Premier League

လီဗာပူးလ်နဲ့ချဲလ်ဆီးတို့ပွဲစဉ်မှာ စောင့်ကြည့်ရမယ့်အရာ ၅ ခု

လီဗာပူးလ်နဲ့ ချဲလ်ဆီးအသင်းတို့ဟာ အကြပ်အတည်းတွေကနေ ရုန်းထွက်ဖို့အတွက် ကိုယ်စီကြိုးပမ်းနေကြပြီး ယခုအပတ်မှာ ထိပ်တိုက်တွေ့ဆုံသွားကြတော့မှာ ဖြစ်ပါတယ်။

နှစ်သင်းစလုံးဟာ ၂၀၂၂-၂၀၂၃ ရာသီမစတင်ခင်တုန်းက ဆုဖလားစိန်ခေါ်သူတွေ ဖြစ်ခဲ့ကြပေမယ့်လည်း ရာသီအလယ်မှာတော့ လီဗာပူးလ်က အဆင့် ၉၊ ချဲလ်ဆီးက အဆင့် ၁၀ မှာ အသီးသီး ရပ်တည်နေကြတာ ဖြစ်ပါတယ်။ အရှုံး သို့မဟုတ် သရေရလဒ်ဟာ ၂ သင်းစလုံးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ကို အဆုံးသတ်စေမှာဖြစ်ပြီး ပေါ့တားဟာ ချဲလ်ဆီးနည်းပြဘဝ ပထမဆုံးလအနည်းငယ်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ ပဲလေ့စ်ကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့အပတ်မှာ ဘရိုက်တန်ကို ၃-၀ နဲ့ ပရီးမီးယားလိဂ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် အက်ဖ်အေဖလားပြိုင်ပွဲမှာ ဝုလ်ဗ်စ်အသင်းကို အနိုင်ရရှိခဲ့တာဖြစ်ပြီး ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ရဲ့ အန်းဖီးတိုက်ပွဲကနေ စောင့်ကြည့်သွားရမယ့် အရာ ၅ ခု ရှိနေပါတယ်။

၁။ မာဒရစ်ခ်ရဲ့ ချဲလ်ဆီးပွဲဦးထွက်

အာဆင်နယ်ရဲ့လက်ထဲကနေ ကြားဖြတ်ခေါ်ယူနိုင်ခဲ့တဲ့ မာဒရစ်ခ်ဟာ အန်းဖီးမှာ ပွဲဦးထွက်ပါဝင်ကစားပေးနိုင်တဲ့ အခွင့်အရေးကောင်းရှိနေတယ်လို့ နည်းပြ ပေါ့တားက ပြောကြားခဲ့ပေမယ့်လည်း မိနစ် ၉၀ အပြည့်တော့မဟုတ်ဘဲ ပွဲရဲ့အချိန်အချို့မှာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ မာဒရစ်ခ်ဟာ ရှက်ဗ်ချင်ကို နောက်ပိုင်း ချဲလ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်မှာ ပါဝင်ကစားပေးခဲ့တဲ့ ဒုတိယမြောက် ယူကရိန်းကစားသမားဖြစ်လာဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

၂။ လီဗာပူးလ်အတွက် ပြန်လာမယ့် ဒါဝင် နူးညက်ဇ်

တံကောက်ကြောဒဏ်ရာကြောင့် လီဗာပူးလ်ရဲ့ နောက်ဆုံး ၂ ပွဲကို လွဲချော်ခဲ့တဲ့ နူးညက်ဇ်ဟာ ကြာသပတေးနေ့က အသင်းလေ့ကျင့်ရေးကို ပြန်လာခဲ့တာကြောင့် ယနေ့ည အန်းဖီးက ပ့ွဲစဉ်မှာ ပါဝင်ကစားပေးသွားဖို့ ရှိနေတာဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ တည်ငြိမ်မှုမရှိတဲ့ အဆုံးသတ်နဲ့ အားထားလို့မရနိုင်တဲ့ကစားဟန်ကြောင့် ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရပေမယ့်လည်း လီဗာပူးလ်အတွက် သွင်းဂိုး ၁၀ အမြန်ဆုံးပြည့်မြောက်ခဲ့တဲ့ကစားသမားတွေထဲမှာ ဥရုဂွေးတိုက်စစ်မှူး(၂၃ ပွဲ)ထက် ပိုမိုလျင်မြန်တဲ့ကစားသမား ၅ ဦးသာ ရှိခဲ့တာဖြစ်ပါတယ်။

၃။ ချဲလ်ဆီးအတွက် ကွန်တေ ပြန်လာမလား

ကွန်တေဟာ ဒဏ်ရာကြောင့် ၄ လကြာ အနားယူခဲ့ရပြီးနောက် ချဲလ်ဆီးအတွက် ပြန်လည်ပါဝင်ကစားပေးနိုင်ဖွယ်ရှိနေပြီး ပြင်သစ်ကွင်းလယ်လူဟာ ပထမအသင်းလေ့ကျင့်ရေးမှာ ပြန်လည်မြင်တွေ့ခဲ့ရတာကြောင့် ပထမဆုံးအကြိမ် အသင်းအတွက် ပါဝင်ကစားပေးသွားဖွယ်ရှိနေပါတယ်။ ကွန်တေဟာ ၂၀၁၆ ခုနှစ်မှာ လက်စတာစီးတီးကနေ ပြောင်းရွှေ့လာပြီးနောက်ပိုင်း ချဲလ်ဆီးရဲ့အောင်မြင်မှုမှာ အဓိကကျခဲ့သူဖြစ်ပြီး ပြင်သစ်ကွင်းလယ်ကြယ်ပွင့်ဟာ စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြောင်းရွှေ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ လာမယ့်နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ကော့ဘ်ဟမ်းမှာ တစ်ဦးချင်းအလုပ်တွေကို လုပ်ဆောင်နေခဲ့တဲ့ ကွန်တေအနေနဲ့ အန်းဖီးကို လိုက်ပါနိုင်လောက်တဲ့အထိ ကြံ့ခိုင်မှုပြည့်ဝရဲ့လားဆိုတာကိုစောင့်ကြည့်ဖို့သာကျန်ပါတော့တယ်။

၄။ ကလော့ပ်ရဲ့ ပွဲ ၁၀၀၀

လီဗာပူးလ်က ချဲလ်ဆီးကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်မယ့်ပွဲစဉ်ဟာ နည်းပြ ကလော့ပ်ရဲ့ ပွဲ ၁၀၀၀ မြောက် ပွဲစဉ်ဖြစ်လာမှာဖြစ်ပြီး ဂျာမန်လူမျိုးနည်းပြဟာ မိုင့်ဇ်၊ ဒေါ့မွန်၊ လီဗာပူးလ်တို့ကို လက်ရှိအချိန်အထိ ၉၉၉ ပွဲအထိ နည်းပြခဲ့ပြီးဖြစ်ပါတယ်။ ကလော့ပ်ဟာ နည်းပြဘဝ ၂၂ နှစ်တာ ကာလတွင်း ဘွန်ဒက်စ်လီဂါဖလား ၂ ကြိမ်၊ ပရီးမီးယားလိဂ် ၁ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား ၁ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်နဲ့ လိဂ်ဖလား ၁ ကြိမ် ရရှိခဲ့တာဖြစ်ပါတယ်။

၅။ အက်ဇ်ပီလီကွေတာရဲ့ ချဲလ်ဆီးကစားသမားဘဝ ပွဲ ၅၀၀

လီဗာပူးလ်နဲ့ပွဲစဉ်မှာ ပါဝင်ကစားခွင့်ရမယ်ဆိုရင် အက်ဇ်ပီလီကွေတာဟာ ချဲလ်ဆီးကစားသမားဘဝ ပွဲ ၅၀၀ ပြည့်မြောက်မှာဖြစ်ပြီး အသက် ၃၃ နှစ်အရွယ် နောက်ခံလူဟာ ချဲလ်ဆီးအသင်းအတွက် ကစားသမား ၅ ဦးသာ ရောက်ရှိခဲ့ဖူးတဲ့ မှတ်တိုင်ကို စိုက်ထူနိုင်မှာဖြစ်သလို ပထမဆုံး ပွဲ ၅၀၀ ပြည့်မြောက်တဲ့ ပြည်ပကစားသမားလည်း ဖြစ်လာမှာဖြစ်ပါတယ်။ အက်ဇ်ပီလီကွေတာဟာ ၂၀၁၂ ခုနှစ် သြဂုတ်လမှာ ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့ပြီး အဲဒီအချိန်ကတည်းက ချဲလ်ဆီးအသင်းကစားခဲ့တဲ့ ၆၀၆ ပွဲမှာ ဒဏ်ရာနဲ့ နာမကျန်းဖြစ်မှုကြောင့် ၉ ပွဲသာ လွဲချော်ခဲ့တာဖြစ်ပါတယ်။ စပိန်ဝါရင့်နောက်ခံလူဟာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်အပါအဝင် ချဲလ်ဆီးအသင်းကို ယူရိုပါလိဂ်ဖလား ၁ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးအသင္းတို႔ဟာ အၾကပ္အတည္းေတြကေန ႐ုန္းထြက္ဖို႔အတြက္ ကိုယ္စီႀကိဳးပမ္းေနၾကၿပီး ယခုအပတ္မွာ ထိပ္တိုက္ေတြ႕ဆုံသြားၾကေတာ့မွာ ျဖစ္ပါတယ္။

ႏွစ္သင္းစလုံးဟာ ၂၀၂၂-၂၀၂၃ ရာသီမစတင္ခင္တုန္းက ဆုဖလားစိန္ေခၚသူေတြ ျဖစ္ခဲ့ၾကေပမယ့္လည္း ရာသီအလယ္မွာေတာ့ လီဗာပူးလ္က အဆင့္ ၉၊ ခ်ဲလ္ဆီးက အဆင့္ ၁၀ မွာ အသီးသီး ရပ္တည္ေနၾကတာ ျဖစ္ပါတယ္။ အရႈံး သို႔မဟုတ္ သေရရလဒ္ဟာ ၂ သင္းစလုံးရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ ေမွ်ာ္လင့္ခ်က္ကို အဆုံးသတ္ေစမွာျဖစ္ၿပီး ေပါ့တားဟာ ခ်ဲလ္ဆီးနည္းျပဘဝ ပထမဆုံးလအနည္းငယ္မွာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္လည္း ေနာက္ဆုံးကစားခဲ့တဲ့ပြဲစဥ္မွာ ပဲေလ့စ္ကို အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ လီဗာပူးလ္အသင္းဟာ ၿပီးခဲ့တဲ့အပတ္မွာ ဘ႐ိုက္တန္ကို ၃-၀ နဲ႔ ပရီးမီးယားလိဂ္မွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အက္ဖ္ေအဖလားၿပိဳင္ပြဲမွာ ဝုလ္ဗ္စ္အသင္းကို အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တို႔ရဲ႕ အန္းဖီးတိုက္ပြဲကေန ေစာင့္ၾကည့္သြားရမယ့္ အရာ ၅ ခု ရွိေနပါတယ္။

၁။ မာဒရစ္ခ္ရဲ႕ ခ်ဲလ္ဆီးပြဲဦးထြက္

အာဆင္နယ္ရဲ႕လက္ထဲကေန ၾကားျဖတ္ေခၚယူႏိုင္ခဲ့တဲ့ မာဒရစ္ခ္ဟာ အန္းဖီးမွာ ပြဲဦးထြက္ပါဝင္ကစားေပးႏိုင္တဲ့ အခြင့္အေရးေကာင္းရွိေနတယ္လို႔ နည္းျပ ေပါ့တားက ေျပာၾကားခဲ့ေပမယ့္လည္း မိနစ္ ၉၀ အျပည့္ေတာ့မဟုတ္ဘဲ ပြဲရဲ႕အခ်ိန္အခ်ိဳ႕မွာ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္လို႔ေျပာၾကားခဲ့တာျဖစ္ပါတယ္။ မာဒရစ္ခ္ဟာ ရွက္ဗ္ခ်င္ကို ေနာက္ပိုင္း ခ်ဲလ္ဆီးအသင္းအတြက္ ပရီးမီးယားလိဂ္မွာ ပါဝင္ကစားေပးခဲ့တဲ့ ဒုတိယေျမာက္ ယူကရိန္းကစားသမားျဖစ္လာဖို႔အတြက္ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။

၂။ လီဗာပူးလ္အတြက္ ျပန္လာမယ့္ ဒါဝင္ ႏူးညက္ဇ္

တံေကာက္ေၾကာဒဏ္ရာေၾကာင့္ လီဗာပူးလ္ရဲ႕ ေနာက္ဆုံး ၂ ပြဲကို လြဲေခ်ာ္ခဲ့တဲ့ ႏူးညက္ဇ္ဟာ ၾကာသပေတးေန႔က အသင္းေလ့က်င့္ေရးကို ျပန္လာခဲ့တာေၾကာင့္ ယေန႔ည အန္းဖီးက ပ့ြဲစဥ္မွာ ပါဝင္ကစားေပးသြားဖို႔ ရွိေနတာျဖစ္ပါတယ္။ အသက္ ၂၃ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ တည္ၿငိမ္မႈမရွိတဲ့ အဆုံးသတ္နဲ႔ အားထားလို႔မရႏိုင္တဲ့ကစားဟန္ေၾကာင့္ ျပစ္တင္ေဝဖန္မႈေတြ ခံခဲ့ရေပမယ့္လည္း လီဗာပူးလ္အတြက္ သြင္းဂိုး ၁၀ အျမန္ဆုံးျပည့္ေျမာက္ခဲ့တဲ့ကစားသမားေတြထဲမွာ ဥ႐ုေဂြးတိုက္စစ္မႉး(၂၃ ပြဲ)ထက္ ပိုမိုလ်င္ျမန္တဲ့ကစားသမား ၅ ဦးသာ ရွိခဲ့တာျဖစ္ပါတယ္။

၃။ ခ်ဲလ္ဆီးအတြက္ ကြန္ေတ ျပန္လာမလား

ကြန္ေတဟာ ဒဏ္ရာေၾကာင့္ ၄ လၾကာ အနားယူခဲ့ရၿပီးေနာက္ ခ်ဲလ္ဆီးအတြက္ ျပန္လည္ပါဝင္ကစားေပးႏိုင္ဖြယ္ရွိေနၿပီး ျပင္သစ္ကြင္းလယ္လူဟာ ပထမအသင္းေလ့က်င့္ေရးမွာ ျပန္လည္ျမင္ေတြ႕ခဲ့ရတာေၾကာင့္ ပထမဆုံးအႀကိမ္ အသင္းအတြက္ ပါဝင္ကစားေပးသြားဖြယ္ရွိေနပါတယ္။ ကြန္ေတဟာ ၂၀၁၆ ခုႏွစ္မွာ လက္စတာစီးတီးကေန ေျပာင္းေ႐ႊ႕လာၿပီးေနာက္ပိုင္း ခ်ဲလ္ဆီးရဲ႕ေအာင္ျမင္မႈမွာ အဓိကက်ခဲ့သူျဖစ္ၿပီး ျပင္သစ္ကြင္းလယ္ၾကယ္ပြင့္ဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေျပာင္းေ႐ႊ႕ၿပီးေနာက္ပိုင္း ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ဖလားတို႔ကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အသက္ ၃၁ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ လာမယ့္ေႏြရာသီမွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး ေကာ့ဘ္ဟမ္းမွာ တစ္ဦးခ်င္းအလုပ္ေတြကို လုပ္ေဆာင္ေနခဲ့တဲ့ ကြန္ေတအေနနဲ႔ အန္းဖီးကို လိုက္ပါႏိုင္ေလာက္တဲ့အထိ ႀကံ့ခိုင္မႈျပည့္ဝရဲ႕လားဆိုတာကိုေစာင့္ၾကည့္ဖို႔သာက်န္ပါေတာ့တယ္။

၄။ ကေလာ့ပ္ရဲ႕ ပြဲ ၁၀၀၀

လီဗာပူးလ္က ခ်ဲလ္ဆီးကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္မယ့္ပြဲစဥ္ဟာ နည္းျပ ကေလာ့ပ္ရဲ႕ ပြဲ ၁၀၀၀ ေျမာက္ ပြဲစဥ္ျဖစ္လာမွာျဖစ္ၿပီး ဂ်ာမန္လူမ်ိဳးနည္းျပဟာ မိုင့္ဇ္၊ ေဒါ့မြန္၊ လီဗာပူးလ္တို႔ကို လက္ရွိအခ်ိန္အထိ ၉၉၉ ပြဲအထိ နည္းျပခဲ့ၿပီးျဖစ္ပါတယ္။ ကေလာ့ပ္ဟာ နည္းျပဘဝ ၂၂ ႏွစ္တာ ကာလတြင္း ဘြန္ဒက္စ္လီဂါဖလား ၂ ႀကိမ္၊ ပရီးမီးယားလိဂ္ ၁ ႀကိမ္၊ ခ်န္ပီယံလိဂ္ ၁ ႀကိမ္၊ ကလပ္ကမာၻ႔ဖလား ၁ ႀကိမ္၊ အက္ဖ္ေအဖလား ၁ ႀကိမ္နဲ႔ လိဂ္ဖလား ၁ ႀကိမ္ ရရွိခဲ့တာျဖစ္ပါတယ္။

၅။ အက္ဇ္ပီလီေကြတာရဲ႕ ခ်ဲလ္ဆီးကစားသမားဘဝ ပြဲ ၅၀၀

လီဗာပူးလ္နဲ႔ပြဲစဥ္မွာ ပါဝင္ကစားခြင့္ရမယ္ဆိုရင္ အက္ဇ္ပီလီေကြတာဟာ ခ်ဲလ္ဆီးကစားသမားဘဝ ပြဲ ၅၀၀ ျပည့္ေျမာက္မွာျဖစ္ၿပီး အသက္ ၃၃ ႏွစ္အ႐ြယ္ ေနာက္ခံလူဟာ ခ်ဲလ္ဆီးအသင္းအတြက္ ကစားသမား ၅ ဦးသာ ေရာက္ရွိခဲ့ဖူးတဲ့ မွတ္တိုင္ကို စိုက္ထူႏိုင္မွာျဖစ္သလို ပထမဆုံး ပြဲ ၅၀၀ ျပည့္ေျမာက္တဲ့ ျပည္ပကစားသမားလည္း ျဖစ္လာမွာျဖစ္ပါတယ္။ အက္ဇ္ပီလီေကြတာဟာ ၂၀၁၂ ခုႏွစ္ ၾသဂုတ္လမွာ ခ်ဲလ္ဆီးကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး အဲဒီအခ်ိန္ကတည္းက ခ်ဲလ္ဆီးအသင္းကစားခဲ့တဲ့ ၆၀၆ ပြဲမွာ ဒဏ္ရာနဲ႔ နာမက်န္းျဖစ္မႈေၾကာင့္ ၉ ပြဲသာ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။ စပိန္ဝါရင့္ေနာက္ခံလူဟာ ပရီးမီးယားလိဂ္ဖလား ၂ ႀကိမ္အပါအဝင္ ခ်ဲလ္ဆီးအသင္းကို ယူ႐ိုပါလိဂ္ဖလား ၁ ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၁ ႀကိမ္နဲ႔ ဖီဖာကလပ္ကမာၻ႔ဖလား ၁ ႀကိမ္ ရရွိေအာင္ ကူညီေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.