Premier League

ဖူလ်ဟမ်အိမ်ကွင်းမှာ ဂိုးပြတ်သွင်းပြီး ဂန်းနားတွေကို ခြောက်လှန့်ခဲ့တဲ့ပွဲက ပြန်ပြောရမယ့်အချက် ၅ ချက်

ကြီးမားတဲ့ လွှမ်းမိုးနိုင်စွမ်း

ပွဲမတိုင်ခင်ကတည်းက ဖူလ်ဟမ်ကစားသမားတွေက လေ့ကျင့်ရေးမှာ စွန်လွှတ်နေတဲ့ကိစ္စနဲ့ တော်တော်လေး ပွဲဆူခဲ့ပြီး အမှတ်ပေးဇယားအလယ်လောက်မှာ ရှိနေတဲ့ မာကို ဆေးလ်ဗားရဲ့အသင်းဟာ မန်စီးတီးကို နိုင်နိုင်၊ ရှုံးရှုံး ဂရုမစိုက်ဘူးဆိုတဲ့ အချိုးမျိုး ပြသခဲ့တာကြောင့် အာဆင်နယ်ပရိသတ်တွေအတွက် ဒေါသထွက်စရာဖြစ်ခဲ့ပါတယ်။ ပွဲစတယ်ဆိုကတည်းက မန်ချက်စတာစီးတီးကပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီး ကိုင်ကစားခဲ့ပြီး ရိုဒရီနဲ့ ကိုဗာချစ်တို့က ဖူလ်ဟမ်ကို ခါးကြောပြတ်နေအောင် စွမ်းဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဂဗာဒီယောလ်ရဲ့ သွင်းဂိုး ဝင်သွားတာနဲ့ အာဆင်နယ်ပရိသတ်တွေလည်း တီဗီပိတ်ပြီး မျှော်လင့်ချက်မထားတော့ဘဲ အိပ်စက်လိုက်ကြပါတော့တယ်။

ဘောလုံးပေးပို့မှု ဆရာတဆူ

ဒီလိုပွဲမျီုးတွေဟာ ဒီဘရိုင်းနား စိတ်ကြိုက်လုပ်လို့ရတဲ့ပွဲတွေဖြစ်ပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ ရာသီအချိန်အများစုကို ဒဏ်ရာကြောင့် မပါနိုင်ခဲ့ပေမယ့် လိဂ်ပွဲ ၁၆ ပွဲမှာ ဂိုးဖန်တီးမှု ၉ ကြိမ်လုပ်ထားနိုင်ပါသေးတယ်။ သူ့ရဲ့ ပါးပါးနပ်နပ်နေရာယူကစားနိုင်စွမ်း၊ အသင်းဖော်တွေနဲ့ ချိတ်ဆက်နိုင်စွမ်းနဲ့ ဘောလုံးပေးပို့ရမယ့် လမ်းကြောင်းကို တွက်ဆနိုင်စွမ်းကတော့ ဘယ်သူမှ လိုက်တုပလို့မရနိုင်ပါဘူး။ ပထမပိုင်းမှာတင် ဒီဘရိုင်းနားဟာ အခွင့်အရေး ၄ ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့ပြီး ကွင်းထဲမှာ ရှိတဲ့ ကစားသမားတွေအားလုံးပေါင်းတာထက် ပိုများနေပါသေးတယ်။ ဒီဘရိုင်းနားက အခုဆိုရင် ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၁၁၁ ကြိမ်အထိ လုပ်ထားနိုင်ပြီး ၂၅၈ ပွဲတည်းနဲ့ ဖာဘရီဂတ်စ်နဲ့ တူညီတဲ့ ဂိုးဖန်တီးမှုအရေအတွက်ကို ပြုလုပ်ထားနိုင်တာပါ။ ရိုင်ယန် ဂစ်တစ်ဦးတည်းသာ ၁၆၂ ကြိမ်နဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ ဂိုးဖန်တီးမှု ပိုမို ပြုလုပ်ထားနိုင်တဲ့ကစားသမားအဖြစ် ရှိနေတော့တာဖြစ်ပါတယ်။

ရပ်တန့်မရနိုင်တဲ့ ဖိုဒန်

ဒီရာသီ ၂၅ ဂိုးသွင်းထားတယ်။ နောက်ဆုံး ပရီးမီးယားလိဂ် ၁၂ ပွဲမှာ ၁၂ ဂိုး။ ဖိုဒန်ကတော့ ကြမ်းနေပြီ။ အခုအချိန်မှာ ဘယ်လိုမှ ရပ်တန့်မရတော့တဲ့ပုံပါပဲ။ စီးတီးကစားကွက်ဖန်တီးရှင်ဟာ သူ့ရဲ့ ငယ်ရွယ်တဲ့ကစားသမားဘဝတလျှောက် အကောင်းဆုံးရာသီကို ပိုင်ဆိုင်နေပြီး ဂွါဒီယိုလာကတော့ ဒီလိုဖြစ်လာအောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့အတွက် ချီးကျူးမှုတွေနဲ့ ထိုက်တန်ပါတယ်။ ဖိုဒန်ဟာ ဒီဘရိုင်းနားလိုမျိုး လွတ်လပ်တဲ့ အခန်းကဏ္ဍကနေ ကစားတတ်တဲ့ကစားသမားမျိုးဖြစ်တာကြောင့် ဒီ ၂ ယောက်ကို တစ်သင်းတည်းမှာ သုံးလို့ အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေရှိခဲ့ပေမယ့်လည်း ၂ ယောက်စလုံး ကိုယ်လုပ်စရာရှိတာကို လုပ်သွားနိုင်ကြပါတယ်။ ဒါပေမယ့်လည်း ညာတောင်ပံကနေ တကိုယ်ကောင်းမဆန်ဘဲ အသင်းအတွက် အကောင်းဆုံးပေးဆပ်နေတဲ့ ဘာနာဒို ဆေးလ်ဗားကြောင့်လည်း သူတို့ ၂ ယောက် ကောင်းကောင်း ကစားနိုင်ခဲ့တာပါ။

ဂိုးသွင်းတာဝန်ကို မျှယူတဲ့ ဂဗာဒီယောလ်

ဂဗာဒီယောလ်က နောက်ခံကစားသမားဖြစ်ပြီး ဂိုးသွင်းဖို့ ခေါ်ထားတာမဟုတ်ပါဘူး။ ခရိုအေးရှားနောက်ခံလူက ပြီးခဲ့တဲ့နွေမှာ လိုက်ပ်ဇစ်ကနေ ပေါင် ၇၇.၆ သန်းပေးခေါ်ခဲ့ရပြီး အသင်းသစ်နဲ့ လျင်လျင်မြန်မြန်ပဲ အသားကျခဲ့ပါတယ်။ဘယ်နောက်ခံနေရာမှာ အထိုင်ကျသွားတာကို မြင်တွေ့ရတဲ့သူတွေတော်တော်များများက အံ့အားသင့်ခဲ့ကြပေမယ့် ဂွါဒီယိုလာရဲ့ နောက်ထပ် ဗျူဟာပိုင်းမှာ ဆရာကျတယ်ဆိုတာ ထပ်မြင်ခဲ့ရတာပါပဲ။ ဂဗာဒီယောလ်ရဲ့ ပထမဆုံး မန်စီးတီးကစားသမားဘဝ သွင်းဂိုးက ဧပြီ ၉ ရက်နေ့က ရီးရဲလ်မက်ဒရစ်နဲ့ ၃-၃ သရေကျခဲ့တဲ့ပွဲပါ။ အခုဆိုရင်တော့ ဂဗာဒီယောလ်က နောက်ဆုံး ၇ ပွဲမှာ ၅ ဂိုးအထိ သွင်းထားနိုင်သလို ဂိုးဖန်တီးမှု တစ်ကြိမ်လည်း လုပ်ထားပါတယ်။

မကြာခင်ကျော်တက်မယ်လို့ ဂန်းနားတွေကို သတိပေးလိုက်တဲ့ စီးတီး

အာဆင်နယ်အနေနဲ့ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ရဖို့ဆိုရင် မန်စီးတီးတို့ တစ်ပွဲလောက်ခြေချော်မှဖြစ်မှာပါ။ ဒါပေမယ့်လည်း မန်စီးတီးက ဘယ်အသင်းကိုမဆို တစ်စစီ ဖျက်ဆီးပစ်နိုင်တဲ့ ပုံစံရှိနေပြီး အခုဆိုရင်တော့ အာဆင်နယ်အနေနဲ့ စပါးက အင်္ဂါနေ့ညမှာ မန်စီးတီးကို ရမှတ်လျော့ကျအောင် လုပ်နိုင်ဖို့ ထပ်မျှော်လင့်ရတော့မှာပါ။ ဒါပေမယ့်လည်း မန်ချက်စတာစီးတီးကတော့ ခြေချော်မယ့်ပုံမပေါ်ဘဲ ၇ ရာသီအတွင်း ၆ ကြိမ်မြောက်ဖလားကို အရယူနိုင်မယ့်ပုံပေါ်နေပြီး ဘယ်တုန်းကမှလည်း ရာသီကုန်ခါနီးမှာ ခြေချော်သွားခဲ့ဖူးတာမရှိခဲ့တာက ပြီးခဲ့တဲ့ရာသီတွေမှာ သက်သေပြသပြီးသားမို့လို့ အချိန်တန်ရင် ဂန်းနားတွေကို ကျော်မှာပဲဆိုတာ ဂိုးပြတ်နိုင်ပွဲနဲ့ သတိပေးလိုက်တာပဲ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ႀကီးမားတဲ့ လႊမ္းမိုးႏိုင္စြမ္း

ပြဲမတိုင္ခင္ကတည္းက ဖူလ္ဟမ္ကစားသမားေတြက ေလ့က်င့္ေရးမွာ စြန္လႊတ္ေနတဲ့ကိစၥနဲ႔ ေတာ္ေတာ္ေလး ပြဲဆူခဲ့ၿပီး အမွတ္ေပးဇယားအလယ္ေလာက္မွာ ရွိေနတဲ့ မာကို ေဆးလ္ဗားရဲ႕အသင္းဟာ မန္စီးတီးကို ႏိုင္ႏိုင္၊ ရႈံးရႈံး ဂ႐ုမစိုက္ဘူးဆိုတဲ့ အခ်ိဳးမ်ိဳး ျပသခဲ့တာေၾကာင့္ အာဆင္နယ္ပရိသတ္ေတြအတြက္ ေဒါသထြက္စရာျဖစ္ခဲ့ပါတယ္။ ပြဲစတယ္ဆိုကတည္းက မန္ခ်က္စတာစီးတီးကပဲ ေဘာလုံးပိုင္ဆိုင္မႈ အသာစီး ကိုင္ကစားခဲ့ၿပီး ႐ိုဒရီနဲ႔ ကိုဗာခ်စ္တို႔က ဖူလ္ဟမ္ကို ခါးေၾကာျပတ္ေနေအာင္ စြမ္းေဆာင္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။ ဂဗာဒီေယာလ္ရဲ႕ သြင္းဂိုး ဝင္သြားတာနဲ႔ အာဆင္နယ္ပရိသတ္ေတြလည္း တီဗီပိတ္ၿပီး ေမွ်ာ္လင့္ခ်က္မထားေတာ့ဘဲ အိပ္စက္လိုက္ၾကပါေတာ့တယ္။

ေဘာလုံးေပးပို႔မႈ ဆရာတဆူ

ဒီလိုပြဲမ်ီဳးေတြဟာ ဒီဘ႐ိုင္းနား စိတ္ႀကိဳက္လုပ္လို႔ရတဲ့ပြဲေတြျဖစ္ၿပီး ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ ရာသီအခ်ိန္အမ်ားစုကို ဒဏ္ရာေၾကာင့္ မပါႏိုင္ခဲ့ေပမယ့္ လိဂ္ပြဲ ၁၆ ပြဲမွာ ဂိုးဖန္တီးမႈ ၉ ႀကိမ္လုပ္ထားႏိုင္ပါေသးတယ္။ သူ႔ရဲ႕ ပါးပါးနပ္နပ္ေနရာယူကစားႏိုင္စြမ္း၊ အသင္းေဖာ္ေတြနဲ႔ ခ်ိတ္ဆက္ႏိုင္စြမ္းနဲ႔ ေဘာလုံးေပးပို႔ရမယ့္ လမ္းေၾကာင္းကို တြက္ဆႏိုင္စြမ္းကေတာ့ ဘယ္သူမွ လိုက္တုပလို႔မရႏိုင္ပါဘူး။ ပထမပိုင္းမွာတင္ ဒီဘ႐ိုင္းနားဟာ အခြင့္အေရး ၄ ႀကိမ္အထိ ဖန္တီးေပးႏိုင္ခဲ့ၿပီး ကြင္းထဲမွာ ရွိတဲ့ ကစားသမားေတြအားလုံးေပါင္းတာထက္ ပိုမ်ားေနပါေသးတယ္။ ဒီဘ႐ိုင္းနားက အခုဆိုရင္ ပရီးမီးယားလိဂ္မွာ ဂိုးဖန္တီးမႈ ၁၁၁ ႀကိမ္အထိ လုပ္ထားႏိုင္ၿပီး ၂၅၈ ပြဲတည္းနဲ႔ ဖာဘရီဂတ္စ္နဲ႔ တူညီတဲ့ ဂိုးဖန္တီးမႈအေရအတြက္ကို ျပဳလုပ္ထားႏိုင္တာပါ။ ႐ိုင္ယန္ ဂစ္တစ္ဦးတည္းသာ ၁၆၂ ႀကိမ္နဲ႔ ပရီးမီးယားလိဂ္သမိုင္းမွာ ဂိုးဖန္တီးမႈ ပိုမို ျပဳလုပ္ထားႏိုင္တဲ့ကစားသမားအျဖစ္ ရွိေနေတာ့တာျဖစ္ပါတယ္။

ရပ္တန႔္မရႏိုင္တဲ့ ဖိုဒန္

ဒီရာသီ ၂၅ ဂိုးသြင္းထားတယ္။ ေနာက္ဆုံး ပရီးမီးယားလိဂ္ ၁၂ ပြဲမွာ ၁၂ ဂိုး။ ဖိုဒန္ကေတာ့ ၾကမ္းေနၿပီ။ အခုအခ်ိန္မွာ ဘယ္လိုမွ ရပ္တန႔္မရေတာ့တဲ့ပုံပါပဲ။ စီးတီးကစားကြက္ဖန္တီးရွင္ဟာ သူ႔ရဲ႕ ငယ္႐ြယ္တဲ့ကစားသမားဘဝတေလွ်ာက္ အေကာင္းဆုံးရာသီကို ပိုင္ဆိုင္ေနၿပီး ဂြါဒီယိုလာကေတာ့ ဒီလိုျဖစ္လာေအာင္ ျပဳစုပ်ိဳးေထာင္ေပးခဲ့တဲ့အတြက္ ခ်ီးက်ဴးမႈေတြနဲ႔ ထိုက္တန္ပါတယ္။ ဖိုဒန္ဟာ ဒီဘ႐ိုင္းနားလိုမ်ိဳး လြတ္လပ္တဲ့ အခန္းက႑ကေန ကစားတတ္တဲ့ကစားသမားမ်ိဳးျဖစ္တာေၾကာင့္ ဒီ ၂ ေယာက္ကို တစ္သင္းတည္းမွာ သုံးလို႔ အဆင္ေျပပါ့မလားဆိုတဲ့ စိုးရိမ္မႈေတြရွိခဲ့ေပမယ့္လည္း ၂ ေယာက္စလုံး ကိုယ္လုပ္စရာရွိတာကို လုပ္သြားႏိုင္ၾကပါတယ္။ ဒါေပမယ့္လည္း ညာေတာင္ပံကေန တကိုယ္ေကာင္းမဆန္ဘဲ အသင္းအတြက္ အေကာင္းဆုံးေပးဆပ္ေနတဲ့ ဘာနာဒို ေဆးလ္ဗားေၾကာင့္လည္း သူတို႔ ၂ ေယာက္ ေကာင္းေကာင္း ကစားႏိုင္ခဲ့တာပါ။

ဂိုးသြင္းတာဝန္ကို မွ်ယူတဲ့ ဂဗာဒီေယာလ္

ဂဗာဒီေယာလ္က ေနာက္ခံကစားသမားျဖစ္ၿပီး ဂိုးသြင္းဖို႔ ေခၚထားတာမဟုတ္ပါဘူး။ ခ႐ိုေအးရွားေနာက္ခံလူက ၿပီးခဲ့တဲ့ေႏြမွာ လိုက္ပ္ဇစ္ကေန ေပါင္ ၇၇.၆ သန္းေပးေခၚခဲ့ရၿပီး အသင္းသစ္နဲ႔ လ်င္လ်င္ျမန္ျမန္ပဲ အသားက်ခဲ့ပါတယ္။ဘယ္ေနာက္ခံေနရာမွာ အထိုင္က်သြားတာကို ျမင္ေတြ႕ရတဲ့သူေတြေတာ္ေတာ္မ်ားမ်ားက အံ့အားသင့္ခဲ့ၾကေပမယ့္ ဂြါဒီယိုလာရဲ႕ ေနာက္ထပ္ ဗ်ဴဟာပိုင္းမွာ ဆရာက်တယ္ဆိုတာ ထပ္ျမင္ခဲ့ရတာပါပဲ။ ဂဗာဒီေယာလ္ရဲ႕ ပထမဆုံး မန္စီးတီးကစားသမားဘဝ သြင္းဂိုးက ဧၿပီ ၉ ရက္ေန႔က ရီးရဲလ္မက္ဒရစ္နဲ႔ ၃-၃ သေရက်ခဲ့တဲ့ပြဲပါ။ အခုဆိုရင္ေတာ့ ဂဗာဒီေယာလ္က ေနာက္ဆုံး ၇ ပြဲမွာ ၅ ဂိုးအထိ သြင္းထားႏိုင္သလို ဂိုးဖန္တီးမႈ တစ္ႀကိမ္လည္း လုပ္ထားပါတယ္။

မၾကာခင္ေက်ာ္တက္မယ္လို႔ ဂန္းနားေတြကို သတိေပးလိုက္တဲ့ စီးတီး

အာဆင္နယ္အေနနဲ႔ ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံး ပရီးမီးယားလိဂ္ဖလားကို ရဖို႔ဆိုရင္ မန္စီးတီးတို႔ တစ္ပြဲေလာက္ေျခေခ်ာ္မွျဖစ္မွာပါ။ ဒါေပမယ့္လည္း မန္စီးတီးက ဘယ္အသင္းကိုမဆို တစ္စစီ ဖ်က္ဆီးပစ္ႏိုင္တဲ့ ပုံစံရွိေနၿပီး အခုဆိုရင္ေတာ့ အာဆင္နယ္အေနနဲ႔ စပါးက အဂၤါေန႔ညမွာ မန္စီးတီးကို ရမွတ္ေလ်ာ့က်ေအာင္ လုပ္ႏိုင္ဖို႔ ထပ္ေမွ်ာ္လင့္ရေတာ့မွာပါ။ ဒါေပမယ့္လည္း မန္ခ်က္စတာစီးတီးကေတာ့ ေျခေခ်ာ္မယ့္ပုံမေပၚဘဲ ၇ ရာသီအတြင္း ၆ ႀကိမ္ေျမာက္ဖလားကို အရယူႏိုင္မယ့္ပုံေပၚေနၿပီး ဘယ္တုန္းကမွလည္း ရာသီကုန္ခါနီးမွာ ေျခေခ်ာ္သြားခဲ့ဖူးတာမရွိခဲ့တာက ၿပီးခဲ့တဲ့ရာသီေတြမွာ သက္ေသျပသၿပီးသားမို႔လို႔ အခ်ိန္တန္ရင္ ဂန္းနားေတြကို ေက်ာ္မွာပဲဆိုတာ ဂိုးျပတ္ႏိုင္ပြဲနဲ႔ သတိေပးလိုက္တာပဲ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.