Premier League

မြောက်လန်ဒန်ပြိုင်ဘက်တွေကို မုန်းပေမယ့်ဂုဏ်သိက္ခာအရ စီးတီးကို အနိုင်ကန်မယ့် စပါး

မြောက်လန်ဒန်တစ်နယ်လုံး အားပေးခြင်းကို ခံနေရတဲ့ တော့တင်ဟမ်ဟော့စပါးဟာ ဒီနေ့ညမှာ မန်ချက်စတာစီးတီးကို အိမ်ကွင်းမှာ ပွဲကြီးပွဲကောင်းအဖြစ် လက်ခံယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

အန်ဂီ ပိုစတီကိုဂလူရဲ့အသင်းဟာ စနေနေ့က ဘန်လေကို နောက်ကနေ ၂-၁ နဲ့ အနိုင်ပြန်ယူပြီး ချန်ပီယံရှစ်ကို ပြန်ပို့ခဲ့သလို မန်ချက်စတာစီးတီးကလည်း ဖူလ်ဟမ်အိမ်ကွင်းမှာ ၄-၀ နဲ့ ဂိုးပြတ်အနိုင်ယူခဲ့တာဖြစ်ပါတယ်။

နှစ်ဖက်အသင်း သတင်းများ

စပါးတိုက်စစ်မှူး ရစ်ချာလီဆန်က ၂၀၂၄ ကိုပါအမေရိကအတွက် ဘရာဇီးလ်လူစာရင်းထဲကနေ အံ့အားသင့်ဖွယ် ချန်လှပ်ခံခဲ့ရပြီး ဘရာဇီးလ်နည်းပြ ဒိုရီဗယ် ဂျူနီယာကတော့ ခြေသလုံးဒဏ်ရာကြောင့် မခေါ်ခဲ့တာလို့ ရှင်းပြခဲ့ပါတယ်။ ဘရာဇီးလ်ရဲ့ ကိုပါအမေရိကပြိုင်ပွဲတောင် ပါဝင်ကစားပေးနိုင်မှာမဟုတ်တဲ့အတွက် ဒီနေ့ညပွဲအပါအဝင် ရာသီကုန်တဲ့အထိ ပြန်ကစားပေးဖို့က ပိုတောင် မဖြစ်နိုင်တော့ပါဘူး။ တီမို ဗာနာ၊ ဘန် ဒေးဗီးစ်၊ ဆော်လမွန်၊ ဆီဆက်နွန်၊ ဖရေဆာ ဖော်စတာ၊ အူဒိုဂီတို့လည်း လွဲချော်မှာဖြစ်ပြီး ဘစ်ဆူးမားလည်း တနင်္လာနေ့မှာ ဒူးဒဏ်ရာရသွားလို့ ရာသီကုန်ထိ ပြန်ကစားပေးနိုင်တော့မှာမဟုတ်ပါဘူး။ အီမာဆန် ရိုင်ရယ် တလွဲလုပ်တာတွေ တော်တော်ခံခဲ့ရပြီးတဲ့နောက် ပိုစတီကိုဂလူက အိုလီဗာ စကစ်ပ်ကို ဘန်လေနဲ့ပွဲအတွက် ဘယ်နောက်ခံနေရာမှာ ထားသုံးခဲ့ပေမယ့် အသက် ၂၃ နှစ်အရွယ်ကစားသမားရဲ့ ပွဲကစားချိန် မရှိခဲ့မှုနဲ့ နေရာပြောင်းကစားတာ အသားမကျမှုကြောင့် အီမာဆန် ပြန်ပါလာနိုင်ပါတယ်။ ဗန်ဒီဗင်ကိုတော့ ဒီရာသီ ဒဏ်ရာပြဿနာကြောင့် ပိုစတီကိုဂလူက တောင်ပံထွက်ကစားခိုင်းချင်စိတ် မရှိပါဘူး။

မန်ချက်စတာစီးတီးဘက်မှာ ဂရီးလစ်ရှ် နာမကျန်းဖြစ်မှုကနေ ပြန်လည်ကောင်းမွန်လာပြီး အကီ မပါဝင်နိုင်ရင် ဂျွန် စတုန်း ပြန်ကစားနိုင်နေပြီမို့လို့ ဝေါ်ကာ၊ အကန်းဂျိတို့ကို နေရာအပြောင်းအလဲ လုပ်သုံးနိုင်ပါတယ်။ ဂွါဒီယိုလာအနေနဲ့ တောင်ပံအတိုးအလှုပ်ကောင်းတဲ့ ဒိုကုလည်း ပြန်သုံးလို့ ရနေပြီဖြစ်လို့ စပါးဘယ်နောက်ခံအားနည်းမှုကို အခွင့်ကောင်းယူနိုင်မှာပါ။

ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်း

စပါး-ဗီကာရီယို၊ ပေါ်ရို၊ ရိုမဲရိုး၊ ဗန်ဒီဗင်၊ အီမာဆန်၊ ဆား၊ ဘန်တန်ကာ၊ ကူလူဆက်ဗ်စကီး၊ မက်ဒီဆင်၊ ဂျွန်ဆင်၊ ဆွန်။

မန်စီးတီး-အီဒါဆန်၊ ဝေါ်ကာ၊ စတုန်းစ်၊ ဒီယက်စ်၊ ဂဗာဒီယောလ်၊ ဆေးလ်ဗား၊ ရိုဒရီ၊ ဒီဘရိုင်းနား၊ ဒိုကု၊ ဖိုဒန်၊ ဟာလန်း။

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံးပွဲရလဒ်များ

ဒီနှစ်သင်းကြား ၃၂ ကြိမ်တွေ့ဆုံခဲ့ရာမှာ စပါးက ၁၀ ကြိမ်နိုင် ၄ ကြိမ်သရေ မန်စီးတီးက ၁၈ ကြိမ်အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ စပါးက ၁ ပွဲနိုင် ၄ ပွဲရှုံး၊ မန်စီးတီးက ၅ ပွဲစလုံးအနိုင်ရခဲ့ပါတယ်။

ပွဲကြိုသုံးသပ်ချက်

တော့တင်ဟမ်ဟော့စပါးဟာ ကွင်းသစ်ကို ပြောင်းပြီးကတည်းက မန်ချက်စတာစီးတီးကို တစ်ပွဲမှ မရှုံးသေးတာက အထင်ကြီးစရာကောင်းတဲ့ မှတ်တမ်းတစ်ခု ဖြစ်ပါတယ်။ နှစ်သင်းစလုံးက ဂိုးသွင်းနိုင်တဲ့အသင်းတွေဖြစ်လို့ အပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့ရနိုင်ပြီး အိမ်ရှင်တွေက ဂုဏ်သိက္ခာပိုင်းအရ မန်စီးတီးကို အနိုင်မခံ အရှုံးမပေး ကစားသွားမှာဖြစ်ပြီး အဆိုးဆုံး သရေလောက်ပဲ ဖြစ်နိုင်ပါတယ်။

ခန့်မှန်းပွဲပြီးရလဒ်(စပါး ၃-၂ မန်စီးတီး)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေျမာက္လန္ဒန္တစ္နယ္လုံး အားေပးျခင္းကို ခံေနရတဲ့ ေတာ့တင္ဟမ္ေဟာ့စပါးဟာ ဒီေန႔ညမွာ မန္ခ်က္စတာစီးတီးကို အိမ္ကြင္းမွာ ပြဲႀကီးပြဲေကာင္းအျဖစ္ လက္ခံယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။

အန္ဂီ ပိုစတီကိုဂလူရဲ႕အသင္းဟာ စေနေန႔က ဘန္ေလကို ေနာက္ကေန ၂-၁ နဲ႔ အႏိုင္ျပန္ယူၿပီး ခ်န္ပီယံရွစ္ကို ျပန္ပို႔ခဲ့သလို မန္ခ်က္စတာစီးတီးကလည္း ဖူလ္ဟမ္အိမ္ကြင္းမွာ ၄-၀ နဲ႔ ဂိုးျပတ္အႏိုင္ယူခဲ့တာျဖစ္ပါတယ္။

ႏွစ္ဖက္အသင္း သတင္းမ်ား

စပါးတိုက္စစ္မႉး ရစ္ခ်ာလီဆန္က ၂၀၂၄ ကိုပါအေမရိကအတြက္ ဘရာဇီးလ္လူစာရင္းထဲကေန အံ့အားသင့္ဖြယ္ ခ်န္လွပ္ခံခဲ့ရၿပီး ဘရာဇီးလ္နည္းျပ ဒိုရီဗယ္ ဂ်ဴနီယာကေတာ့ ေျခသလုံးဒဏ္ရာေၾကာင့္ မေခၚခဲ့တာလို႔ ရွင္းျပခဲ့ပါတယ္။ ဘရာဇီးလ္ရဲ႕ ကိုပါအေမရိကၿပိဳင္ပြဲေတာင္ ပါဝင္ကစားေပးႏိုင္မွာမဟုတ္တဲ့အတြက္ ဒီေန႔ညပြဲအပါအဝင္ ရာသီကုန္တဲ့အထိ ျပန္ကစားေပးဖို႔က ပိုေတာင္ မျဖစ္ႏိုင္ေတာ့ပါဘူး။ တီမို ဗာနာ၊ ဘန္ ေဒးဗီးစ္၊ ေဆာ္လမြန္၊ ဆီဆက္ႏြန္၊ ဖေရဆာ ေဖာ္စတာ၊ အူဒိုဂီတို႔လည္း လြဲေခ်ာ္မွာျဖစ္ၿပီး ဘစ္ဆူးမားလည္း တနလၤာေန႔မွာ ဒူးဒဏ္ရာရသြားလို႔ ရာသီကုန္ထိ ျပန္ကစားေပးႏိုင္ေတာ့မွာမဟုတ္ပါဘူး။ အီမာဆန္ ႐ိုင္ရယ္ တလြဲလုပ္တာေတြ ေတာ္ေတာ္ခံခဲ့ရၿပီးတဲ့ေနာက္ ပိုစတီကိုဂလူက အိုလီဗာ စကစ္ပ္ကို ဘန္ေလနဲ႔ပြဲအတြက္ ဘယ္ေနာက္ခံေနရာမွာ ထားသုံးခဲ့ေပမယ့္ အသက္ ၂၃ ႏွစ္အ႐ြယ္ကစားသမားရဲ႕ ပြဲကစားခ်ိန္ မရွိခဲ့မႈနဲ႔ ေနရာေျပာင္းကစားတာ အသားမက်မႈေၾကာင့္ အီမာဆန္ ျပန္ပါလာႏိုင္ပါတယ္။ ဗန္ဒီဗင္ကိုေတာ့ ဒီရာသီ ဒဏ္ရာျပႆနာေၾကာင့္ ပိုစတီကိုဂလူက ေတာင္ပံထြက္ကစားခိုင္းခ်င္စိတ္ မရွိပါဘူး။

မန္ခ်က္စတာစီးတီးဘက္မွာ ဂရီးလစ္ရွ္ နာမက်န္းျဖစ္မႈကေန ျပန္လည္ေကာင္းမြန္လာၿပီး အကီ မပါဝင္ႏိုင္ရင္ ဂြၽန္ စတုန္း ျပန္ကစားႏိုင္ေနၿပီမို႔လို႔ ေဝၚကာ၊ အကန္းဂ်ိတို႔ကို ေနရာအေျပာင္းအလဲ လုပ္သုံးႏိုင္ပါတယ္။ ဂြါဒီယိုလာအေနနဲ႔ ေတာင္ပံအတိုးအလႈပ္ေကာင္းတဲ့ ဒိုကုလည္း ျပန္သုံးလို႔ ရေနၿပီျဖစ္လို႔ စပါးဘယ္ေနာက္ခံအားနည္းမႈကို အခြင့္ေကာင္းယူႏိုင္မွာပါ။

ျဖစ္ႏိုင္ဖြယ္ပြဲထြက္လူစာရင္း

စပါး-ဗီကာရီယို၊ ေပၚ႐ို၊ ႐ိုမဲ႐ိုး၊ ဗန္ဒီဗင္၊ အီမာဆန္၊ ဆား၊ ဘန္တန္ကာ၊ ကူလူဆက္ဗ္စကီး၊ မက္ဒီဆင္၊ ဂြၽန္ဆင္၊ ဆြန္။

မန္စီးတီး-အီဒါဆန္၊ ေဝၚကာ၊ စတုန္းစ္၊ ဒီယက္စ္၊ ဂဗာဒီေယာလ္၊ ေဆးလ္ဗား၊ ႐ိုဒရီ၊ ဒီဘ႐ိုင္းနား၊ ဒိုကု၊ ဖိုဒန္၊ ဟာလန္း။

ထိပ္တိုက္ေတြ႕ဆုံမႈနဲ႔ ေနာက္ဆုံးပြဲရလဒ္မ်ား

ဒီႏွစ္သင္းၾကား ၃၂ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ စပါးက ၁၀ ႀကိမ္ႏိုင္ ၄ ႀကိမ္သေရ မန္စီးတီးက ၁၈ ႀကိမ္အႏိုင္ရခဲ့ပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲမွာ စပါးက ၁ ပြဲႏိုင္ ၄ ပြဲရႈံး၊ မန္စီးတီးက ၅ ပြဲစလုံးအႏိုင္ရခဲ့ပါတယ္။

ပြဲႀကိဳသုံးသပ္ခ်က္

ေတာ့တင္ဟမ္ေဟာ့စပါးဟာ ကြင္းသစ္ကို ေျပာင္းၿပီးကတည္းက မန္ခ်က္စတာစီးတီးကို တစ္ပြဲမွ မရႈံးေသးတာက အထင္ႀကီးစရာေကာင္းတဲ့ မွတ္တမ္းတစ္ခု ျဖစ္ပါတယ္။ ႏွစ္သင္းစလုံးက ဂိုးသြင္းႏိုင္တဲ့အသင္းေတြျဖစ္လို႔ အျပန္အလွန္သြင္းဂိုးေတြကို ျမင္ေတြ႕ရႏိုင္ၿပီး အိမ္ရွင္ေတြက ဂုဏ္သိကၡာပိုင္းအရ မန္စီးတီးကို အႏိုင္မခံ အရႈံးမေပး ကစားသြားမွာျဖစ္ၿပီး အဆိုးဆုံး သေရေလာက္ပဲ ျဖစ္ႏိုင္ပါတယ္။

ခန႔္မွန္းပြဲၿပီးရလဒ္(စပါး ၃-၂ မန္စီးတီး)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.