Match Report Premier League

လက်စတာကို သရေသာ ရခဲ့ပြီး ဖာဂူဆန်ကြောင့် မရှုံးခဲ့တဲ့ ဘရိုက်တန်

ခြေတက်နေတဲ့ ဘရိုက်တန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရောဘတ် ဆန်ချက်ဇ်၊ ခံစစ်မှာ လူးဝစ္စ ဒန့်ခ်၊ ဗန်ဟက်ကာ၊ အက်စ်တူပီညန်နဲ့ ဂရော့စ်တို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ကိုင်စီဒို၊ မက္ကယ်လစ္စတာ၊ လယ်လာနာတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ မာ့ချ်၊ မီတိုမာနဲ့ ဝဲလ်ဘက်ခ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် လက်စတာစီးတီးအသင်းကတော့ ဂိုးသမား ဒန်နီ ဝါ့ဒ်၊ ခံစစ်မှာ ဖေးစ်၊ အမာတေ၊ ကက်စတာညာနဲ့ သောမတ်စ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ နမ်ပလီ မန်ဒီ၊ တီးလီးမန်းစ်၊ ဂျူးစ်ဘာရီ-ဟောလ်၊ ပရက်နဲ့ ဟာဗီ ဘန်းစ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဗာဒီ တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ဘောလုံးကိုင်ကစားတဲ့ ဘရိုက်တန်တို့နဲ့ တန်ပြန်တိုက်စစ်ပဲ အမြန်ဆုံးသွားမယ်ဆိုတဲ့ လက်စတာတို့နဲ့ ကစားပုံချင်း ဗျူဟာချင်းကတော့ လားလားမှ မဆိုင်ခဲ့သလို တောင်ပံတွေကနေ ထိုးနှက်ခဲ့တဲ့ အိမ်ရှင် မြေခွေးတို့ရဲ့ ဒဏ်ကို ဧည့်သည် စင်ရော်တွေ သတိကြီးကြီးထား ကာကွယ်သွားခဲ့ရတာ ဖြစ်ပါတယ်။

ပွဲချိန် ၂၇ မိနစ်မှာ ဘရိုက်တန်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ကွင်းလယ်မှာ ဘောလုံးရလာတဲ့ အက်စ်တူပီညန်က ဘယ်ခြမ်းကို ခင်းပေးရာမှာ မီတိုမာက တစ်ကိုယ်တော်အစွမ်းနဲ့ ညာနောက်ခံလူ ကက်စတာညာကို ကျော်ဖြတ်ပြီး အဝေးတိုင်ထောင့်ကို အပြင်းကန်သွင်းယူသွားခဲ့လို့ လက်စတာဂိုးသမား ငုတ်တုတ်မေ့ခဲ့ရတာပါ။

ဒီဂိုးရအပြီးမှာ ကွင်းလယ်က ဒဏ်ရာရသွားတဲ့ လယ်လာနာအစား နောက်ခံလူ ဗဲ့လ်မန်းနဲ့ လူစားလဲခဲ့ပြီး ဂရော့စ်ကို ကွင်းလယ်မှာ ပြန်လည် ကစားခိုင်းခဲ့တာကတော့ ဘရိုက်တန်နည်းပြ ဒီဇာဘီရဲ့ မှားယွင်းမှု ဖြစ်သွားခဲ့သလို ဂီးလ်မိုး၊ အန်စီဆို၊ ဆာမီယန်တိုတို့ ရှိနေလျက်သားနဲ့ ခံစစ်ကို အားပြုဖို့ ဆုံးဖြတ်ခဲ့ချိန်မှာ လက်စတာတို့ကတော့ မရှေးမနှောင်းပဲ ဒဏ်ရာရခဲ့တဲ့ ပရက်အစား အော်လ်ဘရိုက်တန်ကို ထည့်သွင်းလာခဲ့ပါတယ်။

ပွဲချိန် ၃၈ မိနစ်မှာတော့ လက်စတာတို့ ချေပဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကို ထုတ်ပေးလိုက်တဲ့ ဘောလုံးကို ကြောက်ဆုတ်ကြောက်ဆုတ်နဲ့ မဖျက်နိုင်ခဲ့တဲ့ လူစားဝင် နောက်ခံလူ ဗဲ့လ်မန်းရဲ့ အမှားကနေ ဟာဗီ ဘန်းစ်က ဆွဲယူပြီး ကန်သွင်းခဲ့ရာမှာ ဘရိုက်တန် ခံစစ်က နှစ်ကြိမ်တိုင်တိုင် ပိတ်ဆို့နိုင်ခဲ့ပေမယ့် ညာခြမ်းမှာ ရှိနေတဲ့ အော်လ်ဘရိုက်တန်က တိုင်ခြေကို ပိတ်သွင်းယူသွားနိုင်ခဲ့တာပါ။

ဒီဂိုးမှာ ကောင်တာကနေ ဘောလုံးရလာတဲ့ ဟာဗီ ဘန်းစ် လူကျွံမကျွံ ပြန်ကြည့်ခဲ့ရပြီး နောက်ခံလူ ဗဲ့လ်မန်း ပိတ်ဆို့ရာမှာ လက်ထိခဲ့ပေမယ့် ဂိုးဝင်ခဲ့တာကြောင့် ဒီကိစ္စကို လျှော်ပေးသွားခဲ့သလို နောက်ဆုံးမှာတော့ လူကျွံဘောမဖြစ်ကြောင်း တွေ့ရှိခဲ့ရလို့ လူစားဝင် ဝါရင့်တောင်ပံသမား အော်လ်ဘရိုက်တန်တစ်ယောက် အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ တစ်ဖက်နဲ့တစ်ဖက် တစ်ဂိုးစီသရေဖြစ်နေခဲ့ကြသလို ဒုတိယပိုင်း ပြန်စပြီး သိပ်မကြာခင်မှာတော့ ဝဲလ်ဘက်ခ် ဧရိယာထဲမှာ လဲကျခဲ့တာကို ဒိုင်လူကြီး သောမတ်စ် ဘရာမောလ်နဲ့ VAR ကတော့ လုံလောက်အောင် ထိမိခြင်း မရှိတာကြောင့် ပင်နယ်တီ မပေးဘဲ ပယ်ချသွားခဲ့လို့ အိမ်ရှင်တွေ ကံကောင်းခဲ့ရတာပါ။

ပွဲချိန် ၅၇ မိနစ်မှာတော့ မီတိုမာရဲ့ ဘယ်ခြမ်းကနေ တစ်ကိုယ်တော်အစွမ်းနဲ့ ဆွဲယူလာပြီးမှ ခူးပြီးခပ်ပြီး ဖန်တီးပေးတာကို မာ့ချ်က သာမန် ကန်ချက်ပြုလုပ်နိုင်ခဲ့ရင်အောင် ဂိုးနေတဲ့ အနေအထားမှာ ထောင်ကန်သွားခဲ့တာကြောင့် ဘရိုက်တန်တို့ နစ်နာခဲ့ရသလို ဒီနေ့ပွဲမှာတော့ စင်ရော်တို့အတွက် သူနဲ့ ဝဲလ်ဘက်ခ်တို့က အနိုင်မရနိုင်အောင် ခြေစွမ်းညံ့ဖျင်းခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၆၃ မိနစ်မှာတော့ အိမ်ရှင် လက်စတာစီးတီးတို့ နောက်ကနေ ပြန်လည်ဦးဆောင်သွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အော်လ်ဘရိုက်တန်ရဲ့ ညာထောင့်ကန်ဘောကနေ နောက်ခံလူ သောမတ်စ်က အဝေးတိုင်ဘက်ကို ခေါင်းတိုက်ချပေးခဲ့ရာမှာ ရှင်းထုတ်ဖို့ လွဲချော်ခဲ့တဲ့ နောက်ခံလူ ဗန်ဟက်ကာရဲ့ အမှားကြောင့် ဟာဗီ ဘန်းစ်က ပိတ်သွင်းသွားနိုင်ခဲ့တာပါ။

နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်နေခဲ့ချိန်မှာတော့ နည်းပြ ဒီဇာဘီအနေနဲ့ သုံးစားမရတဲ့ ဝဲလ်ဘက်ခ်အစား လူငယ်တိုက်စစ်မှူး ဖာဂူဆန်ကို ထည့်သွင်းခဲ့ပြီး ခံစစ်က ဗန်ဟက်ကာအစား လမ့်ပ်တေကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့သလို လက်စတာတို့ကတော့ ဂျူးစ်ဘာရီ-ဟောလ်နဲ့ ဗာဒီတို့အစား မက်ဒီဆန်နဲ့ ဒါကာတို့ကို လူစားပြောင်းလဲသွားခဲ့ပါတယ်။

ပွဲချိန် ၈၈ မိနစ်မှာတော့ ဘရိုက်တန်တို့ ချေပဂိုး ပြန်လည်ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းက ဘောလုံးပြန်ရလာတဲ့ အက်စ်တူပီညန်ရဲ့ ဖြတ်တင်ဘောကို ရှင်းထုတ်ဖို့ နှေးကွေးနေတဲ့ မန်ဒီ၊ ဖေးစ်နဲ့ အမာတေတို့ရဲ့ တြိဂံပုံစံကြားကနေ ဖာဂူဆန်က ပြေးဝင်ခေါင်းတိုက်ပြီး ရယူသွားနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ဘရိုက်တန်နဲ့ လက်စတာတို့ နှစ်ဂိုးစီသရေကျခဲ့ကြပြီး စင်ရော်တွေအနေနဲ့ အနိုင်ရရင် စပါးစ်ဆီက အဆင့် ၅ ကို လုယူနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပေမယ့် တစ်ပွဲလျှော့ကစားထားတာကြောင့် နှစ်မှတ်ကွာဟမှုကို အသုံးချနိုင်သေးချိန်မှာ လက်စတာတို့ကတော့ ကမ္ဘာ့ဖလားအပြီး ပွဲတွေ ပြန်စကတည်းက လေးပွဲဆက်ရှုံးပြီး ငါးပွဲဆက်မှာလည်း မနိုင်ခဲ့တာကြောင့် တန်းဆင်းဇုန်နဲ့ တစ်မှတ်အကွာ အဆင့် ၁၄ မှာ ရပ်တည်နေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေျခတက္ေနတဲ့ ဘ႐ိုက္တန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ေရာဘတ္ ဆန္ခ်က္ဇ္၊ ခံစစ္မွာ လူးဝစၥ ဒန႔္ခ္၊ ဗန္ဟက္ကာ၊ အက္စ္တူပီညန္နဲ႔ ဂေရာ့စ္တို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ကိုင္စီဒို၊ မကၠယ္လစၥတာ၊ လယ္လာနာတို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ မာ့ခ်္၊ မီတိုမာနဲ႔ ဝဲလ္ဘက္ခ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ လက္စတာစီးတီးအသင္းကေတာ့ ဂိုးသမား ဒန္နီ ဝါ့ဒ္၊ ခံစစ္မွာ ေဖးစ္၊ အမာေတ၊ ကက္စတာညာနဲ႔ ေသာမတ္စ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ နမ္ပလီ မန္ဒီ၊ တီးလီးမန္းစ္၊ ဂ်ဴးစ္ဘာရီ-ေဟာလ္၊ ပရက္နဲ႔ ဟာဗီ ဘန္းစ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဗာဒီ တစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

ေဘာလုံးကိုင္ကစားတဲ့ ဘ႐ိုက္တန္တို႔နဲ႔ တန္ျပန္တိုက္စစ္ပဲ အျမန္ဆုံးသြားမယ္ဆိုတဲ့ လက္စတာတို႔နဲ႔ ကစားပုံခ်င္း ဗ်ဴဟာခ်င္းကေတာ့ လားလားမွ မဆိုင္ခဲ့သလို ေတာင္ပံေတြကေန ထိုးႏွက္ခဲ့တဲ့ အိမ္ရွင္ ေျမေခြးတို႔ရဲ႕ ဒဏ္ကို ဧည့္သည္ စင္ေရာ္ေတြ သတိႀကီးႀကီးထား ကာကြယ္သြားခဲ့ရတာ ျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၇ မိနစ္မွာ ဘ႐ိုက္တန္တို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ကြင္းလယ္မွာ ေဘာလုံးရလာတဲ့ အက္စ္တူပီညန္က ဘယ္ျခမ္းကို ခင္းေပးရာမွာ မီတိုမာက တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ညာေနာက္ခံလူ ကက္စတာညာကို ေက်ာ္ျဖတ္ၿပီး အေဝးတိုင္ေထာင့္ကို အျပင္းကန္သြင္းယူသြားခဲ့လို႔ လက္စတာဂိုးသမား ငုတ္တုတ္ေမ့ခဲ့ရတာပါ။

ဒီဂိုးရအၿပီးမွာ ကြင္းလယ္က ဒဏ္ရာရသြားတဲ့ လယ္လာနာအစား ေနာက္ခံလူ ဗဲ့လ္မန္းနဲ႔ လူစားလဲခဲ့ၿပီး ဂေရာ့စ္ကို ကြင္းလယ္မွာ ျပန္လည္ ကစားခိုင္းခဲ့တာကေတာ့ ဘ႐ိုက္တန္နည္းျပ ဒီဇာဘီရဲ႕ မွားယြင္းမႈ ျဖစ္သြားခဲ့သလို ဂီးလ္မိုး၊ အန္စီဆို၊ ဆာမီယန္တိုတို႔ ရွိေနလ်က္သားနဲ႔ ခံစစ္ကို အားျပဳဖို႔ ဆုံးျဖတ္ခဲ့ခ်ိန္မွာ လက္စတာတို႔ကေတာ့ မေရွးမေႏွာင္းပဲ ဒဏ္ရာရခဲ့တဲ့ ပရက္အစား ေအာ္လ္ဘ႐ိုက္တန္ကို ထည့္သြင္းလာခဲ့ပါတယ္။

ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ လက္စတာတို႔ ေခ်ပဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကို ထုတ္ေပးလိုက္တဲ့ ေဘာလုံးကို ေၾကာက္ဆုတ္ေၾကာက္ဆုတ္နဲ႔ မဖ်က္ႏိုင္ခဲ့တဲ့ လူစားဝင္ ေနာက္ခံလူ ဗဲ့လ္မန္းရဲ႕ အမွားကေန ဟာဗီ ဘန္းစ္က ဆြဲယူၿပီး ကန္သြင္းခဲ့ရာမွာ ဘ႐ိုက္တန္ ခံစစ္က ႏွစ္ႀကိမ္တိုင္တိုင္ ပိတ္ဆို႔ႏိုင္ခဲ့ေပမယ့္ ညာျခမ္းမွာ ရွိေနတဲ့ ေအာ္လ္ဘ႐ိုက္တန္က တိုင္ေျခကို ပိတ္သြင္းယူသြားႏိုင္ခဲ့တာပါ။

ဒီဂိုးမွာ ေကာင္တာကေန ေဘာလုံးရလာတဲ့ ဟာဗီ ဘန္းစ္ လူကြၽံမကြၽံ ျပန္ၾကည့္ခဲ့ရၿပီး ေနာက္ခံလူ ဗဲ့လ္မန္း ပိတ္ဆို႔ရာမွာ လက္ထိခဲ့ေပမယ့္ ဂိုးဝင္ခဲ့တာေၾကာင့္ ဒီကိစၥကို ေလွ်ာ္ေပးသြားခဲ့သလို ေနာက္ဆုံးမွာေတာ့ လူကြၽံေဘာမျဖစ္ေၾကာင္း ေတြ႕ရွိခဲ့ရလို႔ လူစားဝင္ ဝါရင့္ေတာင္ပံသမား ေအာ္လ္ဘ႐ိုက္တန္တစ္ေယာက္ ေအာင္ပြဲခံႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ တစ္ဖက္နဲ႔တစ္ဖက္ တစ္ဂိုးစီသေရျဖစ္ေနခဲ့ၾကသလို ဒုတိယပိုင္း ျပန္စၿပီး သိပ္မၾကာခင္မွာေတာ့ ဝဲလ္ဘက္ခ္ ဧရိယာထဲမွာ လဲက်ခဲ့တာကို ဒိုင္လူႀကီး ေသာမတ္စ္ ဘရာေမာလ္နဲ႔ VAR ကေတာ့ လုံေလာက္ေအာင္ ထိမိျခင္း မရွိတာေၾကာင့္ ပင္နယ္တီ မေပးဘဲ ပယ္ခ်သြားခဲ့လို႔ အိမ္ရွင္ေတြ ကံေကာင္းခဲ့ရတာပါ။

ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ မီတိုမာရဲ႕ ဘယ္ျခမ္းကေန တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ဆြဲယူလာၿပီးမွ ခူးၿပီးခပ္ၿပီး ဖန္တီးေပးတာကို မာ့ခ်္က သာမန္ ကန္ခ်က္ျပဳလုပ္ႏိုင္ခဲ့ရင္ေအာင္ ဂိုးေနတဲ့ အေနအထားမွာ ေထာင္ကန္သြားခဲ့တာေၾကာင့္ ဘ႐ိုက္တန္တို႔ နစ္နာခဲ့ရသလို ဒီေန႔ပြဲမွာေတာ့ စင္ေရာ္တို႔အတြက္ သူနဲ႔ ဝဲလ္ဘက္ခ္တို႔က အႏိုင္မရႏိုင္ေအာင္ ေျခစြမ္းညံ့ဖ်င္းခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ အိမ္ရွင္ လက္စတာစီးတီးတို႔ ေနာက္ကေန ျပန္လည္ဦးေဆာင္သြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေအာ္လ္ဘ႐ိုက္တန္ရဲ႕ ညာေထာင့္ကန္ေဘာကေန ေနာက္ခံလူ ေသာမတ္စ္က အေဝးတိုင္ဘက္ကို ေခါင္းတိုက္ခ်ေပးခဲ့ရာမွာ ရွင္းထုတ္ဖို႔ လြဲေခ်ာ္ခဲ့တဲ့ ေနာက္ခံလူ ဗန္ဟက္ကာရဲ႕ အမွားေၾကာင့္ ဟာဗီ ဘန္းစ္က ပိတ္သြင္းသြားႏိုင္ခဲ့တာပါ။

ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ရႈံးနိမ့္ေနခဲ့ခ်ိန္မွာေတာ့ နည္းျပ ဒီဇာဘီအေနနဲ႔ သုံးစားမရတဲ့ ဝဲလ္ဘက္ခ္အစား လူငယ္တိုက္စစ္မႉး ဖာဂူဆန္ကို ထည့္သြင္းခဲ့ၿပီး ခံစစ္က ဗန္ဟက္ကာအစား လမ့္ပ္ေတကို ထည့္သြင္းၿပီး တိုက္စစ္ျမႇင့္ခဲ့သလို လက္စတာတို႔ကေတာ့ ဂ်ဴးစ္ဘာရီ-ေဟာလ္နဲ႔ ဗာဒီတို႔အစား မက္ဒီဆန္နဲ႔ ဒါကာတို႔ကို လူစားေျပာင္းလဲသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ ဘ႐ိုက္တန္တို႔ ေခ်ပဂိုး ျပန္လည္ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းက ေဘာလုံးျပန္ရလာတဲ့ အက္စ္တူပီညန္ရဲ႕ ျဖတ္တင္ေဘာကို ရွင္းထုတ္ဖို႔ ေႏွးေကြးေနတဲ့ မန္ဒီ၊ ေဖးစ္နဲ႔ အမာေတတို႔ရဲ႕ ႀတိဂံပုံစံၾကားကေန ဖာဂူဆန္က ေျပးဝင္ေခါင္းတိုက္ၿပီး ရယူသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ဘ႐ိုက္တန္နဲ႔ လက္စတာတို႔ ႏွစ္ဂိုးစီသေရက်ခဲ့ၾကၿပီး စင္ေရာ္ေတြအေနနဲ႔ အႏိုင္ရရင္ စပါးစ္ဆီက အဆင့္ ၅ ကို လုယူႏိုင္မယ့္ အခြင့္အေရးကို လက္လႊတ္ခဲ့ရေပမယ့္ တစ္ပြဲေလွ်ာ့ကစားထားတာေၾကာင့္ ႏွစ္မွတ္ကြာဟမႈကို အသုံးခ်ႏိုင္ေသးခ်ိန္မွာ လက္စတာတို႔ကေတာ့ ကမာၻ႔ဖလားအၿပီး ပြဲေတြ ျပန္စကတည္းက ေလးပြဲဆက္ရႈံးၿပီး ငါးပြဲဆက္မွာလည္း မႏိုင္ခဲ့တာေၾကာင့္ တန္းဆင္းဇုန္နဲ႔ တစ္မွတ္အကြာ အဆင့္ ၁၄ မွာ ရပ္တည္ေနခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.