Match Report Premier League

လမ်းပတ်ရဲ့ အဲဗာတန်ကို ကန်ချပြီး တန်းဆင်းဇုန်က ရုန်းထွက်လာတဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဖာဘီယန်စကီး၊ ခံစစ်မှာ အော့ဂ်ဘွန်နာ၊ အာဂွါဒ်နဲ့ ဇူးမားတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဆိုဖာလ်၊ အီမာဆန်၊ ဒက်ကလန် ရိုက်စ်နဲ့ ပါကေးတာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော ဘင်ရာမာ၊ ဘိုဝင်နဲ့ အန်တိုနီယိုတို့ကို တွဲဖက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည် အဲဗာတန်အသင်းကတော့ ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ ယယ်ရီ မီနာ၊ ကိုဒီနဲ့ တာကော့ဗ်စကီးတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ကိုးလ်မန်း၊ မစ်ကိုလန်ကို၊ အိုနာနာနဲ့ ဂါနာ ဂေးယီတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ အီဝိုဘီ၊ ဂရေးနဲ့ ကဲလ်ဗတ်-လူဝင်တို့ကို ပွဲထုတ်လာခဲ့တာပါ။

ဘောကိုင်ကြမ်းတဲ့ လမ်းပတ်တို့အနေနဲ့ ဒီနေ့ပွဲမှာ အိမ်ရှင်တွေဘက်ကို ဖိကစားဖို့ လုပ်ခဲ့ပေမယ့် ဝက်စ်ဟမ်းရဲ့ တိုက်စစ်ကို အမြန်ဆုံးသွားတဲ့ ပုံစံမှာ ရုန်းကန်နေခဲ့ရပြီး ကွင်းလယ်ကလည်း ဖန်တီးမှုတွေ မပြုလုပ်နိုင်ခဲ့တာကြောင့် ဘောလုံးပျက်တိုင်းမှာသာ ခံစစ်နဲ့ ဂိုးသမား ပစ်ခ်ဖို့ဒ်တို့ ရုန်းကန်ခဲ့ရပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ဘယ်နောက်ခံလူ အီမာဆန်က ဂိုးရှေ့ကို ဖြတ်တင်ပေးခဲ့ရာမှာ နောက်ခံလူ ဇူးမားက အမြင့်ဆုံးခုန်ပြီး ခေါင်းတိုက်ချပေးတာကို ဘိုဝင်က အလိုက်သင့် ပြေးထွက်ပြီး အနီးကပ် ကန်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေ ဦးဆောင်နိုင်ခဲ့တာပါ။

ပွဲချိန် ၄၁ မိနစ်မှာ ဝက်စ်ဟမ်းတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြန်ပြီး ဒီဂိုးကိုတော့ အီဝိုဘီရဲ့ ကလေးဆန်ဆန် ဘောလုံးပျက်ရာက ပြန်ရလာတာကို ဘိုဝင်က အန်တိုနီယိုကို ပေးခဲ့ရာမှာ တောင်ပံသမားဟောင်းတစ်ဖြစ်လဲ တိုက်စစ်မှူးက ညာခြမ်းတောက်လျှောက်ဆွဲပြေးပြီးမှ ဧရိယာထဲ အနိမ့်ဘော ဖြတ်ချိုးပေးတာကို အချိန်မီ ရောက်လာခဲ့တဲ့ ဘိုဝင်ကပဲ ပြန်ပြီး ပိတ်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ဝက်စ်ဟမ်းတို့က နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့သလို ဒုတိယပိုင်းမှာတော့ ကိုးလ်မန်းနဲ့ မစ်ကိုလန်ကိုတို့ နောက်ခံအစွန်လူ နှစ်ယောက်စလုံးကို ထုတ်ပြီး ကွင်းလယ်လူ တွမ်ဒေးဗီးစ်နဲ့ တောင်ပံသမား မက်နီးလ်တို့ကို ထည့်ခဲ့တဲ့ အဲဗာတန်တို့ ဂိုးပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် ကွင်းလယ်က လှမ်းကန်ဖို့လောက်ပဲ လုပ်တတ်ခဲ့သလို Final Third Zone မှာ ရုန်းကန်နေခဲ့ရတာပါ။

လမ်းပတ်အနေနဲ့ နောက်ခံအစွန်လူနဲ့ Wing Back မပါဘဲ ၃-၄-၃ ကစားကွက်ကို အတုံးလိုက် အတစ်လိုက် အသုံးပြုသွားခဲ့သလို ဖန်တီးမှုနဲ့ တစ်ဖက်ဂိုးရှေ့မှာ ချိတ်ဆက်ကစားပုံတွေမှာလည်း ထရိန်နင်မှာတောင် လုပ်ထားရဲ့လားလို့ မေးစရာဖြစ်ခဲ့ပြီး ဝက်စ်ဟမ်းရဲ့ ကောင်တာတွေကတောင် နောက်ထပ် ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ဘားထိထွက်ခဲ့လို့ အဲဗာတန်တို့ မျက်နှာမပျက်ခဲ့ရတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းတို့ကတော့ ပါကေးတာ၊ အန်တိုနီယို၊ အီမာဆန်နဲ့ ဘင်ရာမာတို့အစား ဆိုးချက်ခ်၊ ဒန်နီအင်းစ်၊ ဘန်ဂျွန်ဆန်နဲ့ ဒေါင်းစ်တို့ကို ထည့်သွင်းပြီး ပွဲကို ထိန်းကစားသွားခဲ့သလို အဲဗာတန်တို့ကတော့ အရန်ခုံက ဂေါ်ဒန်နဲ့ မော်ပေတို့ကို အသုံးချဖို့တောင် ပျက်ကွက်နေခဲ့လို့ ပထမပိုင်းက ရလဒ်အတိုင်းနဲ့ပဲ လန်ဒန်သား ဟမ်းမားတွေ အောင်ပွဲခံနိုင်ခဲ့ကြတာပါ။

ပွဲအပြီးမှာတော့ အိမ်ရှင် ဝက်စ်ဟမ်းပရိသတ်တွေက အဲဗာတန်နည်းပြ လမ်းပတ် မပြုတ်သေးဘူးလားလို့ ဝိုင်းဝန်းလှောင်ပြောင်သွားခဲ့ကြပြီး ဒီပွဲရလဒ်ကြောင့် ဟမ်းမားတို့အနေနဲ့ တန်းဆင်းဇုန်ကို ရုန်းထွက်ပြီး အဆင့် ၁၅ ဆီ ရောက်ရှိလာခဲ့ချိန်မှာ လီဗာပူးလ်မြို့ဂုဏ်ဆောင် တော်ဖီတွေကတော့ အဆင့် ၁၉ မှာ ရပ်တည်သွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဝက္စ္ဟမ္းအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဖာဘီယန္စကီး၊ ခံစစ္မွာ ေအာ့ဂ္ဘြန္နာ၊ အာဂြါဒ္နဲ႔ ဇူးမားတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆိုဖာလ္၊ အီမာဆန္၊ ဒက္ကလန္ ႐ိုက္စ္နဲ႔ ပါေကးတာတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ ဘင္ရာမာ၊ ဘိုဝင္နဲ႔ အန္တိုနီယိုတို႔ကို တြဲဖက္ေပးခဲ့တာ ျဖစ္ပါတယ္။

ဧည့္သည္ အဲဗာတန္အသင္းကေတာ့ ဂိုးသမား ပစ္ခ္ဖို႔ဒ္၊ ခံစစ္မွာ ယယ္ရီ မီနာ၊ ကိုဒီနဲ႔ တာေကာ့ဗ္စကီးတို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ကိုးလ္မန္း၊ မစ္ကိုလန္ကို၊ အိုနာနာနဲ႔ ဂါနာ ေဂးယီတို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ အီဝိုဘီ၊ ဂေရးနဲ႔ ကဲလ္ဗတ္-လူဝင္တို႔ကို ပြဲထုတ္လာခဲ့တာပါ။

ေဘာကိုင္ၾကမ္းတဲ့ လမ္းပတ္တို႔အေနနဲ႔ ဒီေန႔ပြဲမွာ အိမ္ရွင္ေတြဘက္ကို ဖိကစားဖို႔ လုပ္ခဲ့ေပမယ့္ ဝက္စ္ဟမ္းရဲ႕ တိုက္စစ္ကို အျမန္ဆုံးသြားတဲ့ ပုံစံမွာ ႐ုန္းကန္ေနခဲ့ရၿပီး ကြင္းလယ္ကလည္း ဖန္တီးမႈေတြ မျပဳလုပ္ႏိုင္ခဲ့တာေၾကာင့္ ေဘာလုံးပ်က္တိုင္းမွာသာ ခံစစ္နဲ႔ ဂိုးသမား ပစ္ခ္ဖို႔ဒ္တို႔ ႐ုန္းကန္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ ဝက္စ္ဟမ္းတို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို ဘယ္ေနာက္ခံလူ အီမာဆန္က ဂိုးေရွ႕ကို ျဖတ္တင္ေပးခဲ့ရာမွာ ေနာက္ခံလူ ဇူးမားက အျမင့္ဆုံးခုန္ၿပီး ေခါင္းတိုက္ခ်ေပးတာကို ဘိုဝင္က အလိုက္သင့္ ေျပးထြက္ၿပီး အနီးကပ္ ကန္သြင္းႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ ဦးေဆာင္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၄၁ မိနစ္မွာ ဝက္စ္ဟမ္းတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကျပန္ၿပီး ဒီဂိုးကိုေတာ့ အီဝိုဘီရဲ႕ ကေလးဆန္ဆန္ ေဘာလုံးပ်က္ရာက ျပန္ရလာတာကို ဘိုဝင္က အန္တိုနီယိုကို ေပးခဲ့ရာမွာ ေတာင္ပံသမားေဟာင္းတစ္ျဖစ္လဲ တိုက္စစ္မႉးက ညာျခမ္းေတာက္ေလွ်ာက္ဆြဲေျပးၿပီးမွ ဧရိယာထဲ အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးတာကို အခ်ိန္မီ ေရာက္လာခဲ့တဲ့ ဘိုဝင္ကပဲ ျပန္ၿပီး ပိတ္သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ဝက္စ္ဟမ္းတို႔က ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့သလို ဒုတိယပိုင္းမွာေတာ့ ကိုးလ္မန္းနဲ႔ မစ္ကိုလန္ကိုတို႔ ေနာက္ခံအစြန္လူ ႏွစ္ေယာက္စလုံးကို ထုတ္ၿပီး ကြင္းလယ္လူ တြမ္ေဒးဗီးစ္နဲ႔ ေတာင္ပံသမား မက္နီးလ္တို႔ကို ထည့္ခဲ့တဲ့ အဲဗာတန္တို႔ ဂိုးျပန္ရဖို႔ ႀကိဳးစားခဲ့ေပမယ့္ ကြင္းလယ္က လွမ္းကန္ဖို႔ေလာက္ပဲ လုပ္တတ္ခဲ့သလို Final Third Zone မွာ ႐ုန္းကန္ေနခဲ့ရတာပါ။

လမ္းပတ္အေနနဲ႔ ေနာက္ခံအစြန္လူနဲ႔ Wing Back မပါဘဲ ၃-၄-၃ ကစားကြက္ကို အတုံးလိုက္ အတစ္လိုက္ အသုံးျပဳသြားခဲ့သလို ဖန္တီးမႈနဲ႔ တစ္ဖက္ဂိုးေရွ႕မွာ ခ်ိတ္ဆက္ကစားပုံေတြမွာလည္း ထရိန္နင္မွာေတာင္ လုပ္ထားရဲ႕လားလို႔ ေမးစရာျဖစ္ခဲ့ၿပီး ဝက္စ္ဟမ္းရဲ႕ ေကာင္တာေတြကေတာင္ ေနာက္ထပ္ ဂိုးရဖို႔ နီးစပ္ခဲ့ေပမယ့္ ဘားထိထြက္ခဲ့လို႔ အဲဗာတန္တို႔ မ်က္ႏွာမပ်က္ခဲ့ရတာျဖစ္ပါတယ္။

ဝက္စ္ဟမ္းတို႔ကေတာ့ ပါေကးတာ၊ အန္တိုနီယို၊ အီမာဆန္နဲ႔ ဘင္ရာမာတို႔အစား ဆိုးခ်က္ခ္၊ ဒန္နီအင္းစ္၊ ဘန္ဂြၽန္ဆန္နဲ႔ ေဒါင္းစ္တို႔ကို ထည့္သြင္းၿပီး ပြဲကို ထိန္းကစားသြားခဲ့သလို အဲဗာတန္တို႔ကေတာ့ အရန္ခုံက ေဂၚဒန္နဲ႔ ေမာ္ေပတို႔ကို အသုံးခ်ဖို႔ေတာင္ ပ်က္ကြက္ေနခဲ့လို႔ ပထမပိုင္းက ရလဒ္အတိုင္းနဲ႔ပဲ လန္ဒန္သား ဟမ္းမားေတြ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာပါ။

ပြဲအၿပီးမွာေတာ့ အိမ္ရွင္ ဝက္စ္ဟမ္းပရိသတ္ေတြက အဲဗာတန္နည္းျပ လမ္းပတ္ မျပဳတ္ေသးဘူးလားလို႔ ဝိုင္းဝန္းေလွာင္ေျပာင္သြားခဲ့ၾကၿပီး ဒီပြဲရလဒ္ေၾကာင့္ ဟမ္းမားတို႔အေနနဲ႔ တန္းဆင္းဇုန္ကို ႐ုန္းထြက္ၿပီး အဆင့္ ၁၅ ဆီ ေရာက္ရွိလာခဲ့ခ်ိန္မွာ လီဗာပူးလ္ၿမိဳ႕ဂုဏ္ေဆာင္ ေတာ္ဖီေတြကေတာ့ အဆင့္ ၁၉ မွာ ရပ္တည္သြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.