International Match Report

၃၇ နှစ်သားကြီးရဲ့ သွင်းဂိုးကြောင့် ချီလီကို အနိုင်ရခဲ့တဲ့ ပြင်သစ်

ပြင်သစ်ဝါရင့်တိုက်စစ်မှူး အိုလီဗီယေး ဂျရူးရဲ့ အနိုင်ဂိုးကြောင့် ပြင်သစ်ဟာ မာဆေးလ်မှာ ချီလီကို နောက်ကနေ လိုက်ကစားပြီး ၃-၂ နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။

မာဆယ်လီနို နူးညက်ဇ်ရဲ့ ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို မြေလှိမ့်ဘော ကန်သွင်းမှုကြောင့် ဧည့်သည်တွေဟာ ပထမပိုင်း ၆ မိနစ်မှာပဲ အံ့အားသင့်ဖွယ် ဦးဆောင်ဂိုး သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယူဆွတ်ဖ် ဖိုဖာနာရဲ့ ကန်ချက်က လူထိလမ်းကြောင်းပြောင်း ဂိုးထဲဝင်သွားခဲ့တာကြောင့် ၁၈ မိနစ်မှာပဲ ပြင်သစ်တို့ ချေပဂိုး ပြန်လည် ရရှိသွားခဲ့တာဖြစ်ပြီး နောက်ထပ် ၇မိနစ်အကြာ ကိုလို မူအာနီက နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ၇၂ မိနစ်မှာ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိုလီဗီယေး ဂျရူးက နိုင်ငံတကာသွင်းဂိုး ၅၇ ဂိုးမြောက်ဂိုးကို သွင်းယူပေးခဲ့ပြီး ချီလီအတွက် အိုဆိုရီယိုက ၈၂ မိနစ်မှာ ချေပဂိုး တစ်ဂိုး သွင်းယူပေးခဲ့ပေမယ့်လည်း နည်းပြသစ် ရီကာဒို ဂါရီချာလက်ထက် ပထမဆုံးရှုံးပွဲနဲ့ မရင်ဆိုင်ရအောင် မကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒေးရွှမ့်စ်အတွက်တော့ စနေနေ့က ဂျာမနီကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပြီး ပြင်သစ်နည်းပြဟာ အသင်းခေါင်းဆောင် အမ်ဘာပေ၊ ကွင်းလယ်လူ ချူဝါမန်နီတို့က လွဲပြီး ကျန်တဲ့ကစားသမားအများအပြားကို အပြောင်းအလဲလုပ်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်ဟာ ပထမပိုင်းအစောပိုင်းမှာ ဂိုးပေးခဲ့ရပြီးနောက် ပွဲကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဂျရူးရဲ့ အနီးကပ်ကန်ချက်နဲ့ နိုင်ပွဲရရှိခဲ့တာကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲမတိုင်ခင် စိတ်အားတက်ကြွစရာ နိုင်ပွဲကို ပိုင်ဆိုင်ခဲ့ပြီ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ျပင္သစ္ဝါရင့္တိုက္စစ္မႉး အိုလီဗီေယး ဂ်႐ူးရဲ႕ အႏိုင္ဂိုးေၾကာင့္ ျပင္သစ္ဟာ မာေဆးလ္မွာ ခ်ီလီကို ေနာက္ကေန လိုက္ကစားၿပီး ၃-၂ နဲ႔ အႏိုင္ယူႏိုင္ခဲ့ပါတယ္။

မာဆယ္လီႏို ႏူးညက္ဇ္ရဲ႕ ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို ေျမလွိမ့္ေဘာ ကန္သြင္းမႈေၾကာင့္ ဧည့္သည္ေတြဟာ ပထမပိုင္း ၆ မိနစ္မွာပဲ အံ့အားသင့္ဖြယ္ ဦးေဆာင္ဂိုး သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ယူဆြတ္ဖ္ ဖိုဖာနာရဲ႕ ကန္ခ်က္က လူထိလမ္းေၾကာင္းေျပာင္း ဂိုးထဲဝင္သြားခဲ့တာေၾကာင့္ ၁၈ မိနစ္မွာပဲ ျပင္သစ္တို႔ ေခ်ပဂိုး ျပန္လည္ ရရွိသြားခဲ့တာျဖစ္ၿပီး ေနာက္ထပ္ ၇မိနစ္အၾကာ ကိုလို မူအာနီက ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ၇၂ မိနစ္မွာ အသက္ ၃၇ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အိုလီဗီေယး ဂ်႐ူးက ႏိုင္ငံတကာသြင္းဂိုး ၅၇ ဂိုးေျမာက္ဂိုးကို သြင္းယူေပးခဲ့ၿပီး ခ်ီလီအတြက္ အိုဆိုရီယိုက ၈၂ မိနစ္မွာ ေခ်ပဂိုး တစ္ဂိုး သြင္းယူေပးခဲ့ေပမယ့္လည္း နည္းျပသစ္ ရီကာဒို ဂါရီခ်ာလက္ထက္ ပထမဆုံးရႈံးပြဲနဲ႔ မရင္ဆိုင္ရေအာင္ မကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ေဒး႐ႊမ့္စ္အတြက္ေတာ့ စေနေန႔က ဂ်ာမနီကို ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ႏိုင္ပြဲ ျပန္လည္ရယူႏိုင္ခဲ့တာျဖစ္ၿပီး ျပင္သစ္နည္းျပဟာ အသင္းေခါင္းေဆာင္ အမ္ဘာေပ၊ ကြင္းလယ္လူ ခ်ဴဝါမန္နီတို႔က လြဲၿပီး က်န္တဲ့ကစားသမားအမ်ားအျပားကို အေျပာင္းအလဲလုပ္ခဲ့တာျဖစ္ပါတယ္။

ျပင္သစ္ဟာ ပထမပိုင္းအေစာပိုင္းမွာ ဂိုးေပးခဲ့ရၿပီးေနာက္ ပြဲကို ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီးေနာက္ ဂ်႐ူးရဲ႕ အနီးကပ္ကန္ခ်က္နဲ႔ ႏိုင္ပြဲရရွိခဲ့တာေၾကာင့္ ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲမတိုင္ခင္ စိတ္အားတက္ႂကြစရာ ႏိုင္ပြဲကို ပိုင္ဆိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.