Bundesliga Match Report

ဘိုချန်ကို ဂိုးပြတ်အနိုင်ယူပြီး ပွဲ ၅၀ ရှုံးပွဲမရှိစံချိန်သစ် ထပ်တင်တဲ့ အလွန်ဆိုရဲ့လေဗာကူဆင်

ဘွန်ဒက်စ်လီဂါချန်ပီယံ လေဗာကူဆင်ဟာ တနင်္ဂနွေနေ့ညက အိမ်ရှင် ဘိုချန်ကို ၅-၀ နဲ့ ဂိုးပြတ်အနိုင်ယူပြီး ဒီရာသီ ပြိုင်ပွဲစုံမှာ ပွဲ၅၀ဆက်တိုက် ရှုံးပွဲမရှိ စံချိန်ကို အံ့အားသင့်ဖွယ် တိုးမြှင့်နိုင်ခဲ့ပါတယ်။

ဖလား ၃ လုံး တပြိုင်နက် ရှုံးပွဲမရှိဘဲ ဆွတ်ခူးဖို့ ရည်မှန်းနေတဲ့ အလွန်ဆိုရဲ့အသင်းဟာ ဘင်ဖီကာရဲ့ နှစ်ပေါင်း ၆၀ ကြာ တင်ရှိထားတဲ့ စံချိန်ကို ကြာသပတေးနေ့က ရိုးမားနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲမှာ ရိုက်ချိုးနိုင်ခဲ့ပြီးနောက် ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ညမှာ လေဗာကူဆင်ဟာ တန်းဆင်းဇုန်အထက် ၃ မှတ်အကွာမှာ ရှိနေတဲ့ ဘိုချန်ကို ပထမပိုင်းပြီးဆုံးခါနီး ၅ မိနစ်အတွင်း သွင်းယူခဲ့တဲ့ ရှစ်ခ်နဲ့ ဘိုနီဖေ့စ်တို့ သွင်းဂိုးတွေကြောင့် ပထမပိုင်းအပြီးမှာ ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဘိုချန်ဟာ ဖဲလစ္စ ပက်စ်လပ် ပထမပိုင်း ၁၅ မိနစ်မှာပဲ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် တစ်ယောက်လျော့နဲ့ ဘွန်ဒက်စ်လီဂါ ချန်ပီယံတွေကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒုတိယပိုင်း ၇၆ မိနစ်မှာ အက်ဒ်လီက လေဗာကူဆင်အတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး စတန်နီဆစ်က နောက်ထပ် ၁၀ မိနစ်အကြာမှာ အနိမ့်ဘောကန်ချက်နဲ့ နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၉၀+၃ မိနစ်မှာ စတန်နီဆစ်ကပဲ ဂရီမယ်ဒိုအတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပြီး လေဗာကူဆင်ဟာ လာမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲ၊ ပိုကယ်ဖလားဗိုလ်လုပွဲနဲ့ လက်ကျန် ဘွန်ဒက်စ်လီဂါရာသီပိတ်ပွဲစဉ် ၃ ပွဲစလုံးကိုသာ အနိုင်ကစားနိုင်ခဲ့ရင် ရှုံးပွဲလုံးဝမရှိဘဲ ဖလား ၃ လုံးတပြိုင်နက်ရယူနိုင်တဲ့ ပထမဆုံးသော အသင်းဖြစ်လာတော့မှာဖြစ်ပါတယ်။

လေဗာကူဆင်ဟာ ဘွန်ဒက်စ်လီဂါသမိုင်းတလျှောက်မှာ တစ်ရာသီအတွင်း အဝေးကွင်းပွဲစဉ်အားလုံး ရှုံးပွဲမရှိတဲ့ တတိယမြောက်အသင်းဖြစ်လာခဲ့ပြီဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းက ၁၉၈၆-၁၉၈၇၊ ၂၀၁၂-၂၀၁၃ ရာသီတုန်းက ဒီစံချိန်ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘြန္ဒက္စ္လီဂါခ်န္ပီယံ ေလဗာကူဆင္ဟာ တနဂၤေႏြေန႔ညက အိမ္ရွင္ ဘိုခ်န္ကို ၅-၀ နဲ႔ ဂိုးျပတ္အႏိုင္ယူၿပီး ဒီရာသီ ၿပိဳင္ပြဲစုံမွာ ပြဲ၅၀ဆက္တိုက္ ရႈံးပြဲမရွိ စံခ်ိန္ကို အံ့အားသင့္ဖြယ္ တိုးျမႇင့္ႏိုင္ခဲ့ပါတယ္။

ဖလား ၃ လုံး တၿပိဳင္နက္ ရႈံးပြဲမရွိဘဲ ဆြတ္ခူးဖို႔ ရည္မွန္းေနတဲ့ အလြန္ဆိုရဲ႕အသင္းဟာ ဘင္ဖီကာရဲ႕ ႏွစ္ေပါင္း ၆၀ ၾကာ တင္ရွိထားတဲ့ စံခ်ိန္ကို ၾကာသပေတးေန႔က ႐ိုးမားနဲ႔ ၂-၂ သေရက်ခဲ့တဲ့ပြဲမွာ ႐ိုက္ခ်ိဳးႏိုင္ခဲ့ၿပီးေနာက္ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲကို တက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

တနဂၤေႏြေန႔ညမွာ ေလဗာကူဆင္ဟာ တန္းဆင္းဇုန္အထက္ ၃ မွတ္အကြာမွာ ရွိေနတဲ့ ဘိုခ်န္ကို ပထမပိုင္းၿပီးဆုံးခါနီး ၅ မိနစ္အတြင္း သြင္းယူခဲ့တဲ့ ရွစ္ခ္နဲ႔ ဘိုနီေဖ့စ္တို႔ သြင္းဂိုးေတြေၾကာင့္ ပထမပိုင္းအၿပီးမွာ ၂-၀ နဲ႔ ဦးေဆာင္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘိုခ်န္ဟာ ဖဲလစၥ ပက္စ္လပ္ ပထမပိုင္း ၁၅ မိနစ္မွာပဲ တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတာေၾကာင့္ တစ္ေယာက္ေလ်ာ့နဲ႔ ဘြန္ဒက္စ္လီဂါ ခ်န္ပီယံေတြကို ရင္ဆိုင္ခဲ့ရတာ ျဖစ္ပါတယ္။ ဒုတိယပိုင္း ၇၆ မိနစ္မွာ အက္ဒ္လီက ေလဗာကူဆင္အတြက္ တတိယေျမာက္ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ၿပီး စတန္နီဆစ္က ေနာက္ထပ္ ၁၀ မိနစ္အၾကာမွာ အနိမ့္ေဘာကန္ခ်က္နဲ႔ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူခဲ့တာျဖစ္ပါတယ္။

ပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပို ၉၀+၃ မိနစ္မွာ စတန္နီဆစ္ကပဲ ဂရီမယ္ဒိုအတြက္ ဂိုးဖန္တီးမႈ ျပဳလုပ္ေပးႏိုင္ခဲ့ၿပီး ေလဗာကူဆင္ဟာ လာမယ့္ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲ၊ ပိုကယ္ဖလားဗိုလ္လုပြဲနဲ႔ လက္က်န္ ဘြန္ဒက္စ္လီဂါရာသီပိတ္ပြဲစဥ္ ၃ ပြဲစလုံးကိုသာ အႏိုင္ကစားႏိုင္ခဲ့ရင္ ရႈံးပြဲလုံးဝမရွိဘဲ ဖလား ၃ လုံးတၿပိဳင္နက္ရယူႏိုင္တဲ့ ပထမဆုံးေသာ အသင္းျဖစ္လာေတာ့မွာျဖစ္ပါတယ္။

ေလဗာကူဆင္ဟာ ဘြန္ဒက္စ္လီဂါသမိုင္းတေလွ်ာက္မွာ တစ္ရာသီအတြင္း အေဝးကြင္းပြဲစဥ္အားလုံး ရႈံးပြဲမရွိတဲ့ တတိယေျမာက္အသင္းျဖစ္လာခဲ့ၿပီျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္အသင္းက ၁၉၈၆-၁၉၈၇၊ ၂၀၁၂-၂၀၁၃ ရာသီတုန္းက ဒီစံခ်ိန္ကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.