Match Report Premier League

မာတီနက်ဇ်ထက် ပိုမှားတဲ့ အယ်လစ္စတာကြောင့် အဝေးကွင်းနောက်ဆုံးပွဲမှာ မပျော်ခဲ့ရတဲ့ ကလော့ပ်

အက်စတန်ဗီလာအသင်းအနေဖြင့် ယခုပွဲမှာ ရလဒ်ကောင်းထားမှ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် သေချာမှာ ဖြစ်ပြီး လီဗာပူးလ်အသင်းကတော့ ချန်ပီယံဖြစ်ဖို့လဲ မရှိ ချန်ပီယံလိဂ်ဝင်ခွင့်ကလည်းသေချာနေပြီဖြစ်တဲ့အတွက် ရာသီကုန်ရင် ထွက်ခွာတော့မယ့် နည်းပြကလော့ပ်ကို နိုင်ပွဲတွေနဲ့ နှုတ်ဆက်ပေးဖို့ပဲ ကစားဖို့ရှိနေခဲ့တာပါ။

ပွဲစပြီး သိပ်မကြာ ၂ မိနစ်ခန့်မှာ ဒီယက်ဇ်ဆီကို အဲလီးယော့တ် ညာခြမ်းက ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးဟာ ဗီလာနောက်တန်းသမားနဲ့ ရှပ်ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့ရာ ဗီလာဂိုးသမား မာတီနက်ဇ်က ဖမ်းလိုက်ပေမယ့် မသေသပ်တာကြောင့် သူ့လက်ထဲက လွတ်ကျပြီး ဂိုးထဲဝင်သွားခဲ့လို့ လီဗာပူးလ်အသင်း ဦးဆောင်ဂိုး စောစောရခဲ့လိုက်ပါတယ်။

ပွဲချိန် ၁၁ မိနစ်မှာ မက် အယ်လစ္စတာ ကွင်းလယ်ကနေ ဖြတ်တင်ပေးတဲ့ဘောလုံးဟာ အက်စတန်ဗီလာ ကွင်းလယ်လူကို ထိပြီး အက်စတန်ဗီလာအသင်းက ဘောလုံးရသွားယူ တန်ပြန်တိုက်စစ်ဆင်လာခဲ့ပါတယ်။ ဒီဘောလုံးကို ဝပ်ကင်စ်က လီဗာပူးလ် ဂိုးဧရိယာထဲထိ ဆွဲပြေးသွားပြီး ဂိုးစည်းထိပ်မှာ နေရာယူထားတဲ့ တိုင်လီမန်း ကန်သွင်းရင် အသာလေး ထိုးပေးလိုက်ရာ တိုင်လီမန်းက အပြင်းကန်သွင်းပြီး ဗီလာအသင်းက ချေပဂိုး ရယူခဲ့နိုင်ပါတယ်။

ပွဲချိန် ၂၂ မိနစ်မှာတော့ ဂိုးမက်ဇ်ရဲ့ ပေးပို့မှုကနေ ဂတ်ပိုက သာသာယာ ပိတ်သွင်းခဲ့လို့ လီဗာပူးလ်အသင်းက ဦးဆောင်ဂိုး ပြန်ရခဲ့ပြန်ပါတယ်။ ပထမပိုင်းပြီးချိန်မှာ လီဗာပူးလ်အသင်းက အက်စတန်ဗီလာအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပွဲချိန်၄၈ မိနစ်မှာ လီဗာပူးလ်အသင်း ပြစ်ဒဏ်ဘောရရှိသွားပြီး ဒီပြစ်ဒဏ်ဘောကို အဲလီးယော့တ်က ကန်တင်ပေးလိုက်ရာ ဂျာရယ်လ် ကွမ်ဆာက အပိုင်ခေါင်းတိုက်သွင်းယူလိုက်လို့ ဂိုးသမား မာတီနက်ဇ် ငေးကြည့်ရုံသာ တတ်နိုင်ခဲ့ပြီး ဂိုးပေးခဲ့ရပါတယ်။ လီဗာပူးလ်အသင်းဟာ ပွဲကို ၃ ဂိုး ၁ ဂိုးနဲ့ ၈၃ မိနစ်ထိ ဦးဆောင်နေပေမယ့် ဂိုးတွေထပ်သွင်းယူဖို့သာ ဆက်လက် တိုက်စစ်ဆင်နေခဲ့ပါတယ်။

၅၂ မိနစ်မှာ လီယွန် ဘေလီ ခင်းပေးလိုက်တဲ့ ဘောလုံးကို အိုလီ ဝပ်ကင်စ်က အဆုံးသတ်သွင်းယူခဲ့ပြီး အက်စတန် ဗီလာတို့ ဂိုးရရှိခဲ့ပေမယ့်လည်း VAR က ပြန်လည်စစ်ဆေးခဲ့ရာမှာ ဘေလီ လူကျွံနေခဲ့တယ်ဆိုပြီး ဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။

နောက်ထပ် ၇ မိနစ်အကြာမှာ လီဗာပူးလ်ရဲ့ သွင်းဂိုးကလည်း ထပ်မံ ပယ်ဖျက်ခံခဲ့ရပြီး ဒီယက်ဇ် ဂိုးရှေ့ကို ဆွဲပြေးသွားခဲ့ပြီး ဟာဗီး အဲလီးယော့တ်ဆီကို ထိုးပေးခဲ့ရာမှာ ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို သက်တောင့်သက်သာ ပိတ်သွင်းယူသွားခဲ့ပေမယ့် လူကျွံနေခဲ့တယ်လို့ VAR က ဆုံးဖြတ်ခဲ့ပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာ ဗန်ဒိုက်ရဲ့ တိုက်စစ်ပြန်စရန် ပေးပို့လိုက်တဲ့ ဘောလုံးကို လီဗာပူးလ် ဂိုးဧရိယာအစပ်မှာ လက်ခံယူခဲ့တဲ့ အယ်လစ္စတာ ဘောလုံးထိန်းမှု ညံ့ဖျင်းခဲ့ပြီး ဒီအခွင့်အရေးကို ကလန် ချိမ်ဘာက အမိအရယူကာ ရရှိခဲ့တဲ့ ဘောလုံးကို ဂျွန် ဒူရန်က ဂိုးဧရိယာအစပ်ကနေ ပိတ်သွင်းပြီး ချေပဂိုး တစ်ဂိုး စတင်သွင်းယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၈ မိနစ်မှာ ကွင်းလယ်ကနေ တောက်လျောက် ဘောလုံးဆွဲယူလာတဲ့ ဒီယာဘီကို လီဗာပူးလ်ကွင်းလယ်ကစားသမားတွေ မတားဆီးနိုင်ခဲ့ပဲ ဂိုးဧရိယာထိပ်နားရောက်ချိန်မှာ ဒီယာဘီက ဒူရန်ဆီ ဖြတ်တင်ပေးလိုက်ရာ ဒူရန်က ဘယ်ခြေနဲ့ မြေမကျကန်သွင်းပြီး သူ့ရဲ့ ယခုပွဲ ဒုတိယဂိုးကို သွင်းယူခဲ့နိုင်ပါတယ်။

လီဗာပူးလ်အသင်းအနေဲ့ ၄ မိနစ်အတွင်း ချေပဂိုး ၂ ဂိုးပေးလိုက်ရပြီးနောက် အနိုင်ဂိုးပြန်လည်ရရှိဖို့ ရှာဖွေခဲ့ပေမယ့်လည်း နူးညက်ဇ်လူကျွံလိုက် ဂိုးသွင်းမသေချာလိုက်နဲ့ လုံးလည်လိုက်နေမှုကြောင့် ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ ၃ ဂိုးစီ သရေရလဒ်နဲ့ ပွဲသိမ်းခဲ့ပြီး နည်းပြကလော့ပ်ကို နောက်ဆုံးအဝေးကွင်းနိုင်ပွဲနဲ့ မနှုတ်ဆက်နိုင်ခဲ့ပါဘူး။ အက်စတန်ဗီလာအသင်းအနေနဲ့တော့ ယခုပွဲ သရေရလဒ်ကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ပြိုင်ဆိုင်မှုအတွက် အားသာချက်ရရှိခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အက္စတန္ဗီလာအသင္းအေနျဖင့္ ယခုပြဲမွာ ရလဒ္ေကာင္းထားမွ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ေသခ်ာမွာ ျဖစ္ၿပီး လီဗာပူးလ္အသင္းကေတာ့ ခ်န္ပီယံျဖစ္ဖို႔လဲ မရွိ ခ်န္ပီယံလိဂ္ဝင္ခြင့္ကလည္းေသခ်ာေနၿပီျဖစ္တဲ့အတြက္ ရာသီကုန္ရင္ ထြက္ခြာေတာ့မယ့္ နည္းျပကေလာ့ပ္ကို ႏိုင္ပြဲေတြနဲ႔ ႏႈတ္ဆက္ေပးဖို႔ပဲ ကစားဖို႔ရွိေနခဲ့တာပါ။

ပြဲစၿပီး သိပ္မၾကာ ၂ မိနစ္ခန႔္မွာ ဒီယက္ဇ္ဆီကို အဲလီးေယာ့တ္ ညာျခမ္းက ျဖတ္တင္ေပးလိုက္တဲ့ ေဘာလုံးဟာ ဗီလာေနာက္တန္းသမားနဲ႔ ရွပ္ထိၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့ရာ ဗီလာဂိုးသမား မာတီနက္ဇ္က ဖမ္းလိုက္ေပမယ့္ မေသသပ္တာေၾကာင့္ သူ႔လက္ထဲက လြတ္က်ၿပီး ဂိုးထဲဝင္သြားခဲ့လို႔ လီဗာပူးလ္အသင္း ဦးေဆာင္ဂိုး ေစာေစာရခဲ့လိုက္ပါတယ္။

ပြဲခ်ိန္ ၁၁ မိနစ္မွာ မက္ အယ္လစၥတာ ကြင္းလယ္ကေန ျဖတ္တင္ေပးတဲ့ေဘာလုံးဟာ အက္စတန္ဗီလာ ကြင္းလယ္လူကို ထိၿပီး အက္စတန္ဗီလာအသင္းက ေဘာလုံးရသြားယူ တန္ျပန္တိုက္စစ္ဆင္လာခဲ့ပါတယ္။ ဒီေဘာလုံးကို ဝပ္ကင္စ္က လီဗာပူးလ္ ဂိုးဧရိယာထဲထိ ဆြဲေျပးသြားၿပီး ဂိုးစည္းထိပ္မွာ ေနရာယူထားတဲ့ တိုင္လီမန္း ကန္သြင္းရင္ အသာေလး ထိုးေပးလိုက္ရာ တိုင္လီမန္းက အျပင္းကန္သြင္းၿပီး ဗီလာအသင္းက ေခ်ပဂိုး ရယူခဲ့ႏိုင္ပါတယ္။

ပြဲခ်ိန္ ၂၂ မိနစ္မွာေတာ့ ဂိုးမက္ဇ္ရဲ႕ ေပးပို႔မႈကေန ဂတ္ပိုက သာသာယာ ပိတ္သြင္းခဲ့လို႔ လီဗာပူးလ္အသင္းက ဦးေဆာင္ဂိုး ျပန္ရခဲ့ျပန္ပါတယ္။ ပထမပိုင္းၿပီးခ်ိန္မွာ လီဗာပူးလ္အသင္းက အက္စတန္ဗီလာအသင္းကို ၂ ဂိုး ၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

ပြဲခ်ိန္၄၈ မိနစ္မွာ လီဗာပူးလ္အသင္း ျပစ္ဒဏ္ေဘာရရွိသြားၿပီး ဒီျပစ္ဒဏ္ေဘာကို အဲလီးေယာ့တ္က ကန္တင္ေပးလိုက္ရာ ဂ်ာရယ္လ္ ကြမ္ဆာက အပိုင္ေခါင္းတိုက္သြင္းယူလိုက္လို႔ ဂိုးသမား မာတီနက္ဇ္ ေငးၾကည့္႐ုံသာ တတ္ႏိုင္ခဲ့ၿပီး ဂိုးေပးခဲ့ရပါတယ္။ လီဗာပူးလ္အသင္းဟာ ပြဲကို ၃ ဂိုး ၁ ဂိုးနဲ႔ ၈၃ မိနစ္ထိ ဦးေဆာင္ေနေပမယ့္ ဂိုးေတြထပ္သြင္းယူဖို႔သာ ဆက္လက္ တိုက္စစ္ဆင္ေနခဲ့ပါတယ္။

၅၂ မိနစ္မွာ လီယြန္ ေဘလီ ခင္းေပးလိုက္တဲ့ ေဘာလုံးကို အိုလီ ဝပ္ကင္စ္က အဆုံးသတ္သြင္းယူခဲ့ၿပီး အက္စတန္ ဗီလာတို႔ ဂိုးရရွိခဲ့ေပမယ့္လည္း VAR က ျပန္လည္စစ္ေဆးခဲ့ရာမွာ ေဘလီ လူကြၽံေနခဲ့တယ္ဆိုၿပီး ဂိုးကို ပယ္ဖ်က္ခဲ့ပါတယ္။

ေနာက္ထပ္ ၇ မိနစ္အၾကာမွာ လီဗာပူးလ္ရဲ႕ သြင္းဂိုးကလည္း ထပ္မံ ပယ္ဖ်က္ခံခဲ့ရၿပီး ဒီယက္ဇ္ ဂိုးေရွ႕ကို ဆြဲေျပးသြားခဲ့ၿပီး ဟာဗီး အဲလီးေယာ့တ္ဆီကို ထိုးေပးခဲ့ရာမွာ ဂိုးသမားမရွိတဲ့ ဂိုးေပါက္ထဲကို သက္ေတာင့္သက္သာ ပိတ္သြင္းယူသြားခဲ့ေပမယ့္ လူကြၽံေနခဲ့တယ္လို႔ VAR က ဆုံးျဖတ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၄ မိနစ္မွာ ဗန္ဒိုက္ရဲ႕ တိုက္စစ္ျပန္စရန္ ေပးပို႔လိုက္တဲ့ ေဘာလုံးကို လီဗာပူးလ္ ဂိုးဧရိယာအစပ္မွာ လက္ခံယူခဲ့တဲ့ အယ္လစၥတာ ေဘာလုံးထိန္းမႈ ညံ့ဖ်င္းခဲ့ၿပီး ဒီအခြင့္အေရးကို ကလန္ ခ်ိမ္ဘာက အမိအရယူကာ ရရွိခဲ့တဲ့ ေဘာလုံးကို ဂြၽန္ ဒူရန္က ဂိုးဧရိယာအစပ္ကေန ပိတ္သြင္းၿပီး ေခ်ပဂိုး တစ္ဂိုး စတင္သြင္းယူႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၈ မိနစ္မွာ ကြင္းလယ္ကေန ေတာက္ေလ်ာက္ ေဘာလုံးဆြဲယူလာတဲ့ ဒီယာဘီကို လီဗာပူးလ္ကြင္းလယ္ကစားသမားေတြ မတားဆီးႏိုင္ခဲ့ပဲ ဂိုးဧရိယာထိပ္နားေရာက္ခ်ိန္မွာ ဒီယာဘီက ဒူရန္ဆီ ျဖတ္တင္ေပးလိုက္ရာ ဒူရန္က ဘယ္ေျခနဲ႔ ေျမမက်ကန္သြင္းၿပီး သူ႔ရဲ႕ ယခုပြဲ ဒုတိယဂိုးကို သြင္းယူခဲ့ႏိုင္ပါတယ္။

လီဗာပူးလ္အသင္းအေနဲ႔ ၄ မိနစ္အတြင္း ေခ်ပဂိုး ၂ ဂိုးေပးလိုက္ရၿပီးေနာက္ အႏိုင္ဂိုးျပန္လည္ရရွိဖို႔ ရွာေဖြခဲ့ေပမယ့္လည္း ႏူးညက္ဇ္လူကြၽံလိုက္ ဂိုးသြင္းမေသခ်ာလိုက္နဲ႔ လုံးလည္လိုက္ေနမႈေၾကာင့္ ပြဲသိမ္းခရာမႈတ္ခ်ိန္မွာေတာ့ ၃ ဂိုးစီ သေရရလဒ္နဲ႔ ပြဲသိမ္းခဲ့ၿပီး နည္းျပကေလာ့ပ္ကို ေနာက္ဆုံးအေဝးကြင္းႏိုင္ပြဲနဲ႔ မႏႈတ္ဆက္ႏိုင္ခဲ့ပါဘူး။ အက္စတန္ဗီလာအသင္းအေနနဲ႔ေတာ့ ယခုပြဲ သေရရလဒ္ေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိဖို႔ ၿပိဳင္ဆိုင္မႈအတြက္ အားသာခ်က္ရရွိခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.