ ဆောက်သမ်တန်တို့ကတော့ အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာ အဲဗာတန်တို့နဲ့ အမှတ်တူ ဂိုးကွာခြားချက် ပိုနိမ့်ကျခဲ့မှုနဲ့ ရပ်တည်သွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အက္စ္တန္ဗီလာအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား မာတီနက္ဇ္၊ ခံစစ္မွာ ကြန္ဆာ၊ တိုင္႐ုန္းမင္းစ္၊ အက္ရွ္လီယန္းနဲ႔ အဲလက္စ္ မိုရီႏိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာမာရာ၊ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္၊ ရမ္ေဆးနဲ႔ ဘြင္ဒီယာတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ေဘလီနဲ႔ ဝပ္ကင္းစ္တို႔ ႏွစ္ဦးကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ေဆာက္သမ္တန္အသင္းကေတာ့ ဂိုးသမား ဘာဇူးႏူး၊ ခံစစ္မွာ ခ်ာလက္တာ-ဆာ၊ ဆာလီဆူး၊ လီယန္ကိုနဲ႔ ေဝၚလ္ကာ-ပီတာစ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒီယယ္လို၊ လာဗီယာနဲ႔ ဝါ့ဒ္-ပေရာက္စ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ အီဒိုဇီ၊ အက္ဒမ္ အမ္းစ္ထေရာင္းနဲ႔ ေရွအက္ဒမ္စ္တို႔ကို စုဖြဲ႕ေပးလာခဲ့တာပါ။

ဗီလာတို႔အေနနဲ႔ လမ္းေၾကာင္းမွန္ေပၚ ျပန္တက္ႏိုင္ဖို႔ နည္းျပသစ္ အူႏိုင္း အမ္မရီလက္ထက္မွာ စုဖြဲ႕မႈေကာင္းေကာင္းနဲ႔ ႀကိဳးစားေနခဲ့ခ်ိန္မွာ ေဆာက္သမ္တန္တို႔ကေတာ့ ေဈးအိမ္သာလိုျဖစ္ေနတဲ့ အဲဗာတန္ကို ေနာက္ဆုံးပြဲမွာ အႏိုင္မရခင္အထိ ပရီးမီးယားလိဂ္မွာ ေနာက္ဆုံး ၆ ပြဲဆက္ ရႈံးနိမ့္ထားခဲ့လို႔ တန္းဆင္းဇုန္႐ုန္းအားကို ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ အထင္ေတြ လြဲခဲ့ၾကတာျဖစ္ပါတယ္။

အထူးသျဖင့္ နည္းျပေဟာင္း ေဟဆန္ဟြတ္တယ္လ္အေနနဲ႔ မန္စီးတီးလူငယ္ေတြအေပၚမွာ အေျခခံခဲ့တာက မလုံေလာက္ခဲ့သလို သူ႔ကို ဆက္ခံတဲ့ နည္းျပ နာသန္ ဂ်ဳံးစ္ကလည္း အသင္းကို မာေက်ာေအာင္ တည္ေဆာက္တတ္တဲ့ နည္းျပမ်ိဳး မဟုတ္ခဲ့တာေၾကာင့္ ၿပိဳင္ဘက္ေတြအတြက္ ဆက္ၿပီး အခြင့္အေရးယူစရာ အသင္းတစ္သင္းပဲ ျဖစ္ေနခဲ့တာပါ။

ပထမပိုင္းမွာေတာ့ ႏွစ္သင္းစလုံးရဲ႕ ကစားပုံေတြက ႐ိုးရွင္းလြန္းခဲ့သလို တိုက္စစ္ပိုင္းမွာ ေကာင္းေကာင္း ပုံေဖာ္ႏိုင္ခဲ့ျခင္းမရွိဘဲ အဆုံးသတ္ပိုင္းမွာလည္း ခ်ဴခ်ာေနခဲ့ၾကၿပီး ကြင္းထဲ ဝင္လာတဲ့ တရားမဝင္ ဒ႐ုန္းကင္မရာတစ္ခုေၾကာင့္လည္း ပြဲကို အခ်ိန္အေတာ္ၾကာ ရပ္နားခဲ့ရသလို ဂိုးမရွိသေရ ရလဒ္ပဲ ထြက္ေပၚေနခဲ့ပါတယ္။

ဒုတိယပိုင္းျပန္အစမွာေတာ့ ႏွစ္သင္းစလုံး အထေႏွးခဲ့ၾကလို႔ ခံစစ္ေတြက အသီးသီး ထိန္းခ်ဳပ္သြားႏိုင္ခဲ့ၾကသလို ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ ေဆာက္သမ္တန္တို႔ဘက္က ေရွအက္ဒမ္စ္၊ လာဗီယာနဲ႔ အီဒိုဇီတို႔အစား မာရာ၊ အယ္လ္ယူႏူစီနဲ႔ ေပ႐ိုတို႔ကို လူစားလဲခဲ့ၿပီး တစ္မိနစ္အၾကာမွာ ကပၸတိန္ ဝါ့ဒ္-ပေရာက္စ္ရဲ႕ ျဖတ္တင္ေဘာကေန အက္ဒမ္ အမ္းစ္ထေရာင္း ကန္ခြင့္ရခဲ့ေပမယ့္ မာတီနက္ဇ္က အမွားအယြင္းမရွိ ကာကြယ္သြားခဲ့တာပါ။

ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ ေဆာက္သမ္တန္တို႔အတြက္ ဝါ့ဒ္-ပေရာက္စ္က ဧရိယာထိပ္ကေန ဘယ္ေျခကန္ခ်က္နဲ႔ ဂိုးသြင္းယူခဲ့ေပမယ့္ ဗီလာတို႔ရဲ႕ ရမ္းေဆးကို အယ္လ္ယူႏူစီက ေနာက္က တြန္းခ်ခဲ့တယ္လို႔ VAR က ဆုံးျဖတ္ခဲ့တာေၾကာင့္ ျပစ္ဒဏ္ေဘာအျဖစ္ ပယ္ဖ်က္သြားခဲ့တာေၾကာင့္ အိမ္ရွင္ေတြ ကံဆိုးခဲ့ရပါတယ္။

ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ အက္စ္တန္ဗီလာတို႔ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကာမာရာေၾကာင့္ ရခဲ့တဲ့ ညာျခမ္းက ဖရီးကစ္ကို ေဒါက္ဂလပ္စ္ လူးဝစ္ဇ္က ကန္တင္ေပးရာမွာ ေဆာက္သမ္တန္ခံစစ္ၾကားကေန တိုက္စစ္မႉး ဝပ္ကင္းစ္က လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္သြင္းယူသြားႏိုင္ခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ေဆာက္သမ္တန္တို႔ဘက္က အမ္းစ္ထေရာင္းနဲ႔ ခ်ာလက္တာ-ဆာတို႔အစား ေအာ္ရွစ္ခ်္နဲ႔ ဂ်ီနီပိုတို႔ကို ထည့္ၿပီး တိုက္စစ္ျမႇင့္သြားခဲ့သလို ဗီလာတို႔ကေတာ့ ဘြင္ဒီယာ၊ ေဘလီနဲ႔ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္တို႔အစား ေကာ္တင္ညိဳ၊ မက္တီ ကတ္ရွ္နဲ႔ ဒန္ဒြန႔္ကာတို႔ကို ထည့္ၿပီး ခံစစ္ကစားသြားခဲ့လို႔ ပြဲခ်ိန္အျပည့္မွာေတာ့ တစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒီပြဲကို အႏိုင္ရရွိခဲ့လို႔ ေနာက္ဆုံးေလးပြဲမွာ သုံးပြဲႏိုင္တဲ့ အက္စ္တန္ဗီလာတို႔အေနနဲ႔ ခ်ဲလ္ဆီးအသင္းရဲ႕ေနာက္ အဆင့္ ၁၁ ေနရာကို တစ္မွတ္ အကြာနဲ႔ ရယူသြားႏိုင္ခဲ့ၾကခ်ိန္မွာေတာ့ ေနာက္ဆုံး ရွစ္ပြဲမွာ တစ္ပြဲသာႏိုင္ၿပီး ခုနစ္ပြဲရႈံးခဲ့တဲ့ ေဆာက္သမ္တန္တို႔ကေတာ့ အမွတ္ေပးဇယားရဲ႕ ေအာက္ဆုံးမွာ အဲဗာတန္တို႔နဲ႔ အမွတ္တူ ဂိုးကြာျခားခ်က္ ပိုနိမ့္က်ခဲ့မႈနဲ႔ ရပ္တည္သြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.