Premier League

အန်တိုနီ မသွင်းစဖူးဂိုးသွင်းပေမယ့် အိုနာနာ ထပ်မွှေလို့ သရေ ၁ မှတ်ပဲ ရခဲ့တဲ့ မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ စနေနေ့ည ဘန်လေနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အန်တိုနီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း နောက်ကျ ပင်နယ်တီကြောင့် တစ်ဖက် ၁ ဂိုးစီ သရေကျပြီး သရေ ၁ မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပထမပိုင်းမှာ ဖာနန်ဒက်စ်ရဲ့ ဂိုးတိုင်ထိမှန်ခဲ့တဲ့ ကန်ချက်လောက်ကလွဲပြီး ဘန်လေဂိုးပေါက်ကို ထိထိရောက်ရောက်မခြိမ်းခြောက်နိုင်ခဲ့ဘဲ အိုနာနာ လက်စွမ်းပြ ကာကွယ်ခဲ့လို့သာ ဂိုးတွေ မပေးခဲ့ရတာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ၁၅ မိနစ်လောက်အထိ မန်ချက်စတာယူနိုက်တက်က တရစပ် ဖိအားပေးတိုက်စစ်ဆင်နိုင်ခဲ့ပြီး ၇၉ မိနစ်မှာ ဘန်လေအသင်း လူပေးမှားရာကနေ ရလာတဲ့ဘောလုံးကို အန်တိုနီက ရယူပြီးနောက် ဂိုးညာဘက်အောက်ထောင့်ထဲကို အပြင်းကန်သွင်းယူသွားခဲ့ပြီး ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ၈၅ မိနစ်မှာ အိုနာနာ ဘောလုံး ပုတ်ထုတ်ရာမှာ ဘန်လေကစားသမားကို ကစားပုံကြမ်းတမ်းသလို ဖြစ်ခဲ့တာကြောင့် VAR က ပင်နယ်တီသတ်မှတ်ပေးခဲ့ပြီး အမ်ဒူနီက ဂိုးညာဘက်အောက်ထောင့်ထဲကို ကန်သွင်းပြီး ချေပဂိုး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၈၉ မိနစ်မှာ မက်တော်မီနေးရဲ့ အနီးကပ် ဂိုးကန်သွင်းမှုကို အိုရှေးက အံ့အားသင့်ဖွယ် ပိတ်ဆို့နိုင်ခဲ့တာကြောင့် ဘန်လေတို့ နောက်ကျ အနိုင်ဂိုး ပေးရမယ့်အရေးကနေ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

နာကျင်အချိန်ပို ၉၀+၅ မိနစ်မှာ အိုနာနာက ပင်နယ်တီပေးခဲ့ရတဲ့ အမှားကို ပြန်ပေးဆပ်တဲ့အနေနဲ့ အိုဒိုဘတ်ရဲ့ ကန်ချက်ကို ခြေထောက်နဲ့ ပိတ်ဆို့ ကာကွယ်ခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်တို့ ဂိုးထပ်မပေးခဲ့ရဘဲ သရေ၁ မှတ် ရရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာယူႏိုက္တက္ဟာ စေနေန႔ည ဘန္ေလနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ အန္တိုနီရဲ႕ သြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း ေနာက္က် ပင္နယ္တီေၾကာင့္ တစ္ဖက္ ၁ ဂိုးစီ သေရက်ၿပီး သေရ ၁ မွတ္နဲ႔သာ ေက်နပ္ခဲ့ရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ပထမပိုင္းမွာ ဖာနန္ဒက္စ္ရဲ႕ ဂိုးတိုင္ထိမွန္ခဲ့တဲ့ ကန္ခ်က္ေလာက္ကလြဲၿပီး ဘန္ေလဂိုးေပါက္ကို ထိထိေရာက္ေရာက္မၿခိမ္းေျခာက္ႏိုင္ခဲ့ဘဲ အိုနာနာ လက္စြမ္းျပ ကာကြယ္ခဲ့လို႔သာ ဂိုးေတြ မေပးခဲ့ရတာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ၁၅ မိနစ္ေလာက္အထိ မန္ခ်က္စတာယူႏိုက္တက္က တရစပ္ ဖိအားေပးတိုက္စစ္ဆင္ႏိုင္ခဲ့ၿပီး ၇၉ မိနစ္မွာ ဘန္ေလအသင္း လူေပးမွားရာကေန ရလာတဲ့ေဘာလုံးကို အန္တိုနီက ရယူၿပီးေနာက္ ဂိုးညာဘက္ေအာက္ေထာင့္ထဲကို အျပင္းကန္သြင္းယူသြားခဲ့ၿပီး ဦးေဆာင္ဂိုး ရရွိခဲ့ပါတယ္။

ဒါေပမယ့္လည္း ၈၅ မိနစ္မွာ အိုနာနာ ေဘာလုံး ပုတ္ထုတ္ရာမွာ ဘန္ေလကစားသမားကို ကစားပုံၾကမ္းတမ္းသလို ျဖစ္ခဲ့တာေၾကာင့္ VAR က ပင္နယ္တီသတ္မွတ္ေပးခဲ့ၿပီး အမ္ဒူနီက ဂိုးညာဘက္ေအာက္ေထာင့္ထဲကို ကန္သြင္းၿပီး ေခ်ပဂိုး သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

၈၉ မိနစ္မွာ မက္ေတာ္မီေနးရဲ႕ အနီးကပ္ ဂိုးကန္သြင္းမႈကို အိုေရွးက အံ့အားသင့္ဖြယ္ ပိတ္ဆို႔ႏိုင္ခဲ့တာေၾကာင့္ ဘန္ေလတို႔ ေနာက္က် အႏိုင္ဂိုး ေပးရမယ့္အေရးကေန လြတ္ေျမာက္ခဲ့တာ ျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၉၀+၅ မိနစ္မွာ အိုနာနာက ပင္နယ္တီေပးခဲ့ရတဲ့ အမွားကို ျပန္ေပးဆပ္တဲ့အေနနဲ႔ အိုဒိုဘတ္ရဲ႕ ကန္ခ်က္ကို ေျခေထာက္နဲ႔ ပိတ္ဆို႔ ကာကြယ္ခဲ့တာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္တို႔ ဂိုးထပ္မေပးခဲ့ရဘဲ သေရ၁ မွတ္ ရရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.