Premier League

အာဆင်နယ်နဲ့ မန်ယူနိုက်တက်တို့ပွဲမတိုင်ခင် သတင်းစကားပေးပို့လိုက်တဲ့ ဆန်းချက်ဇ်

အလက်ဆစ် ဆန်းချက်ဇ်က ယနေ့ညမှာ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ပွဲမတိုင်ခင် ဂန်းနားတွေက အမြဲတမ်း နှလုံးသားထဲမှာရှိနေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူတွေဟာ တနင်္ဂနွေနေ့ညမှာ အမ်းမရိတ်စ်ကွင်းထဲမှာ အဲရစ် တန်ဟက်ရဲ့အသင်းကို လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အာဆင်နယ်အသင်းဟာ မန်စီးတီးကို ၈ မှတ်အထိ ဖြတ်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ မန်ချက်စတာယူနိုက်တက်နဲ့ပွဲမတိုင်ခင် ၎င်းတို့ရဲ့ လူမှုကွန်ရက်ချန်နယ်တွေပေါ်မှာ ပြီးခဲ့တဲ့နှစ်တွေတုန်းက သရဲနီတွေကို သွင်းယူခဲ့တဲ့ အကောင်းဆုံးသွင်းဂိုးတွေထဲက အချို့ကို ပြန်လည် ပြသခဲ့ပြီး အဲဒီထဲက တစ်ဂိုးဟာ ၂၀၁၅ ခုနှစ်တုန်းက အမ်းမရိတ်စ်မှာ ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ဆန်းချက်ဇ်ရဲ့ အလွန်ကောင်းမွန်တဲ့ဂိုးကန်သွင်းမှုဖြစ်ခဲ့တာဖြစ်ပါတယ်။

အဲဒီပို့စ်ကို ၂၀၁၈ ခုနှစ်တုန်းက မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အာဆင်နယ်ကို စွန့်ခွာခဲ့တဲ့ ဆန်းချက်ဇ်က မြင်တွေ့ခဲ့ပြီး ၎င်းရဲ့သွင်းဂိုးကို ပြသဖို့ ဆုံးဖြတ်ခဲ့တဲ့ ဂန်းနားတွေရဲ့ ဆုံးဖြတ်ချက်ကြောင့် ကြည်နူးပီတိဖြစ်ခဲ့တာ ဖြစ်ပါတယ်။

“ခင်ဗျား ကျွန်တော့်ကို မှတ်မိသေးတယ်နော်။ ကျွန်တော်လည်း ခင်ဗျားကိုဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ ခင်ဗျားက ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ အမြဲတမ်းရှိနေမှာပါ။ ခင်ဗျားက အင်္ဂလန်မှာ ကျွန်တော့်ရဲ့ ပထမဆုံးမိသားစုဖြစ်ခဲ့ပါတယ်။ အားလုံးက ကျွန်တော့်ကို ကောင်းကောင်း ဂရုစိုက်ပေးခဲ့ကြပြီး အထူးသဖြင့် ပရိသတ်တွေပါ။ အကောင်းဆုံးဖြစ်ပါစေ ဂန်းနားတွေ”လို့ ရေးသားခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက ကစားသမားတွေအနေနဲ့ ယခုရာသီမှာ ပရီးမီးယားလိဂ်ဆုဖလားကို အနိုင်ရရှိဖို့အတွက် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ အရည်အသွေးတွေရှိရမယ်လို့ ပြောကြားခဲ့ပါတယ်။

“ဒီ အရည်အသွေးတွေ ရှိထားရမှာဖြစ်ပြီး လူစာရင်းထဲမှာ ဟန်ချက်ညီဖို့ မဖြစ်မနေလိုအပ်ပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားကောင်းမှုရှိဖို့နဲ့ ကြီးမားတဲ့အဆင့်မှာ ကစားဖို့ လိုအပ်တဲ့ စိတ်ခံစားချက် ထိန်းချုပ်နိုင်စွမ်းရှိဖို့က အရမ်း လိုအပ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာရှုထောင့်ကလည်း လိုအပ်ပါတယ်။ အဲဒါမရှိရင် ကျွန်တော်တို့ အလုပ်လုပ်တဲ့အခြေအနေမှာ ၁၁ လကျော်အထိ ယှဉ်ပြိုင်နိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ နှစ်ပေါင်းများစွာ ဆုဖလားပြိုင်ပွဲမှာ မရှိခဲ့ပါဘူး။ စကားလုံးတွေက လုံးဝကို အဓိပ္ပာယ်မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ ကျွန်တော်တို့ ကွင်းထဲမှာ အဲဒါကို လုပ်ရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

အလက္ဆစ္ ဆန္းခ်က္ဇ္က ယေန႔ညမွာ အာဆင္နယ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ပြဲမတိုင္ခင္ ဂန္းနားေတြက အၿမဲတမ္း ႏွလုံးသားထဲမွာရွိေနမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ပရီးမီးယားလိဂ္အမွတ္ေပးဇယားဦးေဆာင္သူေတြဟာ တနဂၤေႏြေန႔ညမွာ အမ္းမရိတ္စ္ကြင္းထဲမွာ အဲရစ္ တန္ဟက္ရဲ႕အသင္းကို လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး အာဆင္နယ္အသင္းဟာ မန္စီးတီးကို ၈ မွတ္အထိ ျဖတ္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲမတိုင္ခင္ ၎တို႔ရဲ႕ လူမႈကြန္ရက္ခ်န္နယ္ေတြေပၚမွာ ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းက သရဲနီေတြကို သြင္းယူခဲ့တဲ့ အေကာင္းဆုံးသြင္းဂိုးေတြထဲက အခ်ိဳ႕ကို ျပန္လည္ ျပသခဲ့ၿပီး အဲဒီထဲက တစ္ဂိုးဟာ ၂၀၁၅ ခုႏွစ္တုန္းက အမ္းမရိတ္စ္မွာ ၃-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္အတြင္း ဆန္းခ်က္ဇ္ရဲ႕ အလြန္ေကာင္းမြန္တဲ့ဂိုးကန္သြင္းမႈျဖစ္ခဲ့တာျဖစ္ပါတယ္။

အဲဒီပို႔စ္ကို ၂၀၁၈ ခုႏွစ္တုန္းက မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ဖို႔ အာဆင္နယ္ကို စြန႔္ခြာခဲ့တဲ့ ဆန္းခ်က္ဇ္က ျမင္ေတြ႕ခဲ့ၿပီး ၎ရဲ႕သြင္းဂိုးကို ျပသဖို႔ ဆုံးျဖတ္ခဲ့တဲ့ ဂန္းနားေတြရဲ႕ ဆုံးျဖတ္ခ်က္ေၾကာင့္ ၾကည္ႏူးပီတိျဖစ္ခဲ့တာ ျဖစ္ပါတယ္။

“ခင္ဗ်ား ကြၽန္ေတာ့္ကို မွတ္မိေသးတယ္ေနာ္။ ကြၽန္ေတာ္လည္း ခင္ဗ်ားကိုဘယ္ေတာ့မွ ေမ့မွာမဟုတ္ပါဘူး။ ခင္ဗ်ားက ကြၽန္ေတာ့္ရဲ႕ ႏွလုံးသားထဲမွာ အၿမဲတမ္းရွိေနမွာပါ။ ခင္ဗ်ားက အဂၤလန္မွာ ကြၽန္ေတာ့္ရဲ႕ ပထမဆုံးမိသားစုျဖစ္ခဲ့ပါတယ္။ အားလုံးက ကြၽန္ေတာ့္ကို ေကာင္းေကာင္း ဂ႐ုစိုက္ေပးခဲ့ၾကၿပီး အထူးသျဖင့္ ပရိသတ္ေတြပါ။ အေကာင္းဆုံးျဖစ္ပါေစ ဂန္းနားေတြ”လို႔ ေရးသားခဲ့ပါတယ္။

အာဆင္နယ္နည္းျပ အာတီတာက ကစားသမားေတြအေနနဲ႔ ယခုရာသီမွာ ပရီးမီးယားလိဂ္ဆုဖလားကို အႏိုင္ရရွိဖို႔အတြက္ စိတ္ပိုင္းဆိုင္ရာေရာ ႐ုပ္ပိုင္းဆိုင္ရာမွာပါ အရည္အေသြးေတြရွိရမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ဒီ အရည္အေသြးေတြ ရွိထားရမွာျဖစ္ၿပီး လူစာရင္းထဲမွာ ဟန္ခ်က္ညီဖို႔ မျဖစ္မေနလိုအပ္ပါတယ္။ စိတ္ဓာတ္ပိုင္းဆိုင္ရာ အားေကာင္းမႈရွိဖို႔နဲ႔ ႀကီးမားတဲ့အဆင့္မွာ ကစားဖို႔ လိုအပ္တဲ့ စိတ္ခံစားခ်က္ ထိန္းခ်ဳပ္ႏိုင္စြမ္းရွိဖို႔က အရမ္း လိုအပ္ပါတယ္။ ႐ုပ္ပိုင္းဆိုင္ရာရႈေထာင့္ကလည္း လိုအပ္ပါတယ္။ အဲဒါမရွိရင္ ကြၽန္ေတာ္တို႔ အလုပ္လုပ္တဲ့အေျခအေနမွာ ၁၁ လေက်ာ္အထိ ယွဥ္ၿပိဳင္ႏိုင္မွာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ႏွစ္ေပါင္းမ်ားစြာ ဆုဖလားၿပိဳင္ပြဲမွာ မရွိခဲ့ပါဘူး။ စကားလုံးေတြက လုံးဝကို အဓိပၸာယ္မရွိဘူးဆိုတဲ့ အဓိပၸာယ္ပါ။ ကြၽန္ေတာ္တို႔ ကြင္းထဲမွာ အဲဒါကို လုပ္ရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.