Analysis International

၁၉၅၅ နောက်ပိုင်း ဘရာဇီးလ်ရဲ့ ပထမဆုံးဝင်ဘလေနိုင်ပွဲက မှတ်မှတ်ရရ ပြန်ပြောရမယ့်အချက်များ

ဝင်ဘလေမှာ စနေနေ့ညက ကစားခဲ့တဲ့ ဘရာဇီးလ်နဲ့ အင်္ဂလန်တို့ရဲ့ ခြေစမ်းပွဲမှာ အန်းဒရစ်ခ်က နောက်ကျသွင်းဂိုးနဲ့ တောင်အမေရိကအသင်းကို နိုင်ပွဲရယူပေးခဲ့ပါတယ်။

ပွဲမကစားချိန် ဂျာစီအသစ်ကိစ္စနဲ့ ပွက်လောရိုက်နေခဲ့တဲ့ အင်္ဂလန်ပရိသတ်ဟာ တကယ်တမ်းပွဲကစားတော့လည်း လက်ခံပေးခဲ့ရတာဖြစ်ပြီး ဘရာဇီးလ်ဟာ ဗင်နီးရှပ်စ် ဂျူနီယာ၊ ရိုဒရီဂို၊ ဘရူနို ဂီမာရေးစ်တို့ကို ပွဲထွက်လူစာရင်းထဲမှာ ထည့်သုံးခဲ့ပါတယ်။

အင်္ဂလန်နောက်ခံလူ ကိုင်လီ ဝေါ်ကာကတော့ တံကောက်ကြောဒဏ်ရာကြောင့် မိနစ် ၂၀ သာ ကစားနိုင်ခဲ့ပြီး ဒီလကုန် အာဆင်နယ်နဲ့ ကစားရမယ့်ပွဲကို လွဲချော်တော့မလားဆိုပြီး မန်စီးတီးကတော့ စိုးရိမ်နေရပြီဖြစ်ပါတယ်။ လူးကပ်စ် ပါကယ်တာက ပွဲကစားချိန် မိနစ် ၃၀ လောက်မှာ အပိုင်ကန်သွင်းခွင့်ရခဲ့ပြီး ဟာရီ မက်ဂွိုင်းယားရဲ့ ဆိုးရွားတဲ့ နောက်ပြန်ပေးပို့မှုကြောင့် ရာဖင်ညာ ဂိုးလက်ဆောင် ရလုနီးပါးဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပထမပိုင်းအပြီးမှာ ဂိုးမရှိသရေနဲ့ ပွဲပြီးဆုံးသွားခဲ့ပြီး ဒုတိယပိုင်းမှာ အင်္ဂလန်ရဲ့ မိန်းနူးနဲ့ ဘရာဇီးလ်ရဲ့ အန်းဒရစ်ခ်တို့ လူစားဝင်ကစားပေးခဲ့ပြီး အပြိုင်အဆိုင် တောက်ပပြခဲ့ကြပါတယ်။

အန်းဒရစ်ခ်က လူစားဝင်လာပြီး ၁၀ မိနစ်လောက်မှာပဲ ဗင်နီးရှပ်စ် ဂျူနီယာရဲ့ ဂိုးကန်သွင်းမှုကို ပစ်ဖို့ဒ် ကာကွယ်ခဲ့ရာကနေ ပြန်လျှံထွက်လာတဲ့ဘောလုံးကို ပိတ်သွင်းယူပြီး ဘရာဇီးလ်အတွက် နောက်ကျ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အန်းဒရစ်ခ်ဟာ အသက် ၁၇ နှစ် ၂၄၆ ရက်အရွယ်နဲ့ ဝင်ဘလေမှာ နိုင်ငံတကာသွင်းဂိုးကို သွင်းယူနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပြီး ၁၉၅၅ ခုနှစ်နောက်ပိုင်း ပထမဆုံးဝင်ဘလေနိုင်ပွဲကနေ ပြန်ပြောစရာ ၅ ချက်ရှိပါတယ်။

၁။ ဆယ်ကျော်သက် ပါရမီရှင်တွေ တွေ့တဲ့ပွဲ

ပါးမီးယပ်စ်မှာကစားနေသေးပြီး မကြာသေးမီ ၁၈ နှစ်ပြည့်တာနဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဖြစ်လာမှာဖြစ်ပြီး ဆယ်ကျော်သက်ကြယ်ပွင့်ဟာ ပရိသတ်တွေကြား တော်တော်လေး ပြောစရာဖြစ်ခဲ့ပေမယ့်လည်း ဒီတစ်ကြိမ်ကတော့ ပထမဆုံးအကြိမ် အင်္ဂလိပ်ပရိသတ်တွေကိုယ်တိုင် မျက်ဝါးထင်ထင် မြင်ခဲ့ရတာပါ။ ချဲလ်ဆီးက အန်းဒရစ်ခ်ကို ခေါ်ချင်ပေမယ့်လည်း ဘရာဇီးလ်ဆယ်ကျော်သက်က ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုကို မငြင်းပယ်နိုင်ခဲ့တာပါ။ အမ်းဒရစ်ခ်ဟာ ဝင်ဘလေမှာ နောက်ဆုံး မိနစ် ၂၀ သာ ပါဝင်ကစားခွင့်ရခဲ့ပေမယ့်လည်း အသင်းအတွက် လိုအပ်တဲ့ အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အန်းဒရစ်ခ်ဟာ ပွဲကစားချိန်အချို့ရခဲ့တဲ့ တစ်ဦးတည်းသော ဆယ်ကျော်သက်ကစားသမားမဟုတ်ဘဲ မန်ယူနိုက်တက်ကြယ်ပွင့် ကော်ဘီ မိန်းနူးကလည်း ပွဲကစားချိန် ၁၅ မိနစ်သာ ကျန်တော့တဲ့အချိန်မှာ လူစားဝင်ကစားခွင့်ရခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ်ကစားသမားဟာ ကော်နာ ဂယ်လေဂါနေရာမှာ လူစားဝင်ကစားခွင့်ရခဲ့ချိန်မှာ ပရိသတ်တွေရဲ့ ကျယ်လောင်တဲ့ အားပေးသံတွေကို ရခဲ့ပြီး စီနီယာပွဲဦးထွက်ကစားခွင့်ရခဲ့ပေမယ့်လည်း ကြောင်မနေဘဲ ပုံမှန်ကစားနေကျပုံစံအတိုင်း ကစားပြနိုင်ခဲ့တာပါ။မိန်းနူးရဲ့ လှပတဲ့ လှည့်ထွက်မှုကြောင့် ဂိုးမက်စ် ခံလိုက်ရလို့ အိမ်ရှင်ပရိသတ်တွေ သဘောကျခဲ့ရပေမယ့်လည်း အန်းဒရစ်ခ်က အင်္ဂလန်ရဲ့ အိမ်ကွင်း ပွဲ ၂၀ ရှုံးပွဲမရှိစံချိန်ကို အဆုံးသတ်စေမယ့် ဂိုးကို သွင်းယူပြီး အားလုံးရဲ့ အာရုံစိုက်မှုတွေကို ရယူသွားခဲ့တာဖြစ်ပါတယ်။

၂။ ခြေစမ်းပွဲဆိုပေမယ့် ခြေစမ်းပွဲမဟုတ်ခဲ့တဲ့ပွဲ

ဘောလုံးစူပါပါဝါအသင်းကြီး ၂ သင်းတွေ့ကြတဲ့ ခြေစမ်းပွဲဆိုပေမယ့် နှစ်ဖက်အသင်းကစားသမားတွေနဲ့ နည်းပြတွေရဲ့ အပြုအမူကတော့ ခြေစမ်းပွဲပုံစံမျိုးမဟုတ်ခဲ့ပါဘူး။ ဂျုဒ် ဘယ်လင်ဟမ်ကို ဘရာဇီးလ်ကစားသမားတွေ ဝိုင်းတီးခဲ့ကြပြီး မိနစ် ၅၀ လောက်မှာ ဘရာဇီးလ်ဟာ ပြစ်ဒဏ်ကျူးလွန်မှု ၁၅ ကြိမ်လောက်အထိ ကျူးလွန်ထားပြီးဖြစ်ပါတယ်။ ပထမပိုင်းအပြီး စတုတ္ထဒိုင်ကို အင်္ဂလန်နည်းပြအဖွဲ့ဝင် ဟက်ဆဲဘိန့်ခ်က စောဒကတက်ခဲ့ပြီး ဒုတိယပိုင်း ပြန်စပြီး ၅ မိနစ်မှာပဲ ဂိုးမက်စ်က ဘယ်လင်ဟမ်ကို ထပ်ပြီး လူချခဲ့ပြန်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝုဗ်ကြယ်ပွင့်က ဘယ်လင်ဟမ်ကို အကြိမ်ပေါင်းများစွာ လူချခဲ့ပြီး အဝါကတ်တောင် မထိခဲ့တာတော့ တော်တော်လေး ထူးခြားပါတယ်။

၃။ ကိန်းမပါနိုင်လို့ အားကိုးခါမှ တိုင်ပတ်နေတဲ့ ဝပ်ကင်စ်

အက်စတန် ဗီလာတိုက်စစ်မှူး အိုလီ ဝပ်ကင်စ်ဟာ ဟာရီ ကိန်း မပါဝင်နိုင်မှုကြောင့် ပါဝင်ကစားခွင့်ရခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၆ ဂိုး၊ ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်ထားတဲ့ ပုံစံကောင်း မပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဝပ်ကင်စ်ဟာ အင်္ဂလန်လက်ရွေးစင်အတွက် ၄ ဂိုးမြောက်သွင်းဂိုးကို သွင်းယူဖို့ အခွင့်အရေးကောင်းရခဲ့ပေမယ့်လည်း ဂယ်လေဂါရဲ့ ပေးပို့မှုကို ကန်ချက်က ဂိုးဘားတန်းပေါ် ကျော်သွားခဲ့တာဖြစ်ပါတယ်။ ဘရန့်တ်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန် တိုနီကတော့ ဒီပွဲကို အရန်ခုံကနေပဲ ထိုင်ကြည့်ခဲ့ပြီး ဝပ်ကင်စ်အခြေအနေမကောင်းတာကြောင့် ဘယ်လ်ဂျီယမ်နဲ့ပွဲမှာ ပွဲထွက်ခွင့်ပေးခံရဖွယ်ရှိပါတယ်။

၄။ အလားအလာရှိတဲ့ခြေစွမ်းကောင်း ပွဲဦးထွက်မှာ ပြသခဲ့တဲ့ ဂေါ်ဒွန်

ဆောက်ဂိတ်ဟာ အင်္ဂလန်နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ကာလအတွင်း ကစားသမား ၆၀ ကျော်ကို ပွဲဦးထွက်ခွင့်ပေးခဲ့ပြီး ဘရာဇီးလ်နဲ့ပွဲမှာ နောက်ထပ် ပွဲဦးထွက်ခွင့်ရခဲ့တဲ့ကစားသမားကတော့ အန်သိုနီ ဂေါ်ဒွန်ဖြစ်ပါတယ်။ နယူးကာဆယ်ကြယ်ပွင့်ဟာ အင်္ဂလန်အတွက် ပထမဆုံးပွဲဦးထွက်ခွင့်ရခဲ့တဲ့အတွက် ဂုဏ်ယူနေမှာဖြစ်ပြီး အဆက်မပြတ် ဘောလုံးရယူဖို့ ကြိုးပမ်းပြီး ဘရာဇီးလ်ခံစစ်ကို ဖိအားပေးနိုင်ခဲ့တာစြဖ်ပါတယ်။ မိနစ် ၄၀ အတွင်းမှာ ပထမဆုံးအကြိမ် ဘရာဇီးလ်ဂိုးသမားကို အမှန်အကန် ကာကွယ်မှု ပြုလုပ်နိုင်စေခဲ့တာကလည်း ဂေါ်ဒွန်ရဲ့ ဂိုးကန်သွင်းချင်ဖြစ်ပြီး အင်္ဂလန်အတွက် ပထမဆုံးဝင်ကစားပေးရပေမယ့် ပိုပြီးအတွေ့အကြုံရှိတဲ့အသင်းဖော်တွေဆီကနေ ဘောလုံးတောင်းဖို့ ကြောက်ရွံ့နေခြင်းမရှိဘဲ နေရာကောင်းမှာရှိနေရဲ့သားနဲ့ ဘောလုံးမပေးရင်လည်း အော်ဟစ်ခဲ့သေးတာဖြစ်ပါတယ်။ ဂေါ်ဒွန်ရဲ့ အထင်ကြီးဖွယ် ပွဲဦးထွက်ခြေစွမ်းကြောင့် ဘယ်လ်ဂျီယမ်နဲ့ပွဲမှာလည်း ပိုမိုမြင်တွေ့ရဖွယ်ရှိပါတယ်။

၅။ ဒဏ်ရာကြောင့် ဘယ်လောက်မှ မကြာခဲ့တဲ့ ဝေါ်ကာနဲ့ ဗင်နီးရှပ်စ်တို့တိုက်ပွဲ

စနေနေ့ညနေရဲ့ ပထမဆုံး စိတ်လှုပ်ရှားစရာ အခိုက်အတန့်မှာ ဝေါ်ကာနဲ့ ဗင်နီးရှပ်စ်တို့ ပါဝင်ပတ်သက်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟာ ပါကယ်တာရဲ့ ပေးပို့မှုကနေ ပစ်ဖို့ဒ်ဆီကို အရှိန်အဟုန်အပြည့်နဲ့ ပြေးသွားခဲ့ပါတယ်။ အဲဒီလို အနေအထားဟာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် အကြိမ်ပေါင်းများစွာ ဂိုးသွင်းယူနေကျပုံစံဖြစ်ပြီး ပစ်ဖို့ဒ်ကို ကျော်လွန်အောင် ကန်သွင်းနိုင်ခဲ့ပေမယ့်လည်း ကိုင်လီဝေါ်ကာကိုတော့ မကျော်နိုင်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးနောက်ခံလူဟာ ဗင်နီးရှပ်စ် ဂျူနီယာထက် မလျင်မြန်ရင်တောင်မှ ဂိုးစည်းပေါ်ကနေ ရှင်းထုတ်နိုင်ဖို့အတွက် အချိန်မီ ပြေးလွှားနိုင်ခဲ့ပြီး အဲဒီလိုရှင်းထုတ်ခဲ့မှုကြောင့် အလွန်ကောင်းမွန်တဲ့ တိုက်ပွဲ အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။ ဝေါ်ကာဟာ ဘောလုံးရှင်းထုတ်ခဲ့ပြီးနောက် တံကောက်ကြော ဒဏ်ရာရသွားခဲ့ပြီး မိနစ် ၂၀မပြည့်သေးခင်မှာပဲ လူစားလဲခံခဲ့ရတာဖြစ်ပြီး မန်စီးတီးကြယ်ပွင့်နေရာကို အက်စတန် ဗီလာကြယ်ပွင့် ခွန်ဆာက လူစားဝင်ကစားပေးခဲ့ရပြီး ဝေါ်ကာနဲ့ ဗင်နီးရှပ်စ်တို့ရဲ့ စိတ်ဝင်စားစရာတိုက်ပွဲက မိနစ် ၂၀ လောက်တောင် မကြာခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဝင္ဘေလမွာ စေနေန႔ညက ကစားခဲ့တဲ့ ဘရာဇီးလ္နဲ႔ အဂၤလန္တို႔ရဲ႕ ေျခစမ္းပြဲမွာ အန္းဒရစ္ခ္က ေနာက္က်သြင္းဂိုးနဲ႔ ေတာင္အေမရိကအသင္းကို ႏိုင္ပြဲရယူေပးခဲ့ပါတယ္။

ပြဲမကစားခ်ိန္ ဂ်ာစီအသစ္ကိစၥနဲ႔ ပြက္ေလာ႐ိုက္ေနခဲ့တဲ့ အဂၤလန္ပရိသတ္ဟာ တကယ္တမ္းပြဲကစားေတာ့လည္း လက္ခံေပးခဲ့ရတာျဖစ္ၿပီး ဘရာဇီးလ္ဟာ ဗင္နီးရွပ္စ္ ဂ်ဴနီယာ၊ ႐ိုဒရီဂို၊ ဘ႐ူႏို ဂီမာေရးစ္တို႔ကို ပြဲထြက္လူစာရင္းထဲမွာ ထည့္သုံးခဲ့ပါတယ္။

အဂၤလန္ေနာက္ခံလူ ကိုင္လီ ေဝၚကာကေတာ့ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ မိနစ္ ၂၀ သာ ကစားႏိုင္ခဲ့ၿပီး ဒီလကုန္ အာဆင္နယ္နဲ႔ ကစားရမယ့္ပြဲကို လြဲေခ်ာ္ေတာ့မလားဆိုၿပီး မန္စီးတီးကေတာ့ စိုးရိမ္ေနရၿပီျဖစ္ပါတယ္။ လူးကပ္စ္ ပါကယ္တာက ပြဲကစားခ်ိန္ မိနစ္ ၃၀ ေလာက္မွာ အပိုင္ကန္သြင္းခြင့္ရခဲ့ၿပီး ဟာရီ မက္ဂြိဳင္းယားရဲ႕ ဆိုး႐ြားတဲ့ ေနာက္ျပန္ေပးပို႔မႈေၾကာင့္ ရာဖင္ညာ ဂိုးလက္ေဆာင္ ရလုနီးပါးျဖစ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပထမပိုင္းအၿပီးမွာ ဂိုးမရွိသေရနဲ႔ ပြဲၿပီးဆုံးသြားခဲ့ၿပီး ဒုတိယပိုင္းမွာ အဂၤလန္ရဲ႕ မိန္းႏူးနဲ႔ ဘရာဇီးလ္ရဲ႕ အန္းဒရစ္ခ္တို႔ လူစားဝင္ကစားေပးခဲ့ၿပီး အၿပိဳင္အဆိုင္ ေတာက္ပျပခဲ့ၾကပါတယ္။

အန္းဒရစ္ခ္က လူစားဝင္လာၿပီး ၁၀ မိနစ္ေလာက္မွာပဲ ဗင္နီးရွပ္စ္ ဂ်ဴနီယာရဲ႕ ဂိုးကန္သြင္းမႈကို ပစ္ဖို႔ဒ္ ကာကြယ္ခဲ့ရာကေန ျပန္လွ်ံထြက္လာတဲ့ေဘာလုံးကို ပိတ္သြင္းယူၿပီး ဘရာဇီးလ္အတြက္ ေနာက္က် အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

အန္းဒရစ္ခ္ဟာ အသက္ ၁၇ ႏွစ္ ၂၄၆ ရက္အ႐ြယ္နဲ႔ ဝင္ဘေလမွာ ႏိုင္ငံတကာသြင္းဂိုးကို သြင္းယူႏိုင္တဲ့ အသက္အငယ္ဆုံး ကစားသမားအျဖစ္ မွတ္တမ္းသစ္ ေရးထိုးႏိုင္ခဲ့ၿပီး ၁၉၅၅ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးဝင္ဘေလႏိုင္ပြဲကေန ျပန္ေျပာစရာ ၅ ခ်က္ရွိပါတယ္။

၁။ ဆယ္ေက်ာ္သက္ ပါရမီရွင္ေတြ ေတြ႕တဲ့ပြဲ

ပါးမီးယပ္စ္မွာကစားေနေသးၿပီး မၾကာေသးမီ ၁၈ ႏွစ္ျပည့္တာနဲ႔ ရီးရဲလ္မက္ဒရစ္ကစားသမားျဖစ္လာမွာျဖစ္ၿပီး ဆယ္ေက်ာ္သက္ၾကယ္ပြင့္ဟာ ပရိသတ္ေတြၾကား ေတာ္ေတာ္ေလး ေျပာစရာျဖစ္ခဲ့ေပမယ့္လည္း ဒီတစ္ႀကိမ္ကေတာ့ ပထမဆုံးအႀကိမ္ အဂၤလိပ္ပရိသတ္ေတြကိုယ္တိုင္ မ်က္ဝါးထင္ထင္ ျမင္ခဲ့ရတာပါ။ ခ်ဲလ္ဆီးက အန္းဒရစ္ခ္ကို ေခၚခ်င္ေပမယ့္လည္း ဘရာဇီးလ္ဆယ္ေက်ာ္သက္က ရီးရဲလ္မက္ဒရစ္ရဲ႕ ကမ္းလွမ္းမႈကို မျငင္းပယ္ႏိုင္ခဲ့တာပါ။ အမ္းဒရစ္ခ္ဟာ ဝင္ဘေလမွာ ေနာက္ဆုံး မိနစ္ ၂၀ သာ ပါဝင္ကစားခြင့္ရခဲ့ေပမယ့္လည္း အသင္းအတြက္ လိုအပ္တဲ့ အႏိုင္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အန္းဒရစ္ခ္ဟာ ပြဲကစားခ်ိန္အခ်ိဳ႕ရခဲ့တဲ့ တစ္ဦးတည္းေသာ ဆယ္ေက်ာ္သက္ကစားသမားမဟုတ္ဘဲ မန္ယူႏိုက္တက္ၾကယ္ပြင့္ ေကာ္ဘီ မိန္းႏူးကလည္း ပြဲကစားခ်ိန္ ၁၅ မိနစ္သာ က်န္ေတာ့တဲ့အခ်ိန္မွာ လူစားဝင္ကစားခြင့္ရခဲ့ပါတယ္။ အသက္ ၁၈ ႏွစ္အ႐ြယ္ကစားသမားဟာ ေကာ္နာ ဂယ္ေလဂါေနရာမွာ လူစားဝင္ကစားခြင့္ရခဲ့ခ်ိန္မွာ ပရိသတ္ေတြရဲ႕ က်ယ္ေလာင္တဲ့ အားေပးသံေတြကို ရခဲ့ၿပီး စီနီယာပြဲဦးထြက္ကစားခြင့္ရခဲ့ေပမယ့္လည္း ေၾကာင္မေနဘဲ ပုံမွန္ကစားေနက်ပုံစံအတိုင္း ကစားျပႏိုင္ခဲ့တာပါ။မိန္းႏူးရဲ႕ လွပတဲ့ လွည့္ထြက္မႈေၾကာင့္ ဂိုးမက္စ္ ခံလိုက္ရလို႔ အိမ္ရွင္ပရိသတ္ေတြ သေဘာက်ခဲ့ရေပမယ့္လည္း အန္းဒရစ္ခ္က အဂၤလန္ရဲ႕ အိမ္ကြင္း ပြဲ ၂၀ ရႈံးပြဲမရွိစံခ်ိန္ကို အဆုံးသတ္ေစမယ့္ ဂိုးကို သြင္းယူၿပီး အားလုံးရဲ႕ အာ႐ုံစိုက္မႈေတြကို ရယူသြားခဲ့တာျဖစ္ပါတယ္။

၂။ ေျခစမ္းပြဲဆိုေပမယ့္ ေျခစမ္းပြဲမဟုတ္ခဲ့တဲ့ပြဲ

ေဘာလုံးစူပါပါဝါအသင္းႀကီး ၂ သင္းေတြ႕ၾကတဲ့ ေျခစမ္းပြဲဆိုေပမယ့္ ႏွစ္ဖက္အသင္းကစားသမားေတြနဲ႔ နည္းျပေတြရဲ႕ အျပဳအမူကေတာ့ ေျခစမ္းပြဲပုံစံမ်ိဳးမဟုတ္ခဲ့ပါဘူး။ ဂ်ဳဒ္ ဘယ္လင္ဟမ္ကို ဘရာဇီးလ္ကစားသမားေတြ ဝိုင္းတီးခဲ့ၾကၿပီး မိနစ္ ၅၀ ေလာက္မွာ ဘရာဇီးလ္ဟာ ျပစ္ဒဏ္က်ဴးလြန္မႈ ၁၅ ႀကိမ္ေလာက္အထိ က်ဴးလြန္ထားၿပီးျဖစ္ပါတယ္။ ပထမပိုင္းအၿပီး စတုတၳဒိုင္ကို အဂၤလန္နည္းျပအဖြဲ႕ဝင္ ဟက္ဆဲဘိန႔္ခ္က ေစာဒကတက္ခဲ့ၿပီး ဒုတိယပိုင္း ျပန္စၿပီး ၅ မိနစ္မွာပဲ ဂိုးမက္စ္က ဘယ္လင္ဟမ္ကို ထပ္ၿပီး လူခ်ခဲ့ျပန္တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဝုဗ္ၾကယ္ပြင့္က ဘယ္လင္ဟမ္ကို အႀကိမ္ေပါင္းမ်ားစြာ လူခ်ခဲ့ၿပီး အဝါကတ္ေတာင္ မထိခဲ့တာေတာ့ ေတာ္ေတာ္ေလး ထူးျခားပါတယ္။

၃။ ကိန္းမပါႏိုင္လို႔ အားကိုးခါမွ တိုင္ပတ္ေနတဲ့ ဝပ္ကင္စ္

အက္စတန္ ဗီလာတိုက္စစ္မႉး အိုလီ ဝပ္ကင္စ္ဟာ ဟာရီ ကိန္း မပါဝင္ႏိုင္မႈေၾကာင့္ ပါဝင္ကစားခြင့္ရခဲ့ေပမယ့္လည္း ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၁၆ ဂိုး၊ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္ ျပဳလုပ္ထားတဲ့ ပုံစံေကာင္း မျပသႏိုင္ခဲ့တာျဖစ္ပါတယ္။ ဝပ္ကင္စ္ဟာ အဂၤလန္လက္ေ႐ြးစင္အတြက္ ၄ ဂိုးေျမာက္သြင္းဂိုးကို သြင္းယူဖို႔ အခြင့္အေရးေကာင္းရခဲ့ေပမယ့္လည္း ဂယ္ေလဂါရဲ႕ ေပးပို႔မႈကို ကန္ခ်က္က ဂိုးဘားတန္းေပၚ ေက်ာ္သြားခဲ့တာျဖစ္ပါတယ္။ ဘရန႔္တ္ဖို႔ဒ္တိုက္စစ္မႉး အိုင္ဗန္ တိုနီကေတာ့ ဒီပြဲကို အရန္ခုံကေနပဲ ထိုင္ၾကည့္ခဲ့ၿပီး ဝပ္ကင္စ္အေျခအေနမေကာင္းတာေၾကာင့္ ဘယ္လ္ဂ်ီယမ္နဲ႔ပြဲမွာ ပြဲထြက္ခြင့္ေပးခံရဖြယ္ရွိပါတယ္။

၄။ အလားအလာရွိတဲ့ေျခစြမ္းေကာင္း ပြဲဦးထြက္မွာ ျပသခဲ့တဲ့ ေဂၚဒြန္

ေဆာက္ဂိတ္ဟာ အဂၤလန္နည္းျပအျဖစ္ တာဝန္ယူခဲ့တဲ့ကာလအတြင္း ကစားသမား ၆၀ ေက်ာ္ကို ပြဲဦးထြက္ခြင့္ေပးခဲ့ၿပီး ဘရာဇီးလ္နဲ႔ပြဲမွာ ေနာက္ထပ္ ပြဲဦးထြက္ခြင့္ရခဲ့တဲ့ကစားသမားကေတာ့ အန္သိုနီ ေဂၚဒြန္ျဖစ္ပါတယ္။ နယူးကာဆယ္ၾကယ္ပြင့္ဟာ အဂၤလန္အတြက္ ပထမဆုံးပြဲဦးထြက္ခြင့္ရခဲ့တဲ့အတြက္ ဂုဏ္ယူေနမွာျဖစ္ၿပီး အဆက္မျပတ္ ေဘာလုံးရယူဖို႔ ႀကိဳးပမ္းၿပီး ဘရာဇီးလ္ခံစစ္ကို ဖိအားေပးႏိုင္ခဲ့တာျစဖ္ပါတယ္။ မိနစ္ ၄၀ အတြင္းမွာ ပထမဆုံးအႀကိမ္ ဘရာဇီးလ္ဂိုးသမားကို အမွန္အကန္ ကာကြယ္မႈ ျပဳလုပ္ႏိုင္ေစခဲ့တာကလည္း ေဂၚဒြန္ရဲ႕ ဂိုးကန္သြင္းခ်င္ျဖစ္ၿပီး အဂၤလန္အတြက္ ပထမဆုံးဝင္ကစားေပးရေပမယ့္ ပိုၿပီးအေတြ႕အႀကဳံရွိတဲ့အသင္းေဖာ္ေတြဆီကေန ေဘာလုံးေတာင္းဖို႔ ေၾကာက္႐ြံ႕ေနျခင္းမရွိဘဲ ေနရာေကာင္းမွာရွိေနရဲ႕သားနဲ႔ ေဘာလုံးမေပးရင္လည္း ေအာ္ဟစ္ခဲ့ေသးတာျဖစ္ပါတယ္။ ေဂၚဒြန္ရဲ႕ အထင္ႀကီးဖြယ္ ပြဲဦးထြက္ေျခစြမ္းေၾကာင့္ ဘယ္လ္ဂ်ီယမ္နဲ႔ပြဲမွာလည္း ပိုမိုျမင္ေတြ႕ရဖြယ္ရွိပါတယ္။

၅။ ဒဏ္ရာေၾကာင့္ ဘယ္ေလာက္မွ မၾကာခဲ့တဲ့ ေဝၚကာနဲ႔ ဗင္နီးရွပ္စ္တို႔တိုက္ပြဲ

စေနေန႔ညေနရဲ႕ ပထမဆုံး စိတ္လႈပ္ရွားစရာ အခိုက္အတန႔္မွာ ေဝၚကာနဲ႔ ဗင္နီးရွပ္စ္တို႔ ပါဝင္ပတ္သက္ခဲ့ၿပီး ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ဟာ ပါကယ္တာရဲ႕ ေပးပို႔မႈကေန ပစ္ဖို႔ဒ္ဆီကို အရွိန္အဟုန္အျပည့္နဲ႔ ေျပးသြားခဲ့ပါတယ္။ အဲဒီလို အေနအထားဟာ ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ အႀကိမ္ေပါင္းမ်ားစြာ ဂိုးသြင္းယူေနက်ပုံစံျဖစ္ၿပီး ပစ္ဖို႔ဒ္ကို ေက်ာ္လြန္ေအာင္ ကန္သြင္းႏိုင္ခဲ့ေပမယ့္လည္း ကိုင္လီေဝၚကာကိုေတာ့ မေက်ာ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ မန္စီးတီးေနာက္ခံလူဟာ ဗင္နီးရွပ္စ္ ဂ်ဴနီယာထက္ မလ်င္ျမန္ရင္ေတာင္မွ ဂိုးစည္းေပၚကေန ရွင္းထုတ္ႏိုင္ဖို႔အတြက္ အခ်ိန္မီ ေျပးလႊားႏိုင္ခဲ့ၿပီး အဲဒီလိုရွင္းထုတ္ခဲ့မႈေၾကာင့္ အလြန္ေကာင္းမြန္တဲ့ တိုက္ပြဲ အဆုံးသတ္သြားခဲ့တာျဖစ္ပါတယ္။ ေဝၚကာဟာ ေဘာလုံးရွင္းထုတ္ခဲ့ၿပီးေနာက္ တံေကာက္ေၾကာ ဒဏ္ရာရသြားခဲ့ၿပီး မိနစ္ ၂၀မျပည့္ေသးခင္မွာပဲ လူစားလဲခံခဲ့ရတာျဖစ္ၿပီး မန္စီးတီးၾကယ္ပြင့္ေနရာကို အက္စတန္ ဗီလာၾကယ္ပြင့္ ခြန္ဆာက လူစားဝင္ကစားေပးခဲ့ရၿပီး ေဝၚကာနဲ႔ ဗင္နီးရွပ္စ္တို႔ရဲ႕ စိတ္ဝင္စားစရာတိုက္ပြဲက မိနစ္ ၂၀ ေလာက္ေတာင္ မၾကာခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.