Match Report Premier League

နယူးကာဆယ်ရဲ့အပြတ်တီးတာခံခဲ့ရပြီး တန်းဆင်းခဲ့ရပြီဖြစ်တဲ့ ရှက်ဖီး

ရှက်ဖီးယူနိုက်တက်ဟာ စနေနေ့က စိန့်ဂျိမ်းစ်ပါ့ခ်မှာ ကစားခဲ့တဲ့ပွဲမှာ ၅-၁ နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရပြီ ဖြစ်ပါတယ်။

နယူးကာဆယ်ဟာ ဒီရာသီအစောပိုင်းတုန်းက ရှက်ဖီးအိမ်ကွင်း ဘရာမောလိန်းမှာ ၈-၀ နဲ့ ဂိုးပြတ်အနိုင်ယူခဲ့တာဖြစ်ပေမယ့်လည်း ပထမပိုင်း ၄၅ မိနစ်မှာတော့ ဒုတိယအကောင်းဆုံးအသင်း ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဧည့်သည်တွေက ပိုမိုတောက်ပတဲ့ ပုံစံနဲ့ စတင်နိုင်ခဲ့ပြီး ပထမပိုင်း ၅ မိနစ်အတွင်းမှာပဲ ဟာမာရဲ့ ဖြတ်တင်ပေးပို့မှုကို အာမက်ဟော့ဇစ်က ခေါင်းတိုက်ပြီး ဦးဆောင်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဝိုင်လ်ဒါရဲ့အသင်းဟာ ဆက်လက်ပြီး ဖိအားပေးနိုင်ခဲ့ပြီး ကင်မရွန်း အာချာရဲ့ အပိုင်ပိတ်သွင်းယူမှုကို ဒန် ဘန်းက ပိတ်ဆို့နိုင်ခဲ့တာကြောင့် နောက်ထပ် ဦးဆောင်ဂိုး ရရှိမယ့်အခွင့်အရေး ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

နယူးကာဆယ်ဟာ ပထမပိုင်း ၂၅ မိနစ်အတွင်းမှာ တော်တော်လေး ဆိုးရွားခဲ့ပေမယ့်လည်း ကောင်းမွန်တဲ့ ကစားပုံတစ်ခုကြောင့် ချေပဂိုး ပြန်ရသွားခဲ့တာဖြစ်ပြီး မာဖီထိုးပေးလိုက်တဲ့ဘောလုံးကို အီဆက်ခ်က ဖိုဒါရင်ဟမ် ဘယ်လိုမှ မကာကွယ်နိုင်အောင် ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် နယူးကာဆယ် အသင်းဟာ ဒုတိယပိုင်း ပြန်စပြီး ၈ မိနစ်အကြာမှာ ရှားရှားပါးပါး ဂီမာရေးစ်ရဲ့ ခေါင်းတိုက်သွင်းဂိုးကြောင့် ဦးဆောင်ဂိုး ရရှိခဲ့တာဖြစ်ပါတယ်။ ပွဲချိန် တစ်နာရီ မတိုင်ခင်မှာပဲ ဟိုးဂိတ်က အဲဗာတန်အသင်းဖော်ဟောင်း ဂေါ်ဒွန်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ရခဲ့တဲ့ ပင်နယ်တီကနေ အီဆက်ခ်က နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၁၀ မိနစ်အကြာမှာ အော့စ်ဘွန်းက ပင်နယ်တီဧရိယာထဲမှာ ဝရုန်းသုန်းကားဖြစ်နေခဲ့တဲ့အချိန်အတွင်း ကိုယ့်ဂိုးထဲကိုယ်ပြန်သွင်းမိခဲ့ပြီး ၇၂ မိနစ်မှာ ဝီလ်ဆင်က နယူးကာဆယ်အတွက် ပဉ္စမမြောက်နဲ့ နောက်ဆုံးဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

နယူးကာဆယ်ဟာ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယား အဆင့် ၆ နေရာက မန်ချက်စတာယူနိုက်တက်နဲ့ ၁ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့ပြီး ရှက်ဖီးကတော့ ချန်ပီယံရှစ်ကို တန်းဆင်းသွားခဲ့ရပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ရွက္ဖီးယူႏိုက္တက္ဟာ စေနေန႔က စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ ကစားခဲ့တဲ့ပြဲမွာ ၅-၁ နဲ႔ ဂိုးျပတ္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ကေန တန္းဆင္းခဲ့ရၿပီ ျဖစ္ပါတယ္။

နယူးကာဆယ္ဟာ ဒီရာသီအေစာပိုင္းတုန္းက ရွက္ဖီးအိမ္ကြင္း ဘရာေမာလိန္းမွာ ၈-၀ နဲ႔ ဂိုးျပတ္အႏိုင္ယူခဲ့တာျဖစ္ေပမယ့္လည္း ပထမပိုင္း ၄၅ မိနစ္မွာေတာ့ ဒုတိယအေကာင္းဆုံးအသင္း ျဖစ္ခဲ့တာျဖစ္ပါတယ္။ ဧည့္သည္ေတြက ပိုမိုေတာက္ပတဲ့ ပုံစံနဲ႔ စတင္ႏိုင္ခဲ့ၿပီး ပထမပိုင္း ၅ မိနစ္အတြင္းမွာပဲ ဟာမာရဲ႕ ျဖတ္တင္ေပးပို႔မႈကို အာမက္ေဟာ့ဇစ္က ေခါင္းတိုက္ၿပီး ဦးေဆာင္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဝိုင္လ္ဒါရဲ႕အသင္းဟာ ဆက္လက္ၿပီး ဖိအားေပးႏိုင္ခဲ့ၿပီး ကင္မ႐ြန္း အာခ်ာရဲ႕ အပိုင္ပိတ္သြင္းယူမႈကို ဒန္ ဘန္းက ပိတ္ဆို႔ႏိုင္ခဲ့တာေၾကာင့္ ေနာက္ထပ္ ဦးေဆာင္ဂိုး ရရွိမယ့္အခြင့္အေရး ဆုံးရႈံးခဲ့ရတာ ျဖစ္ပါတယ္။

နယူးကာဆယ္ဟာ ပထမပိုင္း ၂၅ မိနစ္အတြင္းမွာ ေတာ္ေတာ္ေလး ဆိုး႐ြားခဲ့ေပမယ့္လည္း ေကာင္းမြန္တဲ့ ကစားပုံတစ္ခုေၾကာင့္ ေခ်ပဂိုး ျပန္ရသြားခဲ့တာျဖစ္ၿပီး မာဖီထိုးေပးလိုက္တဲ့ေဘာလုံးကို အီဆက္ခ္က ဖိုဒါရင္ဟမ္ ဘယ္လိုမွ မကာကြယ္ႏိုင္ေအာင္ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ နယူးကာဆယ္ အသင္းဟာ ဒုတိယပိုင္း ျပန္စၿပီး ၈ မိနစ္အၾကာမွာ ရွားရွားပါးပါး ဂီမာေရးစ္ရဲ႕ ေခါင္းတိုက္သြင္းဂိုးေၾကာင့္ ဦးေဆာင္ဂိုး ရရွိခဲ့တာျဖစ္ပါတယ္။ ပြဲခ်ိန္ တစ္နာရီ မတိုင္ခင္မွာပဲ ဟိုးဂိတ္က အဲဗာတန္အသင္းေဖာ္ေဟာင္း ေဂၚဒြန္ကို ျပစ္ဒဏ္က်ဴးလြန္ခဲ့တာေၾကာင့္ ရခဲ့တဲ့ ပင္နယ္တီကေန အီဆက္ခ္က ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၁၀ မိနစ္အၾကာမွာ ေအာ့စ္ဘြန္းက ပင္နယ္တီဧရိယာထဲမွာ ဝ႐ုန္းသုန္းကားျဖစ္ေနခဲ့တဲ့အခ်ိန္အတြင္း ကိုယ့္ဂိုးထဲကိုယ္ျပန္သြင္းမိခဲ့ၿပီး ၇၂ မိနစ္မွာ ဝီလ္ဆင္က နယူးကာဆယ္အတြက္ ပၪၥမေျမာက္နဲ႔ ေနာက္ဆုံးဂိုးကို သြင္းယူေပးသြားခဲ့ပါတယ္။

နယူးကာဆယ္ဟာ ဒီႏိုင္ပြဲေၾကာင့္ အမွတ္ေပးဇယား အဆင့္ ၆ ေနရာက မန္ခ်က္စတာယူႏိုက္တက္နဲ႔ ၁ မွတ္အကြာကို တက္လွမ္းႏိုင္ခဲ့ၿပီး ရွက္ဖီးကေတာ့ ခ်န္ပီယံရွစ္ကို တန္းဆင္းသြားခဲ့ရၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.