Bundesliga Match Report

တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်နဲ့ ဗိုလ်စွဲတဲ့ ပထမဆုံးသောအသင်းဖြစ်လာတဲ့ လေဗာကူဆင်

ဒီရာသီ ချန်ပီယံလေဗာကူဆင်အသင်းဟာ စနေနေ့ညမှာ အော့စ်ဘာ့ဂ်ကို အိမ်ကွင်းမှာ ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ဘွန်ဒက်စ်လီဂါသမိုင်းတလျှောက်မှာ တစ်ရာသီလုံး ရှုံးပွဲမရှိဘဲ ချန်ပီယံဖြစ်ခဲ့တဲ့ပထမဆုံးသောအသင်းဖြစ်လာခဲ့ပါတယ်။

ဇာဘီ အလွန်ဆိုရဲ့ အသင်းဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ၅၁ ပွဲအထိ ရှုံးပွဲမရှိစံချိန်ကို တိုးမြှင့်နိုင်ခဲ့ပြီဖြစ်ပြီး ဖလား ၃ လုံးတပြိုင်နက် ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာလည်း ရှိနေဆဲ ဖြစ်ပါတယ်။ ပထမပိုင်း ၁၂ မိနစ်မှာ ဘိုနီဖေ့စ်က အော့စ်ဘာ့ဂ်ဂိုးသမား ကူးဘက်ဆီကနေ ဘောလုံးကို ကြားဖြတ်ရယူပြီး ပိတ်သွင်းယူနိုင်ခဲ့တဲ့အတွက် ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။

၂၇ မိနစ်မှာ ဂျာမနီရဲ့ ယူရို ၂၀၂၄ ပဏာမ လူစာရင်းထဲမှာ ရွေးချယ်ခံထားရတဲ့ ရောဘတ် အန်းဒရစ်ချ်က အိမ်ရှင် လေဗာကူဆင်တို့အတွက် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပြီး အော့စ်ဘာ့ဂ်က ပွဲကစားချိန် ၆၂ မိနစ်မှာ ကူမာရဲ့ သွင်းဂိုးကြောင့် ချေပဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

လေဗာကူဆင်ဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် အတ္တလန္တာနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး မေလ ၂၅ ရက်နေ့မှာ ကိုင်ဆာလောက်တန်နဲ့ ပိုကယ်ဖလားဗိုလ်လုပွဲ ကစားသွားရမှာ ဖြစ်ပါတယ်။

အော့စ်ဘာ့ဂ်ကို အနိုင်ရခဲ့တာကြောင့် လေဗာကူဆင်ဟာ ၂၀၂၃-၂၀၂၄ ရာသီကို ဒုတိယနေရာက စတုဂတ်ထက် ၁၇ မှတ်အသာ ရမှတ် ၉၀ နဲ့ ရာသီပြီးဆုံးနိုင်ခဲ့ပြီဖြစ်ပြီး ‘Neverlusen’ ဘယ်တော့မှ မရှုံးနိမ့်နိုင်သော အသင်းအဖြစ်နဲ့ အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဒီရာသီ ခ်န္ပီယံေလဗာကူဆင္အသင္းဟာ စေနေန႔ညမွာ ေအာ့စ္ဘာ့ဂ္ကို အိမ္ကြင္းမွာ ၂-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီး ဘြန္ဒက္စ္လီဂါသမိုင္းတေလွ်ာက္မွာ တစ္ရာသီလုံး ရႈံးပြဲမရွိဘဲ ခ်န္ပီယံျဖစ္ခဲ့တဲ့ပထမဆုံးေသာအသင္းျဖစ္လာခဲ့ပါတယ္။

ဇာဘီ အလြန္ဆိုရဲ႕ အသင္းဟာ ဒီရာသီ ၿပိဳင္ပြဲစုံမွာ ၅၁ ပြဲအထိ ရႈံးပြဲမရွိစံခ်ိန္ကို တိုးျမႇင့္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ဖလား ၃ လုံးတၿပိဳင္နက္ ရယူႏိုင္မယ့္ လမ္းေၾကာင္းေပၚမွာလည္း ရွိေနဆဲ ျဖစ္ပါတယ္။ ပထမပိုင္း ၁၂ မိနစ္မွာ ဘိုနီေဖ့စ္က ေအာ့စ္ဘာ့ဂ္ဂိုးသမား ကူးဘက္ဆီကေန ေဘာလုံးကို ၾကားျဖတ္ရယူၿပီး ပိတ္သြင္းယူႏိုင္ခဲ့တဲ့အတြက္ ဦးေဆာင္ဂိုး စတင္ရရွိခဲ့ပါတယ္။

၂၇ မိနစ္မွာ ဂ်ာမနီရဲ႕ ယူ႐ို ၂၀၂၄ ပဏာမ လူစာရင္းထဲမွာ ေ႐ြးခ်ယ္ခံထားရတဲ့ ေရာဘတ္ အန္းဒရစ္ခ်္က အိမ္ရွင္ ေလဗာကူဆင္တို႔အတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့ၿပီး ေအာ့စ္ဘာ့ဂ္က ပြဲကစားခ်ိန္ ၆၂ မိနစ္မွာ ကူမာရဲ႕ သြင္းဂိုးေၾကာင့္ ေခ်ပဂိုးကို သြင္းယူႏိုင္ခဲ့ပါတယ္။

ေလဗာကူဆင္ဟာ လာမယ့္ ဗုဒၶဟူးေန႔မွာ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲအျဖစ္ အတၱလႏၲာနဲ႔ ရင္ဆိုင္သြားရမွာျဖစ္ၿပီး ေမလ ၂၅ ရက္ေန႔မွာ ကိုင္ဆာေလာက္တန္နဲ႔ ပိုကယ္ဖလားဗိုလ္လုပြဲ ကစားသြားရမွာ ျဖစ္ပါတယ္။

ေအာ့စ္ဘာ့ဂ္ကို အႏိုင္ရခဲ့တာေၾကာင့္ ေလဗာကူဆင္ဟာ ၂၀၂၃-၂၀၂၄ ရာသီကို ဒုတိယေနရာက စတုဂတ္ထက္ ၁၇ မွတ္အသာ ရမွတ္ ၉၀ နဲ႔ ရာသီၿပီးဆုံးႏိုင္ခဲ့ၿပီျဖစ္ၿပီး ‘Neverlusen’ ဘယ္ေတာ့မွ မရႈံးနိမ့္ႏိုင္ေသာ အသင္းအျဖစ္နဲ႔ အဆုံးသတ္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.