La Liga Match Report

ဖလားရပြီဖြစ်ပေမယ့် အမှတ်မရောင်းဘဲ ဂရာနာဒါအိမ်ကွင်းမှာ ဂိုးပြတ်သိပ်တဲ့ ရီးရဲ

ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါချန်ပီယံဖြစ်ခဲ့ပြီးနောက် ပထမဆုံးကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဂရာနာဒါကို ၄-၀ နဲ့ သက်တောင့်သက်သာ အဝေးကွင်းနိုင်ပွဲ ရယူခဲ့ပြီး အိမ်ရှင်တွေကတော့ ဒုတိယတန်းကို တန်းဆင်းခဲ့ရပြီဖြစ်ပါတယ်။

အန်ဆယ်လော့တီရဲ့အသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားဖို့ရှိနေတာကြောင့် ကြယ်ပွင့်ကစားသမား အများအပြားကို အနားပေးနိုင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့က ဘိုင်ယန်မြူးနစ်နဲ့ ကစားခဲ့တဲ့ပွဲက လူစာရင်းကို ၁၀ ဦးအထိ အပြောင်းအလဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဘရာဟင် ဒီယက်ဇ်ရဲ့ အလွန်ကောင်းမွန်တဲ့ ဒုတိယပိုင်းသွင်းဂိုး ၂ ဂိုးနဲ့အတူ တစ်ဦးချင်း အရည်အသွေးကောင်းမွန်မှုကို ပြသပြီး အသင်းလိုက် အကောင်းဆုံးချိတ်ဆက်ကစားနိုင်ခဲ့တာကြောင့် ပွဲစဉ်တလျှောက်အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

ဖရန်စ္စစကို ဂါစီယာက ဧည့်သည်တွေအတွက် ပထမပိုင်းမှာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ပထမပိုင်း ပြီးဆုံးခါနီးမှာ တူရကီမက်ဆီလို့ နာမည်ကြီးတဲ့ လူငယ်ကြယ်ပွင့် အာဒါ ဂူလာက ရီးရဲလ်မက်ဒရစ်အတွက် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အူဇူနီက အိမ်ရှင်တွေအတွက် ရခဲ့တဲ့ အကောင်းဆုံးအခွင့်အရေးကို အသုံးမချနိုင်ခဲ့ဘဲ ဂရာနာဒါတို့ဟာ ၃၅ ပွဲကစားပြီးချိန်မှာ ရမှတ် ၂၁ မှတ်နဲ့ တန်းဆင်းခဲ့ရပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္ဟာ လာလီဂါခ်န္ပီယံျဖစ္ခဲ့ၿပီးေနာက္ ပထမဆုံးကစားခဲ့တဲ့ လာလီဂါပြဲစဥ္မွာ ဂရာနာဒါကို ၄-၀ နဲ႔ သက္ေတာင့္သက္သာ အေဝးကြင္းႏိုင္ပြဲ ရယူခဲ့ၿပီး အိမ္ရွင္ေတြကေတာ့ ဒုတိယတန္းကို တန္းဆင္းခဲ့ရၿပီျဖစ္ပါတယ္။

အန္ဆယ္ေလာ့တီရဲ႕အသင္းဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ ကစားဖို႔ရွိေနတာေၾကာင့္ ၾကယ္ပြင့္ကစားသမား အမ်ားအျပားကို အနားေပးႏိုင္ခဲ့ၿပီး ဗုဒၶဟူးေန႔က ဘိုင္ယန္ျမဴးနစ္နဲ႔ ကစားခဲ့တဲ့ပြဲက လူစာရင္းကို ၁၀ ဦးအထိ အေျပာင္းအလဲ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဘရာဟင္ ဒီယက္ဇ္ရဲ႕ အလြန္ေကာင္းမြန္တဲ့ ဒုတိယပိုင္းသြင္းဂိုး ၂ ဂိုးနဲ႔အတူ တစ္ဦးခ်င္း အရည္အေသြးေကာင္းမြန္မႈကို ျပသၿပီး အသင္းလိုက္ အေကာင္းဆုံးခ်ိတ္ဆက္ကစားႏိုင္ခဲ့တာေၾကာင့္ ပြဲစဥ္တေလွ်ာက္အေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့တာျဖစ္ပါတယ္။

ဖရန္စၥစကို ဂါစီယာက ဧည့္သည္ေတြအတြက္ ပထမပိုင္းမွာ အဖြင့္ဂိုးကို သြင္းယူေပးခဲ့ၿပီး ပထမပိုင္း ၿပီးဆုံးခါနီးမွာ တူရကီမက္ဆီလို႔ နာမည္ႀကီးတဲ့ လူငယ္ၾကယ္ပြင့္ အာဒါ ဂူလာက ရီးရဲလ္မက္ဒရစ္အတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

အူဇူနီက အိမ္ရွင္ေတြအတြက္ ရခဲ့တဲ့ အေကာင္းဆုံးအခြင့္အေရးကို အသုံးမခ်ႏိုင္ခဲ့ဘဲ ဂရာနာဒါတို႔ဟာ ၃၅ ပြဲကစားၿပီးခ်ိန္မွာ ရမွတ္ ၂၁ မွတ္နဲ႔ တန္းဆင္းခဲ့ရၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.