Match Report Premier League

မြောက်လန်ဒန်ဒါဘီမှာ စပါးတွေကို ရိတ်သိမ်းပြီး ဇယားထိပ်မှာ ဆက်လက်ဦးဆောင်ခဲ့တဲ့ ဂန်းနားများ

တနင်္ဂနွေနေ့ညနေ စူပါဆန်းဒေးပွဲစဉ်ဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ အာဆင်နယ်တို့ရဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်ဟာ အပြန်အလှန်သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ခဲ့ပြီး ဂန်းနားတွေက ၃-၂ နဲ့ အဖိုးတန်အနိုင် ၃ မှတ်ကို အရယူနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ အိမ်ရှင် စပါးတို့က ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ဖိအားပေးကစားနိုင်ခဲ့ပြီး ဂန်းနားတွေက တန်ပြန်တိုက်စစ်နဲ့သာ အလစ်အငိုက်ချောင်းကစားခဲ့တာဖြစ်ပါတယ်။

၁၃ မိနစ်မှာ အော်ဒီဂွါဒ်က ပါတေးရဲ့ အဝေးဘောကန်တင်ပေးပို့မှုကို ဟာဗတ်ဇ်ဆီ ပေးပို့ခဲ့ပြီး ဂျာမန်ကြယ်ပွင့်က ဂိုးအောက်ထောင့်ထဲကို ကန်သွင်းယူနိုင်ခဲ့ပေမယ့်လည်း ဂန်းနားအသင်းခေါင်းဆောင်က လူကျွံနေခဲ့တာကြောင့် ဂိုးအဖြစ် သတ်မှတ်ခြင်းမခံခဲ့ရတာဖြစ်ပါတယ်။

၁၅ မိနစ်မှာတော့ ရိုမဲရိုးရဲ့ မလိုအပ်ဘဲ ပေးလိုက်ရတဲ့ ထောင့်ကန်ဘောကနေ ဆာကာ ဖြတ်တင်ပေးပို့ခဲ့ရာမှာ ဟော့ဗျက်က ခေါင်းတိုက်ရှင်းထုတ်ခဲ့ပေမယ့်လည်း ကိုယ့်ဂိုးထဲ ကိုယ်ပြန်တိုက်မိခဲ့ပြီး ဗီကာရီယိုကလည်း ဘန် ဝှိုက်နဲ့ အလုပ်ရှုပ်နေတာကြောင့် မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ရိုမဲရိုးရဲ့ ခေါင်းတိုက်ချက်က ဂိုးတိုင်ထိမှန်ခဲ့ပြီး ဗန်ဒဗင်ရဲ့ သွင်းဂိုးကလည်း VAR ရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရတာကြောင့် တော့တင်ဟမ်ဟော့စပါးတို့ ဂိုးရရှိမယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပါတယ်။ ၂၇ မိနစ်မှာတော့ ဆာကာက ဟာဗတ်ဇ် ပေးပို့လိုက်တဲ့ ဘောလုံးကို ရယူပြီး အနိမ့်ဘော ကန်သွင်းယူသွားခဲ့ပြီး ဂန်းနားတို့ နောက်ထပ် ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

နောက်ထပ် ၁၀ မိနစ်အကြာမှာ ကိုင် ဟာဗတ်ဇ်ကပဲ အာဆင်နယ်အတွက် တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပြီး ဒီကလန် ရိုက်ရဲ့ အလွန်ကောင်းမွန်တဲ့ ပေးပို့မှုကြောင့် လူကပ်မခံထားရတဲ့ ဂျာမန်ကြယ်ပွင့်က ဗီကာရီယိုရဲ့ခေါင်းထက်ကျော်အောင် ခုန်ပြီး ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ၆၄ မိနစ်မှာတော့ ပထမပိုင်းကတည်းက ဂိုးပေါက်တည့်နေခဲ့တဲ့ ရိုမဲရိုးက အိမ်ရှင်တွေအတွက် ချေပဂိုးကို သွင်းယူပေးသွားခဲ့ပြီး ရာယာရဲ့ ဆိုးရွားတဲ့ ပေးပို့မှုကနေ ရလာတဲ့ဘောလုံးကို ရင်ဘတ်နဲ့ ထိန်းပြီး ဂိုးညာဘက်အောက်ထောင့်ထဲကို အပြင်းကန်သွင်းယူသွားခဲ့တာစြဖ်ပါတယ်။

ပွဲပြီးဆုံးခါနီး ၆ မိနစ်အလိုလောက်မှာ တော့တင်ဟမ်ဟော့စပါးက ဒေးဗီးစ် ပင်နယ်တီဧရိယာထဲမှာ လဲကျသွားခဲ့တာကြောင့် ပင်နယ်တီ တောင်းဆိုခဲ့ပြီး VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ရာမှာ ဒီကလန် ရိုက်က ဒေးဗီးစ်ရဲ့ ခြေထောက်ကို ကန်မိခဲ့တာကို တွေ့ရှိခဲ့တာကြောင့် စပါးတို့ ပင်နယ်တီရရှိခဲ့ပါတယ်။

ပင်နယ်တီကို ဆွန်ဟောင်မင်က အမှားအယွင်းမရှိ ကန်သွင်းယူသွားခဲ့ပြီး တော့တင်ဟမ်ဟော့စပါးတို့ ပြန်လာနိုင်ဖို့ မျှော်လင့်ချက် ရောင်ခြည်သန်းလာခဲ့ပါတယ်။ ပွဲပြီးခါနီး မိနစ် ၉၀ မှာ အာဆင်နယ်တို့ နောက်ထပ် ဦးဆောင်ဂိုးရမယ့် အခွင့်အရေး ရရှိခဲ့ပေမယ့်လည်း ဂါဘရီယဲလ်ရဲ့ ဂိုးတိုင်နားပေးပို့မှုကို ဗန်ဒဗင်က ရှင်းထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပိုမှာလည်း နှစ်ဖက်စလုံး ဂိုးပေါက်ထပ်မံရှာမတွေ့ခဲ့ကြလို့ ၃-၂ နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပြီး အာဆင်နယ်ဟာ ဒီပွဲမှာအနိုင်ရခဲ့တဲ့အတွက် တနင်္ဂနွေနေ့ည ဖောရက်စ်နဲ့ ကစားသွားမယ့် မန်စီးတီးကို ၄ မှတ် ယာယီဖြတ်ပြီး ဇယားထိပ်မှာ ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
တနဂၤေႏြေန႔ညေန စူပါဆန္းေဒးပြဲစဥ္ျဖစ္တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ အာဆင္နယ္တို႔ရဲ႕ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္ဟာ အျပန္အလွန္သြင္းဂိုးေတြနဲ႔ ၿမိဳင္ဆိုင္ခဲ့ၿပီး ဂန္းနားေတြက ၃-၂ နဲ႔ အဖိုးတန္အႏိုင္ ၃ မွတ္ကို အရယူႏိုင္ခဲ့ပါတယ္။

ပထမပိုင္းမွာ အိမ္ရွင္ စပါးတို႔က ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ ဖိအားေပးကစားႏိုင္ခဲ့ၿပီး ဂန္းနားေတြက တန္ျပန္တိုက္စစ္နဲ႔သာ အလစ္အငိုက္ေခ်ာင္းကစားခဲ့တာျဖစ္ပါတယ္။

၁၃ မိနစ္မွာ ေအာ္ဒီဂြါဒ္က ပါေတးရဲ႕ အေဝးေဘာကန္တင္ေပးပို႔မႈကို ဟာဗတ္ဇ္ဆီ ေပးပို႔ခဲ့ၿပီး ဂ်ာမန္ၾကယ္ပြင့္က ဂိုးေအာက္ေထာင့္ထဲကို ကန္သြင္းယူႏိုင္ခဲ့ေပမယ့္လည္း ဂန္းနားအသင္းေခါင္းေဆာင္က လူကြၽံေနခဲ့တာေၾကာင့္ ဂိုးအျဖစ္ သတ္မွတ္ျခင္းမခံခဲ့ရတာျဖစ္ပါတယ္။

၁၅ မိနစ္မွာေတာ့ ႐ိုမဲ႐ိုးရဲ႕ မလိုအပ္ဘဲ ေပးလိုက္ရတဲ့ ေထာင့္ကန္ေဘာကေန ဆာကာ ျဖတ္တင္ေပးပို႔ခဲ့ရာမွာ ေဟာ့ဗ်က္က ေခါင္းတိုက္ရွင္းထုတ္ခဲ့ေပမယ့္လည္း ကိုယ့္ဂိုးထဲ ကိုယ္ျပန္တိုက္မိခဲ့ၿပီး ဗီကာရီယိုကလည္း ဘန္ ဝႈိက္နဲ႔ အလုပ္ရႈပ္ေနတာေၾကာင့္ မကာကြယ္ႏိုင္ခဲ့ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

႐ိုမဲ႐ိုးရဲ႕ ေခါင္းတိုက္ခ်က္က ဂိုးတိုင္ထိမွန္ခဲ့ၿပီး ဗန္ဒဗင္ရဲ႕ သြင္းဂိုးကလည္း VAR ရဲ႕ ျငင္းပယ္ျခင္းကို ခံခဲ့ရတာေၾကာင့္ ေတာ့တင္ဟမ္ေဟာ့စပါးတို႔ ဂိုးရရွိမယ့္အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။ ၂၇ မိနစ္မွာေတာ့ ဆာကာက ဟာဗတ္ဇ္ ေပးပို႔လိုက္တဲ့ ေဘာလုံးကို ရယူၿပီး အနိမ့္ေဘာ ကန္သြင္းယူသြားခဲ့ၿပီး ဂန္းနားတို႔ ေနာက္ထပ္ ဦးေဆာင္ဂိုး ရရွိခဲ့ပါတယ္။

ေနာက္ထပ္ ၁၀ မိနစ္အၾကာမွာ ကိုင္ ဟာဗတ္ဇ္ကပဲ အာဆင္နယ္အတြက္ တတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့ၿပီး ဒီကလန္ ႐ိုက္ရဲ႕ အလြန္ေကာင္းမြန္တဲ့ ေပးပို႔မႈေၾကာင့္ လူကပ္မခံထားရတဲ့ ဂ်ာမန္ၾကယ္ပြင့္က ဗီကာရီယိုရဲ႕ေခါင္းထက္ေက်ာ္ေအာင္ ခုန္ၿပီး ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ၆၄ မိနစ္မွာေတာ့ ပထမပိုင္းကတည္းက ဂိုးေပါက္တည့္ေနခဲ့တဲ့ ႐ိုမဲ႐ိုးက အိမ္ရွင္ေတြအတြက္ ေခ်ပဂိုးကို သြင္းယူေပးသြားခဲ့ၿပီး ရာယာရဲ႕ ဆိုး႐ြားတဲ့ ေပးပို႔မႈကေန ရလာတဲ့ေဘာလုံးကို ရင္ဘတ္နဲ႔ ထိန္းၿပီး ဂိုးညာဘက္ေအာက္ေထာင့္ထဲကို အျပင္းကန္သြင္းယူသြားခဲ့တာျစဖ္ပါတယ္။

ပြဲၿပီးဆုံးခါနီး ၆ မိနစ္အလိုေလာက္မွာ ေတာ့တင္ဟမ္ေဟာ့စပါးက ေဒးဗီးစ္ ပင္နယ္တီဧရိယာထဲမွာ လဲက်သြားခဲ့တာေၾကာင့္ ပင္နယ္တီ ေတာင္းဆိုခဲ့ၿပီး VAR နဲ႔ ျပန္လည္စစ္ေဆးခဲ့ရာမွာ ဒီကလန္ ႐ိုက္က ေဒးဗီးစ္ရဲ႕ ေျခေထာက္ကို ကန္မိခဲ့တာကို ေတြ႕ရွိခဲ့တာေၾကာင့္ စပါးတို႔ ပင္နယ္တီရရွိခဲ့ပါတယ္။

ပင္နယ္တီကို ဆြန္ေဟာင္မင္က အမွားအယြင္းမရွိ ကန္သြင္းယူသြားခဲ့ၿပီး ေတာ့တင္ဟမ္ေဟာ့စပါးတို႔ ျပန္လာႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ ေရာင္ျခည္သန္းလာခဲ့ပါတယ္။ ပြဲၿပီးခါနီး မိနစ္ ၉၀ မွာ အာဆင္နယ္တို႔ ေနာက္ထပ္ ဦးေဆာင္ဂိုးရမယ့္ အခြင့္အေရး ရရွိခဲ့ေပမယ့္လည္း ဂါဘရီယဲလ္ရဲ႕ ဂိုးတိုင္နားေပးပို႔မႈကို ဗန္ဒဗင္က ရွင္းထုတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပိုမွာလည္း ႏွစ္ဖက္စလုံး ဂိုးေပါက္ထပ္မံရွာမေတြ႕ခဲ့ၾကလို႔ ၃-၂ နဲ႔ပဲ ပြဲၿပီးဆုံးသြားခဲ့ၿပီး အာဆင္နယ္ဟာ ဒီပြဲမွာအႏိုင္ရခဲ့တဲ့အတြက္ တနဂၤေႏြေန႔ည ေဖာရက္စ္နဲ႔ ကစားသြားမယ့္ မန္စီးတီးကို ၄ မွတ္ ယာယီျဖတ္ၿပီး ဇယားထိပ္မွာ ဆက္လက္ဦးေဆာင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.