International World Cup

မက်ဆီရဲ့ကမ္ဘာ့ဖလားရွှေဘောလုံးဆုနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်ပြောဆိုလိုက်တဲ့ ဖီဖာဥက္ကဌဟောင်း

လီယွန်နယ် မက်ဆီဟာ ၂၀၁၄ ခုနှစ် ဘရာဇီးလ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်အတွက် ရွှေဘောလုံးဆုကို ပေးအပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဖီဖာဥက္ကဌဟောင်း ဆပ် ဘလက်တာက အာဂျင်တီးနားကြယ်ပွင့်ဟာ တစ်ဦးချင်းဆုနဲ့ အိမ်ပြန်ဖို့အတွက် မထိုက်တန်ခဲ့ဘူးလို့ ပြောကြားခဲ့ပြီး ဆုံးဖြတ်ချက်က မမှန်ကန်ခဲ့ဘူးလို့ သတ်မှတ်ခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထိပ်တန်းစွမ်းဆောင်ရည်ပြသခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး အာဂျင်တီးနားကို ကမ္ဘာ့ဖလားဗိုလ်လုပွဲ တက်ရောက်နိုင်အောင် ၇ ပွဲမှာ သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ပဲ လီယွန်နယ် မက်ဆီရဲ့အသင်းဟာ မာရီယို ဂတ်ဇဲရဲ့ အချိန်ပိုက အသည်းခွဲဂိုးကြောင့် ၁-၀ နဲ့ ဂျာမနီကို ရှုံးနိမ့်ပြီး ကမ္ဘာ့ဖလားကို လက်မတင်လေး လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းက ကမ္ဘာ့ဖလားမရရှိခဲ့ပေမယ့်လည်း လီယွန်နယ် မက်ဆီဟာ ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမားဖြစ် မဲပေးရွေးချယ်ခြင်းခံခဲ့ရပြီး သောမတ်စ် မူလာ၊ အာယန် ရော်ဘင်တို့ကို ကျော်ဖြတ်ပြီး ရွှေဘောလုံးဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီဆုံးဖြတ်ချက်ဟာ ဆပ် ဘလက်တာအတွက် သဘောမတွေ့စရာဖြစ်ခဲ့ပြီး ဖီဖာဥက္ကဌဟောင်းဟာ ကမ္ဘာ့ဘောလုံးအဖွဲ့အစည်းကြီးဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းမရှိဘူးလို့ ငြင်းခုံခဲ့တာဖြစ်ပါတယ်။ “ကျွန်တော် သံတမန်ဆန်ဆန်ပဲ ပြောရမလား။ ဒါမှမဟုတ် ခင်ဗျားကို အမှန်တရားကို ပြောရမလား။ ဒီမှာ ကျွန်တော်ကိုယ်တိုင် ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကို မက်ဆီရသွားတာကို မြင်ခဲ့တဲ့အချိန်မှာ နည်းနည်းတော့ အံ့အားသင့်မိခဲ့ပါတယ်။ ဆုံးဖြတ်ချက်က မမှန်ကန်ခဲ့ဘူးလို့ ကျွန်တော် ထင်တယ်”

“ကော်မတီရဲ့ဆုံးဖြတ်ချက်ကို ရရှိခဲ့တဲ့အချိန်မှာ ကျွန်တော် အံ့အားသင့်ခဲ့တယ်။ သူတို့တွေက ဗိုလ်လုပွဲမှာ ပါဝင်ခဲ့တဲ့ ကစားသမား ၁၀ ဦးထဲကပဲ ရွေးခဲ့တာလို့ ပြောခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ နောက်ထပ် ၈ နှစ်အကြာ ပြီးခဲ့တဲ့လမှာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ၃၆ နှစ်ကြာ ဝေးကွာနေတဲ့ ကမ္ဘာ့ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် ရွှေဘောလုံးဆုကို နောက်ထပ်တစ်ကြိမ် ရရှိခဲ့ပြီး ကမ္ဘာ့ဖလားသမိုင်းမှာ ရွှေဘောလုံးဆုကို ၂ ကြိမ်အထိ ရရှိဖူးတဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီဟာ ၂၀၁၄ ခုႏွစ္ ဘရာဇီးလ္ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္အတြက္ ေ႐ႊေဘာလုံးဆုကို ေပးအပ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဖီဖာဥကၠဌေဟာင္း ဆပ္ ဘလက္တာက အာဂ်င္တီးနားၾကယ္ပြင့္ဟာ တစ္ဦးခ်င္းဆုနဲ႔ အိမ္ျပန္ဖို႔အတြက္ မထိုက္တန္ခဲ့ဘူးလို႔ ေျပာၾကားခဲ့ၿပီး ဆုံးျဖတ္ခ်က္က မမွန္ကန္ခဲ့ဘူးလို႔ သတ္မွတ္ခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ၂၀၁၄ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ထိပ္တန္းစြမ္းေဆာင္ရည္ျပသခဲ့တဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့ၿပီး အာဂ်င္တီးနားကို ကမာၻ႔ဖလားဗိုလ္လုပြဲ တက္ေရာက္ႏိုင္ေအာင္ ၇ ပြဲမွာ သြင္းဂိုး ၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကံမေကာင္းစြာနဲ႔ပဲ လီယြန္နယ္ မက္ဆီရဲ႕အသင္းဟာ မာရီယို ဂတ္ဇဲရဲ႕ အခ်ိန္ပိုက အသည္းခြဲဂိုးေၾကာင့္ ၁-၀ နဲ႔ ဂ်ာမနီကို ရႈံးနိမ့္ၿပီး ကမာၻ႔ဖလားကို လက္မတင္ေလး လက္လႊတ္ခဲ့ရတာ ျဖစ္ပါတယ္။ အာဂ်င္တီးနားအသင္းက ကမာၻ႔ဖလားမရရွိခဲ့ေပမယ့္လည္း လီယြန္နယ္ မက္ဆီဟာ ၿပိဳင္ပြဲတေလွ်ာက္ အေကာင္းဆုံးကစားသမားျဖစ္ မဲေပးေ႐ြးခ်ယ္ျခင္းခံခဲ့ရၿပီး ေသာမတ္စ္ မူလာ၊ အာယန္ ေရာ္ဘင္တို႔ကို ေက်ာ္ျဖတ္ၿပီး ေ႐ႊေဘာလုံးဆုကို ရရွိခဲ့တာ ျဖစ္ပါတယ္။

အဲဒီဆုံးျဖတ္ခ်က္ဟာ ဆပ္ ဘလက္တာအတြက္ သေဘာမေတြ႕စရာျဖစ္ခဲ့ၿပီး ဖီဖာဥကၠဌေဟာင္းဟာ ကမာၻ႔ေဘာလုံးအဖြဲ႕အစည္းႀကီးဟာ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ကို ခ်မွတ္ခဲ့ျခင္းမရွိဘူးလို႔ ျငင္းခုံခဲ့တာျဖစ္ပါတယ္။ “ကြၽန္ေတာ္ သံတမန္ဆန္ဆန္ပဲ ေျပာရမလား။ ဒါမွမဟုတ္ ခင္ဗ်ားကို အမွန္တရားကို ေျပာရမလား။ ဒီမွာ ကြၽန္ေတာ္ကိုယ္တိုင္ ၿပိဳင္ပြဲရဲ႕အေကာင္းဆုံးကစားသမားဆုကို မက္ဆီရသြားတာကို ျမင္ခဲ့တဲ့အခ်ိန္မွာ နည္းနည္းေတာ့ အံ့အားသင့္မိခဲ့ပါတယ္။ ဆုံးျဖတ္ခ်က္က မမွန္ကန္ခဲ့ဘူးလို႔ ကြၽန္ေတာ္ ထင္တယ္”

“ေကာ္မတီရဲ႕ဆုံးျဖတ္ခ်က္ကို ရရွိခဲ့တဲ့အခ်ိန္မွာ ကြၽန္ေတာ္ အံ့အားသင့္ခဲ့တယ္။ သူတို႔ေတြက ဗိုလ္လုပြဲမွာ ပါဝင္ခဲ့တဲ့ ကစားသမား ၁၀ ဦးထဲကပဲ ေ႐ြးခဲ့တာလို႔ ေျပာခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ေနာက္ထပ္ ၈ ႏွစ္အၾကာ ၿပီးခဲ့တဲ့လမွာ ကာတာက ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားအသင္းကို ၃၆ ႏွစ္ၾကာ ေဝးကြာေနတဲ့ ကမာၻ႔ဖလားရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီးေနာက္ ေ႐ႊေဘာလုံးဆုကို ေနာက္ထပ္တစ္ႀကိမ္ ရရွိခဲ့ၿပီး ကမာၻ႔ဖလားသမိုင္းမွာ ေ႐ႊေဘာလုံးဆုကို ၂ ႀကိမ္အထိ ရရွိဖူးတဲ့ ပထမဆုံးကစားသမားျဖစ္လာခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.