Match Report Premier League

ဖောရက်စ်ကို အနိုင်ယူပြီး ဂန်းနားတွေကို အမီလိုက်နိုင်တယ်ဆိုတာ ပြသခဲ့တဲ့ မန်စီးတီး

တနင်္ဂနွေနေ့ညမှာ ကစားခဲ့တဲ့ ဖောရက်စ်နဲ့ မန်စီးတီးတို့ရဲ့ ပွဲစဉ်မှာ လက်ရှိချန်ပီယံတွေက ၂-၀ နဲ့ အဝေးကွင်းနိုင်ပွဲရယူနိုင်ခဲ့ပြီး အာဆင်နယ်နဲ့ ၁ မှတ်အကွာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။

ပထမပိုင်းစတင်ချိန်ကတည်းက မန်ချက်စတာစီးတီးက ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ဖိအားပေး တိုက်စစ်ဆင်ခဲ့ပြီး ဖောရက်စ်ကလည်း တစ်ချက်တစ်ချက် ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မိနစ် ၃၀ မှာတော့ ဧည့်သည်တွေက ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့ပြီး ဂဗာဒီယောလ်က ဒီဘရိုင်းနားရဲ့ ထောင့်ကန်ဘောကနေ ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို ခေါင်းခုန်တိုက်ပြီး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ်က ချေပဂိုး ပြန်သွင်းယူဖို့ အပြင်းအထန် ကြိုးစားခဲ့ပေမယ့်လည်း ခရစ္စ ဝုဒ် ရွှေရောင်အခွင့်အရေးကို ဖြုန်းတီးပစ်ခဲ့တာကြောင့် အိမ်ရှင်တို့ ချေပဂိုး မရရှိခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းအပြီးမှာ နော်တင်ဟမ် ဖောရက်စ်က မန်စီးတီးကို နောက်ကနေ လိုက်ကစားနေရပေမယ့်လည်း ဒီရာသီ မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံက ဘယ်လိုအသင်းမျိုးမဆိုထက် ပထမပိုင်းမှာ မျှော်မှန်းသွင်းဂိုး(၁.၂၇ ဂိုး)အများဆုံးဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စစချင်း ခရစ္စ ဝုဒ် နောက်ထပ်တစ်ကြိမ် အပိုင်ဂိုးသွင်းခွင့်ကို ဖြုန်းတီးပစ်ခဲ့ပြန်ပြီး အီလန်ဂါက မန်စီးတီးနောက်တန်းကို အခက်တွေ့အောင် လုပ်နိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေခဲ့တာဖြစ်ပါတယ်။

၆၁ မိနစ်မှာ ဂရီးလစ်ရှ်နေရာမှာ အာလင်း ဟာလန်း ဝင်ကစားခဲ့ပြီး နောက်ထပ် ၆ မိနစ်အကြာမှာပဲ နော်ဝေတိုက်စစ်မှူးက ဂိုးသွင်းယူနေကျပုံစံအတိုင်း မျှောထိုးပေးလိုက်တဲ့ ဘောလုံးကို အမီလိုက်ပြီး ဂိုးအောက်ထောင့်ထဲကို အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီဂိုးက ဟာလန်းအတွက် ဒီရာသီ ၂၁ ဂိုးမြောက် လိဂ်ဂိုးဖြစ်ခဲ့ပြီး နော်တင်ဟမ်ဖောရက်စ်က လူစားလဲလှယ်မှု ၃ ဦးတပြိုင်နက် ပြုလုပ်ပြီး ကစားအားမြှင့်တင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း မန်စီးတီးက အပြည့်အဝ ထိန်းချုပ်သွားနိုင်ခဲ့ပြီဖြစ်တာကြောင့် ဘာမှမလုပ်နိုင်ခဲ့ဘဲ အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ဒီနိုင်ပွဲကြောင့် တနင်္ဂနွေနေ့အစောပိုင်းက မြောက်လန်ဒန်ဒါဘီမှာ စပါးကို အထင်ကြီးဖွယ်ခြေစွမ်းနဲ့ အနိုင်ယူပြီး ဇယားထိပ်ဆုံးမှာ ၄ မှတ်အထိ ဖြတ်ခဲ့တဲ့ အာဆင်နယ်နဲ့ ၁ မှတ်အကွာကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
တနဂၤေႏြေန႔ညမွာ ကစားခဲ့တဲ့ ေဖာရက္စ္နဲ႔ မန္စီးတီးတို႔ရဲ႕ ပြဲစဥ္မွာ လက္ရွိခ်န္ပီယံေတြက ၂-၀ နဲ႔ အေဝးကြင္းႏိုင္ပြဲရယူႏိုင္ခဲ့ၿပီး အာဆင္နယ္နဲ႔ ၁ မွတ္အကြာကို ျပန္လည္တက္လွမ္းႏိုင္ခဲ့ပါတယ္။

ပထမပိုင္းစတင္ခ်ိန္ကတည္းက မန္ခ်က္စတာစီးတီးက ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ ဖိအားေပး တိုက္စစ္ဆင္ခဲ့ၿပီး ေဖာရက္စ္ကလည္း တစ္ခ်က္တစ္ခ်က္ ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း မိနစ္ ၃၀ မွာေတာ့ ဧည့္သည္ေတြက ဦးေဆာင္ဂိုး စတင္ရရွိသြားခဲ့ၿပီး ဂဗာဒီေယာလ္က ဒီဘ႐ိုင္းနားရဲ႕ ေထာင့္ကန္ေဘာကေန ျဖတ္တင္ေပးလိုက္တဲ့ေဘာလုံးကို ေခါင္းခုန္တိုက္ၿပီး သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေနာ္တင္ဟမ္ေဖာရက္စ္က ေခ်ပဂိုး ျပန္သြင္းယူဖို႔ အျပင္းအထန္ ႀကိဳးစားခဲ့ေပမယ့္လည္း ခရစၥ ဝုဒ္ ေ႐ႊေရာင္အခြင့္အေရးကို ျဖဳန္းတီးပစ္ခဲ့တာေၾကာင့္ အိမ္ရွင္တို႔ ေခ်ပဂိုး မရရွိခဲ့တာ ျဖစ္ပါတယ္။ ပထမပိုင္းအၿပီးမွာ ေနာ္တင္ဟမ္ ေဖာရက္စ္က မန္စီးတီးကို ေနာက္ကေန လိုက္ကစားေနရေပမယ့္လည္း ဒီရာသီ မန္စီးတီးနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ၿပိဳင္ပြဲစုံက ဘယ္လိုအသင္းမ်ိဳးမဆိုထက္ ပထမပိုင္းမွာ ေမွ်ာ္မွန္းသြင္းဂိုး(၁.၂၇ ဂိုး)အမ်ားဆုံးျဖစ္ခဲ့ပါတယ္။

ဒုတိယပိုင္းျပန္စစခ်င္း ခရစၥ ဝုဒ္ ေနာက္ထပ္တစ္ႀကိမ္ အပိုင္ဂိုးသြင္းခြင့္ကို ျဖဳန္းတီးပစ္ခဲ့ျပန္ၿပီး အီလန္ဂါက မန္စီးတီးေနာက္တန္းကို အခက္ေတြ႕ေအာင္ လုပ္ႏိုင္ခဲ့ေပမယ့္ အဆုံးသတ္ပိုင္းမွာ လိုအပ္ခ်က္ေတြရွိေနခဲ့တာျဖစ္ပါတယ္။

၆၁ မိနစ္မွာ ဂရီးလစ္ရွ္ေနရာမွာ အာလင္း ဟာလန္း ဝင္ကစားခဲ့ၿပီး ေနာက္ထပ္ ၆ မိနစ္အၾကာမွာပဲ ေနာ္ေဝတိုက္စစ္မႉးက ဂိုးသြင္းယူေနက်ပုံစံအတိုင္း ေမွ်ာထိုးေပးလိုက္တဲ့ ေဘာလုံးကို အမီလိုက္ၿပီး ဂိုးေအာက္ေထာင့္ထဲကို အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒီဂိုးက ဟာလန္းအတြက္ ဒီရာသီ ၂၁ ဂိုးေျမာက္ လိဂ္ဂိုးျဖစ္ခဲ့ၿပီး ေနာ္တင္ဟမ္ေဖာရက္စ္က လူစားလဲလွယ္မႈ ၃ ဦးတၿပိဳင္နက္ ျပဳလုပ္ၿပီး ကစားအားျမႇင့္တင္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း မန္စီးတီးက အျပည့္အဝ ထိန္းခ်ဳပ္သြားႏိုင္ခဲ့ၿပီျဖစ္တာေၾကာင့္ ဘာမွမလုပ္ႏိုင္ခဲ့ဘဲ အရႈံးေပးခဲ့ရတာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ဒီႏိုင္ပြဲေၾကာင့္ တနဂၤေႏြေန႔အေစာပိုင္းက ေျမာက္လန္ဒန္ဒါဘီမွာ စပါးကို အထင္ႀကီးဖြယ္ေျခစြမ္းနဲ႔ အႏိုင္ယူၿပီး ဇယားထိပ္ဆုံးမွာ ၄ မွတ္အထိ ျဖတ္ခဲ့တဲ့ အာဆင္နယ္နဲ႔ ၁ မွတ္အကြာကို ျပန္လည္ေရာက္ရွိလာခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.