Match Report Premier League

နှုတ်ခမ်းပဲ့ချင်း မီးမှုတ်ခဲ့ကြတဲ့ လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ရဲ့ အန်းဖီးလ်က ဘဲဥထုပွဲ

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ မီလ်နာ၊ ကိုနာတေ၊ ဂျိုးဂိုမက်ဇ်နဲ့ ရောဘတ်ဆန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကီတာ၊ သီယာဂိုနဲ့ ဘိုင်ချက်တစ်ချ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆာလား၊ ဂက်ခ်ပိုနဲ့ အဲလီးယော့တို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည် ချဲလ်ဆီးတို့ကတော့ ဂိုးသမား ကီပါ၊ ခံစစ်မှာ ချာလိုဘာ၊ သီယာဂို ဆေးလ်ဗား၊ ဘာဒီယာရှီးလ်နဲ့ ကူကူရဲယားတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဂျော်ဂျင်ညို၊ ဟောလ်နဲ့ ဂါလာဂါတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဇီးယက်ရှ်၊ မေဆန်မောင့်နဲ့ ဟာဗတ်ဇ်တို့ကို စုဖွဲ့ပေးခဲ့တာပါ။

ဆာလားနဲ့ အာနိုးလ်ဒ်တို့ ကစားလာနိုင်တဲ့ ညာခြမ်းကို ကာကွယ်ဖို့ ကူကူရဲယားနဲ့ ဟောလ်တို့ကို ဘယ်ခြမ်းမှာ ပူးပေါင်းပေးခဲ့တာက နည်းနည်း အစိုးရိမ်လွန်တဲ့ လုပ်ရပ်ဖြစ်သွားခဲ့ပြီး မီလ်နာနဲ့ ပွဲထွက်လာတဲ့ လီဗာပူးလ်တို့က ဒီလောက် မလုပ်နိုင်ခဲ့ချိန်မှာ ပွဲအခြေအနေပေါ် မူတည်ပြီး မေဆန်မောင့်က ကွင်းလယ်ကို ဝင်ကစားခဲ့သလို ဟောလ်ကတော့ ဘယ်တောင်ပံတိုက်စစ်ကို Interchange လုပ်သွားခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

အဆုံးသတ်ပိုင်းတွေမှာ နှစ်သင်းစလုံး ချူချာခဲ့သလို အိမ်ရှင်တွေဘက်က ဘယ်ခြမ်းကစားတဲ့ အဲလီးယော့ကတော့ ကွင်းလယ်က‌ ခြေမျိုးတောင် မပြနိုင်ခဲ့သလို တိုက်စစ်က ဂက်ခ်ပိုကတော့ နယ်သာလန်လိဂ်က ခြေစွမ်းကို ယုံပြီး ခေါ်လိုက်တာ ဂျင်းမိပြီ မဟုတ်လားလို့ မေးယူရတဲ့အထိဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ အစမ်းသပ်ခံဖို့ အဆင်သင့် မဖြစ်သေးသလိုပဲ ရှိနေခဲ့တာပါ။

ဟာဗတ်ဇ်ရဲ့ ပွဲချိန် ၃ မိနစ် သွင်းဂိုးက လူကျွံနေတာကြောင့် ပယ်ဖျက်ခံခဲ့ရသလို လီဗာပူးလ်ဘက်ကတော့ ကိုနာတေ ခြေစွမ်းပြနေခဲ့ပြီး ချဲလ်ဆီးတို့ရဲ့ အန္တရာယ်များတဲ့ ထိုးဖောက်မှု မှန်သမျှကို ပါးပါးနပ်နပ် ရှင်းထုတ်သွားနိုင်ခဲ့လို့ ဒီနေ့မှာ သူ့ရဲ့ အိတ်ကပ်က အတော်ကြီးမားတယ်လို့ပဲ ဆိုရမှာဖြစ်သလို ဇီးယက်ရှ်ရဲ့ တည်ကန်ဘောတွေနဲ့ ဖြတ်တင်ဘောတွေကတော့ အယ်လစ်ဆန်ကို တော်တော်လေး ဒုက္ခပေးနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့သလို ဒုတိယပိုင်းမှာလည်း နှစ်ဖက်စလုံး အမှားမခံဘဲ ကစားခဲ့ရပြီး ဂရေဟမ် ပေါ့တာကတော့ ဟောလ်စား ယူရိုသန်း ၁၀၀ တန် လူသစ် မူဒရစ်ခ်ကို စတင်ပြောင်းလဲသွားခဲ့သလို ပွဲချိန် ၆၁ မိနစ်မှာတော့ သီယာဂို ဆေးလ်ဗား လက်ထိတယ်ဆိုပြီး လီဗာပူးလ်တို့ ပင်နယ်တီ ဝိုင်းတောင်းကြပေမယ့် ဒိုင်လူကြီးကတော့ ထောင့်ကန်ဘောပဲ သတ်မှတ်ပေးသွားခဲ့တာပါ။

ပွဲချိန် ၆၃ မိနစ်မှာ ကီတာအစား ဒါဝင် နူးညက်ဇ် ဝင်လာခဲ့ပြီး အဲလီးယော့က ကွင်းလယ်ပြန်ကစားခဲ့သလို ပွဲချိန် ၇၂ မိနစ်မှာ မီလ်နာအစား အလက်ဇန်းဒါး-အာနိုးလ်ဒ်ကို ထည့်ပြီး လီဗာပူးလ်တို့ တိုက်စစ်မြှင့်ခဲ့ပေမယ့် ချဲလ်ဆီးခံစစ်ရှေ့မှာ ကြောင်ပျောက်နေခဲ့ချိန်မှာ ဧည့်သည်လူသစ် မူဒရစ်ခ်ကတော့ အကွက်တချို့ကို ပြသနိုင်ခဲ့ပြီး အသားကျရင် အလုပ်ဖြစ်နိုင်မယ့် ပုံစံမျိုးမှာ ရှိနေခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ချဲလ်ဆီးတို့ဘက်က ဟာဗတ်ဇ်၊ ချာလိုဘာနဲ့ မေဆန်မောင့်တို့အစား အူဘာမီယန်း၊ အက်ဇ်ပီလီကွေတာနဲ့ ချူကွယ်မီကာတို့ ဝင်ကစားခဲ့ကြပြီး လီဗာပူးလ်တို့ဘက်ကတော့ ဂက်ခ်ပို၊ အဲလီးယော့နဲ့ ဘိုင်ချက်တစ်ချ်တို့အစား ဟန်ဒါဆန်၊ ကားတစ်ဂျုံးစ်နဲ့ ဖာဘင်ညိုတို့ကို ပြောင်းလဲသွားခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာ နှစ်သင်းစလုံး ကြိုးစားခဲ့ကြပေမယ့် ဂိုးနားရောက်တိုင်း ကျိန်စာမိနေသလိုမျိုးပဲ လွဲချော်သွားခဲ့ကြပြီး ခံစစ်သမားတွေနဲ့ ဂိုးသမားတွေကလည်း အမှားမရှိခဲ့ကြလို့ ပွဲချိန်အပြည့်မှာတော့ နှစ်သင်းစလုံး ဘဲဥမကွဲဘဲ ဂိုးမရှိသရေနဲ့ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်၊ ဂျင်ပဲ့ချင်းပေါက်ပြီး တစ်မှတ်စီသာ ခွဲယူခဲ့ကြရသလို ရှေ့က ဦးဆောင်သူတွေနဲ့တော့ ဝေးပြီးရင်း ဝေးဖို့ပဲ ဖြစ်လာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ မီလ္နာ၊ ကိုနာေတ၊ ဂ်ိဳးဂိုမက္ဇ္နဲ႔ ေရာဘတ္ဆန္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကီတာ၊ သီယာဂိုနဲ႔ ဘိုင္ခ်က္တစ္ခ်္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆာလား၊ ဂက္ခ္ပိုနဲ႔ အဲလီးေယာ့တို႔ကို ပြဲထုတ္လာခဲ့တာ ျဖစ္ပါတယ္။

ဧည့္သည္ ခ်ဲလ္ဆီးတို႔ကေတာ့ ဂိုးသမား ကီပါ၊ ခံစစ္မွာ ခ်ာလိုဘာ၊ သီယာဂို ေဆးလ္ဗား၊ ဘာဒီယာရွီးလ္နဲ႔ ကူကူရဲယားတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေဂ်ာ္ဂ်င္ညိဳ၊ ေဟာလ္နဲ႔ ဂါလာဂါတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဇီးယက္ရွ္၊ ေမဆန္ေမာင့္နဲ႔ ဟာဗတ္ဇ္တို႔ကို စုဖြဲ႕ေပးခဲ့တာပါ။

ဆာလားနဲ႔ အာႏိုးလ္ဒ္တို႔ ကစားလာႏိုင္တဲ့ ညာျခမ္းကို ကာကြယ္ဖို႔ ကူကူရဲယားနဲ႔ ေဟာလ္တို႔ကို ဘယ္ျခမ္းမွာ ပူးေပါင္းေပးခဲ့တာက နည္းနည္း အစိုးရိမ္လြန္တဲ့ လုပ္ရပ္ျဖစ္သြားခဲ့ၿပီး မီလ္နာနဲ႔ ပြဲထြက္လာတဲ့ လီဗာပူးလ္တို႔က ဒီေလာက္ မလုပ္ႏိုင္ခဲ့ခ်ိန္မွာ ပြဲအေျခအေနေပၚ မူတည္ၿပီး ေမဆန္ေမာင့္က ကြင္းလယ္ကို ဝင္ကစားခဲ့သလို ေဟာလ္ကေတာ့ ဘယ္ေတာင္ပံတိုက္စစ္ကို Interchange လုပ္သြားခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

အဆုံးသတ္ပိုင္းေတြမွာ ႏွစ္သင္းစလုံး ခ်ဴခ်ာခဲ့သလို အိမ္ရွင္ေတြဘက္က ဘယ္ျခမ္းကစားတဲ့ အဲလီးေယာ့ကေတာ့ ကြင္းလယ္က‌ ေျခမ်ိဳးေတာင္ မျပႏိုင္ခဲ့သလို တိုက္စစ္က ဂက္ခ္ပိုကေတာ့ နယ္သာလန္လိဂ္က ေျခစြမ္းကို ယုံၿပီး ေခၚလိုက္တာ ဂ်င္းမိၿပီ မဟုတ္လားလို႔ ေမးယူရတဲ့အထိျဖစ္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာ အစမ္းသပ္ခံဖို႔ အဆင္သင့္ မျဖစ္ေသးသလိုပဲ ရွိေနခဲ့တာပါ။

ဟာဗတ္ဇ္ရဲ႕ ပြဲခ်ိန္ ၃ မိနစ္ သြင္းဂိုးက လူကြၽံေနတာေၾကာင့္ ပယ္ဖ်က္ခံခဲ့ရသလို လီဗာပူးလ္ဘက္ကေတာ့ ကိုနာေတ ေျခစြမ္းျပေနခဲ့ၿပီး ခ်ဲလ္ဆီးတို႔ရဲ႕ အႏၲရာယ္မ်ားတဲ့ ထိုးေဖာက္မႈ မွန္သမွ်ကို ပါးပါးနပ္နပ္ ရွင္းထုတ္သြားႏိုင္ခဲ့လို႔ ဒီေန႔မွာ သူ႔ရဲ႕ အိတ္ကပ္က အေတာ္ႀကီးမားတယ္လို႔ပဲ ဆိုရမွာျဖစ္သလို ဇီးယက္ရွ္ရဲ႕ တည္ကန္ေဘာေတြနဲ႔ ျဖတ္တင္ေဘာေတြကေတာ့ အယ္လစ္ဆန္ကို ေတာ္ေတာ္ေလး ဒုကၡေပးႏိုင္ခဲ့ပါတယ္။

ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့သလို ဒုတိယပိုင္းမွာလည္း ႏွစ္ဖက္စလုံး အမွားမခံဘဲ ကစားခဲ့ရၿပီး ဂေရဟမ္ ေပါ့တာကေတာ့ ေဟာလ္စား ယူ႐ိုသန္း ၁၀၀ တန္ လူသစ္ မူဒရစ္ခ္ကို စတင္ေျပာင္းလဲသြားခဲ့သလို ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ သီယာဂို ေဆးလ္ဗား လက္ထိတယ္ဆိုၿပီး လီဗာပူးလ္တို႔ ပင္နယ္တီ ဝိုင္းေတာင္းၾကေပမယ့္ ဒိုင္လူႀကီးကေတာ့ ေထာင့္ကန္ေဘာပဲ သတ္မွတ္ေပးသြားခဲ့တာပါ။

ပြဲခ်ိန္ ၆၃ မိနစ္မွာ ကီတာအစား ဒါဝင္ ႏူးညက္ဇ္ ဝင္လာခဲ့ၿပီး အဲလီးေယာ့က ကြင္းလယ္ျပန္ကစားခဲ့သလို ပြဲခ်ိန္ ၇၂ မိနစ္မွာ မီလ္နာအစား အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကို ထည့္ၿပီး လီဗာပူးလ္တို႔ တိုက္စစ္ျမႇင့္ခဲ့ေပမယ့္ ခ်ဲလ္ဆီးခံစစ္ေရွ႕မွာ ေၾကာင္ေပ်ာက္ေနခဲ့ခ်ိန္မွာ ဧည့္သည္လူသစ္ မူဒရစ္ခ္ကေတာ့ အကြက္တခ်ိဳ႕ကို ျပသႏိုင္ခဲ့ၿပီး အသားက်ရင္ အလုပ္ျဖစ္ႏိုင္မယ့္ ပုံစံမ်ိဳးမွာ ရွိေနခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ခ်ဲလ္ဆီးတို႔ဘက္က ဟာဗတ္ဇ္၊ ခ်ာလိုဘာနဲ႔ ေမဆန္ေမာင့္တို႔အစား အူဘာမီယန္း၊ အက္ဇ္ပီလီေကြတာနဲ႔ ခ်ဴကြယ္မီကာတို႔ ဝင္ကစားခဲ့ၾကၿပီး လီဗာပူးလ္တို႔ဘက္ကေတာ့ ဂက္ခ္ပို၊ အဲလီးေယာ့နဲ႔ ဘိုင္ခ်က္တစ္ခ်္တို႔အစား ဟန္ဒါဆန္၊ ကားတစ္ဂ်ဳံးစ္နဲ႔ ဖာဘင္ညိဳတို႔ကို ေျပာင္းလဲသြားခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာ ႏွစ္သင္းစလုံး ႀကိဳးစားခဲ့ၾကေပမယ့္ ဂိုးနားေရာက္တိုင္း က်ိန္စာမိေနသလိုမ်ိဳးပဲ လြဲေခ်ာ္သြားခဲ့ၾကၿပီး ခံစစ္သမားေတြနဲ႔ ဂိုးသမားေတြကလည္း အမွားမရွိခဲ့ၾကလို႔ ပြဲခ်ိန္အျပည့္မွာေတာ့ ႏွစ္သင္းစလုံး ဘဲဥမကြဲဘဲ ဂိုးမရွိသေရနဲ႔ ႏႈတ္ခမ္းပဲ့ခ်င္း မီးမႈတ္၊ ဂ်င္ပဲ့ခ်င္းေပါက္ၿပီး တစ္မွတ္စီသာ ခြဲယူခဲ့ၾကရသလို ေရွ႕က ဦးေဆာင္သူေတြနဲ႔ေတာ့ ေဝးၿပီးရင္း ေဝးဖို႔ပဲ ျဖစ္လာခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.