Match Report Premier League

VAR မွှေခဲ့လို့ ဗီလာနဲ့ သရေကျခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ စနေနေ့ညက ဗီလာပါ့ခ်မှာ ကစားခဲ့တဲ့ ပွဲမှာ ၂-၀ နဲ့ ရှုံးနိမ့်နေရာကနေ နောက်ကနေ ဂိုးတွေ လိုက်သွင်းယူနိုင်ခဲ့ပြီး နောက်ကျအနိုင်ဂိုးကို ဒီဆာဆီက ခေါင်းတိုက်သွင်းယူပေးခဲ့ပေမယ့် VAR ရဲ့ ငြင်းပယ်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ပထမပိုင်း ၄ မိနစ်မှာပဲ အဖွင့်ဂိုးကို ကြောင်တောင်တောင်နိုင်တဲ့ပုံစံနဲ့ ပေးခဲ့ရပြီး ဂျွန် မက်ဂင်းရဲ့ ကန်ချက်က ဝပ်ကင်စ်ကို ထိပြီး ပြီးတဲ့နောက် ကူကူရယ်လာကို ထိမှန်ပြီး ဂိုးထဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။ ၁၈ မိနစ်မှာ ချဲလ်ဆီးတို့ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီလို့ ထင်ခဲ့ပေမယ့်လည်း နီကိုးလတ်စ် ဂျက်ခ်ဆင်က လူကျွံနေခဲ့တယ်လို့ VAR က ဆုံးဖြတ်ခဲ့တာကြောင့် ဂိုးပယ်ဖျက်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

၃၄ မိနစ်မှာ ဂျက်ခ်ဆင် နောက်ထပ်တစ်ကြိမ် ဂိုးသွင်းခွင့်ရခဲ့ပေမယ့်လည်း ကူကူရယ်လာရဲ့ ဖြတ်တင်ပေးပို့မှုကို အနီးကပ်ခေါင်းတိုက်ချက်က ညာဘက်ဂိုးတိုင်ခြေကို ထိမှန်သွားခဲ့တာဖြစ်ပါတယ်။ ၄၂ မိနစ်မှာတော့ အိမ်ရှင် ဗီလာတို့က နောက်ထပ် ဦးဆောင်ဂိုး ထပ်မံသွင်းယူသွားခဲ့ပြီး မော်ဂန် ရော်ဂျာစ်ရဲ့ အနိမ့်ဘောကန်သွင်းချက်က ချာလိုဘက်ရဲ့ ပေါင်ကြားကနေ ထွက်ပြီး ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို တန်းတန်းမတ်မတ်ပဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ချဲလ်ဆီးက အက်စတန် ဗီလာကို ဆက်လက်ဖိအားပေး ကစားနိုင်ခဲ့ပြီး ၆၂ မိနစ်အရောက်မှာတော့ ဒေါက်ဂလပ် လူးဝီးဇ်ရဲ့ အမှားကို ဂယ်လေဂါက အခွင့်ကောင်းယူခဲ့ရာမှာ မာဒူအဲခီက ဘောလုံးကို ရယူပြီး ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို အပြင်းကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

၈၁ မိနစ်မှာ ကော်နာ ဂယ်လေဂါက မာဒူအဲခီဆီက ဘောလုံးကို လက်ခံရယူပြီး အလွန်ကောင်းမွန်တဲ့ ဘယ်ခြေကန်ချက်နဲ့ ဂိုးအပေါ်ထောင့်ထဲကို ဝိုက်ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။ ပွဲပြီးခါနီးလေ ချဲလ်ဆီးက တရစပ်ဖိအားပေးတိုက်စစ်ဆင်လေ ဖြစ်ခဲ့ပြီး အက်စတန် ဗီလာနောက်တန်းနဲ့ ဂိုးသမားတို့ အစွမ်းကုန် ခုခံကာကွယ်ခဲ့ရပါတယ်။

၉၅ မိနစ်မှာတော့ ဒီဆာဆီက ချဲလ်ဆီးအတွက် နောက်ကျ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီလို့ ထင်မြင်ခဲ့ပေမယ့်လည်း VAR က ကြားဝင်ခဲ့ပြီး တိုက်စစ်စတင်ချိန်မှာ ဘာဒီယာရှီလေက အက်စတန် ဗီလာကစားသမားကို တွန်းထုတ်ခဲ့တယ်ဆိုပြီး ဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။

ပိုချက်တီနိုကတော့ ကွင်းဘေးစည်းမှာ ဒေါသတကြီးနဲ့ ပေါက်ကွဲခဲ့ပြီး ချဲလ်ဆီးကတော့ ဗီလာနဲ့ပွဲမှာ သရေ ၁ မှတ်သာ ရရှိခဲ့တာကြောင့် အဆင့် ၉ နေရာသာ ဆက်လက်ရပ်တည်ခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ခ်ဲလ္ဆီးဟာ စေနေန႔ညက ဗီလာပါ့ခ္မွာ ကစားခဲ့တဲ့ ပြဲမွာ ၂-၀ နဲ႔ ရႈံးနိမ့္ေနရာကေန ေနာက္ကေန ဂိုးေတြ လိုက္သြင္းယူႏိုင္ခဲ့ၿပီး ေနာက္က်အႏိုင္ဂိုးကို ဒီဆာဆီက ေခါင္းတိုက္သြင္းယူေပးခဲ့ေပမယ့္ VAR ရဲ႕ ျငင္းပယ္ျခင္းကိုခံခဲ့ရတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ ပထမပိုင္း ၄ မိနစ္မွာပဲ အဖြင့္ဂိုးကို ေၾကာင္ေတာင္ေတာင္ႏိုင္တဲ့ပုံစံနဲ႔ ေပးခဲ့ရၿပီး ဂြၽန္ မက္ဂင္းရဲ႕ ကန္ခ်က္က ဝပ္ကင္စ္ကို ထိၿပီး ၿပီးတဲ့ေနာက္ ကူကူရယ္လာကို ထိမွန္ၿပီး ဂိုးထဲ ဝင္သြားခဲ့တာျဖစ္ပါတယ္။ ၁၈ မိနစ္မွာ ခ်ဲလ္ဆီးတို႔ ေခ်ပဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့ၿပီလို႔ ထင္ခဲ့ေပမယ့္လည္း နီကိုးလတ္စ္ ဂ်က္ခ္ဆင္က လူကြၽံေနခဲ့တယ္လို႔ VAR က ဆုံးျဖတ္ခဲ့တာေၾကာင့္ ဂိုးပယ္ဖ်က္ျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။

၃၄ မိနစ္မွာ ဂ်က္ခ္ဆင္ ေနာက္ထပ္တစ္ႀကိမ္ ဂိုးသြင္းခြင့္ရခဲ့ေပမယ့္လည္း ကူကူရယ္လာရဲ႕ ျဖတ္တင္ေပးပို႔မႈကို အနီးကပ္ေခါင္းတိုက္ခ်က္က ညာဘက္ဂိုးတိုင္ေျခကို ထိမွန္သြားခဲ့တာျဖစ္ပါတယ္။ ၄၂ မိနစ္မွာေတာ့ အိမ္ရွင္ ဗီလာတို႔က ေနာက္ထပ္ ဦးေဆာင္ဂိုး ထပ္မံသြင္းယူသြားခဲ့ၿပီး ေမာ္ဂန္ ေရာ္ဂ်ာစ္ရဲ႕ အနိမ့္ေဘာကန္သြင္းခ်က္က ခ်ာလိုဘက္ရဲ႕ ေပါင္ၾကားကေန ထြက္ၿပီး ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို တန္းတန္းမတ္မတ္ပဲ ဝင္သြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ ခ်ဲလ္ဆီးက အက္စတန္ ဗီလာကို ဆက္လက္ဖိအားေပး ကစားႏိုင္ခဲ့ၿပီး ၆၂ မိနစ္အေရာက္မွာေတာ့ ေဒါက္ဂလပ္ လူးဝီးဇ္ရဲ႕ အမွားကို ဂယ္ေလဂါက အခြင့္ေကာင္းယူခဲ့ရာမွာ မာဒူအဲခီက ေဘာလုံးကို ရယူၿပီး ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို အျပင္းကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

၈၁ မိနစ္မွာ ေကာ္နာ ဂယ္ေလဂါက မာဒူအဲခီဆီက ေဘာလုံးကို လက္ခံရယူၿပီး အလြန္ေကာင္းမြန္တဲ့ ဘယ္ေျခကန္ခ်က္နဲ႔ ဂိုးအေပၚေထာင့္ထဲကို ဝိုက္ကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။ ပြဲၿပီးခါနီးေလ ခ်ဲလ္ဆီးက တရစပ္ဖိအားေပးတိုက္စစ္ဆင္ေလ ျဖစ္ခဲ့ၿပီး အက္စတန္ ဗီလာေနာက္တန္းနဲ႔ ဂိုးသမားတို႔ အစြမ္းကုန္ ခုခံကာကြယ္ခဲ့ရပါတယ္။

၉၅ မိနစ္မွာေတာ့ ဒီဆာဆီက ခ်ဲလ္ဆီးအတြက္ ေနာက္က် အႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီလို႔ ထင္ျမင္ခဲ့ေပမယ့္လည္း VAR က ၾကားဝင္ခဲ့ၿပီး တိုက္စစ္စတင္ခ်ိန္မွာ ဘာဒီယာရွီေလက အက္စတန္ ဗီလာကစားသမားကို တြန္းထုတ္ခဲ့တယ္ဆိုၿပီး ဂိုးကို ပယ္ဖ်က္ခဲ့ပါတယ္။

ပိုခ်က္တီႏိုကေတာ့ ကြင္းေဘးစည္းမွာ ေဒါသတႀကီးနဲ႔ ေပါက္ကြဲခဲ့ၿပီး ခ်ဲလ္ဆီးကေတာ့ ဗီလာနဲ႔ပြဲမွာ သေရ ၁ မွတ္သာ ရရွိခဲ့တာေၾကာင့္ အဆင့္ ၉ ေနရာသာ ဆက္လက္ရပ္တည္ခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.