International World Cup

အာဂျင်တီးနားကြယ်ပွင့်ရဲ့ ကမ္ဘာ့ဖလားအမှတ်တရပစ္စည်းကို ရောင်းစားခဲ့တဲ့ ဇနီးသည်

လေဗာကူဆင်ကြယ်ပွင့် အက်ဇ်ကွီရယ် ပလာစီယို့စ်ရဲ့ ဇနီးဟာ ခင်ပွန်းဖြစ်သူရဲ့ ကမ္ဘာ့အောင်ပွဲ အမှတ်တရဆုတံဆိပ်ကို တိုက်ခန်းဖိုး အကြွေးပေးဖို့အတွက် ရောင်းစားခဲ့တယ်လို့ သိရပါတယ်။

ယယ်ဆီကာ ဖရီးယပ်စ်ဟာ ဗုဒ္ဓဟူးနေ့မှာ ကာတာကမ္ဘာ့ဖလားတုန်းက ပြင်သစ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပလာစီယို့စ် ဝတ်ဆင်ကစားခဲ့တဲ့ ဂျာစီကို ရောင်းစားခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားက ၁၉၈၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ရရှိခဲ့ပြီးနောက် ဆုပေးပွဲစင်မြင့်ထက်မှာ ချီးမြှင့်ခံခဲ့ရတဲ့ အာဂျင်တီးနားတိုက်စစ်မှူးရဲ့ ရွှေတံဆိပ်ဆွဲပြားကို ဝယ်ယူခဲ့တဲ့ ဝယ်ယူသူကပဲ ဂျာစီကို ထပ်မံ ဝယ်ယူသွားခဲ့တာဖြစ်ပါတယ်။

ဒီပစ္စည်းနှစ်ခုကို တန်ကြေး ဘယ်လောက်နဲ့ ရောင်းချခဲ့လဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ဖရီးယပ်စ်က သူမရဲ့ အင်စတာဂရမ် စတိုရီမှာ ပလာစီယို့စ် လက်မှတ်ထိုးထားတဲ့ ဂျာစီကို ကိုင်ထားပြီး ဝယ်ယူသူနဲ့အတူ ဓာတ်ပုံတင်ခဲ့တာဖြစ်ပါတယ်။

ပလာစီယို့စ်ရဲ့ ဇနီးဟာ ကမ္ဘာ့ဖလားရွှေတံဆိပ်လည်ဆွဲကို ပြသထားတဲ့ ဝယ်ယူသူရဲ့ အကောင့်ကို မျှဝေထားတဲ့ ဓာတ်ပုံကို ပြန်တင်ခဲ့ပြီး အာဂျင်တီးနားမော်ဒယ်က ခင်ပွန်းဖြစ်သူက ဗွေနို ဆိုင်းရပ်စ်မြောက်ပိုင်းက တီဂရီမြို့က အိမ်အတွက် ပေးချေဖို့ ကျန်ရှိနေသေးတဲ့ အကြွေးကို ပေးချေနေမှု ရပ်တန့်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားချန်ပီယံရဲ့ ဂျာစီကို မတတ်သာလို့ ရောင်းခဲ့ရတာလို့ ပြောဆိုခဲ့ပါတယ်။

“သူက တိုက်ခန်းအတွက် ငွေအကြေမချေချင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ အဲဒီအိမ်က သူ့အိမ်ဖြစ်လာမလားဆိုတာကို သူ မသိလို့ပါ။(လင်မယားကွာရှင်းဖို့ ပြုလုပ်ထားတဲ့အတွက် ကွာရှင်းပြီးရင် ပိုင်ဆိုင်မှုအရှုပ်အထွေးရှိလာနိုင်တဲ့အတွက်)”လို့ ဖရီးယပ်စ်က ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေလဗာကူဆင္ၾကယ္ပြင့္ အက္ဇ္ကြီရယ္ ပလာစီယို႔စ္ရဲ႕ ဇနီးဟာ ခင္ပြန္းျဖစ္သူရဲ႕ ကမာၻ႔ေအာင္ပြဲ အမွတ္တရဆုတံဆိပ္ကို တိုက္ခန္းဖိုး အေႂကြးေပးဖို႔အတြက္ ေရာင္းစားခဲ့တယ္လို႔ သိရပါတယ္။

ယယ္ဆီကာ ဖရီးယပ္စ္ဟာ ဗုဒၶဟူးေန႔မွာ ကာတာကမာၻ႔ဖလားတုန္းက ျပင္သစ္ကို အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ပလာစီယို႔စ္ ဝတ္ဆင္ကစားခဲ့တဲ့ ဂ်ာစီကို ေရာင္းစားခဲ့တဲ့အေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားက ၁၉၈၆ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ကမာၻ႔ဖလား ရရွိခဲ့ၿပီးေနာက္ ဆုေပးပြဲစင္ျမင့္ထက္မွာ ခ်ီးျမႇင့္ခံခဲ့ရတဲ့ အာဂ်င္တီးနားတိုက္စစ္မႉးရဲ႕ ေ႐ႊတံဆိပ္ဆြဲျပားကို ဝယ္ယူခဲ့တဲ့ ဝယ္ယူသူကပဲ ဂ်ာစီကို ထပ္မံ ဝယ္ယူသြားခဲ့တာျဖစ္ပါတယ္။

ဒီပစၥည္းႏွစ္ခုကို တန္ေၾကး ဘယ္ေလာက္နဲ႔ ေရာင္းခ်ခဲ့လဲဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးဘဲ ဖရီးယပ္စ္က သူမရဲ႕ အင္စတာဂရမ္ စတိုရီမွာ ပလာစီယို႔စ္ လက္မွတ္ထိုးထားတဲ့ ဂ်ာစီကို ကိုင္ထားၿပီး ဝယ္ယူသူနဲ႔အတူ ဓာတ္ပုံတင္ခဲ့တာျဖစ္ပါတယ္။

ပလာစီယို႔စ္ရဲ႕ ဇနီးဟာ ကမာၻ႔ဖလားေ႐ႊတံဆိပ္လည္ဆြဲကို ျပသထားတဲ့ ဝယ္ယူသူရဲ႕ အေကာင့္ကို မွ်ေဝထားတဲ့ ဓာတ္ပုံကို ျပန္တင္ခဲ့ၿပီး အာဂ်င္တီးနားေမာ္ဒယ္က ခင္ပြန္းျဖစ္သူက ေဗြႏို ဆိုင္းရပ္စ္ေျမာက္ပိုင္းက တီဂရီၿမိဳ႕က အိမ္အတြက္ ေပးေခ်ဖို႔ က်န္ရွိေနေသးတဲ့ အေႂကြးကို ေပးေခ်ေနမႈ ရပ္တန႔္ခဲ့ၿပီးေနာက္ ကမာၻ႔ဖလားခ်န္ပီယံရဲ႕ ဂ်ာစီကို မတတ္သာလို႔ ေရာင္းခဲ့ရတာလို႔ ေျပာဆိုခဲ့ပါတယ္။

“သူက တိုက္ခန္းအတြက္ ေငြအေၾကမေခ်ခ်င္ခဲ့ဘူး။ ဘာလို႔လဲဆိုေတာ့ အဲဒီအိမ္က သူ႔အိမ္ျဖစ္လာမလားဆိုတာကို သူ မသိလို႔ပါ။(လင္မယားကြာရွင္းဖို႔ ျပဳလုပ္ထားတဲ့အတြက္ ကြာရွင္းၿပီးရင္ ပိုင္ဆိုင္မႈအရႈပ္အေထြးရွိလာႏိုင္တဲ့အတြက္)”လို႔ ဖရီးယပ္စ္က ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.