Analysis Article Match Report Premier League

ဇယားအလယ်နှစ်သင်း ခပ်ရိုးရိုး သရေကျတဲ့ လီဗာပူးလ် 0-0 ချဲလ်ဆီးပွဲက ပြောစရာများ

ဇယားအလယ်က အသင်းနှစ်သင်းရဲ့ သာမန် သရေပွဲ
ဒီအသင်းနှစ်သင်းကို ဇယားအလယ်က အသင်းတွေကို ပြောတာမျိုးကို သာမန်အခြေအနေမှာဆို ဘယ်သူမှ လက်ခံမှာ မဟုတ်ပေမယ့် ဒီရာသီမှာတော့ ဒါက တကယ်ပဲ ဖြစ်ပျက်နေခဲ့ပြီး အဆင့် ၉ က လီဗာပူးလ်နဲ့ အဆင့် ၁၀ က ချဲလ်ဆီးတို့ တွေ့ဆုံခဲ့ကြတာပါ။ တကယ်တမ်း တွေ့ဆုံချိန်မှာလည်း ဇာတာကျနေတဲ့ နှစ်သင်းအနေနဲ့ တစ်သင်းက ဂိုးပေါက်ပိုခြိမ်းခြောက်ပြီး တစ်သင်းက ဘောလုံးနည်းနည်း ပိုကိုင်နိုင်တာကလွဲလို့ သိသိသာသာ အသာစီး ရတာမျိုး မရှိဘဲ သူတို့နှစ်သင်းမှာ မြင်ရတတ်တဲ့ စိတ်ဓာတ်နဲ့ ရည်မှန်းချက်မျိုးကိုလည်း တစ်ခုမှ မမြင်ရဘဲ နည်းပြတွေကလည်း ဆုံးဖြတ်ချက်နဲ့ ဗျူဟာအမှားတွေ ကျူးလွန်ခဲ့ပြီးတဲ့ နောက်မှာတော့ ဂိုးမရှိ သရေရလဒ်နဲ့ပဲ တစ်မှတ်စီ ခွဲယူခဲ့ကြတာဖြစ်ပါတယ်။

လူထုတ်ပုံ မှားယွင်းခဲ့တဲ့ ကလော့ပ်
လီဗာပူးလ်တို့အနေနဲ့ တိုက်စစ်သုံးယောက်တန်းမှာ ဆာလား၊ အဲလီးယော့နဲ့ ဂက်ခ်ပိုတို့ကို ပွဲထုတ်ခဲ့ပြီး အီဂျစ်သားကလွဲလို့ ကျန်တဲ့ နှစ်ဦးက သူတို့ အသားမကျတဲ့ နေရာတွေမှာ ကစားခဲ့ရတာဖြစ်ပါတယ်။ တကယ်တမ်းမှာတော့ ဒါဝင် နူးညက်ဇ်ကို မသုံးချင်ရင် ဆာလားကို အလယ်ပို့ပြီး အဲလီးယော့က ညာဘက်၊ ဂက်ခ်ပိုက ဘယ်ဘက်မှာ ကစားခဲ့မယ်ဆိုရင် လီဗာပူးလ်တိုက်စစ်က ဒီထက်ပိုပြီး ထိရောက်မှာဖြစ်ပေမယ့် ပြောင်းလဲပြင်ဆင်ခြင်း မရှိခဲ့လို့ အလွဲလွဲ အချော်ချော်နဲ့ပဲ တိုင်ပတ်သွားခဲ့ကြရတာပါ။ ယာဂန် ကလော့ပ်အနေနဲ့ သူ့ရဲ့ ဉာဏ်နီဉာဏ်နက်တွေကို ဒီထက်ပိုပြီး ထုတ်ယူသုံးစွဲနိုင်ဖို့ လိုအပ်နေသလို နေရာတိုင်းမှာ လုပ်အားနှုန်း အားကိုးတိုင်း မရဘူးဆိုတာကို သဘောပေါက်ရတော့မှာဖြစ်ပါတယ်။

ခြေစွမ်းခြေစ ပြသနိုင်ခဲ့တဲ့ မူဒရစ်ခ်
ချဲလ်ဆီးပရိသတ်တွေအတွက်တော့ ဒီနေ့ပွဲရဲ့ ပွဲချိန် ၅၅ မိနစ်မှာ လူစားဝင် ကစားခဲ့တဲ့ လူသစ် မိုက်ခေလို မူဒရစ်ခ်ရဲ့ ခြေစွမ်းတွေအတွက် ဂုဏ်ယူမျှော်လင့်နိုင်ကြမှာဖြစ်ပါတယ်။ ယူကရိန်းသားအတွက်တော့ လီဗာပူးလ်ရဲ့ လူအိုကြီး မီလ်နာက ဟာသဖြစ်ခဲ့သလို ဂိုးတစ်ဂိုးတောင်ရဖို့ နီးစပ်ခဲ့ပြီး ဟာဗတ်ဇ်နဲ့ အတွဲအဖက်ကောင်းတစ်ခုကို ဘယ်ခြမ်းမှာ တည်ဆောက်နိုင်ဖို့ အထင်ကြီးနိုင်ခဲ့တာပါ။ ဒါပေမယ့် ဂရေဟမ် ပေါ့တာရဲ့ စိတ်ပျက်စရာလုပ်ရပ် အဖြစ် ဟာဗတ်ဇ်ကို အူဘာမီယန်းနဲ့ လဲလိုက်ချိန်မှာတော့ ဒါတွေ အားလုံးက ပျက်စီးသွားခဲ့ပြီး မူဒရစ်ခ်ပါ တိုင်ပတ်သွားခဲ့လို့ ရှေ့လျှောက် ဘာဖြစ်လာမလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဂက်ခ်ပိုလား ကြက်ပိုလား
နယ်သာလန်လို အမှတ်ပေးပြိုင်ပွဲမျိုးမှာ ဂိုးသွင်းတာက ဘာမှ အထင်ကြီးစရာ မရှိသလို ဒီအတွက် စွန့်စားရမယ်ဆိုတာ ဂက်ခ်ပိုကို နွေရာသီမှာ ကတည်းက ခေါ်ယူလိုတဲ့ အသင်းကြီးတွေအနေနဲ့ သဘောပေါက်ခဲ့ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဖလားမှာ သုံးဂိုး သွင်းနိုင်ခဲ့ချိန်မှာတော့ လီဗာပူးလ်တို့ လက်သွက်စွာနဲ့ သူ့ကို ပေါင် ၃၆ သန်း ပေးမ,ခဲ့ပြီး လက်ရှိမှာ ခြေစွမ်းကတော့ ၃ ပွဲကစား ၁၂ ကြိမ်ကန် ၃ ကြိမ် ဂိုးပေါက်တည့် တစ်ဂိုးမှ မရသေးဖြစ်နေတာပါ။ ဒီကစားသမားဟာ အရပ်အမောင်း ရှိနေတာကလွဲလို့ အထောင်တိုက်စစ်မှူး မဟုတ်ကြောင်းကိုလည်း နည်းပြ ကလော့ပ်ကို တစ်ယောက်ယောက်က သတိပေးဖို့ လိုအပ်နေပြီး အီကွေဒေါနဲ့ပွဲမှာ သွင်းယူနိုင်ခဲ့တဲ့ ဂိုးဟာ ကြက်ဂိုးဖြစ်ခဲ့တယ်ဆိုတာကို ကြည့်ရင် သူ့ကို အဓိက ဂိုးသွင်းမယ့် တာဝန်ထက် တောင်ပံမှာ သုံးစွဲဖို့ လုပ်ရမှာဖြစ်သလို ဂက်ခ်ပိုကနေ ကြက်ပိုလို့ နာမည်မပျက်ခင် ပြင်ဆင်သင့်နေပြီဖြစ်ပါတယ်။

ပြင်သစ်က ခေါ်ယူမှုတွေနဲ့ ကံစပ်လှတဲ့ ချဲလ်ဆီး
ချဲလ်ဆီးတို့အနေနဲ့ သူတို့အသင်းဆီကို ပြင်သစ်မြေက ကစားသမားတွေ တိုက်ရိုက်တင်သွင်းလာခဲ့တိုင်း အလုပ်ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ နှစ်တွေမှာ အေဒူယာ မန်ဒီ၊ သီယာဂို ဆေးလ်ဗားတို့ အကျိုးပြုခဲ့သလိုမျိုးပဲ ရှေ့မှာလည်း သာဓကကောင်းများစွာ ရှိခဲ့တာပါ။ ဒီဆောင်းရာသီမှာတော့ မိုနာကိုကနေ ခံစစ်မှူး ဘင်နွာ ဘာဒီယာရှီးလ်ကို တင်သွင်းလာခဲ့ပြီး သူဟာလည်း ရောက်ရောက်ချင်းပဲ ခံစစ်မှာရော တည်ကန်ဘောတွေမှာပါ ခြေစွမ်းပြခဲ့တဲ့အပြင် နည်းပြ ပေါ့တာအတွက် လိုအပ်နေတဲ့ တည်ငြိမ်မှုကို ယူဆောင်လာခဲ့ပြီး သီယာဂို ဆေးလ်ဗား တစ်ဦးတည်း ထမ်းပိုးနေရတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချပေးနိုင်ခဲ့လို့ ပြင်သစ်နဲ့ ကံစပ်တယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။

အရှက်ကွဲစရာဖြစ်ခဲ့တဲ့ မီလ်နာ
လီဗာပူးလ်နည်းပြ ကလော့ပ်အနေနဲ့ မီလ်နာကို မကျေနပ်တာရှိရင်လဲ ဒဲ့မပြောဘဲ ဘာဖြစ်လို့ ကွင်းထဲ ထည့်နေတာလဲလို့ မေးစရာတွေ ဖြစ်ကုန်ပါပြီ။ အလက်ဇန်းဒါး-အာနိုးလ်ဒ်တစ်ယောက်လုံး ရှိနေလျက်နဲ့ ညာနောက်ခံမှာ ပွဲထွက်ခဲ့ရတဲ့ အသက် ၃၇ နှစ်သားကြီးဟာ ဘောလုံးကွင်းထဲမှာ အဘိုးအခေါ်ခံရမယ့် အရွယ်ကို ရောက်ရှိနေပြီဖြစ်ပြီး ဒုတိယပိုင်းမှာ‌တော့ သူ့ကို အာနိုးလ်ဒ်နဲ့ မလဲခင်အချိန်အထိ ချဲလ်ဆီးရဲ့ လူငယ်ခြေတက် မူဒရစ်ခ်က မကြာခဏ အရူးလုပ်သွားခဲ့သလို ကိုနာတေသာ မကူနိုင်ခဲ့ရင် လီဗာပူးလ်တို့ ဂိုးပေးရမယ့် အခြေအနေအထိ ရောက်ခဲ့ပြီး ပွဲအပြီးမှာလည်း ကွင်းမကောင်းလို့ သူတို့တွေ နိုင်အောင် မကစားနိုင်ခဲ့ဘူးလို့ အူကြောင်ကြောင် ယောင်ဝါးဝါး ဆင်ခြေမျိုးကို အိမ်ရှင်တန်မဲ့ ပြောသွားခဲ့သေးတာဖြစ်ပါတယ်။

မာနေးနဲ့ မလုရတော့ ဘာဖြစ်ကုန်ပြီလဲ
လီဗာပူးလ်အသင်းရဲ့ အဓိက ဂိုးသွင်းရှင် မိုဟာမက် ဆာလားတစ်ယောက် ပြီးခဲ့တဲ့ ရာသီမှာ သူ့ရဲ့ သွင်းဂိုးတွေကို ဆာဒီယို မာနေးနဲ့ အပြိုင်အဆိုင် လုယက်သွင်းယူခဲ့ရပြီး တိုက်စစ်ပိုင်းမှာ ပြဿနာရှိခဲ့တယ်လို့ တချို့ပရိသတ်တွေက အီဂျစ်သားဘက်က လိုက်ပြောချင်ခဲ့ကြတာဖြစ်ပါတယ်။ ကဲ… အခုတော့ ဆီနီဂေါသား မရှိချိန်မှာ လီဗာပူးလ်တို့ ဘာဖြစ်ကုန်ပြီလဲ။ နှစ်တိုင်းလိုလို ပရီးမီးယားလိဂ်သွင်းဂိုး ၂၀ ဝန်းကျင် အာမခံထားခဲ့တဲ့ ဆာလား အနေနဲ့ ဒီရာသီ ၁၈ ပွဲ ကစားပြီးချိန်မှာ ၇ ဂိုးသာ ရထားသေးသလို သူ့ရဲ့ ပင်နယ်တီတွေထဲက တချို့တဝက်ကလည်း မာနေးရဲ့ ရုန်းအားက ရခဲ့ချိန်မှာ လက်ရှိမှာတော့ ပျောက်ဆုံးကုန်ခဲ့တာပါ။ အန်းဖီးလ်ပရိသတ်တွေအနေနဲ့ ဘယ်သူက အသင်းအတွက် ကစားပေးတဲ့သူလဲဆိုတာ သိမြင်ကြရတော့မှာဖြစ်ပြီး မာနေး မရှိတော့ချိန်မှာ အီဂျစ်ဖာရိုးတစ်ယောက်တော့ ရာဇဣန္ဒြေပျက်ယွင်းခဲ့ပြီလို့ပဲ ဆိုရတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဇယားအလယ္က အသင္းႏွစ္သင္းရဲ႕ သာမန္ သေရပြဲ
ဒီအသင္းႏွစ္သင္းကို ဇယားအလယ္က အသင္းေတြကို ေျပာတာမ်ိဳးကို သာမန္အေျခအေနမွာဆို ဘယ္သူမွ လက္ခံမွာ မဟုတ္ေပမယ့္ ဒီရာသီမွာေတာ့ ဒါက တကယ္ပဲ ျဖစ္ပ်က္ေနခဲ့ၿပီး အဆင့္ ၉ က လီဗာပူးလ္နဲ႔ အဆင့္ ၁၀ က ခ်ဲလ္ဆီးတို႔ ေတြ႕ဆုံခဲ့ၾကတာပါ။ တကယ္တမ္း ေတြ႕ဆုံခ်ိန္မွာလည္း ဇာတာက်ေနတဲ့ ႏွစ္သင္းအေနနဲ႔ တစ္သင္းက ဂိုးေပါက္ပိုၿခိမ္းေျခာက္ၿပီး တစ္သင္းက ေဘာလုံးနည္းနည္း ပိုကိုင္ႏိုင္တာကလြဲလို႔ သိသိသာသာ အသာစီး ရတာမ်ိဳး မရွိဘဲ သူတို႔ႏွစ္သင္းမွာ ျမင္ရတတ္တဲ့ စိတ္ဓာတ္နဲ႔ ရည္မွန္းခ်က္မ်ိဳးကိုလည္း တစ္ခုမွ မျမင္ရဘဲ နည္းျပေတြကလည္း ဆုံးျဖတ္ခ်က္နဲ႔ ဗ်ဴဟာအမွားေတြ က်ဴးလြန္ခဲ့ၿပီးတဲ့ ေနာက္မွာေတာ့ ဂိုးမရွိ သေရရလဒ္နဲ႔ပဲ တစ္မွတ္စီ ခြဲယူခဲ့ၾကတာျဖစ္ပါတယ္။

လူထုတ္ပုံ မွားယြင္းခဲ့တဲ့ ကေလာ့ပ္
လီဗာပူးလ္တို႔အေနနဲ႔ တိုက္စစ္သုံးေယာက္တန္းမွာ ဆာလား၊ အဲလီးေယာ့နဲ႔ ဂက္ခ္ပိုတို႔ကို ပြဲထုတ္ခဲ့ၿပီး အီဂ်စ္သားကလြဲလို႔ က်န္တဲ့ ႏွစ္ဦးက သူတို႔ အသားမက်တဲ့ ေနရာေတြမွာ ကစားခဲ့ရတာျဖစ္ပါတယ္။ တကယ္တမ္းမွာေတာ့ ဒါဝင္ ႏူးညက္ဇ္ကို မသုံးခ်င္ရင္ ဆာလားကို အလယ္ပို႔ၿပီး အဲလီးေယာ့က ညာဘက္၊ ဂက္ခ္ပိုက ဘယ္ဘက္မွာ ကစားခဲ့မယ္ဆိုရင္ လီဗာပူးလ္တိုက္စစ္က ဒီထက္ပိုၿပီး ထိေရာက္မွာျဖစ္ေပမယ့္ ေျပာင္းလဲျပင္ဆင္ျခင္း မရွိခဲ့လို႔ အလြဲလြဲ အေခ်ာ္ေခ်ာ္နဲ႔ပဲ တိုင္ပတ္သြားခဲ့ၾကရတာပါ။ ယာဂန္ ကေလာ့ပ္အေနနဲ႔ သူ႔ရဲ႕ ဉာဏ္နီဉာဏ္နက္ေတြကို ဒီထက္ပိုၿပီး ထုတ္ယူသုံးစြဲႏိုင္ဖို႔ လိုအပ္ေနသလို ေနရာတိုင္းမွာ လုပ္အားႏႈန္း အားကိုးတိုင္း မရဘူးဆိုတာကို သေဘာေပါက္ရေတာ့မွာျဖစ္ပါတယ္။

ေျခစြမ္းေျခစ ျပသႏိုင္ခဲ့တဲ့ မူဒရစ္ခ္
ခ်ဲလ္ဆီးပရိသတ္ေတြအတြက္ေတာ့ ဒီေန႔ပြဲရဲ႕ ပြဲခ်ိန္ ၅၅ မိနစ္မွာ လူစားဝင္ ကစားခဲ့တဲ့ လူသစ္ မိုက္ေခလို မူဒရစ္ခ္ရဲ႕ ေျခစြမ္းေတြအတြက္ ဂုဏ္ယူေမွ်ာ္လင့္ႏိုင္ၾကမွာျဖစ္ပါတယ္။ ယူကရိန္းသားအတြက္ေတာ့ လီဗာပူးလ္ရဲ႕ လူအိုႀကီး မီလ္နာက ဟာသျဖစ္ခဲ့သလို ဂိုးတစ္ဂိုးေတာင္ရဖို႔ နီးစပ္ခဲ့ၿပီး ဟာဗတ္ဇ္နဲ႔ အတြဲအဖက္ေကာင္းတစ္ခုကို ဘယ္ျခမ္းမွာ တည္ေဆာက္ႏိုင္ဖို႔ အထင္ႀကီးႏိုင္ခဲ့တာပါ။ ဒါေပမယ့္ ဂေရဟမ္ ေပါ့တာရဲ႕ စိတ္ပ်က္စရာလုပ္ရပ္ အျဖစ္ ဟာဗတ္ဇ္ကို အူဘာမီယန္းနဲ႔ လဲလိုက္ခ်ိန္မွာေတာ့ ဒါေတြ အားလုံးက ပ်က္စီးသြားခဲ့ၿပီး မူဒရစ္ခ္ပါ တိုင္ပတ္သြားခဲ့လို႔ ေရွ႕ေလွ်ာက္ ဘာျဖစ္လာမလဲ ဆိုတာေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ဂက္ခ္ပိုလား ၾကက္ပိုလား
နယ္သာလန္လို အမွတ္ေပးၿပိဳင္ပြဲမ်ိဳးမွာ ဂိုးသြင္းတာက ဘာမွ အထင္ႀကီးစရာ မရွိသလို ဒီအတြက္ စြန႔္စားရမယ္ဆိုတာ ဂက္ခ္ပိုကို ေႏြရာသီမွာ ကတည္းက ေခၚယူလိုတဲ့ အသင္းႀကီးေတြအေနနဲ႔ သေဘာေပါက္ခဲ့ၿပီးသားျဖစ္ပါတယ္။ ဒါေပမယ့္ ကမာၻ႔ဖလားမွာ သုံးဂိုး သြင္းႏိုင္ခဲ့ခ်ိန္မွာေတာ့ လီဗာပူးလ္တို႔ လက္သြက္စြာနဲ႔ သူ႔ကို ေပါင္ ၃၆ သန္း ေပးမ,ခဲ့ၿပီး လက္ရွိမွာ ေျခစြမ္းကေတာ့ ၃ ပြဲကစား ၁၂ ႀကိမ္ကန္ ၃ ႀကိမ္ ဂိုးေပါက္တည့္ တစ္ဂိုးမွ မရေသးျဖစ္ေနတာပါ။ ဒီကစားသမားဟာ အရပ္အေမာင္း ရွိေနတာကလြဲလို႔ အေထာင္တိုက္စစ္မႉး မဟုတ္ေၾကာင္းကိုလည္း နည္းျပ ကေလာ့ပ္ကို တစ္ေယာက္ေယာက္က သတိေပးဖို႔ လိုအပ္ေနၿပီး အီေကြေဒါနဲ႔ပြဲမွာ သြင္းယူႏိုင္ခဲ့တဲ့ ဂိုးဟာ ၾကက္ဂိုးျဖစ္ခဲ့တယ္ဆိုတာကို ၾကည့္ရင္ သူ႔ကို အဓိက ဂိုးသြင္းမယ့္ တာဝန္ထက္ ေတာင္ပံမွာ သုံးစြဲဖို႔ လုပ္ရမွာျဖစ္သလို ဂက္ခ္ပိုကေန ၾကက္ပိုလို႔ နာမည္မပ်က္ခင္ ျပင္ဆင္သင့္ေနၿပီျဖစ္ပါတယ္။

ျပင္သစ္က ေခၚယူမႈေတြနဲ႔ ကံစပ္လွတဲ့ ခ်ဲလ္ဆီး
ခ်ဲလ္ဆီးတို႔အေနနဲ႔ သူတို႔အသင္းဆီကို ျပင္သစ္ေျမက ကစားသမားေတြ တိုက္႐ိုက္တင္သြင္းလာခဲ့တိုင္း အလုပ္ျဖစ္ခဲ့ၿပီး ၿပီးခဲ့တဲ့ ႏွစ္ေတြမွာ ေအဒူယာ မန္ဒီ၊ သီယာဂို ေဆးလ္ဗားတို႔ အက်ိဳးျပဳခဲ့သလိုမ်ိဳးပဲ ေရွ႕မွာလည္း သာဓကေကာင္းမ်ားစြာ ရွိခဲ့တာပါ။ ဒီေဆာင္းရာသီမွာေတာ့ မိုနာကိုကေန ခံစစ္မႉး ဘင္ႏြာ ဘာဒီယာရွီးလ္ကို တင္သြင္းလာခဲ့ၿပီး သူဟာလည္း ေရာက္ေရာက္ခ်င္းပဲ ခံစစ္မွာေရာ တည္ကန္ေဘာေတြမွာပါ ေျခစြမ္းျပခဲ့တဲ့အျပင္ နည္းျပ ေပါ့တာအတြက္ လိုအပ္ေနတဲ့ တည္ၿငိမ္မႈကို ယူေဆာင္လာခဲ့ၿပီး သီယာဂို ေဆးလ္ဗား တစ္ဦးတည္း ထမ္းပိုးေနရတဲ့ ဝန္ထုပ္ဝန္ပိုးေတြကို ေလွ်ာ့ခ်ေပးႏိုင္ခဲ့လို႔ ျပင္သစ္နဲ႔ ကံစပ္တယ္လို႔ပဲ ေျပာရမွာျဖစ္ပါတယ္။

အရွက္ကြဲစရာျဖစ္ခဲ့တဲ့ မီလ္နာ
လီဗာပူးလ္နည္းျပ ကေလာ့ပ္အေနနဲ႔ မီလ္နာကို မေက်နပ္တာရွိရင္လဲ ဒဲ့မေျပာဘဲ ဘာျဖစ္လို႔ ကြင္းထဲ ထည့္ေနတာလဲလို႔ ေမးစရာေတြ ျဖစ္ကုန္ပါၿပီ။ အလက္ဇန္းဒါး-အာႏိုးလ္ဒ္တစ္ေယာက္လုံး ရွိေနလ်က္နဲ႔ ညာေနာက္ခံမွာ ပြဲထြက္ခဲ့ရတဲ့ အသက္ ၃၇ ႏွစ္သားႀကီးဟာ ေဘာလုံးကြင္းထဲမွာ အဘိုးအေခၚခံရမယ့္ အ႐ြယ္ကို ေရာက္ရွိေနၿပီျဖစ္ၿပီး ဒုတိယပိုင္းမွာ‌ေတာ့ သူ႔ကို အာႏိုးလ္ဒ္နဲ႔ မလဲခင္အခ်ိန္အထိ ခ်ဲလ္ဆီးရဲ႕ လူငယ္ေျခတက္ မူဒရစ္ခ္က မၾကာခဏ အ႐ူးလုပ္သြားခဲ့သလို ကိုနာေတသာ မကူႏိုင္ခဲ့ရင္ လီဗာပူးလ္တို႔ ဂိုးေပးရမယ့္ အေျခအေနအထိ ေရာက္ခဲ့ၿပီး ပြဲအၿပီးမွာလည္း ကြင္းမေကာင္းလို႔ သူတို႔ေတြ ႏိုင္ေအာင္ မကစားႏိုင္ခဲ့ဘူးလို႔ အူေၾကာင္ေၾကာင္ ေယာင္ဝါးဝါး ဆင္ေျခမ်ိဳးကို အိမ္ရွင္တန္မဲ့ ေျပာသြားခဲ့ေသးတာျဖစ္ပါတယ္။

မာေနးနဲ႔ မလုရေတာ့ ဘာျဖစ္ကုန္ၿပီလဲ
လီဗာပူးလ္အသင္းရဲ႕ အဓိက ဂိုးသြင္းရွင္ မိုဟာမက္ ဆာလားတစ္ေယာက္ ၿပီးခဲ့တဲ့ ရာသီမွာ သူ႔ရဲ႕ သြင္းဂိုးေတြကို ဆာဒီယို မာေနးနဲ႔ အၿပိဳင္အဆိုင္ လုယက္သြင္းယူခဲ့ရၿပီး တိုက္စစ္ပိုင္းမွာ ျပႆနာရွိခဲ့တယ္လို႔ တခ်ိဳ႕ပရိသတ္ေတြက အီဂ်စ္သားဘက္က လိုက္ေျပာခ်င္ခဲ့ၾကတာျဖစ္ပါတယ္။ ကဲ… အခုေတာ့ ဆီနီေဂါသား မရွိခ်ိန္မွာ လီဗာပူးလ္တို႔ ဘာျဖစ္ကုန္ၿပီလဲ။ ႏွစ္တိုင္းလိုလို ပရီးမီးယားလိဂ္သြင္းဂိုး ၂၀ ဝန္းက်င္ အာမခံထားခဲ့တဲ့ ဆာလား အေနနဲ႔ ဒီရာသီ ၁၈ ပြဲ ကစားၿပီးခ်ိန္မွာ ၇ ဂိုးသာ ရထားေသးသလို သူ႔ရဲ႕ ပင္နယ္တီေတြထဲက တခ်ိဳ႕တဝက္ကလည္း မာေနးရဲ႕ ႐ုန္းအားက ရခဲ့ခ်ိန္မွာ လက္ရွိမွာေတာ့ ေပ်ာက္ဆုံးကုန္ခဲ့တာပါ။ အန္းဖီးလ္ပရိသတ္ေတြအေနနဲ႔ ဘယ္သူက အသင္းအတြက္ ကစားေပးတဲ့သူလဲဆိုတာ သိျမင္ၾကရေတာ့မွာျဖစ္ၿပီး မာေနး မရွိေတာ့ခ်ိန္မွာ အီဂ်စ္ဖာ႐ိုးတစ္ေယာက္ေတာ့ ရာဇဣေျႏၵပ်က္ယြင္းခဲ့ၿပီလို႔ပဲ ဆိုရေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.